ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

လူ႔ခႏၶာကိုယ္ႀကီးက ရႈပ္ေထြးမႈအမ်ားဆံုး ယႏၱရားႀကီးပါပဲ။ တစ္ၿပိဳင္နက္တည္း ျဖစ္ပ်က္ေနတဲ့ လုပ္ေဆာင္ခ်က္ ေထာင္ေပါင္းမ်ားစြာ ရွိပါတယ္။
ကၽြန္ေတာ္တို႔ ခႏၶာကိုယ္မွာ မွားယြင္းမႈတစ္ခုခု ရွိတဲ့အခါ ကၽြန္ေတာ္တို႔ခႏၶာကိုယ္ရဲ႕ လုပ္ငန္းေဆာင္တာမ်ားကို ထိန္းခ်ဳပ္ေပးတဲ့ အာရံုေၾကာဆဲလ္မ်ားက လကၡဏာမ်ားႏွင့္ အခ်က္ျပမႈမ်ား ေပးပို႔ပါတယ္။ သူတို႔ကို လ်စ္လ်ဴရႈျခင္းက ဆိုးရြားတဲ့ က်န္းမာေရး ျပႆနာမ်ားကို ဦးေဆာင္ႏိုင္တာေၾကာင့္ အေကာင္းဆံုး ဂရုစိုက္ေပးပါ။ ဒီအနည္းငယ္ကို သိထားရင္ တစ္ေန႔ေန႔မွာ သင့္အသက္ကို ကယ္တင္ႏိုင္ေစျခင္းငွာ ျဖစ္ႏိုင္ေခ်ရွိတဲ့ လကၡဏာ 7ခုကို စုစည္းၿပီးေဖာ္ျပေပးလိုက္ပါတယ္။

၁။ အိပ္မေပ်ာ္၊ ယားယံျခင္းႏွင့္ ေျခေထာက္ၾကြက္တတ္ျခင္း

သင့္ခႏၶာကိုယ္က ဒီလကၡဏာမ်ားကို ေပးပို႔တဲ့အခါ ပိုတတ္စီယမ္၊ မဂၢနီဆီယမ္ ခ်ိဳ႕တဲ့ေနတယ္လို႔ ဆိုလိုပါတယ္။ သင့္ရဲ႕ပံုမွန္အစားအေသာက္ေတြထဲမွာ ခရမ္းခ်ဥ္သီး၊ လိေမၼာ္သီး၊ ငွက္ေပ်ာသီးႏွင့္ ဟင္းႏုႏြယ္ရြက္ ထည့္ၿပီး စားေပးပါ။

၂။ အသားအေရေျခာက္ေသြ႕ျခင္း

ဗီတာမင္စီ ခ်ိဳ႕တဲ့ျခင္းက အသားအေရေျခာက္ေသြ႕မႈကို ျဖစ္ေပၚေစပါတယ္။ ဟင္းသီးဟင္းရြက္မ်ား၊ ဆီ၊ ငါး၊ အခြံမာသီးမ်ားကို ပိုၿပီးစားပါ။

၃။ အခ်ိဳအရမ္းစားခ်င္ျခင္း

အခ်ိဳတစ္ခုခုကို စြဲလမ္းေနတဲ့အခါ သင့္ခႏၶာကိုယ္မွာ ဂလူးကို႔စ္ လိိုအပ္ေၾကာင္း( လိုလားေၾကာင္း) ဆိုလိုပါတယ္။ စိတ္ဖိစီးမႈမ်ားျခင္း၊ စိတ္ဓါတ္က်ျခင္း၊ ေမာပန္းျခငး္ျဖစ္ႏိုင္ပါတယ္။ အေလးခ်ိန္တတ္ျခင္းကို ေရွာင္ရွားဖို႔ ပ်ားရည္ သို႔မဟုတ္ ေခ်ာကလက္အမည္း တစ္ခ်ိဳ႕ကို စားေပးပါ။

