ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေသဆုံးသြားတဲ့ ဆယ္ေက်ာ္သက္ေကာင္မေလးအေဖကေတာ့ သူ႔ကေလးေသဆုံးမႈက Selena Gomez မွာတာဝန္ရွိတယ္လို႔ယုံၾကည္ပါတယ္။

၁၅ ႏွစ္အ႐ြယ္သမီးငယ္ကိုဆုံးရႈံးလိုက္ရတဲ့ John Herndon ကသူ႔သမီး Bella ဟာ Netfliix ကလႊင့္တဲ့ နာမည္ႀကီး 13 Reason Why ဇာတ္လမ္းတြဲၾကည့္ရႈၿပီး ေသေၾကာင္းႀကံစည္ခဲ့တာျဖစ္တယ္လို႔ အခိုင္အမာေျပာဆိုထားပါတယ္။

Bad Liar သီခ်င္းရဲ႕ေတးသံရွင္ျဖစ္ၿပီး သူမရဲ႕ အေမ Mandy Teefey နဲ႔ တြဲဖက္ကာရွင္ရွင္ထုတ္လုပ္ေရးမႉးအျဖစ္ တာဝန္ယူထားတဲ့ Selana Gomez ကို  အထက္တန္းေက်ာင္းသူ ေသေၾကာင္းႀကံတဲ့အထိျဖစ္ေစခဲ့မႈနဲ႔ ကာယကံရွင္မိဘေတြက တရားစြဲဆိုၿခိမ္းေျခာက္ထားပါတယ္။

႐ိုက္ကြင္းျပဳလုပ္ခဲ့တဲ့ ကယ္လီဖိုးနီးယားျပည္နယ္ Livemore မွေဒသခံတစ္ဦး Radar Online ကိုေျပာျပခဲ့တာက “ကြၽန္ေတာ္ကေတာ့ လုံးဝမႏွစ္ၿမိဳ႕ဘူးဗ်။ Selena ကကြၽန္ေတာ့္ကို စိတ္ပ်က္ေစတယ္။ သူမ်ားစိတ္နဲ႔ကိုယ္အသက္ရွင္သန္ေနရတာမ်ိဳး ျဖစ္ေအာင္လို႔ဒီဇာတ္လမ္းတြဲကို ဖန္တီး႐ိုက္ထားၿပီး လူငယ္ေတြကို ဒုကၡေပးတာသူမပဲ။”

ဧၿပီလ ၁၈ ရက္ေန႔မွာ John နဲ႔ သူ႔ဇနီးက သူတို႔သမီး Bella ကို အဝတ္ဗီ႐ိုႀကီးထဲမွာ တြဲေလာင္းႀကီးျဖစ္ေနတာေတြ႕ခဲ့ရတာပါ။ ေဆး႐ုံကို အျမန္ေခၚေဆာင္သြားေပမယ့္ ၁၀ ရက္အၾကာမွာ ေသဆုံးသြားခဲ့ပါတယ္။ John ေျပာၾကားခ်က္အရ သူ႔သမီးက႐ိုးသားေျဖာင့္မတ္ၿပီး ေက်ာင္းမွာ အႏိုင္က်င့္ခံရၿပီးေနာက္ပိုင္း ႏွစ္သိမ့္ေဆြးေႏြးအႀကံေပးမႈေတြလိုလားေနတဲ့ သူပါ။ 13 Reasons Why ပထမအပိုင္းၿပီးသြားတဲ့ေန႔ေတြတည္းက သူမသမီးက ဘဝကို လက္ေလွ်ာ့ဖို႔ ေမာင္းတင္ျပင္ဆင္ထားခဲ့တာပါ။

