၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

အမွန္​​ေတာ့ ဒီ Baking လု​ို႔​ေခၚတဲ့ မိတ္​ကပ္​လိမ္​းနည္​း​ေလးသံုး ၿပီး လွခ်င္​ရက္​စက္​စက္​ယို​ေယာင္​း တို႔ လွသထက္​ပိုလွသြား​ေစဖို႔ ရည္႐ြယ္​ၿပီး ဒီအ​ေၾကာင္​းအရာ​ေလးကို ​ေရးျဖစ္​သြားတာပါ။ နႏၵာကိုယ္​တိုင္​ကလည္​း Makeup Tutorial ​ေလး​ေတြၾကည့္ၿပီး လက္​တည္​့စမ္​းရတာဝါသနာပါတဲ့သူ ဆို​ေတာ့ ရွာရင္​း​ေဖြရင္​း Instagram မွာ trend ျဖစ္​သြားခဲ့တဲ့ Baking Makeup ဆြာ​ေလး သြား​ေတြ႕ခဲ့ပါတယ္​။

​ေျပာရရင္​ ဒီ​ေန႔​ေခတ္​​မိန္​းက​ေလး​ေတာ္​ ​ေတာ္​မ်ားမ်ားက အလွအပနဲ႔ပတ္​သက္​ၿပီး တီးမိ​ေခါက္​မိရွိတတ္​ၾကတာ​ေၾကာင့္ Highlighting နဲ႔ Contouring လုိ႔​ေခၚတဲ့ မ်က္​ႏွာသြင္​ျပင္​ကို ပို​ေပၚလြင္လာ​ေအာင္​ ျပင္​ဆင္​ျခယ္​သတဲ့ မိတ္​ကပ္​လိမ္​းနည္​းနဲ႔ စိမ္​းၾကမယ္​မထင္​ပါဘူး​ေနာ္​။ လြယ္​လြယ္​နဲ႔ ရွင္​းရွင္​း​ေျပာရရင္​​ေတာ့ Baking ဆိုတာလည္​း contouring နဲ႔ ခပ္​ဆင္​ဆင္​​ေလးတူပါတယ္​။ နည္​းနည္​းထပ္​ၿပီး ရွင္​း​ေအာင္​​ေျပာျပမယ္​​ေနာ္​ ။

Baking လုပ္​တဲ့အခါမွာ မ်ား​ေသာအားျဖင့္ေတာ့ အ​ေရာင္​မပါတဲ့ translucent powder ကိုသံုးတတ္​ၾက​ေပမယ့္ တစ္​ခ်ိဳ႕ sensitive skin သမား​ေတြက​ေတာ့ baby powder (ကေလးေပါင္ဒါ) ကို အစားထိုးအသံုးျပဳၾက​ပါတယ္။ Translucent powder ​ေတြအ​ေနနဲ႔ ​နာမည္​ရွိၿပီးသား Drugstore Brand ​ေတြထဲမွာ​ေတာ့ Elf, Maybelline, NYX, NYC နဲ႔ W7 Banana Powder တို႔ကို အလွအပဆိုင္ရာ ဆရာ့ဆရာႀကီးေတြ ​ေတာ္​​ေတာ္​မ်ားမ်ားသံုးၾကတာ ​ေတြ႕ရမွာပါ။ High-end ထဲမွာဆို​ရင္​​ေတာ့ Tarte, NARS, Urban Decay, Derma Blend, Dior, Laura Mercier အစရွိသျဖင့္ေပါ့​ေနာ္​။ ကိုယ့္ရဲ႕ ဝင္ေငြ နဲ႔ ခ်ိန္​ၿပီး ကိုယ့္အသား​အ​ေရနဲ႔ သင္​့​ေတာ္​ကိုက္​ညီမယ့္ ေပါင္​ဒါမ်ိဳးကို ​​ေ႐ြးခ်ယ္​အသံုးျပဳႏိုင္​ပါတယ္ ​။

