ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×

Tommy Connolly ဆိုတဲ့ အသက် 23 နှစ်အရွယ်ကောင်လေးဟာ လက်ရှိ သြစတေးလျမှာ နေထိုင်ပြီး Sunshine Coast ဆိုတဲ့ တက္ကသိုလ်မှာ ပညာသင်နေတာဖြစ်ပါတယ်။သူဟာ အချိန်ပိုင်း အလုပ်တွေကိုလည်း လုပ်ကိုင်ပါတယ်။

သူဟာ တက္ကသိုလ်ကျောင်းပေါင်းစုံရဲ့ နိုင်ငံတကာအပြေးပြိုင်ပွဲချန်ပီယံတစ်ဦးဖြစ်သလို သူဟာ အပြေးသမားကောင်း တစ်ယောက်ဖြစ်ဖို့ အိပ်မက်တွေ ရှိသူဖြစ်ပါတယ်။

သူဟာ ရေပေါ်စကိတ်စီးခြင်း တောင်တက်ခြင်း စတဲ့ အားကစားတွေကို နှစ်သက်သလို အားကစားတိုင်းကို နှစ်သက်တယ်လို့ ပြောပါတယ်။သူဟာ လက်ရှိမှာ business and economics ပညာရပ်ကို သင်ကြားနေပြီး စီးပွားရေးအမြင်ရှိသလို ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ခြေလှမ်းစတင်နေသူဖြစ်ပါတယ်။

သူ့မှာ အကိုတယောက်ရှိသလို သူ ရှစ်နှစ်အရွယ်မှာ သူ့အကိုက 17 နှစ်ဖြစ်ပါတယ်။သူဟာ  သူ့အကိုရဲ့ သူငယ်ချင်းဖြစ်တဲ့ ကောင်မလေးနဲ့ ရှစ်နှစ်အရွယ်ထဲက ချစ်ကြိုက်ခဲ့တာဖြစ်ပြီး ခရီးသွားပြီးပြန်လာတော့ ကောင်မလေးက သူနဲ့ကိုယ်ဝန်ရနေပြီဆိုတဲ့ သတင်းကို ကြားခဲ့ရပါတယ်။ဒါပေမယ့် ဒီ အပျိုပေါက်ကောင်မလေးကိုလဲ ဘယ်သူမှ သူနဲ့ ကလေးရတယ်လို့ မယုံပဲ သူ့အကိုကြောင့် ဒါမှမဟုတ် မူးယစ်ဆေးတခုရဲ့ ပြုစားခံရမှုကြောင့်လို့ထင်ခဲ့ကြပေမယ့် သူတို့ဟာ ယာယီလက်ထပ်မှုတော့ လုပ်ခဲ့ပါတယ်။ဒါဟာ ဥပဒေနဲ့ဆို တရားမဝင်ပေမယ့် သူတို့ဟာ သိုသိပ်စွာနေထိုင်ခဲ့ကြပါတယ်။သိပ်မကြာခင် အရပ်လက်သည်နဲ့ ကလေးမွေးခဲ့ပြီး သူဟာ ဆယ်နှစ်မပြည့်ခင် ကလေးအဖေဖြစ်ခဲ့ပြီး သူ့ရဲ့ သမီးကလည်း 12 နှစ်နဲ့ အိမ်ထောင်ကျပြီး ကလေးရရာကနေ သူဟာ အသက်ငယ်ဆုံး အဖိုးဘွဲ့ကို ရရှိခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  cantwait2say

# Unicode Version ဖြင့် ဖတ်ပါ #




ဖိုးသူတောျ (www.phothutaw.com)
Credit: cantwait2say
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top