ျပင္သစ္ေဘာလုံး မဂၢဇင္းက ကမကထျပဳလုပ္ေပးအပ္ေသာBallon d’Or (ကမၻာ့အေကာင္းဆံုး ေဘာလံုးသမား)ဆုကို ငါးႀကိမ္ ေျမာက္ ဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ စီ ေရာ္နယ္ဒိုက ရီးရဲလ္မက္ဒရစ္၌ ေပ်ာ္ရႊင္ေနေၾကာင္းႏွင့္ ေနာက္ ထပ္ႏွစ္အနည္းငယ္အတြင္း ေျခ စြမ္းေကာင္းေကာင္းျဖင့္ ကစား ႏိုင္မည္ဟု ယံုၾကည္ေၾကာင္းေျပာ သည္။

အဓိက ၿပိဳင္ဘက္မက္ဆီႏွင့္ ေနမာကို ေက်ာ္ျဖတ္ကာ ကမၻာ့ အေကာင္းဆံုး ေဘာလံုးသမားဆု ဆြတ္ခူူးၿပီးေနာက္    ေရာ္နယ္ ဒိုက ၎၏ကစားသမားဘဝကို ရီးရဲလ္မက္ဒရစ္၌ အဆံုးသတ္ ေရး အစီအစဥ္ဆြဲထားေၾကာင္း ေျပာသည္။

ယခုဆုေၾကာင့္ ေရာ္နယ္ဒို သည္ ဘာစီလိုနာတိုက္စစ္မွဴး မက္ဆီ၏ ကမၻာ့အေကာင္းဆံုး ေဘာလံုးသမားဆု     ငါးႀကိမ္ ဆြတ္ခူးထားသည့္ စံခ်ိန္ကိုလိုက္ မီခဲ့သည္။ ထုိဆုကို ၂၀၀၈၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆ ႏွင့္ ၂၀၁၇ တို႔တြင္ ရရွိခဲ့ျခင္းျဖစ္သည္။

ယခုႏွစ္အတြက္ဆုကုိ ေရာ္ နယ္ဒိုက မဲအားလုံး၏ ၃၃ရာခုိင္ ႏႈန္း၊ မက္ဆီက ၂၃ရာခုိင္ႏႈန္းႏွင့္ ေနမာက ၁၂ရာခုိင္ႏႈန္းရရွိခဲ့ျခင္းျဖစ္သည္။ ‘‘ေနာက္ထပ္ႏွစ္နည္းနည္း ေလာက္ အေကာင္းဆံုးေျခစြမ္းနဲ႔ ကစားႏိုင္ဖို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ ပါတယ္၊ မက္ဆီနဲ႔တိုက္ပြဲကဆက္ ျဖစ္ေနတယ္။ ကြၽန္ေတာ္ကလည္း အသင္းအတြက္ အေကာင္းဆုံး လုပ္ေပးမွာျဖစ္သလုိ မက္ဆီက လည္း သူ႕အသင္းအတြက္ အ ေကာင္းဆုံးစြမ္းေဆာင္မွာပါ။ ဘယ္သူပုိေကာင္းမလဲဆုိတာ ၾကည့္ၾကတာေပါ့’’ ဟု ေရာ္နယ္ဒို(၃၂) ႏွစ္က ေျပာသည္။

‘‘အနာဂတ္မွာ ဘာျဖစ္မလဲ ဆိုတာ ၾကည့္ၾကတာေပါ့။ ရီးရဲလ္ မက္ဒရစ္မွာ ကြၽန္ေတာ္ေပ်ာ္ရႊင္ ေနပါတယ္၊ ျဖစ္ႏိုင္ရင္ ရီးရဲလ္ မက္ဒရစ္မွာ ဆက္ေနၿပီး ကစား သမားဘဝ အဆံုးသတ္ခ်င္ပါ တယ္’’ ဟု ၎ကေျပာသည္။

ေရာ္နယ္ဒိုသည္ ၂၀၁၆-၁၇ ေဘာလံုးရာသီအတြင္း ၿပိဳင္ပြဲ စံု ၄၂ ဂိုး သြင္းယူၿပီး ရီးရဲလ္ မက္ဒရစ္ကို လာလီဂါဖလားႏွင့္ ခ်န္ပီယံလိဂ္ဖလားရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သည္။

