ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အမ်ိဳးသားမ်ားသည္ HIV ေရာဂါအတြက္ စစ္ေဆးမႈခံယူႏိုင္ေျခ ပို နည္းၿပီး ART ေဆး အသံုးျပဳမႈ ပိုနည္းပါးေသာေၾကာင့္ အမ်ိဳးသမီး မ်ားထက္ပို၍ AIDS ႏွင့္ ဆက္စပ္သည့္ေရာဂါမ်ားျဖင့္ ေသဆံုးႏိုင္ ေျခ ပိုမ်ားေၾကာင္း ကုလသမဂၢ AIDS အဖြဲ႕က ေျပာၾကားသည္။

ကမၻာတစ္ဝန္းတြင္ HIV ပိုးကူးစက္ခံထားရေသာ အမ်ိဳးသား မ်ား၏  ထက္ဝက္ေအာက္သာ ကုသမႈခံယူေနၿပီး အမ်ိဳးသမီးမ်ား မွာ ၆၀ ရာခိုင္ႏႈန္းေက်ာ္အထိ ကုသမႈခံယူေနေၾကာင္း ကမၻာ့ AIDS ေန႔၌ ထုတ္ျပန္ေသာ အစီရင္ခံစာတစ္ရပ္တြင္ UNAIDS က ေဖာ္ျပထားသည္။


အမ်ိဳးသားမ်ားသည္ အမ်ိဳးသမီးမ်ားထက္ ပို၍ကုသမႈခံယူျခင္း စတင္ခ်ိန္ ပိုေနာက္က်ၿပီး ကုသမႈအေႏွာင့္အယွက္ျဖစ္ႏိုင္ေျခႏွင့္ ကုသမႈခံယူၿပီးေနာက္ ေနာက္ဆက္တြဲ လုပ္ေဆာင္ရမည့္ကိစၥမ်ား မလုပ္ေဆာင္ျခင္းေၾကာင့္ဟု ယင္းအစီရင္ခံစာကဆိုသည္။

၂၀၁၆ အတြင္း ကမၻာေပၚတြင္ လူေပါင္း ၃၆ ဒသမ ၇ သန္းခန္႔ သည္ HIV ေရာဂါျဖင့္္ ေနထိုင္ေနၿပီး  ၂၁ သန္းေအာက္သာ ကာကြယ္ ေဆး အသံုးျပဳခြင့္ရရွိေၾကာင္း UNAIDS ၏ ေဖာ္ျပခ်က္အရ သိရ သည္။ AIDS (သို႔မဟုတ္) ဆက္စပ္ေရာဂါမ်ားေၾကာင့္ ၂၀၁၆ ကေသဆံုးသူ တစ္သန္းရွိၿပီး ေနာက္ထပ္ကူးစက္သူ ၁ ဒသမ ၈ သန္းရွိသည္။

ဆာဟာရတစ္ပိုင္း အာဖရိကတြင္ HIV ရွိေသာ အမ်ိဳးသားမ်ား သည္ အမ်ိဳးသမီးထက္ ၎တို႔၏ HIV အေျခအေနကို သိရွိႏိုင္ေျခ ၂၀ ရာခိုင္ႏႈန္း ပိုနည္းပါးသည္။ ယင္းေဒသတြင္ HIV ဗိုင္းရပ္စ္ရွိႏိုင္ ေသာ သက္ႀကီးပိုင္း အမ်ိဳးသားမ်ားၾကား တစ္ညတာလိင္ကိစၥအ တြက္ ကြန္ဒံုးအသံုးျပဳမႈလည္း နည္းပါးသည္။

လိင္တူစံုမက္ေသာ အမ်ိဳးသားမ်ားသည္ ဖိုမဆက္ဆံျခင္းသာ ျပဳလုပ္သည့္ အမ်ိဳးသားမ်ားထက္ HIV ကူးစက္ခံရႏိုင္ေျခ ၂၄ ဆ ပိုျမင့္မားသည္။

မကၠဆီကိုႏွင့္ ႏိုင္ဂ်ီးရီးယားတို႔ အပါအဝင္ ႏိုင္ငံေပါင္း တစ္ဒါ ဇင္ေက်ာ္တြင္ လိင္တူစံုမက္သည့္ အမ်ိဳးသား ၁၅ ရာခိုင္ႏႈန္းေက်ာ္ သည္ AIDS ျဖစ္ေနေၾကာင္း သိရသည္။ ၾသစေၾတးလ်၊ ဥေရာပႏွင့္ အေမရိကန္တို႔တြင္ ကြန္ဒံုးအသံုးျပဳမႈ ေလ်ာ့နည္းေနေၾကာင္း သိ ရသည္။     

