iMyanmarHouse.com - Best Property Website for Myanmar
×

ျပင္ဦးလြင္မွာ ဟိုတယ္တစ္ခုရွိတယ္ဗ်..။ နာမည္ေတာ့ ထည့္မေရးေတာ့ပါဘူး..။ အဂၤလိပ္လက္ထက္ ကတည္းက ရွိခဲ့တဲ့ဟိုတယ္တစ္ခုေပါ့ဗ်ာ.. ဒီေလာက္ဆို သိမယ္ပါတယ္..။ တစ္ေခါက္က မိသားစုလိုက္ ခရီးထြက္ရင္းနဲ႕ အဲ့ဒီဟိုတယ္မွာ ၀င္တည္းခဲ့ျဖစ္ၾကတယ္..။

ဟိုတယ္၀န္းထဲ ၀င္၀င္ခ်င္းပဲ ကၽြန္ေတာ့္ ကိုယ္ေပၚက ထူးဆန္းစြာ ၾကက္သီးေမြးညွင္းေတြ ထလာတာကို သိလိုက္ရတယ္..။ ကၽြန္ေတာ္ သိလိုက္ၿပီ..။ ဒီဟိုတယ္မွာ တစ္ခုခုေတာ့ ရွိေနျပီ…။ ျပီးေတာ့ ကၽြန္ေတာ့္ စိတ္ထင္ေနလို႕လား မသိဘူး…။ ဟိုတယ္က လူသူကင္းမဲ့ၿပီး ေျခာက္ကပ္ေနတယ္လို႕ ခံစားမိတယ္..။ ဒါနဲ႕ပဲ Reception မွာ Check-In ၀င္ေတာ့ မေနႏိုင္ပဲ ေမးမိေသးတယ္…။

“ခရီးသြားရာသီ မဟုတ္ေတာ့ လူပါးေနတာပါ…” တဲ့..။
အေျဖက လက္ခံႏိုင္စရာရွိတာေၾကာင့္ ကၽြန္ေတာ္လည္း ငါကိုက အေတြးလြန္ေနတာ ပါေလလို႕ ေျဖသိမ့္လိုက္တယ္…။ ဒါနဲ႕ပဲ အခန္းေတြ လုိက္ျပေပးဖို႕ဆိုၿပီး အေဆာင္ တစ္ခုကို ေခၚသြားတယ္..။ ကၽြန္ေတာ္ သိသေလာက္ေတာ့ အဲ့ဒီအေဆာင္က ၀န္းၾကီးက်င္ ညာဘက္ေထာင့္ဆံုး မွာ ရွိတယ္ဗ်..။ သီးသန္႕ၾကီး ရွိေနတဲ့ အေဆာင္ၾကီးေပါ့..။ သြားရင္းနဲ႕ ကၽြန္ေတာ္ေလ့လာၾကည့္မိသေလာက္ ဒီအေဆာင္ၾကီးကို အဂၤလိပ္ေခတ္ထဲက တည္ေဆာက္ထားပံုရတယ္..။ သစ္သားေတြကိုပဲ အမ်ားဆံုး အသံုးျပဳထားၿပီး ဒီဘက္ေခတ္မွာ အနည္းငယ္သာ ျပန္မြန္းမံထားတယ္လို႕ ယူဆရတယ္..။

အဲ့ဒီအေဆာင္ထဲ ၀င္လိုက္ခ်င္းပဲ ကၽြန္ေတာ္ ၾကက္သီးေတြ ထလာျပန္တယ္..။ အေဆာင္ေစာင့္တဲ့ ေကာင္ေလး တစ္ေယာက္ ေျပးလာၿပီး ဟိုတယ္၀န္ထမ္းနဲ႕ စကားေတြ ေျပာၾကတယ္..။ ၿပီးေတာ့ ကၽြန္ေတာ္တို႕ကို အေပၚ ထပ္ကို ေခၚသြားတယ္..။ အေဆာင္တစ္ခုလည္း တိတ္ဆိတ္ျငိမ္သက္ေနၿပီး ၾကမ္းခင္းေပၚမွာ ကၽြန္ေတာ္တို႕ရဲ႕ လမ္းေလွ်ာက္တဲ့ေျခသံ “တကၽြီကၽြီ” က က်ယ္ေလွာင္စြာ ထြက္ေနတယ္..။ ဒီလိုနဲ႕ အေဖနဲ႕အေမက တစ္ခန္း ကၽြန္ေတာ္က တစ္ခန္း ကပ္လ်က္ အခန္း ၂ ခန္းကို ယူလုိက္ၾကတယ္..။