၄။ ေရခဲစားခ်င္တာ

သင့္ခႏၶာကိုယ္မွာ ေသြးအားနည္းေရာဂါ(သံဓါတ္ခ်ိဳ႕တဲ့မႈ) ရွိတဲ့အခါ သင္ေရခဲစြဲလမ္းေနပါလိမ့္မယ္။ သံဓါတ္ၾကြယ္၀ေသာ အစားအစာမ်ားျဖစ္တဲ့ အမဲသား၊ ၾကက္ဥ တို႔ကို စားေပးပါ။ ဆရာ၀န္ရဲ႕ အႀကံေပးခ်က္မ်ားကို ရယူပါ။

၅။ သြားဖံုးေသြးထြက္

သြားဖံုးမွာအၿမဲတမ္း ေသြးထြက္ေနတာက ဗီတာမင္စီခ်ိဳ႕တဲ့မႈကို ဦးတည္ေနတဲ့အခ်က္ျဖစ္ပါတယ္။ အခ်ဥ္ဓါတ္ပါတဲ့အသီးမ်ား၊ ဟင္းႏုႏြယ္ရြက္၊ အစိမ္းႏွင့္အနီေရာင္ ပန္းငရုတ္ပြ၊ ခရမ္းခ်ဥ္သီး၊ ေဂၚဖီထုပ္၊ ပန္းေဂၚဖီႏွင့္ ပန္းေဂၚဖီစိမ္းမ်ားကို သင့္အစားအစာမ်ားထဲမွာ ထည့္စားေပးပါ။

၆။ လက္သည္းႏွင့္ ဆံပင္မ်ား ပ်က္စီးလြယ္တာ

သင့္ခႏၶာကိုယ္ ဗီတာမင္ဘီ ကင္းမဲ့တဲ့အခါ သင့္လက္သည္းႏွင့္ဆံပင္ေတြ အားနညး္လာၿပီး အလြယ္တကူ က်ိဳးပဲ့လြယ္ပါလိမ့္မယ္။ ႏို႔ကို ပိုေသာက္ၿပီး ပင္လယ္ေရညိွႏွင့္မိႈကို စားေပးပါ။

၇။ မ်က္၀န္းတစ္၀ိုက္ အကြငး္မ်ား

လူေတြက အသက္ငါးဆယ္ေက်ာ္လာတဲ့အခါ မ်က္စိရဲ႕ မ်က္၀န္းတစ္၀ိုက္မွာ အကြင္းမ်ားေပၚလာပါတယ္။ ဒါက ပံုမွန္ပါ။ ငယ္ရြယ္တဲ့လူတစ္ေယာက္မွာ အကြင္းမ်ားက့ဲသို႔ေပၚလွ်င္ ကိုလက္စထေရာအဆင့္ ျမင့္မားမႈကို ေဖာ္ျပေနတာပါ။ ဆရာ၀န္ႏွင့္ ျပသပါ။

Source- womansbeautyextra

ဖိုးသူေတာ္ (www.phothutaw.com)
Credit: TB_Nandar

# Unicode Version ျဖင့္ ဖတ္ပါ #
လူ့ခန္ဓာကိုယ်ကြီးက ရှုပ်ထွေးမှုအများဆုံး ယန္တရားကြီးပါပဲ။ တစ်ပြိုင်နက်တည်း ဖြစ်ပျက်နေတဲ့ လုပ်ဆောင်ချက် ထောင်ပေါင်းများစွာ ရှိပါတယ်။
ကျွန်တော်တို့ ခန္ဓာကိုယ်မှာ မှားယွင်းမှုတစ်ခုခု ရှိတဲ့အခါ ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာများကို ထိန်းချုပ်ပေးတဲ့ အာရုံကြောဆဲလ်များက လက္ခဏာများနှင့် အချက်ပြမှုများ ပေးပို့ပါတယ်။ သူတို့ကို လျစ်လျူရှုခြင်းက ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာများကို ဦးဆောင်နိုင်တာကြောင့် အကောင်းဆုံး ဂရုစိုက်ပေးပါ။ ဒီအနည်းငယ်ကို သိထားရင် တစ်နေ့နေ့မှာ သင့်အသက်ကို ကယ်တင်နိုင်စေခြင်းငှာ ဖြစ်နိုင်ချေရှိတဲ့ လက္ခဏာ 7ခုကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်။