“စိတ္ခံစားမႈရဲ႕အေမွာင္ကမာၻမွာ ေနထိုင္ေနတဲ့ သင့္သူငယ္ခ်င္း ၊ ညီအမအ႐ြယ္ဆယ္ေက်ာ္သက္ေတြရွိေနတယ္ဆိုတာသတိရေပးပါ။ Selena ႏွင့္ Netflix ကလူေတြနားလည္ထားသင့္တာက လူတိုင္းနီးပါးကေတာ့ ဒီလိုျဖစ္ရပ္မ်ိဳး နားလည္ခ်င္မွလည္မယ္။ စိတ္ဓာတ္က်ျခင္းကိုရင္ဆိုင္ေနရတဲ့ တခ်ိဳ႕ေသာလူေတြအတြက္ကေတာ့ အခ်ိန္အခါမေ႐ြး အဆုံးစီရင္ ႏိုင္တယ္ဆိုတာပါပဲ။” လို႔John ကေျပာခဲ့ပါတယ္။ John ကေတာ့ ဒီဇာတ္လမ္းတြဲကို ဖ်က္သိမ္းေပးဖို႔ နာမည္ႀကီး အႏုပညာၾကယ္ပြင့္ေတြကိုဆက္ဆြယ္ဖို႔ႀကိဳးစားခဲ့ေပမယ့္  ဒုတိယပိုင္းကိုဆက္လက္ထုတ္လႊင့္ဖို႔ေတာင္ႀကိဳးစားေနၿပီျဖစ္လို႔ သူ႔အသနားခံစာက လ်စ္လ်ဴရႈခံခဲ့ရပါတယ္။ “Selena ကို ဒီဇာတ္လမ္းတြဲထုတ္လႊင့္မႈဖ်က္ေပးၿပီး Netflix ကိုလည္း တားေပးပါလို႔ကြၽန္ေတာ္အေၾကာင္းၾကားခဲ့ေပမယ့္ ဘာမွအေၾကာင္းမျပန္ခဲ့ၾကပါဘူး”လို႔ John ကေျပာျပခဲ့ပါတယ္။

“Netflix က လိင္ပိုင္းဆိုင္ရာအက်င့္ပ်က္ စြပ္စြဲခ်က္ေတြထြက္ေပၚခဲ့တဲ့ House of Card သ႐ုပ္ေဆာင္ Kevin Spacey ႏွင့္ The Ranch သ႐ုပ္ေဆာင္ Danny Materson တို႔ကို အလုပ္ျဖဳတ္ခဲ့လို႔ခ်ီးက်ဴးရေပမဲ့ 13 Reasons Why ဆိုတဲ့ ဇာတ္လမ္းတြဲကို ထုတ္လႊင့္ၿပီး အပိုင္း ၁၃ ပိုင္းလည္းၿပီးေရာဆယ္ေက်ာ္သက္ ၂ ေယာက္ ကိုယ့္ကိုယ္ကိုသတ္ေသတဲ့ အထိျဖစ္ေအာင္ လုပ္ခဲ့တယ္ဆိုေတာ့ ဒီ Netflix က သူေတာ္ေကာင္းေယာင္ေဆာင္ထားတဲ့ အက်င့္မေကာင္းသူေတြဗ်။” လို႔ John ကဆက္လက္ေျပာၾကားခဲ့ပါတယ္။

စိတ္ထိခိုက္ခံစားေနရတဲ့ ဖခင္တစ္ေယာက္ျဖစ္တဲ့ John က  Selena Gomez တစ္ေယာက္သတင္းစာရွင္းလင္းပြဲမွာ သူမရဲ႕စိတ္ဓာတ္က်စရာကိစၥေတြနဲ႔ စိတ္ပိုင္းဆိုင္ရာက်န္းမာေရးအေၾကာင္းေတြပဲေျပာၿပီး 13 Reasons Why မဖ်က္သိမ္းေပးတဲ့အတြက္ သူမကိုေတြ႕ရတိုင္းစိတ္ပင္ပန္းရတယ္လို႔ေျပာပါတယ္။

John ဝန္ခံေျပာၾကားေပးခဲ့တာက “ Netflix လို ေဒၚလာသန္းခ်ီခ်မ္းသာတဲ့ ကုမၸဏီကိုတရားစြဲဖို႔လက္လွမ္းမမီေပမယ့္ 13 Reasons Why မွာပါဝင္႐ိုက္ကူးသူေတြကို တရား႐ုံးပို႔ခ်င္တဲ့ စိတ္ဆႏၵထပ္တူက်တဲ့ လူေတြစုမိခဲ့ရင္ေတာ့ ကြၽန္ေတာ္တရားစြဲမွာပါတဲ့”

