Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စည္းကမ္းပ်က္ YBS ယာဥ္မ်ားအား ထိေရာက္စြာအေရးယူႏိုင္ရန္ YRTA မွ ယာဥ္စစ္ကား ၁၃ စီးျဖင့္ စစ္ေဆး ေဆာင္ရြက္လ်က္ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အမ်ားပိုင္သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ ကြပ္ကဲမႈအာဏာ ပိုင္အဖြဲ႔ (YRTA)မွ အတြင္းေရးမွဴး ေဒါက္တာ ေမာင္ေအာင္က မဇၥ်ိမသို႔ ေျပာသည္။

“ အခုဆိုရင္ စည္းကမ္းေဖာက္ဖ်က္တဲ့ ယာဥ္ေတြကို ထိေရာက္စြာအေရးယူႏိုင္ဖို႔အတြက္ ဆရာတို႔ YRTA က ယာဥ္စစ္ကား ၁၃ စီးနဲ႔ စစ္ေဆးေနပါတယ္။ ေတြ႔တာနဲ႔ ထိထိေရာက္ေရာက္ အေရးယူသြားမယ္”ဟု ေဒါက္တာ ေမာင္ေအာင္က ေျပာသည္။

ထို႔ျပင္ YRTA မွ ယာဥ္စည္းကမ္းထိန္းသိမ္းအဖြဲ႕ႏွင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႔ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႔မွလည္း ရန္ကုန္ၿမိဳ႕တြင္းရွိ ကားမွတ္တိုင္မ်ားႏွင့္ ယာဥ္ေၾကာၾကပ္သည့္ ေနရာမ်ားတြင္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

အမ်ားပိုင္ကုမၸဏီမ်ားမွ စည္းကမ္းေဖာက္ဖ်က္ေသာ ယာဥ္မ်ားအား အေရးယူမႈအေနျဖင့္လည္း YBS စနစ္ စတင္သည့္ ဇန္နဝါရီလ ၁၆ ရက္ေန႔မွ စက္တင္ဘာလ ၇ ရက္ေန႔ထိ ကုမၸဏီ ၃ ခုမွ ယာဥ္ေမာင္း ၅၆ ဦးကို ရာသက္ပန္ ထုတ္ပယ္လိုက္သည္။

အဆိုပါ ယာဥ္ေမာင္းမ်ားကို ရာသက္ပန္ ထုတ္ပယ္လိုက္ျခင္းမွာ ခိုက္ရန္ျဖစ္ပြားျခင္း၊ အရက္ေသစာေသာက္စား ကာ ယာဥ္ေမာင္းျခင္း၊ လမ္းေျပာင္းျပန္ေမာင္းျခင္း၊ ခရီးသည္ မ်ားအား မေခ်မငံ ဆက္ဆံျခင္း၊ မီးနီျဖတ္ေမာင္းျခင္း၊ YRTA မွ သတ္မွတ္ထားေသာ အခ်က္ႀကီး ၄ ခ်က္အား ေဖာက္ဖ်က္က်ဴးလြန္ျခင္း၊ ကုမၸဏီစည္းကမ္းမ်ား မလိုက္နာျခင္း၊ ယာဥ္စီးခမ်ား ခိုးယူျခင္းႏွင့္ ခရီးသည္မ်ားထံက ယာဥ္စီးခမ်ား ေတာင္းခံျခင္းမ်ား ျပဳလုပ္ခဲ့သျဖင့္ ထုတ္ပယ္လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ စည္းကမ္းေဖာက္ဖ်က္တဲ့ ယာဥ္ေတြကို ဆရာတို႔က တျဖည္းျဖည္းနဲ႔ေတာ့ တစ္စီးခ်င္းလည္း အေရးယူမယ္။ တကယ္လို႔ စည္းကမ္းေဖာက္ဖ်က္တဲ့ ယာဥ္ေတြက မ်ားလာမယ္ဆိုရင္ ယာဥ္လိုင္းပါ ဆရာတို႔ အေရးယူမယ္ ”ဟု ေဒါက္တာေမာင္ေအာင္က ေျပာသည္။