၁။ အိပ်မပျော်၊ ယားယံခြင်းနှင့် ခြေထောက်ကြွက်တတ်ခြင်း

သင့်ခန္ဓာကိုယ်က ဒီလက္ခဏာများကို ပေးပို့တဲ့အခါ ပိုတတ်စီယမ်၊ မဂ္ဂနီဆီယမ် ချို့တဲ့နေတယ်လို့ ဆိုလိုပါတယ်။ သင့်ရဲ့ပုံမှန်အစားအသောက်တွေထဲမှာ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီးနှင့် ဟင်းနုနွယ်ရွက် ထည့်ပြီး စားပေးပါ။

၂။ အသားအရေခြောက်သွေ့ခြင်း

ဗီတာမင်စီ ချို့တဲ့ခြင်းက အသားအရေခြောက်သွေ့မှုကို ဖြစ်ပေါ်စေပါတယ်။ ဟင်းသီးဟင်းရွက်များ၊ ဆီ၊ ငါး၊ အခွံမာသီးများကို ပိုပြီးစားပါ။

၃။ အချိုအရမ်းစားချင်ခြင်း

အချိုတစ်ခုခုကို စွဲလမ်းနေတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဂလူးကို့စ် လိုအပ်ကြောင်း( လိုလားကြောင်း) ဆိုလိုပါတယ်။ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓါတ်ကျခြင်း၊ မောပန်းခြင်းဖြစ်နိုင်ပါတယ်။ အလေးချိန်တတ်ခြင်းကို ရှောင်ရှားဖို့ ပျားရည် သို့မဟုတ် ချောကလက်အမည်း တစ်ချို့ကို စားပေးပါ။

၄။ ရေခဲစားချင်တာ

သင့်ခန္ဓာကိုယ်မှာ သွေးအားနည်းရောဂါ(သံဓါတ်ချို့တဲ့မှု) ရှိတဲ့အခါ သင်ရေခဲစွဲလမ်းနေပါလိမ့်မယ်။ သံဓါတ်ကြွယ်ဝသော အစားအစာများဖြစ်တဲ့ အမဲသား၊ ကြက်ဥ တို့ကို စားပေးပါ။ ဆရာဝန်ရဲ့ အကြံပေးချက်များကို ရယူပါ။

၅။ သွားဖုံးသွေးထွက်

သွားဖုံးမှာအမြဲတမ်း သွေးထွက်နေတာက ဗီတာမင်စီချို့တဲ့မှုကို ဦးတည်နေတဲ့အချက်ဖြစ်ပါတယ်။ အချဉ်ဓါတ်ပါတဲ့အသီးများ၊ ဟင်းနုနွယ်ရွက်၊ အစိမ်းနှင့်အနီရောင် ပန်းငရုတ်ပွ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနှင့် ပန်းဂေါ်ဖီစိမ်းများကို သင့်အစားအစာများထဲမှာ ထည့်စားပေးပါ။

၆။ လက်သည်းနှင့် ဆံပင်များ ပျက်စီးလွယ်တာ

သင့်ခန္ဓာကိုယ် ဗီတာမင်ဘီ ကင်းမဲ့တဲ့အခါ သင့်လက်သည်းနှင့်ဆံပင်တွေ အားနည်းလာပြီး အလွယ်တကူ ကျိုးပဲ့လွယ်ပါလိမ့်မယ်။ နို့ကို ပိုသောက်ပြီး ပင်လယ်ရေညှိနှင့်မှိုကို စားပေးပါ။

၇။ မျက်ဝန်းတစ်ဝိုက် အကွင်းများ

လူတွေက အသက်ငါးဆယ်ကျော်လာတဲ့အခါ မျက်စိရဲ့ မျက်ဝန်းတစ်ဝိုက်မှာ အကွင်းများပေါ်လာပါတယ်။ ဒါက ပုံမှန်ပါ။ ငယ်ရွယ်တဲ့လူတစ်ယောက်မှာ အကွင်းများကဲ့သို့ပေါ်လျှင် ကိုလက်စထရောအဆင့် မြင့်မားမှုကို ဖော်ပြနေတာပါ။ ဆရာဝန်နှင့် ပြသပါ။

Source- womansbeautyextra

ဖိုးသူတော် (www.phothutaw.com)
Credit: TB_Nandar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top