“13 Reasons Why”ဇာတ္လမ္းတြဲက စာေရးဆရာ Jay Asher ရဲ႕ ၂၀၀၇ ခုႏွစ္ဆယ္ေက်ာ္သက္ကေလးသူငယ္အေၾကာင္းဝတၳဳရွည္ ( young adult novel) ကိုအေျခခံကာ ကယ္လီဖိုးနီးယားျပည္နယ္ Bay Area မွာ ႐ိုက္ကူးခဲ့တာပါ။ ဇာတ္အိမ္အပိုင္းအေနနဲ႔ အသက္ ၁၇ ခုႏွစ္အ႐ြယ္ အထက္တန္းေက်ာင္းသူ Hannah Baker ဆိုတဲ့ေကာင္မေလးကိုယ့္ကိုယ္ကိုသတ္ေသၿပီး ဒီလိုသတ္ေသတဲ့ ဆုံးျဖတ္ခ်က္ခ် ျဖစ္ေအာင္ပါဝင္ပတ္သက္ခဲ့ၾကတဲ့ လူ ၁၃ ဦးကို တစ္ဦးခ်င္းစီနဲ႔ပတ္သက္တဲ့ တိပ္ေခြကို အသံသြင္းၿပီးခ်န္ထားေပးခဲ့တာပါ။ ဒီဇာတ္လမ္းတြဲက အားငယ္သူအေပၚမတရားအႏိုင္က်င့္ျခင္းႏွင့္ လိင္ပိုင္းဆိုင္ရာေစာ္ကားခံရမႈေတြကို အေျခခံၿပီး ဖန္တီးထားခဲ့ျခင္းပဲျဖစ္ပါတယ္။

John ရဲ႕ ေသာကေတြကိုေျဖရွင္းေပးဖို႔ Selena ကမႀကိဳးစားခဲ့ေပမယ့္ 13 Reasons Why ဇာတ္လမ္းတြဲက  အဓိကေပးခ်င္တဲ့ အေၾကာင္းအရာအေၾကာင္း ေျပာျပခဲ့ပါတယ္။ “ကြၽန္မတို႔အ႐ိုးသားဆုံးနဲ႔ အတတ္ႏိုင္ဆုံးလူေတြကိုေျပာျပေပးခ်င္တာ suicide ဆိုတာ မျဖစ္မေနေ႐ြးခ်ယ္သင့္တာ မဟုတ္ပါဘူး” လို႔ေျပာခဲ့ပါတယ္။

Ref : Tribune : Selena Gomez Under Fire from Dad of ’13 Reasons Why’ Fan Who Committed Suicide

ဖိုးသူေတာ္ (www.phothutaw.com)
Credit: May Moe (ရုိးရာေလး)

# Unicode Version ျဖင့္ ဖတ္ပါ #
သေဆုံးသွားတဲ့ ဆယ်ကျော်သက်ကောင်မလေးအဖေကတော့ သူ့ကလေးသေဆုံးမှုက Selena Gomez မှာတာဝန်ရှိတယ်လို့ယုံကြည်ပါတယ်။

၁၅ နှစ်အရွယ်သမီးငယ်ကိုဆုံးရှုံးလိုက်ရတဲ့ John Herndon ကသူ့သမီး Bella ဟာ Netfliix ကလွှင့်တဲ့ နာမည်ကြီး 13 Reason Why ဇာတ်လမ်းတွဲကြည့်ရှုပြီး သေကြောင်းကြံစည်ခဲ့တာဖြစ်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။

Bad Liar သီချင်းရဲ့တေးသံရှင်ဖြစ်ပြီး သူမရဲ့ အမေ Mandy Teefey နဲ့ တွဲဖက်ကာရှင်ရှင်ထုတ်လုပ်ရေးမှူးအဖြစ် တာဝန်ယူထားတဲ့ Selana Gomez ကို  အထက်တန်းကျောင်းသူ သေကြောင်းကြံတဲ့အထိဖြစ်စေခဲ့မှုနဲ့ ကာယကံရှင်မိဘတွေက တရားစွဲဆိုခြိမ်းခြောက်ထားပါတယ်။