“အစ္ကို ဒီအခန္းမွာ ေနမလို႕လား..”
“ဟုတ္တယ္ေလ… ဘာလုိ႕လဲ..”
“ေၾသာ္..ဘာမွမဟုတ္ပါဘူး..ဒီအခန္းထဲမွာ အခန္းတစ္ခန္း အပိုရွိတယ္..အဲ့ဒါကို မဖြင့္ပါနဲ႕လို႕ ေျပာမလို႕ပါ..”
“ဟင္ …. အခန္းအပို ဟုတ္လား… ဘယ္မွာလဲ…? ”
ဟိုတယ္၀န္ထမ္းက အိမ္သာအခန္းေလာက္ပဲ က်ယ္တဲ့ အခန္းတစ္ခန္းကို လုိက္ျပတယ္..။ ကၽြန္ေတာ့္ရဲ႕ ကုတင္ ေျခရင္းေလာက္မွာ ရွိတာပါ…။ သံၾကိဳးနဲ႕ ေသာ့တစ္လံုးနဲ႕လည္း အခန္းကို အက်အန ခတ္ထားပါေသးတယ္..။

“မင္းဟာက ေသာ့ခတ္ထားတာပဲ..ဖြင့္ခ်င္ရင္ေတာ့ ဖြင့္လို႕မရပါဘူး..”
“အရင္က ေသာ့မခတ္ထားပါဘူး… ခုမွ ဘာလို႕ခတ္လိုက္လဲ မသိဘူး…”
ေျပာေျပာဆိုဆို ကၽြန္ေတာ္တို႕ကို ႏႈတ္ဆက္ၿပီး ဟိုတယ္၀န္ထမ္းက အေလာတၾကီး ျပန္သြားခဲ့သည္။ အခ်ိန္က ေန႕လည္ ၂း၀၀ နာရီေလာက္ပဲ ရွိေသးေပမယ့္ ခရီးကလည္း ပန္းလာတာေၾကာင့္ တစ္ေရးတစ္ေမာ အိပ္စက္ခ်င္တာေၾကာင့္ အေမတို႕ကို ေျပာၿပီး အိပ္စက္လုိက္သည္။
ရုတ္တရက္ ႏိုးလာေတာ့ ညေန (၅း၀၀) နာရီထိုးေနၿပီ..။ အေဖနဲ႕အေမ အခန္းကို သြားၾကည့္ေတာ့ မရွိ.. ။ အျပင္ထြက္သြားၿပီ ထင္သည္။ ဖုန္းဆက္ၾကည့္လိုက္ေတာ့…
“သားေရ… အေမတို႕ ဒီက အသိတစ္ေယာက္အိမ္မွာ .. သားအိပ္ေနတာနဲ႕ မႏိႈးေတာ့တာ..သား လိုက္ခ်င္လိုက္ခဲ့ေလ.. အေမတို႕ေတာ့ ဒီည ျပန္လာခ်င္မွ ျပန္လာျဖစ္မယ္.. ညတစ္အားနက္သြားရင္ ဒီမွာပဲ အိပ္လိုက္ေတာ့မယ္… သားတစ္ေယာက္တည္း ေနရဲလား..အဲ့ဒီမွာ…”
“ဟုတ္…မလိုက္လာေတာ့ဘူး…သားေနရဲပါတယ္…..”
ဗိုက္ကဆာလာတာေၾကာင့္ အေစာင့္ေကာင္ေလးကို လိုက္ရွာလိုက္သည္။

“ညီေလး..ဒီနားမွာ ဘာစားစရာရွိလဲ..”
“ဟိုးဘက္နားမွာ ထမင္းဆိုင္ရွိတယ္… ကၽြန္ေတာ္ ျပန္ေတာ့မွာ..ကၽြန္ေတာ္နဲ႕ လိုက္ခဲ့ေလ.. လိုက္ျပေပးမယ္..”
“ဟင္.. မင္းက ျပန္ေတာ့မွာလား.. ဒီမွာေစာင့္ရတာ မဟုတ္ဘူးလား..”
“ကၽြန္ေတာ္က ေန႕ပဲ ေစာင့္တာ.. ညေစာင့္ေတာ့ မထားတာၾကာၿပီေလ…”
“ေၾသာ္…” ကၽြန္ေတာ္ ဆက္ေမးခ်င္ေပမယ့္လည္း မေမးျဖစ္ခဲ့..။ ေတာ္ၾကာ ေၾကာက္တတ္လွေခ်လားလို႕ အထင္မခံႏိုင္…။

