လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

ဘယ္ေလာက္လစာေကာင္းတဲ့ အလုပ္ပဲ႐ွိေနပါေစ။ မုန္႔ဖိုးေကာင္းေကာင္း ေပးမယ့္ ေဆြမ်ိဳးမိဘေတြ ဘယ္ေလာက္ပဲ႐ွိေနပါေစ။ ဘိုင္ကေတာ့ အျမဲလိုလိုျပတ္ေနတတ္ၾကပါတယ္။

ယေန႔ေခတ္ လူငယ္ေတြၾကားမွာ ျပႆနာတက္ေနတဲ့ အေၾကာင္းအရာတစ္ခုကေတာ့ မၾကာခဏ ပိုက္ဆံျပတ္တတ္ျခင္းပါပဲ။ ဘယ္ေလာက္လစာေကာင္းတဲ့ အလုပ္ပဲ႐ွိေနပါေစ။ မုန္႔ဖိုးေကာင္းေကာင္း ေပးမယ့္ ေဆြမ်ိဳးမိဘေတြ ဘယ္ေလာက္ပဲ႐ွိေနပါေစ။ ဘိုင္ကေတာ့ အျမဲလိုလိုျပတ္ေနတတ္ၾကပါတယ္။ အဲဒါဘာလို႔လဲဆိုေတာ့ ဝင္ေငြနဲ႔ထြက္ေငြ မမွ်ေအာင္ ေစ်းဝယ္မိတတ္ၾကလို႔ပါပဲ။

ေစ်းဝယ္စင္တာေတြထဲမွာ ေလွ်ာက္သြားရင္းပဲျဖစ္ျဖစ္၊ အြန္လိုင္းမွာ ဟိုၾကည့္ဒီၾကည့္လုပ္ရင္းျဖစ္ျဖစ္ လိုခ်င္စိတ္ေပၚလာတိုင္း သြားဝယ္ေနမိေတာ့ ဘိုင္ျပတ္တတ္ၾကပါတယ္။ အဲဒီလို ပိုက္ဆံခဏခဏ ျပတ္ေနတတ္ျခင္းကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ေအာက္ပါနည္းလမ္းေလးေတြကို စမ္းသပ္ၾကည့္သင့္ပါတယ္။

၁။ ရက္ (၃၀) စာရင္းလုပ္ပါ

ဒါကေတာ့ စိတ္ႏိုင္ဖို႔အတြက္ အေလ့အက်င့္လုပ္ေပးျခင္းတစ္မ်ိဳးပါ။ ရက္ (၃၀) မျပည့္မခ်င္း ဘာပစၥည္းမွမဝယ္ဘူးဆိုၿပီး ကိုယ့္စိတ္ကိုယ္ ထိန္းခ်ဳပ္ထားရတဲ႔ ကစားနည္းတစ္မ်ိဳးလို႔လည္း ဆိုႏိုင္ပါတယ္။ တစ္ခုခုကို လိုခ်င္စိတ္ အရမ္းျပင္းျပလာၿပီ ဆိုရင္လည္း စာအုပ္တစ္အုပ္ထဲမွာ ခ်မွတ္ထားၿပီး သတ္မွတ္ရက္ျပည့္မွသာ ဝယ္သင့္ပါတယ္။ ဒီအေလ့အက်င့္ေလးကို သင့္ကို ပိုမိုေကာင္းမြန္တဲ့ စိတ္ထိန္းခ်ဳပ္ႏိုင္စြမ္းကို ရ႐ွိေစႏိုင္ပါတယ္။

၂။ ေရွာ့ပင္းေမာလ္ေတြကို တတ္ႏိုင္သမွ်ေ႐ွာင္ပါ

တစ္ခါတေလမွာ ေစ်းဝယ္ထြက္ရတာ စိတ္ကိုေပါ့ပါးေစတယ္ဆိုေပမယ့္ ေရွာ့ပင္းေမာလ္ေတြမွာ ျပထားတဲ့ ေၾကာ္ျငာေတြ၊ ပစၥည္းေတြက မိမိရဲ႕လိုခ်င္စိတ္ကို ပိုမ်ားသည္ထက္ မ်ားလာေအာင္ ဆြဲေဆာင္ပါလိမ့္မယ္။ မျမင္ရရင္ ဝယ္ခ်င္စိတ္လည္း ျဖစ္လာမွာ မဟုတ္ဘူးဆိုေတာ့ ေစ်းဝယ္စင္တာ (ေရွာ့ပင္းေမာလ္) ေတြကို တတ္ႏိုင္သမွ် ေ႐ွာင္႐ွားပါ။ အနည္းဆံုး ေ႐ွာ့ပင္းေမာလ္ေတြကို (၇) ရက္ ဆက္တိုက္ေလာက္ မသြားဘဲေနႏိုင္ေအာင္ ေ႐ွာင္႐ွားပါ။