ရိုက်ကွင်းပြုလုပ်ခဲ့တဲ့ ကယ်လီဖိုးနီးယားပြည်နယ် Livemore မှဒေသခံတစ်ဦးRadar Online ကိုပြောပြခဲ့တာက “ကျွန်တော်ကတော့ လုံးဝမနှစ်မြို့ဘူးဗျ။ Selena ကကျွန်တော့်ကို စိတ်ပျက်စေတယ်။ သူများစိတ်နဲ့ကိုယ်အသက်ရှင်သန်နေရတာမျိုး ဖြစ်အောင်လို့ဒီဇာတ်လမ်းတွဲကို ဖန်တီးရိုက်ထားပြီး လူငယ်တွေကို ဒုက္ခပေးတာသူမပဲ။”

ဧပြီလ ၁၈ ရက်နေ့မှာ John နဲ့ သူ့ဇနီးက သူတို့သမီး Bella ကို အဝတ်ဗီရိုကြီးထဲမှာ တွဲလောင်းကြီးဖြစ်နေတာတွေ့ခဲ့ရတာပါ။ ဆေးရုံကို အမြန်ခေါ်ဆောင်သွားပေမယ့် ၁၀ ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ John ပြောကြားချက်အရ သူ့သမီးကရိုးသားဖြောင့်မတ်ပြီး ကျောင်းမှာ အနိုင်ကျင့်ခံရပြီးနောက်ပိုင်း နှစ်သိမ့်ဆွေးနွေးအကြံပေးမှုတွေလိုလားနေတဲ့ သူပါ။ 13 Reasons Why ပထမအပိုင်းပြီးသွားတဲ့နေ့တွေတည်းက သူမသမီးက ဘဝကို လက်လျှော့ဖို့ မောင်းတင်ပြင်ဆင်ထားခဲ့တာပါ။

“စိတ်ခံစားမှုရဲ့အမှောင်ကမ္ဘာမှာ နေထိုင်နေတဲ့ သင့်သူငယ်ချင်း ၊ ညီအမအရွယ်ဆယ်ကျော်သက်တွေရှိနေတယ်ဆိုတာသတိရပေးပါ။ Selena နှင့် Netflix ကလူတွေနားလည်ထားသင့်တာက လူတိုင်းနီးပါးကတော့ ဒီလိုဖြစ်ရပ်မျိုး နားလည်ချင်မှလည်မယ်။ စိတ်ဓာတ်ကျခြင်းကိုရင်ဆိုင်နေရတဲ့ တချို့သောလူတွေအတွက်ကတော့ အချိန်အခါမရွေး အဆုံးစီရင် နိုင်တယ်ဆိုတာပါပဲ။” လို့John ကပြောခဲ့ပါတယ်။ John ကတော့ ဒီဇာတ်လမ်းတွဲကို ဖျက်သိမ်းပေးဖို့ နာမည်ကြီး အနုပညာကြယ်ပွင့်တွေကိုဆက်ဆွယ်ဖို့ကြိုးစားခဲ့ပေမယ့်  ဒုတိယပိုင်းကိုဆက်လက်ထုတ်လွှင့်ဖို့တောင်ကြိုးစားနေပြီဖြစ်လို့ သူ့အသနားခံစာက လျစ်လျူရှုခံခဲ့ရပါတယ်။ “Selena ကို ဒီဇာတ်လမ်းတွဲထုတ်လွှင့်မှုဖျက်ပေးပြီး Netflix ကိုလည်း တားပေးပါလို့ကျွန်တော်အကြောင်းကြားခဲ့ပေမယ့် ဘာမှအကြောင်းမပြန်ခဲ့ကြပါဘူး”လို့ John ကပြောပြခဲ့ပါတယ်။