ေရာ္နယ္ဒိုသည္ ယခုႏွစ္ခ်န္ ပီယံလိဂ္တြင္ အုပ္စု ေျခာက္ပြဲစ လံုး ဂိုးသြင္းႏိုင္ေသာ ပထမဆံုး ကစားသမားအျဖစ္ မွတ္တမ္းဝင္ ခဲ့ေသာ္လည္း လာလီဂါတြင္မူ ႏွစ္ ဂိုးသာ သြင္းယူထားႏိုင္သျဖင့္ ေဝ ဖန္မႈမ်ား ႀကံဳေတြ႕ေနသည္။

—Ref:BBC/Gaol
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
 ပြင်သစ်ဘောလုံး မဂ္ဂဇင်းက ကမကထပြုလုပ်ပေးအပ်သောBallon d’Or (ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား)ဆုကို ငါးကြိမ် မြောက် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် စီ ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်၌ ပျော်ရွှင်နေကြောင်းနှင့် နောက် ထပ်နှစ်အနည်းငယ်အတွင်း ခြေ စွမ်းကောင်းကောင်းဖြင့် ကစား နိုင်မည်ဟု ယုံကြည်ကြောင်းပြော သည်။

အဓိက ပြိုင်ဘက်မက်ဆီနှင့် နေမာကို ကျော်ဖြတ်ကာ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူူးပြီးနောက်    ရော်နယ် ဒိုက ၎င်း၏ကစားသမားဘဝကို ရီးရဲလ်မက်ဒရစ်၌ အဆုံးသတ် ရေး အစီအစဉ်ဆွဲထားကြောင်း ပြောသည်။

ယခုဆုကြောင့် ရော်နယ်ဒို သည် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၏ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု     ငါးကြိမ် ဆွတ်ခူးထားသည့် စံချိန်ကိုလိုက် မီခဲ့သည်။ ထိုဆုကို ၂၀၀၈၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆ နှင့် ၂၀၁၇ တို့တွင် ရရှိခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အတွက်ဆုကို ရော် နယ်ဒိုက မဲအားလုံး၏ ၃၃ရာခိုင် နှုန်း၊ မက်ဆီက ၂၃ရာခိုင်နှုန်းနှင့် နေမာက ၁၂ရာခိုင်နှုန်းရရှိခဲ့ခြင်းဖြစ်သည်။ ‘‘နောက်ထပ်နှစ်နည်းနည်း လောက် အကောင်းဆုံးခြေစွမ်းနဲ့ ကစားနိုင်ဖို့ ကျွန်တော်မျှော်လင့် ပါတယ်၊ မက်ဆီနဲ့တိုက်ပွဲကဆက် ဖြစ်နေတယ်။ ကျွန်တော်ကလည်း အသင်းအတွက် အကောင်းဆုံး လုပ်ပေးမှာဖြစ်သလို မက်ဆီက လည်း သူ့အသင်းအတွက် အ ကောင်းဆုံးစွမ်းဆောင်မှာပါ။ ဘယ်သူပိုကောင်းမလဲဆိုတာ ကြည့်ကြတာပေါ့’’ ဟု ရော်နယ်ဒို(၃၂) နှစ်က ပြောသည်။

‘‘အနာဂတ်မှာ ဘာဖြစ်မလဲ ဆိုတာ ကြည့်ကြတာပေါ့။ ရီးရဲလ် မက်ဒရစ်မှာ ကျွန်တော်ပျော်ရွှင် နေပါတယ်၊ ဖြစ်နိုင်ရင် ရီးရဲလ် မက်ဒရစ်မှာ ဆက်နေပြီး ကစား သမားဘဝ အဆုံးသတ်ချင်ပါ တယ်’’ ဟု ၎င်းကပြောသည်။

ရော်နယ်ဒိုသည် ၂၀၁၆-၁၇ ဘောလုံးရာသီအတွင်း ပြိုင်ပွဲ စုံ ၄၂ ဂိုး သွင်းယူပြီး ရီးရဲလ် မက်ဒရစ်ကို လာလီဂါဖလားနှင့် ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

ရော်နယ်ဒိုသည် ယခုနှစ်ချန် ပီယံလိဂ်တွင် အုပ်စု ခြောက်ပွဲစ လုံး ဂိုးသွင်းနိုင်သော ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင် ခဲ့သော်လည်း လာလီဂါတွင်မူ နှစ် ဂိုးသာ သွင်းယူထားနိုင်သဖြင့် ဝေ ဖန်မှုများ ကြုံတွေ့နေသည်။

—Ref:BBC/Gaol
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top