၃။ အြန္လိုင္းေရွာ့ပင္းလ္လည္း မလုပ္ပါနဲ႔

အခုလို အြန္လိုင္းေပၚကပဲေစ်းဝယ္၊ အြန္လိုင္းေပၚကပဲေငြ႐ွင္းလို႔ရေနတဲ႔ ေခတ္ႀကီးထဲမွာ ေရွာ့ပင္းေမာလ္ေတြကို ဘယ္ေလာက္ပဲ ေ႐ွာင္ႏိုင္၊ ေ႐ွာင္ႏိုင္ အြန္လိုင္းေပၚမွာ ေစ်းဝယ္မိေနရင္ ပိုက္ဆံေတြက ကုန္ျမဲကုန္ေနမွာပါပဲ။ ဒါေၾကာင့္ Facebook သံုးရင္း newsfeed မွာေပၚလာတဲ့ online shop ေတြကို ကလစ္မႏွိပ္မိေအာင္၊ အြန္လိုင္းေစ်းဝယ္ ဝက္ဘ္ဆိုက္ေတြရဲ႕ address ကို google မွာ မ႐ိုက္မိေအာင္ စိတ္ထိန္းၾကည့္ပါ။ စိတ္ထိန္းခ်ဳပ္ႏိုင္စြမ္းလည္း အလိုလိုျမင့္မားလာပါလိမ့္မယ္။

၄။ ကိုယ့္စိတ္ကိုယ္ ေစာင့္ၾကည့္ဖို႔ ႀကိဳးစားပါ

ေစ်းဝယ္ခ်င္ေနတဲ့ ကိုယ့္စိတ္ကိုယ္ ေစာင့္ၾကည့္ဖို႔ ႀကိဳးစားပါ။ ေဘာပင္လ္တစ္ေခ်ာင္းနဲ႔ စာအုပ္တစ္အုပ္ထဲမွာ မိမိရဲ႕ အသံုးစရိတ္ေတြကို ေန႔စဥ္မွတ္တမ္းတင္ၿပီး အပတ္စဥ္ (သို႔) လစဥ္ စာရင္းျပန္ေျပာင္းၾကည္႔တာက စသင္႔ပါတယ္။ ဒီနည္းလမ္းနဲ႔ ပိုက္ဆံကို ပိုုၿပီး ေျခြတာႏိုင္လာသလို ေစ်းဝယ္ခ်င္တဲ့ စိတ္ေတြကိုလည္း ထိန္းခ်ဳပ္ႏိုင္လာပါလိမ့္မယ္။

၅။ မိမိကိုယ္ကို စည္းရုံးပါ

လိုခ်င္စိတ္ဆိုတာလည္း ကိုယ့္ဦးေႏွာက္ရဲ႕ အစိတ္အပိုင္းတစ္ခုမွွ်သာပါပဲ။ ဒါေၾကာင့္ လိုခ်င္စိတ္ေပၚလာတိုင္း အသက္ျပင္းျပင္းရွဴၿပီး မိမိရဲ႕လိုခ်င္စိတ္ကို ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားၾကည့္ပါ။ ပိုက္ဆံပိုစုမိလာသလို ကိုယ့္စိတ္ကိုယ္ ထိန္းခ်ဳပ္ႏိုင္စြမ္းလည္း တိုးတက္လာပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဘယ်လောက်လစာကောင်းတဲ့ အလုပ်ပဲရှိနေပါစေ။ မုန့်ဖိုးကောင်းကောင်း ပေးမယ့် ဆွေမျိုးမိဘတွေ ဘယ်လောက်ပဲရှိနေပါစေ။ ဘိုင်ကတော့ အမြဲလိုလိုပြတ်နေတတ်ကြပါတယ်။

ယနေ့ခေတ် လူငယ်တွေကြားမှာ ပြဿနာတက်နေတဲ့ အကြောင်းအရာတစ်ခုကတော့ မကြာခဏ ပိုက်ဆံပြတ်တတ်ခြင်းပါပဲ။ ဘယ်လောက်လစာကောင်းတဲ့ အလုပ်ပဲရှိနေပါစေ။ မုန့်ဖိုးကောင်းကောင်း ပေးမယ့် ဆွေမျိုးမိဘတွေ ဘယ်လောက်ပဲရှိနေပါစေ။ ဘိုင်ကတော့ အမြဲလိုလိုပြတ်နေတတ်ကြပါတယ်။ အဲဒါဘာလို့လဲဆိုတော့ ဝင်ငွေနဲ့ထွက်ငွေ မမျှအောင် ဈေးဝယ်မိတတ်ကြလို့ပါပဲ။

ဈေးဝယ်စင်တာတွေထဲမှာ လျှောက်သွားရင်းပဲဖြစ်ဖြစ်၊ အွန်လိုင်းမှာ ဟိုကြည့်ဒီကြည့်လုပ်ရင်းဖြစ်ဖြစ် လိုချင်စိတ်ပေါ်လာတိုင်း သွားဝယ်နေမိတော့ ဘိုင်ပြတ်တတ်ကြပါတယ်။ အဲဒီလို ပိုက်ဆံခဏခဏ ပြတ်နေတတ်ခြင်းကို ထိန်းချုပ်နိုင်ဖို့ အောက်ပါနည်းလမ်းလေးတွေကို စမ်းသပ်ကြည့်သင့်ပါတယ်။