“Netflix က လိင်ပိုင်းဆိုင်ရာအကျင့်ပျက် စွပ်စွဲချက်တွေထွက်ပေါ်ခဲ့တဲ့ House of Card သရုပ်ဆောင် Kevin Spacey နှင့် The Ranch သရုပ်ဆောင် Danny Materson တို့ကို အလုပ်ဖြုတ်ခဲ့လို့ချီးကျူးရပေမဲ့ 13 Reasons Why ဆိုတဲ့ ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြီး အပိုင်း ၁၃ ပိုင်းလည်းပြီးရောဆယ်ကျော်သက် ၂ ယောက် ကိုယ့်ကိုယ်ကိုသတ်သေတဲ့ အထိဖြစ်အောင် လုပ်ခဲ့တယ်ဆိုတော့ ဒီ Netflix က သူတော်ကောင်းယောင်ဆောင်ထားတဲ့ အကျင့်မကောင်းသူတွေဗျ။” လို့ John ကဆက်လက်ပြောကြားခဲ့ပါတယ်။

စိတ်ထိခိုက်ခံစားနေရတဲ့ ဖခင်တစ်ယောက်ဖြစ်တဲ့ John က  Selena Gomez တစ်ယောက်သတင်းစာရှင်းလင်းပွဲမှာ သူမရဲ့စိတ်ဓာတ်ကျစရာကိစ္စတွေနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအကြောင်းတွေပဲပြောပြီး 13 Reasons Why မဖျက်သိမ်းပေးတဲ့အတွက် သူမကိုတွေ့ရတိုင်းစိတ်ပင်ပန်းရတယ်လို့ပြောပါတယ်။

John ဝန်ခံပြောကြားပေးခဲ့တာက “ Netflix လို ဒေါ်လာသန်းချီချမ်းသာတဲ့ ကုမ္ပဏီကိုတရားစွဲဖို့လက်လှမ်းမမီပေမယ့် 13 Reasons Why မှာပါဝင်ရိုက်ကူးသူတွေကို တရားရုံးပို့ချင်တဲ့ စိတ်ဆန္ဒထပ်တူကျတဲ့ လူတွေစုမိခဲ့ရင်တော့ ကျွန်တော်တရားစွဲမှာပါတဲ့”

“13 Reasons Why”ဇာတ်လမ်းတွဲက စာရေးဆရာ Jay Asher ရဲ့ ၂၀၀၇ ခုနှစ်ဆယ်ကျော်သက်ကလေးသူငယ်အကြောင်းဝတ္ထုရှည် ( young adult novel) ကိုအခြေခံကာ ကယ်လီဖိုးနီးယားပြည်နယ် Bay Area မှာ ရိုက်ကူးခဲ့တာပါ။ ဇာတ်အိမ်အပိုင်းအနေနဲ့ အသက် ၁၇ ခုနှစ်အရွယ် အထက်တန်းကျောင်းသူ Hannah Baker ဆိုတဲ့ကောင်မလေးကိုယ့်ကိုယ်ကိုသတ်သေပြီး ဒီလိုသတ်သေတဲ့ ဆုံးဖြတ်ချက်ချ ဖြစ်အောင်ပါဝင်ပတ်သက်ခဲ့ကြတဲ့ လူ ၁၃ ဦးကို တစ်ဦးချင်းစီနဲ့ပတ်သက်တဲ့ တိပ်ခွေကို အသံသွင်းပြီးချန်ထားပေးခဲ့တာပါ။ ဒီဇာတ်လမ်းတွဲက အားငယ်သူအပေါ်မတရားအနိုင်ကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုတွေကို အခြေခံပြီး ဖန်တီးထားခဲ့ခြင်းပဲဖြစ်ပါတယ်။

John ရဲ့ သောကတွေကိုဖြေရှင်းပေးဖို့ Selena ကမကြိုးစားခဲ့ပေမယ့် 13 Reasons Why ဇာတ်လမ်းတွဲက  အဓိကပေးချင်တဲ့ အကြောင်းအရာအကြောင်း ပြောပြခဲ့ပါတယ်။ “ကျွန်မတို့အရိုးသားဆုံးနဲ့ အတတ်နိုင်ဆုံးလူတွေကိုပြောပြပေးချင်တာ suicide ဆိုတာ မဖြစ်မနေရွေးချယ်သင့်တာ မဟုတ်ပါဘူး” လို့ပြောခဲ့ပါတယ်။

Ref : Tribune : Selena Gomez Under Fire from Dad of ’13 Reasons Why’ Fan Who Committed Suicide

ဖိုးသူတော် (www.phothutaw.com)
Credit: May Moe (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top