န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×
# Zawgyi Version ဖြင့် ဖတ်ပါ #
Credit: cantwait2say
# Unicode Version ဖြင့် ဖတ်ပါ #
ကမ္ဘာပေါ်မှာ၇ှိတဲ့လူအများစုဟာ ညဘက်စောစောမအိပ်ပဲ နောက်ကျစွာနေတတ်တဲ့ ညဇီးကွက်တွေဖြစ်ကြပါတယ်။ဒါပေမယ့် စောအိပ်သည်ဖြစ်စေ၊မအိပ်သည်ဖြစ်စေ အချိန်ကြာညောင်းစွာ အိပ်ရာထဲမှာဆက်ခွေနေဖို့ဆိုတာ ကိုယ့်ဝမ်းရေးအတွက် ရုန်းကန်ရအုံးမှာမို့ လုံးဝမဖြစ်နိုင်ပါဘူး။ဒါဆိုရင် အိပ်ရာထဲမှာ အချိန်ပြည့်နေ၊ပိုက်ဆံလည်းရနိုင်မယ့် အခွင့်အရေးဆိုရင်ရော??နာဆာက မကြာသေးမီကပဲ ရက်ပေါင်း၆၀အိပ်ရာထက်မှာနေနိုင်မယ့်ဝါသနာရှင်တွေကို အလိုရှိနေပါတယ်။ရည်ရွယ်ချက်ကတော့ ဒီလိုကြာညောင်းစွာ အိပ်ရာထဲမှာပဲနေနေတဲ့သူတွေရဲ့ ကြွက်သားဖွဲ့စည်းမှုအပြင် လှုပ်ရှားမှုမရှိခြင်းကြောင့် ဖြစ်လာနိုင်မယ့်ထိရောက်မှုတွေနဲ့ပတ်သက်ပြီး လေ့လာခွဲခြမ်းစိတ်ဖြာမှုတွေအပြင် အာကာသထဲမှာရှည်ကြာစွာပျံသန်းနေရတဲ့ အာကာသယာဉ်မှူးတွေကြုံနေရတဲ့ အရိုးနဲ့ကြွက်သားပြသနာတွေအတွက် အဖြေရှာလိုသောကြောင့်ဖြစ်ပါတယ်။ဆိုတော့ ဒီအစီအစဉ်မှာ ပါဝင်လိုသူတွေအနေနဲ့ ဘာတွေလိုအပ်မလဲ??
1.စမ်းသပ်နေစဉ်၂လအတွင်း အိပ်ရာမှာပဲနေရမယ်…
ဒီလေ့လာချက်အတွက် ရွေးချယ်ခံရသူတွေအနေနဲ့ ရက်ပေါင်း၆၀တိုင်အောင် လိုအပ်တဲ့စစ်ဆေးချက်တွေ၊စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာစမ်းသပ်ချက်တွေကို ခံယူရမှာဖြစ်ပါတယ်။
2.နာဆာက သူတို့ရဲ့စမ်းသပ်စစ်ဆေးချက်တွေအတွက် အကောင်းဆုံးပါဝင်အားဖြည့်ပေးမယ့်သူတွေကို ပိုအလိုရှိပါတယ်။အကြောင်းက ရွေးချယ်ခံရသူတွေအတွက် ပေးမယ့်ငွေကြေးပမာဏမက်လုံးက မက်မောစရာဆိုပေမယ့် စမ်းသပ်ချက်ကာလအတွင်း သွေးဖိအားတွေလျော့ကျစေ၊သွေးပမာဏထုထည်တွေကို ဖြေးဖြေးချင်းလျော့ကျစေမယ့် အထူးအိပ်ရာမှာ လဲလျောင်းပြီးအစမ်းသပ်ခံရမှာဖြစ်လို့ပါ။
3.ရက်နည်းငယ်ကြာလာတာနဲ့အမျှ နေမကောင်း၊အားနည်းခြင်းတွေဖြစ်လာနိုင်တဲ့အပြင် အချိန်ကြာညောင်းစွာကိုယ်လက်လှုပ်ရှားမှုမရှိသောကြောင့် ကြွက်သားနဲ့ပတ်သက်ပြီးချို့ယွင်းမှုတွေပါ ဖြစ်လာနိုင်ပါတယ်။နောက် အရိုးပိုင်းမှာလည်း စွမ်းဆောင်ရည်တွေလျော့ကျလာနိုင်ပါတယ်။