၁။ ရက် (၃၀) စာရင်းလုပ်ပါ

ဒါကတော့ စိတ်နိုင်ဖို့အတွက် အလေ့အကျင့်လုပ်ပေးခြင်းတစ်မျိုးပါ။ ရက် (၃၀) မပြည့်မချင်း ဘာပစ္စည်းမှမဝယ်ဘူးဆိုပြီး ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ထားရတဲ့ ကစားနည်းတစ်မျိုးလို့လည်း ဆိုနိုင်ပါတယ်။ တစ်ခုခုကို လိုချင်စိတ် အရမ်းပြင်းပြလာပြီ ဆိုရင်လည်း စာအုပ်တစ်အုပ်ထဲမှာ ချမှတ်ထားပြီး သတ်မှတ်ရက်ပြည့်မှသာ ဝယ်သင့်ပါတယ်။ ဒီအလေ့အကျင့်လေးကို သင့်ကို ပိုမိုကောင်းမွန်တဲ့ စိတ်ထိန်းချုပ်နိုင်စွမ်းကို ရရှိစေနိုင်ပါတယ်။

၂။ ရှော့ပင်းမောလ်တွေကို တတ်နိုင်သမျှရှောင်ပါ

တစ်ခါတလေမှာ ဈေးဝယ်ထွက်ရတာ စိတ်ကိုပေါ့ပါးစေတယ်ဆိုပေမယ့် ရှော့ပင်းမောလ်တွေမှာ ပြထားတဲ့ ကြော်ငြာတွေ၊ ပစ္စည်းတွေက မိမိရဲ့လိုချင်စိတ်ကို ပိုများသည်ထက် များလာအောင် ဆွဲဆောင်ပါလိမ့်မယ်။ မမြင်ရရင် ဝယ်ချင်စိတ်လည်း ဖြစ်လာမှာ မဟုတ်ဘူးဆိုတော့ ဈေးဝယ်စင်တာ (ရှော့ပင်းမောလ်) တွေကို တတ်နိုင်သမျှ ရှောင်ရှားပါ။ အနည်းဆုံး ရှော့ပင်းမောလ်တွေကို (၇) ရက် ဆက်တိုက်လောက် မသွားဘဲနေနိုင်အောင် ရှောင်ရှားပါ။

၃။ အွန်လိုင်းရှော့ပင်းလ်လည်း မလုပ်ပါနဲ့

အခုလို အွန်လိုင်းပေါ်ကပဲဈေးဝယ်၊ အွန်လိုင်းပေါ်ကပဲငွေရှင်းလို့ရနေတဲ့ ခေတ်ကြီးထဲမှာ ရှော့ပင်းမောလ်တွေကို ဘယ်လောက်ပဲ ရှောင်နိုင်၊ ရှောင်နိုင် အွန်လိုင်းပေါ်မှာ ဈေးဝယ်မိနေရင် ပိုက်ဆံတွေက ကုန်မြဲကုန်နေမှာပါပဲ။ ဒါကြောင့် Facebook သုံးရင်း newsfeed မှာပေါ်လာတဲ့ online shop တွေကို ကလစ်မနှိပ်မိအောင်၊ အွန်လိုင်းဈေးဝယ် ဝက်ဘ်ဆိုက်တွေရဲ့ address ကို google မှာ မရိုက်မိအောင် စိတ်ထိန်းကြည့်ပါ။ စိတ်ထိန်းချုပ်နိုင်စွမ်းလည်း အလိုလိုမြင့်မားလာပါလိမ့်မယ်။

၄။ ကိုယ့်စိတ်ကိုယ် စောင့်ကြည့်ဖို့ ကြိုးစားပါ

ဈေးဝယ်ချင်နေတဲ့ ကိုယ့်စိတ်ကိုယ် စောင့်ကြည့်ဖို့ ကြိုးစားပါ။ ဘောပင်လ်တစ်ချောင်းနဲ့ စာအုပ်တစ်အုပ်ထဲမှာ မိမိရဲ့ အသုံးစရိတ်တွေကို နေ့စဉ်မှတ်တမ်းတင်ပြီး အပတ်စဉ် (သို့) လစဉ် စာရင်းပြန်ပြောင်းကြည့်တာက စသင့်ပါတယ်။ ဒီနည်းလမ်းနဲ့ ပိုက်ဆံကို ပိုုပြီး ခြွေတာနိုင်လာသလို ဈေးဝယ်ချင်တဲ့ စိတ်တွေကိုလည်း ထိန်းချုပ်နိုင်လာပါလိမ့်မယ်။

၅။ မိမိကိုယ်ကို စည်းရုံးပါ

လိုချင်စိတ်ဆိုတာလည်း ကိုယ့်ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုမှျှသာပါပဲ။ ဒါကြောင့် လိုချင်စိတ်ပေါ်လာတိုင်း အသက်ပြင်းပြင်းရှူပြီး မိမိရဲ့လိုချင်စိတ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ဖို့ ကြိုးစားကြည့်ပါ။ ပိုက်ဆံပိုစုမိလာသလို ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်စွမ်းလည်း တိုးတက်လာပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top