ဒီလိုနဲ႕ ထမင္းစားၿပီး ဟိုတယ္ျပန္ေရာက္ေတာ့ ည၈း၀၀ နာရီထိုးၿပီ..။ ဘာမွလုပ္စရာမရွိတာနဲ႕ Laptop ဖြင့္ၿပီး ေတြ႕ရာ ဗြီဒီယိုတစ္ဖိုင္ကို ဖြင့္လိုက္သည္။ Evil Dead …။ မျဖစ္ေသးပါဘူး… ကိုယ္က တစ္ေယာက္တည္းပါဆိုမွ သရဲကားနဲ႕ လာတိုးေနတယ္..။ ေနာက္တစ္ဖိုင္ဖြင့္လုိက္သည္။ Walking Dead ..။ ဖြင့္သမွ် သရဲကားေတြခ်ည္းျဖစ္ေနေတာ့သည္။ ကိုယ့္ laptop ထဲလည္း သရဲကားေတြပဲ စုထည့္ထားမိသည္ကိုး..။ ေနာက္ဆံုးေတာ့ ဘာမွမၾကည့္ေတာ့ပဲ laptop ပိတ္ၿပီး အိပ္ဖုိ႕ ဆံုးျဖတ္လိုက္သည္။

အိပ္ခါနီး ဘုရားရွိခိုးၿပီး ေမတၱာပို႕အမွ်ေ၀ေတာ့ ၾကက္သီးတစ္ၾကိမ္ ထလိုက္ေသးသည္..။ ဘာမွ ေထြေထြထူးထူး မစဥ္းစားပဲ အိပ္ယာ၀င္လုိက္သည္။ ဒီလိုနဲ႕ ဘယ္ေလာက္ၾကာၾကာ အိပ္ေပ်ာ္သြားသည္ မသိ…. ႏွစ္ႏွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္ေနခ်ိန္မွာ
“အဟစ္…အဟစ္…အဟစ္….”
“ဟိ…ဟိ…ဟိ…ဟိ…”
ဟင္…. ကေလးနွစ္ေယာက္ရဲ႕ ရီသံ..။ တိတိက်က်ေျပာရရင္.. ေကာင္မေလးတစ္ေယာက္နဲ႕ ေကာင္ေလး တစ္ေယာက္ရဲ႕ ရီသံ…။ ကၽြန္ေတာ္ မ်က္လံုးမဖြင့္…။ ဒါေပမယ့္ အိပ္ေပ်ာ္ေနသည္ မဟုတ္…။ ကၽြန္ေတာ္ ၾကားေနတာ ကၽြန္ေတာ္သိသည္။ ဒီရီသံေတြကို ကၽြန္ေတာ္ကုတင္ေျခရင္းကေန ၾကားေနရျခင္းျဖစ္သည္။ တိတိက်က်ဆိုရရင္ ဟိုအခန္းထဲကေန ထြက္လာျခင္း..။

“ဟိ..ဟိ..ဟိ…ဟိ… အဟစ္…ဟစ္…ဟစ္…”
ကၽြန္ေတာ္ စိတ္မထိန္းႏိုင္ေတာ့ပဲ အိပ္ေနရင္းကေန မ်က္လံုးေလး အသာဖြင့္ၿပီး ေျခရင္းက အခန္းကို ၾကည့္လိုက္ မိသည္။

ဟင္…။ ေသာ့…သံၾကိဳး…။ တစ္ခုမွ မရွိေတာ့ပါလား…။ ေန႕ခင္းက ေတြ႕ခဲ့သည့္ ေသာ့နဲ႕သံၾကိဳး မရွိေတာ့..။ တံခါးမွ ေစ့သာထားသည့္ ပံုစံျဖစ္ေနသလို အခန္းထဲမွ အလင္းေရာင္အနည္းငယ္က အျပင္သို႕ ျဖာထြက္ေနသည္။ ကၽြန္ေတာ္ ကုတင္ေပၚက အသာထလိုက္သည္။ ျပီးေတာ့ အသံမထြက္ေအာင္ ေျခဖ်ားေထာက္ၿပီး ဟေနတဲ့တံခါးကေန အခန္းတြင္းကို ေခ်ာင္းၾကည့္လိုက္သည္။

