လေဆိပ်အနီး မြေပိုင်ဆိုင်မှုရမည့် လုံးချင်း အရောင်းပြပွဲ
×













Credit: lovingnews

# Unicode Version ဖြင့် ဖတ်ပါ #
ကြာသပတေး သားသမီးများသည် 2018 ခုနှစ် ရှေ့ပိုင်း (၃) လတွင် လုပ်ငန်းခွင်တွင် အကြံအစည် အသစ်များ ဆောင်ရွက်ရမည့် နှစ် ဖြစ်သည်။

အခက်အခဲ မည်မျှပင် ရှိစေကာမူ ဆောင်ရွက်စရာများ ရှေ့တိုး၍ ဆောင်ရွက်ရမည့် နှစ် ဖြစ်သည်။

စီးပွားရေး တိုးချဲ့ လုပ်ကိုင် လိုတဲ့ စိတ်များ ပေါ်ပေါက် နေတတ်သည်။ ဘဏ် လုပ်ငန်း၊ ငွေကြေး ချေးငှါးခြင်း၊ အစု ရှယ်ယာ ဝင်ခြင်းများ ကောင်းကျိုး ပေးမည်။

မမျှော်လင့်ဘဲ ငွေကြေး အမြောက် အများ ဝင်မည်။ ညီအစ်ကို ၊မောင်နှမ၊ ဆွေမျိုးသားချင်း တွေရဲ့ နှောက်ယှက်မှုကြောင့် မိမိ လုပ်ငန်းခွင် အကျိုးအမြတ်များ ပျက်စီးတတ်သည်။

အိမ်ခြံမြေ ပြုပြင်မှုများ ကြုံမည်။ ပြည်တွင်း ပြည်ပ ခရီးတို၊ ခရီးရှည်များ ခဏခဏ သွားရကိန်း ရှိသည်။

ပျိုရွယ်သူများ မေတ္တာရေး ကံကောင်းပြီး၊ မိမိ ရည်မှန်းထားသော ချစ်သူနှင့် မေတ္တာရေးများ ကြုံရမည်။ အိမ်ထောင်ရှင်များ အိမ်တွင်းရေး ပြသနာများ အနှောင့်အယှက်များ ဝင်တတ်သည်။

အပျော်အပါး လိုက်စားမှုကြောင့် လူမှုရေး ပြသနာများ ဖြေရှင်းရတတ်သည်။ မိမိ ကြိုးစားသော ပညာရပ်များတွင် ဝီရိယ စိုက်ရမည့်နှစ် ဖြစ်သည်။

ဆွေမျိုးသားချင်း အကူညီကောင်းများ ပညာရေးတွင် ကူညီမည်။ လုပ်ငန်းခွင် စာမေးပွဲများ၊ အင်တာဗျူးများ ဖြေဆိုခွင့် အခွင့်လမ်းကောင်းများ ရရှိမည်။

ကျန်းမာရေးတွင် အဖျားရှည်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ အပူနာရောဂါများ ဖြစ်တတ်သည်။ ပြာသို၊ တပို့တွဲ၊ တပေါင်းလ များတွင် လုပ်ငန်း ကိစ္စများ အထူး လာဘ် လာဘများ အကျိုး ဖြစ်ထွန်းမည်။

ယတြာ- ဘုရားမှာ သပြေညွန့်၊ သီးညွန့်၊ သနပ်ခါညွန့်(၁၉)ညွန့်စီ တင်လှူပူဇော်ပါ။

မွေးနေ့တွင်- ဘုရားတစ်ဆူဆူမှာ ထီး၊ တံခွန်၊ကုက္ကား၊များလှူပေးပါ။

အကျိုးပေးအက္ခရာနှင့် ဂဏာန်းများ (သ၊ဟ၊စ၊ဆ)(၁၊၇၊၄၊၉)

ဖိုးသူတော် (www.phothutaw.com)
Credit: lovingnews

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top