4.စမ်းသပ်ချက်မှာပါဝင်လာသူတွေအတွက် အထူးပြုလုပ်ထားတဲ့ကုတင်ဟာ အာကာသမှာရှည်ကြာစွာပျံသန်းနေရတဲ့သူတွေအနေနဲ့ ရက်ပေါင်းဘလောက်အကြာမှာ ဘယ်လိုဘယ်ပုံကြုံလာနိုင်မလဲဆိုတာကို ဖော်ပြပေးပါတယ်။၆၀ဒီဂရီလျှောကျနေတဲ့ ဒီအိပ်ရာပေါ်မှာ အိပ်စက်ခြင်းအားဖြင့် အာကာသမှာကြုံနိုင်တဲ့ နှလုံးသွေးလည်ပတ်မှုစနစ်အတိုင်း ဖြစ်ပေါ်စေပါတယ်။ခန္ဓာကိုယ်ခုခံအားလည်းကျနေတဲ့အချိန်ဖြစ်တာကြောင့် ဖျားနာမှုနှုန်းကိုလည်းမြင့်စေပါတယ်။
5.နဂိုသတ်မှတ်ထားတဲ့စည်းမျဉ်းအတိုင်း အိပ်ရာပေါ်မှာတောက်လျှောက်နေပြီး အစမ်းသပ်ခံရမှာဖြစ်ပါတယ်။သတ်မှတ်ထားတဲ့ စမ်းသပ်စဉ်ကာလရက်ပေါင်း၆၀အတွင်း အိမ်သာတက်ချင်ရင်ပဲဖြစ်ဖြစ်၊အစာစားချိန်ပဲဖြစ်ဖြစ် အိပ်ရာမှထွက်ခွာခွင့်မရှိပဲ အရာအားလုံးကို အိပ်ရာပေါ်မှာပဲ လုပ်ဆောင်လို့ရနိုင်အောင် စီစဉ်ပေးထားပါတယ်။အုပ်စုနှစ်ဖွဲ့ခွဲထားပြီး တစ်ဖွဲ့ကတော့ သတ်မှတ်ထားတဲ့ကိရိယာတွေနဲ့လေ့ကျင့်ခန်းလုပ်ခွင့်ရပြီး ကျန်တစ်ဖွဲ့ကတော့ အနားယူခြင်းကလွဲပြီး ကျန်တဲ့ဘာလှုပ်ရှားမှုမျိုးမှ လုပ်ခွင့်မရှိပါဘူး။
6.ဒီစမ်းသပ်ချက်ဟာ ကြာရှည်စွာအနားယူနေခြင်းဖြင့် သင့်ကိုယ်ပေါ်သက်ရောက်မှုအပြင် အာကာသအတွင်း အရိုးနဲ့ကြွက်သားတွေရဲ့ လည်ပတ်အလုပ်လုပ်ပုံကို လေ့လာမြင်တွေ့နိုင်ဖို့အတွက်ဖြစ်ပါတယ်။လေ့လာရင်းကတော့ NASAသုတေသနအတွက် ကူညီပေးတာဖြစ်ပြီး အာကာသတွင်းမှအာကာသယာဉ်မှူးတွေရဲ့ ကျန်းမာရေးကိုထိန်းသိမ်းနိုင်ဖို့ နည်းအသစ်တွေရှာဖွေဖို့ဖြစ်ပါတယ်။
7.2014မှာလည်း နာဆာဟာ ရက်ပေါင်း၇၀တိုင်အောင် အလားတူစမ်းသပ်ထုတ်ဖော်ချက်တွေကိုပြုလုပ်ခဲ့ပြီး ပါဝင်အားဖြည့်သူတွေကို $18,000ပေးခဲ့ပါတယ်။ထိုစမ်းသပ်ချက်မှာ လက်တွေ့ပါဝင်ခဲ့သူတစ်ယောက်နေနဲ့ကလည်း “ကျွန်တော့်ခေါင်းအတွင်းမှာ သွေးဖိအားတွေ အဆမတန်ထိုးတက်နေတာကြောင့် အလွန်အကျူးခေါင်းကိုက်ခြင်းတွေ ခဏခဏကြုံရသလို ကျောရိုးတလျှောက်လည်း နာကျင်မှုတွေခံခဲ့ရပါတယ်။တနေကုန် ပက်လက်အနေအထားနဲ့ အခြားအဂါၤအစိတ်အပိုင်များအားလုံးရဲ့ဖိအားကို ကျောရိုးကပဲတောင့်ခံထားတာကြောင့် ထင်သလောက်လွယ်ကူတဲ့အရာမဟုတ်မှန်း ကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရပါတယ်”လို့ သူ့ရဲ့အတွေ့အကြုံကို မျှဝေခဲ့ပါတယ်။
(ဒီအစီအစဉ်ကို ပြီးခဲ့တဲ့လပိုင်းအနည်းငယ်က စတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး နောက်ပိုင်းရောက်လာအုံးမယ့်အစီအစဉ်တွေမှာ ပါဝင်ချင်ခဲ့ရင် သိထားသင့်တဲ့ သတင်းအချက်အလက်တွေကို စုစည်းဖော်ပြပေးတာဖြစ်ပြီး ဘယ်အရာမဆို သူ့အခက်အခဲနဲ့သူရှိတယ်ဆိုတာကို အသိပေးလိုခြင်းဖြစ်ပါတယ်)
ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top