အခန္းအတြင္းမွာက….
အသက္ ၅ ႏွစ္နဲ႕ ၆ ႏွစ္ၾကားမွာ ရွိတဲ့ အဂၤလိပ္လူမ်ိဳး ေကာင္ေ လးနဲ႕ ေကာင္မေလး ႏွစ္ေယာက္ ေဆာ့ကစားေနၾကသည္။ ကၽြန္ေတာ္ မယံု…။ မ်က္လံုးကို ေသခ်ာပြတ္ျပီး ျပန္ၾကည့္ၾကည့္သည္။ ေကာင္ေလးနဲ႕ ေကာင္မေလးကိုေတြ႕ဆဲပင္… ကၽြန္ေတာ္ အံ့အားသင့္စြာ ေၾကာင္ၿပီး ေငးၾကည့္ေနမိသည္။ သူတို႕ေဆာ့ကစားေန ရင္းမွ ေကာင္ေလးက ေကာင္မေလးလက္ကို ဆြဲလိုက္သည္။ ဒါေပမယ့္ လူမပါလာပဲ ေကာင္မေလး လက္ခ်ည္းသက္သက္သာ ေကာင္ေလးဆီပါလာသည္။

“ေအာင္မေလးဗ်….”
ကၽြန္ေတာ္လန္႕ၿပီး ေအာ္လိုက္မိသည္။ ေကာင္ေလးနဲ႕ ေကာင္မေလးတို႕ရဲ႕ မ်က္လံုးအစံုက ကၽြန္ေတာ္ေခ်ာင္း ၾကည့္ေနတဲ့ တံခါးၾကားသို႕ ေရာက္လာသည္။ သူတို႕ရဲ႕မ်က္လံုးေတြက အသက္မပါတဲ့ အရုပ္မ်က္လံုးေတြလို တံခါးၾကားက ကၽြန္ေတာ့္မ်က္လံုးနဲ႕ ဆံုမိၾကသည္။

“အားးးးးး…”
ကၽြန္ေတာ္ ဘာမွ မစဥ္းစားေတာ့ပဲ… အခန္းျပင္ ကိုထြက္ေျပး သည္။ ေအာက္ထပ္ကို ေျပးဆင္းသည္။ ေအာက္ထပ္ေရာက္ေတာ့ အေပၚထပ္က “တကၽြီကၽြီ” နဲ႕ ေျခသံမ်ားကို ထပ္မံၾကားရသည္။ ေသခ်ာၿပီ..။ ကၽြန္ေတာ့္ ေနာက္ကို တစ္စံုတစ္ခု လုိက္ေနျပီ..။

အျပင္ထြက္ဖုိ႕ တံခါးဆီကို ကၽြန္ေတာ္ေျပးသည္။ ကၽြန္ေတာ္ တံခါးဖြင့္ဖို႕ လုပ္ေနတုန္း. အေပၚက ေျခသံေတြက ေအာက္ကို ေရာက္လာၿပီ..။ ကၽြန္ေတာ္ လွည့္ၾကည့္လိုက္ ေတာ့ ဟို ကေလး ႏွစ္ေယာက္….။ အေရးထဲ အေဆာင္တံခါးက ဖြင့္လို႕မရ ၾကပ္ေနသည္။ ေနာက္ဆံုး တံခါး ဖြင့္လို႕ရေတာ့ အျပင္ကိုေျပးထြက္သည္။ အျပင္မွာလည္း ေမွာင္မည္းေနၿပီး ဘာကိုမွ သည္းသည္းကြဲကြဲမျမင္ရ..။ ေနာက္ကိုလွည့္ၾကည့္ေတာ့ ဟိုကေလးႏွစ္ေယာက္ လိုက္လာေသးသည္။

ဒါနဲ႕ ျခံ၀န္းတံခါးဆီကိုကၽြန္ေတာ္ ေျပးသည္။ ကံဆိုးစြာ ျခံ၀န္းတံခါးက ေသာ့ခတ္ထားသည္။ မတတ္ႏိုင္..။ ျခံ၀န္းကို ကၽြန္ေတာ္ ခုန္ေက်ာ္လိုက္သည္။ လမ္းမၾကီးေပၚကို ေရာက္ေတာ့ လမ္းမီးေတြ ထိန္ထိန္သာေနတာေၾကာင့္ အနည္းငယ္အားရွိသြားသည္။ ကေလးႏွစ္ေယာက္ကေတာ့ ဆက္မလိုက္လာေတာ့ပဲ ျခံ၀န္းတစ္ခါးကို ကိုင္ၿပီး ကၽြန္ေတာ့္ကို မ်က္လံုး ေသေတြနဲ႕ ၾကည့္ေနၾကသည္။