အဓိကက​ေတာ့ ဘယ္​ powder ပဲသံုးသံုး မိတ္ကပ္လိမ္​းတဲ့​ေနရာမွာ မိတ္​ကပ္​သားမ​ေ႐ြ႕​ေအာင္​နဲ႔ အျပစ္​အနာဆာကင္​းတဲ့ အသြင္​အျပင္​မ်ိဳးကို ရ​ရွိ​ေစတ​ာက​ေတာ့ Baking Makeup ရဲ႕ အားသာခ်က္​ပါပဲ။ အဲ့ဒါအျပင္​ကို ​Baking လုပ္​တဲ့အခါ ျမင္​သာထင္​သာရွိတဲ့ ​ေခြၽး​ေပါက္​​ေတြကို ဖံုး​ေပးတဲ့အျပင္​ မ်က္​ႏွာကိုပိုလင္​းလာ​ေစၿပီး​ေ တာ့ သိပ္​သိပ္​က​ေလးနဲ႔ တစ္​​ေန႔လံုးတာရွည္​ခံတဲ့ matte makeup look မ်ိဳးကိုလည္​း ဖန္​တီး​ေပးႏုိင္​ပါတယ္​။ လြယ္​လြယ္​​ေျပာရရင္​ Shimmer လို အ​ေျပာင္​အလက္​​ေတြမပါဘဲ မ်က္​ႏွာကုိ highlight လုပ္​နည္​းတစ္​မ်ိဳးပါပဲ။ ဒီ​ေတာ့ Baking ဘယ္​လိုလုပ္​ရမလဲဆိုတ​ာ​ေလး စ​ေျပာ​ေတာ့မယ္​​ေနာ္​။

(၁) မ်က္​လံုးဧရိယာတစ္​ဝိုက္​ကို အစိုဓာတ္​ျဖည္​့​ေဆး လိမ္​း​ေပးပါ။ Eye Cream သီးသန႔္​မရွိရင္​ လိမ္​း​ေနက် moisturizer ဒါမွမဟုတ္​ hydrating essence တစ္​ခုလိမ္​း​ေပးရပါမယ္​။

(၂) ပံုမွန္​အတိုင္​း မိတ္​ကပ္​လိမ္​းၿပီးသြားရင္​​ေတာ့ မ်က္​လံုး​ေအာက္​ဘက္​ကို concealer လိမ္​းၿပီး မ်က္​ကြင္​းညိဳတာနဲ႔ မ်က္​အိတ္​​ေဖာင္​း​ေနတာ​ေတြကို ဖံုး​ေပးပါ။ အားလံုးၿပီးရင္​​ေတာ့ မိတ္​ကပ္​နဲ႔ concealer ​ေတြ တသားတည္​းျဖစ္​ၿပီး ညီညာသြား​ေအာင္ ေသခ်ာ ျဖန္႔​​ေပးရပါမယ္​။ မ်က္​ကြင္​းမညိဳတဲ့သူဆိုရင္​​ေတာ့ concealer မသံုးခ်င္​ မသံုးဘဲ ဒီအဆင္​့ကို ​ေက်ာ္​ခ်သြားလို႔ရပါတယ္​။

(၃) Baking လုပ္​ဖို႔အတြက္​ translucent powder ကို ေပါင္ဒါဘရပ္ရွ္ ​ေလးနဲ႔ အသာတို႔ယူၿပီး မ်က္​လံုး​ေအာက္​ဘက္​ဧရိယာ (ခုနက concealer လိမ္​းထားတဲ့​ေနရာတဝိုက္​) ျဖန္​႔ၿပီး လိမ္​း​ေပးပါ။ ​ေနာက္​ မ်က္​ႏွာ​ေပၚက တျခား highlight လုပ္​ခ်င္​တဲ့အစိတ္​အပိုင္​း​ေတြ​ကုိလည္​း လိမ္​း​ေပးႏိုင္​ပါတယ္​။ (ဥပမာ – နဖူး၊ ​ေမ​း​ေစ့၊ ႏွာတံ)

(၄) ​ေနာက္​တစ္​ဆင္​့အ​ေနနဲ႔ ​ေဖာ့တံုး​ေလးတစ္​ခုကို setting spray ဒါမွမဟုတ္​ facial mist တစ္​ခုုခုနဲ႔ျဖန္​း​​ေပးၿပီးရင္ ​ေပါင္ဒါထဲ ႏွစ္​ၿပီး ခုန ေပါင္ဒါလိမ္​းထားၿပီးသား​ေနရာ​ေတြ​ေပၚ သိပ္​သိပ္​​ေလးျဖစ္​သြား​ေအာင္​ ထပ္​လိမ္​း​ေပးပါ။ အားလံုးၿပီးရင္​​ေတာ့ ၅-၆ မိနစ္​​ေလာက္​ထားၿပီးတာနဲ႔ လိမ္​းထားတဲ့​ေပါင္​ဒါ​ေတြအကုန္​လံုးကို ဘရပ္ရွ္ ​ေလးနဲ႔ ဖယ္​ထုတ္​ပစ္​လိုက္​ပါ။ ဒါဆိုရင္​​ေတာ့ သိပ္​သိပ္​ဝင္​းဝင္​း​ေလးနဲ႔ တစ္​​ေန႔လံုးတာရွည္​ခံတဲ့ Baking Makeup ​ေလးရၿပီ​ေပါ့​ေနာ္​။