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 အမျိုးသားများသည် HIV ရောဂါအတွက် စစ်ဆေးမှုခံယူနိုင်ခြေ ပို နည်းပြီး ART ဆေး အသုံးပြုမှု ပိုနည်းပါးသောကြောင့် အမျိုးသမီး များထက်ပို၍ AIDS နှင့် ဆက်စပ်သည့်ရောဂါများဖြင့် သေဆုံးနိုင် ခြေ ပိုများကြောင်း ကုလသမဂ္ဂ AIDS အဖွဲ့က ပြောကြားသည်။

ကမ္ဘာတစ်ဝန်းတွင် HIV ပိုးကူးစက်ခံထားရသော အမျိုးသား များ၏  ထက်ဝက်အောက်သာ ကုသမှုခံယူနေပြီး အမျိုးသမီးများ မှာ ၆၀ ရာခိုင်နှုန်းကျော်အထိ ကုသမှုခံယူနေကြောင်း ကမ္ဘာ့ AIDS နေ့၌ ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်တွင် UNAIDS က ဖော်ပြထားသည်။


အမျိုးသားများသည် အမျိုးသမီးများထက် ပို၍ကုသမှုခံယူခြင်း စတင်ချိန် ပိုနောက်ကျပြီး ကုသမှုအနှောင့်အယှက်ဖြစ်နိုင်ခြေနှင့် ကုသမှုခံယူပြီးနောက် နောက်ဆက်တွဲ လုပ်ဆောင်ရမည့်ကိစ္စများ မလုပ်ဆောင်ခြင်းကြောင့်ဟု ယင်းအစီရင်ခံစာကဆိုသည်။

၂၀၁၆ အတွင်း ကမ္ဘာပေါ်တွင် လူပေါင်း ၃၆ ဒသမ ၇ သန်းခန့် သည် HIV ရောဂါဖြင့် နေထိုင်နေပြီး  ၂၁ သန်းအောက်သာ ကာကွယ် ဆေး အသုံးပြုခွင့်ရရှိကြောင်း UNAIDS ၏ ဖော်ပြချက်အရ သိရ သည်။ AIDS (သို့မဟုတ်) ဆက်စပ်ရောဂါများကြောင့် ၂၀၁၆ ကသေဆုံးသူ တစ်သန်းရှိပြီး နောက်ထပ်ကူးစက်သူ ၁ ဒသမ ၈ သန်းရှိသည်။

ဆာဟာရတစ်ပိုင်း အာဖရိကတွင် HIV ရှိသော အမျိုးသားများ သည် အမျိုးသမီးထက် ၎င်းတို့၏ HIV အခြေအနေကို သိရှိနိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုနည်းပါးသည်။ ယင်းဒေသတွင် HIV ဗိုင်းရပ်စ်ရှိနိုင် သော သက်ကြီးပိုင်း အမျိုးသားများကြား တစ်ညတာလိင်ကိစ္စအ တွက် ကွန်ဒုံးအသုံးပြုမှုလည်း နည်းပါးသည်။

လိင်တူစုံမက်သော အမျိုးသားများသည် ဖိုမဆက်ဆံခြင်းသာ ပြုလုပ်သည့် အမျိုးသားများထက် HIV ကူးစက်ခံရနိုင်ခြေ ၂၄ ဆ ပိုမြင့်မားသည်။

မက္ကဆီကိုနှင့် နိုင်ဂျီးရီးယားတို့ အပါအဝင် နိုင်ငံပေါင်း တစ်ဒါ ဇင်ကျော်တွင် လိင်တူစုံမက်သည့် အမျိုးသား ၁၅ ရာခိုင်နှုန်းကျော် သည် AIDS ဖြစ်နေကြောင်း သိရသည်။ သြစတြေးလျ၊ ဥရောပနှင့် အမေရိကန်တို့တွင် ကွန်ဒုံးအသုံးပြုမှု လျော့နည်းနေကြောင်း သိ ရသည်။    

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top