ကၽြန္ေတာ္ ထိုေနရာက အျမန္ေျပးထြက္ခဲ့ၿပီး…. ျပင္ဦးလြင္ ဗိုလ္သင္တန္းေက်ာင္းရဲ႕အေရွ႕က ရုပ္ထုၾကီးေတြ ေအာက္မွာ ထိုင္ျပီး မိုးအလင္းကို ေစာင့္ေနခဲ့ရသည္။ ေနာက္ေန႕ မနက္လင္းလင္းခ်င္းပဲ P.C.O ကေန အေမတို႕ဆီကို ဖုန္းဆက္ အထုတ္အပိုးေတြ ျပန္ယူၿပီး အဆိုပါ ဟိုတယ္ကေန အျပီးေျပာင္းခဲ့ေလေတာ့သည္။

ေၾသာ္…ေမ့လို႕… ကၽြန္ေတာ္ တည္းခဲ့ရတဲ့ အခန္း နံပါတ္က….101…ပါ…။ အခန္းအပိုရွိတဲ့ အခန္းဆိုရင္ အဲ့ဒီ ဟိုတယ္က ၀န္ထမ္းေတြ အကုန္သိပါတယ္..။ မယံုရင္ေတာ့ သြားၿပီး တည္းၾကည့္ေစခ်င္ပါတယ္ဗ်ာ..။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ygnnews

# Unicode Version ျဖင့္ ဖတ္ပါ #
ပြင်ဦးလွင်မှာ ဟိုတယ်တစ်ခုရှိတယ်ဗျ..။ နာမည်တော့ ထည့်မရေးတော့ပါဘူး..။ အင်္ဂလိပ်လက်ထက် ကတည်းက ရှိခဲ့တဲ့ဟိုတယ်တစ်ခုပေါ့ဗျာ.. ဒီလောက်ဆို သိမယ်ပါတယ်..။ တစ်ခေါက်က မိသားစုလိုက် ခရီးထွက်ရင်းနဲ့ အဲ့ဒီဟိုတယ်မှာ ဝင်တည်းခဲ့ဖြစ်ကြတယ်..။

ဟိုတယ်ဝန်းထဲ ဝင်ဝင်ချင်းပဲ ကျွန်တော့် ကိုယ်ပေါ်က ထူးဆန်းစွာ ကြက်သီးမွေးညှင်းတွေ ထလာတာကို သိလိုက်ရတယ်..။ ကျွန်တော် သိလိုက်ပြီ..။ ဒီဟိုတယ်မှာ တစ်ခုခုတော့ ရှိနေပြီ…။ ပြီးတော့ ကျွန်တော့် စိတ်ထင်နေလို့လား မသိဘူး…။ ဟိုတယ်က လူသူကင်းမဲ့ပြီး ခြောက်ကပ်နေတယ်လို့ ခံစားမိတယ်..။ ဒါနဲ့ပဲ Reception မှာ Check-In ဝင်တော့ မနေနိုင်ပဲ မေးမိသေးတယ်…။

“ခရီးသွားရာသီ မဟုတ်တော့ လူပါးနေတာပါ…” တဲ့..။
အဖြေက လက်ခံနိုင်စရာရှိတာကြောင့် ကျွန်တော်လည်း ငါကိုက အတွေးလွန်နေတာ ပါလေလို့ ဖြေသိမ့်လိုက်တယ်…။ ဒါနဲ့ပဲ အခန်းတွေ လိုက်ပြပေးဖို့ဆိုပြီး အဆောင် တစ်ခုကို ခေါ်သွားတယ်..။ ကျွန်တော် သိသလောက်တော့ အဲ့ဒီအဆောင်က ဝန်းကြီးကျင် ညာဘက်ထောင့်ဆုံး မှာ ရှိတယ်ဗျ..။ သီးသန့်ကြီး ရှိနေတဲ့ အဆောင်ကြီးပေါ့..။ သွားရင်းနဲ့ ကျွန်တော်လေ့လာကြည့်မိသလောက် ဒီအဆောင်ကြီးကို အင်္ဂလိပ်ခေတ်ထဲက တည်ဆောက်ထားပုံရတယ်..။ သစ်သားတွေကိုပဲ အများဆုံး အသုံးပြုထားပြီး ဒီဘက်ခေတ်မှာ အနည်းငယ်သာ ပြန်မွန်းမံထားတယ်လို့ ယူဆရတယ်..။