(ဥပမာအ​ေနနဲ႔ဆိုရင္​ အႏုပညာရွင္​​ေတြထဲက Kylie Jenner ရဲ႕ makeup look ​ေတြကိုၾကည့္ရင္​ သိႏိုင္​ပါတယ္​​ေနာ္​။)

Baking နည္​း​ေလးသံုးၿပီး မ်က္​ႏွာ​ေလး ဘယ္​​ေလာက္​လင္​းသြားလဲဆြာ ကြကိုယ္​ပဲ ပံုထဲမွာၾကည္​့လိုက္​ၾကပါ​ေတာ့။ ခုဆိုရင္​​ေတာ့ သြားခါလာခါရွိရင္​ ဒီမိတ္​ကပ္​ဖုတ္​နည္​း​ေလး သံုးၿပီး မ်က္​ႏွာ​ေလးကို ဖုတ္​ၾကည့္သြားလို႔ ရ​ေလာက္​ၿပီလို႔ထင္​ပါတယ္​။ အားလံုးပဲ Bake ၾကည္​့လို႔ရပါၿပီရွန္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nandar ( For Her Myanmar )

# Unicode Version ျဖင့္ ဖတ္ပါ #
အမှန်တော့ ဒီ Baking လို့ခေါ်တဲ့ မိတ်ကပ်လိမ်းနည်းလေးသုံး ပြီး လှချင်ရက်စက်စက်ယိုယောင်း တို့ လှသထက်ပိုလှသွားစေဖို့ ရည်ရွယ်ပြီး ဒီအကြောင်းအရာလေးကို ရေးဖြစ်သွားတာပါ။ နန္ဒာကိုယ်တိုင်ကလည်း Makeup Tutorial လေးတွေကြည့်ပြီး လက်တည့်စမ်းရတာဝါသနာပါတဲ့သူ ဆိုတော့ ရှာရင်းဖွေရင်း Instagram မှာ trend ဖြစ်သွားခဲ့တဲ့ Baking Makeup ဆွာလေး သွားတွေ့ခဲ့ပါတယ်။

ပြောရရင် ဒီနေ့ခေတ်မိန်းကလေးတော် တော်များများက အလှအပနဲ့ပတ်သက်ပြီး တီးမိခေါက်မိရှိတတ်ကြတာကြောင့် Highlighting နဲ့ Contouring လို့ခေါ်တဲ့ မျက်နှာသွင်ပြင်ကို ပိုပေါ်လွင်လာအောင် ပြင်ဆင်ခြယ်သတဲ့ မိတ်ကပ်လိမ်းနည်းနဲ့ စိမ်းကြမယ်မထင်ပါဘူးနော်။ လွယ်လွယ်နဲ့ ရှင်းရှင်းပြောရရင်တော့ Baking ဆိုတာလည်း contouring နဲ့ ခပ်ဆင်ဆင်လေးတူပါတယ်။ နည်းနည်းထပ်ပြီး ရှင်းအောင်ပြောပြမယ်နော် ။

Baking လုပ်တဲ့အခါမှာ များသောအားဖြင့်တော့ အရောင်မပါတဲ့ translucent powder ကိုသုံးတတ်ကြပေမယ့် တစ်ချို့ sensitive skin သမားတွေကတော့ baby powder (ကလေးပေါင်ဒါ) ကို အစားထိုးအသုံးပြုကြပါတယ်။ Translucent powder တွေအနေနဲ့ နာမည်ရှိပြီးသား Drugstore Brand တွေထဲမှာတော့ Elf, Maybelline, NYX, NYC နဲ့ W7 Banana Powder တို့ကို အလှအပဆိုင်ရာ ဆရာ့ဆရာကြီးတွေ တော်တော်များများသုံးကြတာ တွေ့ရမှာပါ။ High-end ထဲမှာဆိုရင်တော့ Tarte, NARS, Urban Decay, Derma Blend, Dior, Laura Mercier အစရှိသဖြင့်ပေါ့နော်။ ကိုယ့်ရဲ့ ဝင်ငွေ နဲ့ ချိန်ပြီး ကိုယ့်အသားအရေနဲ့ သင့်တော်ကိုက်ညီမယ့် ပေါင်ဒါမျိုးကို ရွေးချယ်အသုံးပြုနိုင်ပါတယ် ။