YRTA အဖြဲ႔မွ စည္းကမ္းေဖာက္ဖ်က္သည့္ ယာဥ္လိုင္းကုမၸဏီကို အေရးယူမႈအေနျဖင့္လည္း ႏိုဝင္ဘာ ၈ ရက္ေန႔ညပိုင္းအစည္းအေဝးတြင္ ေခတ္သစ္ၿငိမ္းခ်မ္းေရး ကုမၸဏီအား  ေျပးဆြဲခြင့္ ဖ်က္သိမ္းခဲ့သည္။ ေခတ္သစ္ၿငိမ္းခ်မ္းေရးကုမၸဏီမွာ တိုင္ၾကားစာမ်ားေသာကိစၥ၊ ယာဥ္မ်ားခြင့္ျပဳခ်က္မရွိဘဲ ထပ္မံတိုးဆြဲျခင္းကိစၥ၊ ဝန္ေဆာင္မႈမေပးႏိုင္ျခင္းကိစၥမ်ားႏွင့္ စည္းကမ္းခ်ိဳးေဖာက္မႈပိုင္းဆိုင္ရာကိစၥရပ္မ်ားေၾကာင့္ YBS တာဝန္ယူေန သည္႔ ကုမၸဏီတစ္ခုအျဖစ္မွ YRTA မွ ရပ္စဲလိုက္ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
စည်းကမ်းပျက် YBS ယာဉ်များအား ထိရောက်စွာအရေးယူနိုင်ရန် YRTA မှ ယာဉ်စစ်ကား ၁၃ စီးဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပိုင်သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာ ပိုင်အဖွဲ့ (YRTA)မှ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က မဇ္ဈိမသို့ ပြောသည်။

“ အခုဆိုရင် စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေကို ထိရောက်စွာအရေးယူနိုင်ဖို့အတွက် ဆရာတို့ YRTA က ယာဉ်စစ်ကား ၁၃ စီးနဲ့ စစ်ဆေးနေပါတယ်။ တွေ့တာနဲ့ ထိထိရောက်ရောက် အရေးယူသွားမယ်”ဟု ဒေါက်တာ မောင်အောင်က ပြောသည်။

ထို့ပြင် YRTA မှ ယာဉ်စည်းကမ်းထိန်းသိမ်းအဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှလည်း ရန်ကုန်မြို့တွင်းရှိ ကားမှတ်တိုင်များနှင့် ယာဉ်ကြောကြပ်သည့် နေရာများတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အများပိုင်ကုမ္ပဏီများမှ စည်းကမ်းဖောက်ဖျက်သော ယာဉ်များအား အရေးယူမှုအနေဖြင့်လည်း YBS စနစ် စတင်သည့် ဇန်နဝါရီလ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၇ ရက်နေ့ထိ ကုမ္ပဏီ ၃ ခုမှ ယာဉ်မောင်း ၅၆ ဦးကို ရာသက်ပန် ထုတ်ပယ်လိုက်သည်။

အဆိုပါ ယာဉ်မောင်းများကို ရာသက်ပန် ထုတ်ပယ်လိုက်ခြင်းမှာ ခိုက်ရန်ဖြစ်ပွားခြင်း၊ အရက်သေစာသောက်စား ကာ ယာဉ်မောင်းခြင်း၊ လမ်းပြောင်းပြန်မောင်းခြင်း၊ ခရီးသည် များအား မချေမငံ ဆက်ဆံခြင်း၊ မီးနီဖြတ်မောင်းခြင်း၊ YRTA မှ သတ်မှတ်ထားသော အချက်ကြီး ၄ ချက်အား ဖောက်ဖျက်ကျူးလွန်ခြင်း၊ ကုမ္ပဏီစည်းကမ်းများ မလိုက်နာခြင်း၊ ယာဉ်စီးခများ ခိုးယူခြင်းနှင့် ခရီးသည်များထံက ယာဉ်စီးခများ တောင်းခံခြင်းများ ပြုလုပ်ခဲ့သဖြင့် ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေကို ဆရာတို့က တဖြည်းဖြည်းနဲ့တော့ တစ်စီးချင်းလည်း အရေးယူမယ်။ တကယ်လို့ စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေက များလာမယ်ဆိုရင် ယာဉ်လိုင်းပါ ဆရာတို့ အရေးယူမယ် ”ဟု ဒေါက်တာမောင်အောင်က ပြောသည်။

YRTA အဖွဲ့မှ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်လိုင်းကုမ္ပဏီကို အရေးယူမှုအနေဖြင့်လည်း နိုဝင်ဘာ ၈ ရက်နေ့ညပိုင်းအစည်းအဝေးတွင် ခေတ်သစ်ငြိမ်းချမ်းရေး ကုမ္ပဏီအား  ပြေးဆွဲခွင့် ဖျက်သိမ်းခဲ့သည်။ ခေတ်သစ်ငြိမ်းချမ်းရေးကုမ္ပဏီမှာ တိုင်ကြားစာများသောကိစ္စ၊ ယာဉ်များခွင့်ပြုချက်မရှိဘဲ ထပ်မံတိုးဆွဲခြင်းကိစ္စ၊ ဝန်ဆောင်မှုမပေးနိုင်ခြင်းကိစ္စများနှင့် စည်းကမ်းချိုးဖောက်မှုပိုင်းဆိုင်ရာကိစ္စရပ်များကြောင့် YBS တာဝန်ယူနေ သည့် ကုမ္ပဏီတစ်ခုအဖြစ်မှ YRTA မှ ရပ်စဲလိုက်ခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top