အဲ့ဒီအဆောင်ထဲ ဝင်လိုက်ချင်းပဲ ကျွန်တော် ကြက်သီးတွေ ထလာပြန်တယ်..။ အဆောင်စောင့်တဲ့ ကောင်လေး တစ်ယောက် ပြေးလာပြီး ဟိုတယ်ဝန်ထမ်းနဲ့ စကားတွေ ပြောကြတယ်..။ ပြီးတော့ ကျွန်တော်တို့ကို အပေါ် ထပ်ကို ခေါ်သွားတယ်..။ အဆောင်တစ်ခုလည်း တိတ်ဆိတ်ငြိမ်သက်နေပြီး ကြမ်းခင်းပေါ်မှာ ကျွန်တော်တို့ရဲ့ လမ်းလျှောက်တဲ့ခြေသံ “တကျွီကျွီ” က ကျယ်လှောင်စွာ ထွက်နေတယ်..။ ဒီလိုနဲ့ အဖေနဲ့အမေက တစ်ခန်း ကျွန်တော်က တစ်ခန်း ကပ်လျက် အခန်း ၂ ခန်းကို ယူလိုက်ကြတယ်..။

“အစ်ကို ဒီအခန်းမှာ နေမလို့လား..”
“ဟုတ်တယ်လေ… ဘာလို့လဲ..”
“သြော်..ဘာမှမဟုတ်ပါဘူး..ဒီအခန်းထဲမှာ အခန်းတစ်ခန်း အပိုရှိတယ်..အဲ့ဒါကို မဖွင့်ပါနဲ့လို့ ပြောမလို့ပါ..”
“ဟင် …. အခန်းအပို ဟုတ်လား… ဘယ်မှာလဲ…? ”
ဟိုတယ်ဝန်ထမ်းက အိမ်သာအခန်းလောက်ပဲ ကျယ်တဲ့ အခန်းတစ်ခန်းကို လိုက်ပြတယ်..။ ကျွန်တော့်ရဲ့ ကုတင် ခြေရင်းလောက်မှာ ရှိတာပါ…။ သံကြိုးနဲ့ သော့တစ်လုံးနဲ့လည်း အခန်းကို အကျအန ခတ်ထားပါသေးတယ်..။

“မင်းဟာက သော့ခတ်ထားတာပဲ..ဖွင့်ချင်ရင်တော့ ဖွင့်လို့မရပါဘူး..”
“အရင်က သော့မခတ်ထားပါဘူး… ခုမှ ဘာလို့ခတ်လိုက်လဲ မသိဘူး…”
ပြောပြောဆိုဆို ကျွန်တော်တို့ကို နှုတ်ဆက်ပြီး ဟိုတယ်ဝန်ထမ်းက အလောတကြီး ပြန်သွားခဲ့သည်။ အချိန်က နေ့လည် ၂း၀၀ နာရီလောက်ပဲ ရှိသေးပေမယ့် ခရီးကလည်း ပန်းလာတာကြောင့် တစ်ရေးတစ်မော အိပ်စက်ချင်တာကြောင့် အမေတို့ကို ပြောပြီး အိပ်စက်လိုက်သည်။
ရုတ်တရက် နိုးလာတော့ ညနေ (၅း၀၀) နာရီထိုးနေပြီ..။ အဖေနဲ့အမေ အခန်းကို သွားကြည့်တော့ မရှိ.. ။ အပြင်ထွက်သွားပြီ ထင်သည်။ ဖုန်းဆက်ကြည့်လိုက်တော့…
“သားရေ… အမေတို့ ဒီက အသိတစ်ယောက်အိမ်မှာ .. သားအိပ်နေတာနဲ့ မနှိုးတော့တာ..သား လိုက်ချင်လိုက်ခဲ့လေ.. အမေတို့တော့ ဒီည ပြန်လာချင်မှ ပြန်လာဖြစ်မယ်.. ညတစ်အားနက်သွားရင် ဒီမှာပဲ အိပ်လိုက်တော့မယ်… သားတစ်ယောက်တည်း နေရဲလား..အဲ့ဒီမှာ…”
“ဟုတ်…မလိုက်လာတော့ဘူး…သားနေရဲပါတယ်…..”
ဗိုက်ကဆာလာတာကြောင့် အစောင့်ကောင်လေးကို လိုက်ရှာလိုက်သည်။

“ညီလေး..ဒီနားမှာ ဘာစားစရာရှိလဲ..”
“ဟိုးဘက်နားမှာ ထမင်းဆိုင်ရှိတယ်… ကျွန်တော် ပြန်တော့မှာ..ကျွန်တော်နဲ့ လိုက်ခဲ့လေ.. လိုက်ပြပေးမယ်..”
“ဟင်.. မင်းက ပြန်တော့မှာလား.. ဒီမှာစောင့်ရတာ မဟုတ်ဘူးလား..”
“ကျွန်တော်က နေ့ပဲ စောင့်တာ.. ညစောင့်တော့ မထားတာကြာပြီလေ…”
“သြော်…” ကျွန်တော် ဆက်မေးချင်ပေမယ့်လည်း မမေးဖြစ်ခဲ့..။ တော်ကြာ ကြောက်တတ်လှချေလားလို့ အထင်မခံနိုင်…။