အဓိကကတော့ ဘယ် powder ပဲသုံးသုံး မိတ်ကပ်လိမ်းတဲ့နေရာမှာ မိတ်ကပ်သားမရွေ့အောင်နဲ့ အပြစ်အနာဆာကင်းတဲ့ အသွင်အပြင်မျိုးကို ရရှိစေတာကတော့ Baking Makeup ရဲ့ အားသာချက်ပါပဲ။ အဲ့ဒါအပြင်ကို Baking လုပ်တဲ့အခါ မြင်သာထင်သာရှိတဲ့ ချွေးပေါက်တွေကို ဖုံးပေးတဲ့အပြင် မျက်နှာကိုပိုလင်းလာစေပြီးေ တာ့ သိပ်သိပ်ကလေးနဲ့ တစ်နေ့လုံးတာရှည်ခံတဲ့ matte makeup look မျိုးကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ လွယ်လွယ်ပြောရရင် Shimmer လို အပြောင်အလက်တွေမပါဘဲ မျက်နှာကို highlight လုပ်နည်းတစ်မျိုးပါပဲ။ ဒီတော့ Baking ဘယ်လိုလုပ်ရမလဲဆိုတာလေး စပြောတော့မယ်နော်။

(၁) မျက်လုံးဧရိယာတစ်ဝိုက်ကို အစိုဓာတ်ဖြည့်ဆေး လိမ်းပေးပါ။ Eye Cream သီးသန့်မရှိရင် လိမ်းနေကျ moisturizer ဒါမှမဟုတ် hydrating essence တစ်ခုလိမ်းပေးရပါမယ်။

(၂) ပုံမှန်အတိုင်း မိတ်ကပ်လိမ်းပြီးသွားရင်တော့ မျက်လုံးအောက်ဘက်ကို concealer လိမ်းပြီး မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖောင်းနေတာတွေကို ဖုံးပေးပါ။ အားလုံးပြီးရင်တော့ မိတ်ကပ်နဲ့ concealer တွေ တသားတည်းဖြစ်ပြီး ညီညာသွားအောင် သေချာ ဖြန့်ပေးရပါမယ်။ မျက်ကွင်းမညိုတဲ့သူဆိုရင်တော့ concealer မသုံးချင် မသုံးဘဲ ဒီအဆင့်ကို ကျော်ချသွားလို့ရပါတယ်။

(၃) Baking လုပ်ဖို့အတွက် translucent powder ကို ပေါင်ဒါဘရပ်ရှ် လေးနဲ့ အသာတို့ယူပြီး မျက်လုံးအောက်ဘက်ဧရိယာ (ခုနက concealer လိမ်းထားတဲ့နေရာတဝိုက်) ဖြန့်ပြီး လိမ်းပေးပါ။ နောက် မျက်နှာပေါ်က တခြား highlight လုပ်ချင်တဲ့အစိတ်အပိုင်းတွေကိုလည်း လိမ်းပေးနိုင်ပါတယ်။ (ဥပမာ – နဖူး၊ မေးစေ့၊ နှာတံ)

(၄) နောက်တစ်ဆင့်အနေနဲ့ ဖော့တုံးလေးတစ်ခုကို setting spray ဒါမှမဟုတ် facial mist တစ်ခုုခုနဲ့ဖြန်းပေးပြီးရင် ပေါင်ဒါထဲ နှစ်ပြီး ခုန ပေါင်ဒါလိမ်းထားပြီးသားနေရာတွေပေါ် သိပ်သိပ်လေးဖြစ်သွားအောင် ထပ်လိမ်းပေးပါ။ အားလုံးပြီးရင်တော့ ၅-၆ မိနစ်လောက်ထားပြီးတာနဲ့ လိမ်းထားတဲ့ပေါင်ဒါတွေအကုန်လုံးကို ဘရပ်ရှ် လေးနဲ့ ဖယ်ထုတ်ပစ်လိုက်ပါ။ ဒါဆိုရင်တော့ သိပ်သိပ်ဝင်းဝင်းလေးနဲ့ တစ်နေ့လုံးတာရှည်ခံတဲ့ Baking Makeup လေးရပြီပေါ့နော်။

(ဥပမာအနေနဲ့ဆိုရင် အနုပညာရှင်တွေထဲက Kylie Jenner ရဲ့ makeup look တွေကိုကြည့်ရင် သိနိုင်ပါတယ်နော်။)

Baking နည်းလေးသုံးပြီး မျက်နှာလေး ဘယ်လောက်လင်းသွားလဲဆွာ ကွကိုယ်ပဲ ပုံထဲမှာကြည့်လိုက်ကြပါတော့။ ခုဆိုရင်တော့ သွားခါလာခါရှိရင် ဒီမိတ်ကပ်ဖုတ်နည်းလေး သုံးပြီး မျက်နှာလေးကို ဖုတ်ကြည့်သွားလို့ ရလောက်ပြီလို့ထင်ပါတယ်။ အားလုံးပဲ Bake ကြည့်လို့ရပါပြီရှန်။

ဖိုးသူတော် (www.phothutaw.com)
Credit: Nandar ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top