မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×

# Zawgyi Version ဖြင့် ဖတ်ပါ #



LM_Naung_Naung
Ref-fabbiosa


# Unicode Version ဖြင့် ဖတ်ပါ #

မိဘတိုင်းဟာ ကလေးတွေဒုက္ခနဲ့ ကြုံတွေ့တဲ့အခါတိုင်း 911 ဆက်သွယ်ဖို့သင်ပေးထားကြပါတယ်။ ဒါပေမယ့် ဘယ်လိုဒုက္ခမျိုးနဲ့ကြုံတွေ့ခဲ့ရင် ဆက်သွယ်သင့်လဲဆိုတာ သေသေချာချာမသင်ပေးထားတဲ့အတွက် သူတို့ရဲ့စိတ်ထဲမှာ အခက်အခဲတွေ့တိုင်း 911 ကကူညီပေးမယ်လို့စွဲနေတတ်ကြောင်း ဒီကလေးကသာဓက ပေးလိုက်ပါတယ်။

လေးနှစ်သားအရွယ်ကလေးတစ်ယောက်ဟာ သင်္ချာအဖြေမထွက်တဲ့အတွက် တစ်စုံတစ်ယောက်ကို အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် သူသိတဲ့ဖုန်းနံပါတ်က တစ်ခုတည်းရှိပါတယ်။ ဟုတ်ပါတယ် သေသေချာချာပဲ သူ ၉၁၁ ကိုနှိပ်လိုက်ပါပြီ။ ဖုန်းဝင်သွားပြီး အော်ပရေတာက ဘာအကူအညီပေးရမလဲလို့မေးတဲ့အခါ ချစ်စရာကောင်းတဲ့ကလေးက သူအကူအညီလိုတဲ့အကြောင်း ၁၆ ထဲက ၈ နှုတ်တာမတွက်တတ်တဲ့ အကြောင်းပြောပြပါတယ်။ အစပိုင်းတော့ အော်ပရေတာဖြစ်သူ ကြောင်သွားပြီး ကလေးကိုအဖြေပေးလိုက်ပါတယ်။ နောက်မှ ကလေးရဲ့နေရပ်လိပ်စာကို မေးတဲ့အခါ အဲဒီသင်္ချာပညာရှင်ချာတိတ်က သူမဖြေချင်တဲ့အကြောင်း ပြောပါတယ်။ ဒီအခြေအနေဟာ သူ့အိမ်လိပ်စာပြောဖို့ မလိုအပ်ဘူးလို့ သိတဲ့လူလည်လေးပါပဲ။ အမေဖြစ်သူကတော့ ရဲစခန်းကိုဖုန်းဆက်တဲ့သားအတွက် Shock ဖြစ်သွားခဲ့ပါတယ်။

LM_Naung_Naung
Ref-fabbiosa

ဖိုးသူတော် (www.phothutaw.com)
Credit: lifestylemyanmar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top