ဒီလိုနဲ့ ထမင်းစားပြီး ဟိုတယ်ပြန်ရောက်တော့ ည၈း၀၀ နာရီထိုးပြီ..။ ဘာမှလုပ်စရာမရှိတာနဲ့ Laptop ဖွင့်ပြီး တွေ့ရာ ဗွီဒီယိုတစ်ဖိုင်ကို ဖွင့်လိုက်သည်။ Evil Dead …။ မဖြစ်သေးပါဘူး… ကိုယ်က တစ်ယောက်တည်းပါဆိုမှ သရဲကားနဲ့ လာတိုးနေတယ်..။ နောက်တစ်ဖိုင်ဖွင့်လိုက်သည်။ Walking Dead ..။ ဖွင့်သမျှ သရဲကားတွေချည်းဖြစ်နေတော့သည်။ ကိုယ့် laptop ထဲလည်း သရဲကားတွေပဲ စုထည့်ထားမိသည်ကိုး..။ နောက်ဆုံးတော့ ဘာမှမကြည့်တော့ပဲ laptop ပိတ်ပြီး အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။

အိပ်ခါနီး ဘုရားရှိခိုးပြီး မေတ္တာပို့အမျှဝေတော့ ကြက်သီးတစ်ကြိမ် ထလိုက်သေးသည်..။ ဘာမှ ထွေထွေထူးထူး မစဉ်းစားပဲ အိပ်ယာဝင်လိုက်သည်။ ဒီလိုနဲ့ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသည် မသိ…. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်မှာ
“အဟစ်…အဟစ်…အဟစ်….”
“ဟိ…ဟိ…ဟိ…ဟိ…”
ဟင်…. ကလေးနှစ်ယောက်ရဲ့ ရီသံ..။ တိတိကျကျပြောရရင်.. ကောင်မလေးတစ်ယောက်နဲ့ ကောင်လေး တစ်ယောက်ရဲ့ ရီသံ…။ ကျွန်တော် မျက်လုံးမဖွင့်…။ ဒါပေမယ့် အိပ်ပျော်နေသည် မဟုတ်…။ ကျွန်တော် ကြားနေတာ ကျွန်တော်သိသည်။ ဒီရီသံတွေကို ကျွန်တော်ကုတင်ခြေရင်းကနေ ကြားနေရခြင်းဖြစ်သည်။ တိတိကျကျဆိုရရင် ဟိုအခန်းထဲကနေ ထွက်လာခြင်း..။

“ဟိ..ဟိ..ဟိ…ဟိ… အဟစ်…ဟစ်…ဟစ်…”
ကျွန်တော် စိတ်မထိန်းနိုင်တော့ပဲ အိပ်နေရင်းကနေ မျက်လုံးလေး အသာဖွင့်ပြီး ခြေရင်းက အခန်းကို ကြည့်လိုက် မိသည်။

ဟင်…။ သော့…သံကြိုး…။ တစ်ခုမှ မရှိတော့ပါလား…။ နေ့ခင်းက တွေ့ခဲ့သည့် သော့နဲ့သံကြိုး မရှိတော့..။ တံခါးမှ စေ့သာထားသည့် ပုံစံဖြစ်နေသလို အခန်းထဲမှ အလင်းရောင်အနည်းငယ်က အပြင်သို့ ဖြာထွက်နေသည်။ ကျွန်တော် ကုတင်ပေါ်က အသာထလိုက်သည်။ ပြီးတော့ အသံမထွက်အောင် ခြေဖျားထောက်ပြီး ဟနေတဲ့တံခါးကနေ အခန်းတွင်းကို ချောင်းကြည့်လိုက်သည်။

အခန်းအတွင်းမှာက….
အသက် ၅ နှစ်နဲ့ ၆ နှစ်ကြားမှာ ရှိတဲ့ အင်္ဂလိပ်လူမျိုး ကောင်ေ လးနဲ့ ကောင်မလေး နှစ်ယောက် ဆော့ကစားနေကြသည်။ ကျွန်တော် မယုံ…။ မျက်လုံးကို သေချာပွတ်ပြီး ပြန်ကြည့်ကြည့်သည်။ ကောင်လေးနဲ့ ကောင်မလေးကိုတွေ့ဆဲပင်… ကျွန်တော် အံ့အားသင့်စွာ ကြောင်ပြီး ငေးကြည့်နေမိသည်။ သူတို့ဆော့ကစားနေ ရင်းမှ ကောင်လေးက ကောင်မလေးလက်ကို ဆွဲလိုက်သည်။ ဒါပေမယ့် လူမပါလာပဲ ကောင်မလေး လက်ချည်းသက်သက်သာ ကောင်လေးဆီပါလာသည်။

“အောင်မလေးဗျ….”
ကျွန်တော်လန့်ပြီး အော်လိုက်မိသည်။ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ မျက်လုံးအစုံက ကျွန်တော်ချောင်း ကြည့်နေတဲ့ တံခါးကြားသို့ ရောက်လာသည်။ သူတို့ရဲ့မျက်လုံးတွေက အသက်မပါတဲ့ အရုပ်မျက်လုံးတွေလို တံခါးကြားက ကျွန်တော့်မျက်လုံးနဲ့ ဆုံမိကြသည်။

“အားးးးးး…”
ကျွန်တော် ဘာမှ မစဉ်းစားတော့ပဲ… အခန်းပြင် ကိုထွက်ပြေး သည်။ အောက်ထပ်ကို ပြေးဆင်းသည်။ အောက်ထပ်ရောက်တော့ အပေါ်ထပ်က “တကျွီကျွီ” နဲ့ ခြေသံများကို ထပ်မံကြားရသည်။ သေချာပြီ..။ ကျွန်တော့် နောက်ကို တစ်စုံတစ်ခု လိုက်နေပြီ..။

အပြင်ထွက်ဖို့ တံခါးဆီကို ကျွန်တော်ပြေးသည်။ ကျွန်တော် တံခါးဖွင့်ဖို့ လုပ်နေတုန်း. အပေါ်က ခြေသံတွေက အောက်ကို ရောက်လာပြီ..။ ကျွန်တော် လှည့်ကြည့်လိုက် တော့ ဟို ကလေး နှစ်ယောက်….။ အရေးထဲ အဆောင်တံခါးက ဖွင့်လို့မရ ကြပ်နေသည်။ နောက်ဆုံး တံခါး ဖွင့်လို့ရတော့ အပြင်ကိုပြေးထွက်သည်။ အပြင်မှာလည်း မှောင်မည်းနေပြီး ဘာကိုမှ သည်းသည်းကွဲကွဲမမြင်ရ..။ နောက်ကိုလှည့်ကြည့်တော့ ဟိုကလေးနှစ်ယောက် လိုက်လာသေးသည်။

ဒါနဲ့ ခြံဝန်းတံခါးဆီကိုကျွန်တော် ပြေးသည်။ ကံဆိုးစွာ ခြံဝန်းတံခါးက သော့ခတ်ထားသည်။ မတတ်နိုင်..။ ခြံဝန်းကို ကျွန်တော် ခုန်ကျော်လိုက်သည်။ လမ်းမကြီးပေါ်ကို ရောက်တော့ လမ်းမီးတွေ ထိန်ထိန်သာနေတာကြောင့် အနည်းငယ်အားရှိသွားသည်။ ကလေးနှစ်ယောက်ကတော့ ဆက်မလိုက်လာတော့ပဲ ခြံဝန်းတစ်ခါးကို ကိုင်ပြီး ကျွန်တော့်ကို မျက်လုံး သေတွေနဲ့ ကြည့်နေကြသည်။

ကျွန်တော် ထိုနေရာက အမြန်ပြေးထွက်ခဲ့ပြီး…. ပြင်ဦးလွင် ဗိုလ်သင်တန်းကျောင်းရဲ့အရှေ့က ရုပ်ထုကြီးတွေ အောက်မှာ ထိုင်ပြီး မိုးအလင်းကို စောင့်နေခဲ့ရသည်။ နောက်နေ့ မနက်လင်းလင်းချင်းပဲ P.C.O ကနေ အမေတို့ဆီကို ဖုန်းဆက် အထုတ်အပိုးတွေ ပြန်ယူပြီး အဆိုပါ ဟိုတယ်ကနေ အပြီးပြောင်းခဲ့လေတော့သည်။

သြော်…မေ့လို့… ကျွန်တော် တည်းခဲ့ရတဲ့ အခန်း နံပါတ်က….101…ပါ…။ အခန်းအပိုရှိတဲ့ အခန်းဆိုရင် အဲ့ဒီ ဟိုတယ်က ဝန်ထမ်းတွေ အကုန်သိပါတယ်..။ မယုံရင်တော့ သွားပြီး တည်းကြည့်စေချင်ပါတယ်ဗျာ..။

ဖိုးသူတော် (www.phothutaw.com)
Credit: ygnnews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top