Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

YUPTကုမၸဏီပိုင္ ယာဥ္လိုင္းနံပါတ္(၂၉)ရွိ ပုိက္ဆံပုံးတြင္ ေတြ႕ရွိထားေသာ ပိုက္ဆံအတုမ်ားကို CID သို႔ ပို႔ေဆာင္ကာ ဆက္လက္စစ္ေဆးေနေၾကာင္း   ေတာင္ဥကၠလာပၿမိဳ႕နယ္ ရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ႏို၀င္ဘာလ ၁၄ ရက္က အတည္ျပဳေျပာသည္။

ေအာက္တိုဘာ ၂၁ ရက္ေန႔၌ တစ္ေထာင္တန္ေငြစကၠဴအတု ၃ ရြက္ကို YBS၂၉ ယာဥ္လိုင္းမွ ပိုက္ဆံပုံးထဲတြင္ စတင္ေတြ႕ရွိခဲ႔ၿပီး ၂၂ ရက္ေန႔တြင္ ၃ ရြက္ ထပ္မံေတြ႕ရွိခဲ့ကာ စုစုေပါင္း တစ္ေထာင္တန္အတု ၆ ရြက္ ေတြ႔ရိွခဲ့ျခင္း ျဖစ္သည္။

"အဲဒါကေတာ႔ ကၽြန္ေတာ္တို႕က CID ကုိ ပုိ႔ၿပီး စစ္ေဆးရမွာေပါ့ "ဟု ေတာင္ဥကၠလာပၿမိဳ႕နယ္ ရဲစခန္းမွ ရဲဝန္ထမ္းတစ္ဦးက ေျပာသည္။ ထုိကဲ႔သို႔ကိစၥရပ္မ်ားကို ကတ္စနစ္ေပၚလာလွ်င္ ေျဖရွင္းႏိုင္သြားမည္ဟု ေမွ်ာ္လင့္ေၾကာင္းလည္း ၄င္းက ဆိုသည္။

အဆိုပါတစ္ေထာင္တန္ ပိုက္ဆံအတုမ်ားသည္ ေကာ္ပီဆြဲထားသည္႔ပံုေပၚေနၿပီး နံပါတ္တစ္ခုတည္း တူေနသျဖင့္ ရဲစခန္းသို႔ အပ္ႏွံခဲ႔ျခင္းျဖစ္သည္ဟု YUPTကုမၸဏီ၏ဒုဥကၠ႒ ဦးကိုကုိႏုိင္က ဆိုသည္။

"ဘယ္လိုလုပ္ရမွန္းေတာင္ မသိေတာ႔ပါဘူးကြာ။  စပယ္ယာမထားနဲ႔ဆိုေတာ႔ စပယ္ယာမထားဘူး။  စပယ္ယာ မထားေပးေတာ႔လည္း ေပါက္ကရေလးဆယ္ေတြ လုပ္ထားတယ္ ။ ဘယ္လိုလုပ္ရမွန္းေတာင္ မသိေတာ႔ပါဘူး " ဟု YUPTကုမၸဏီ၏ဒုဥကၠ႒ ဦးကိုကုိႏုိင္က ေျပာသည္။

ပိုက္ဆံတု စတင္ေတြ႕ရွိ၍ အပ္ႏွံခ်ိန္ကတည္းက အမႈမဖြင့္ဘဲ မွာၾကားခ်က္အေနျဖင့္သာ လာေရာက္အပ္ႏွံထား သည္ဟု ေတာင္ဥကၠလာပရဲစခန္းမွ တာဝန္ရွိရဲဝန္ထမ္းတစ္ဦးမွ ေျပာသည္။

"အကယ္၍သူတို႔အမႈဖြင့္မယ္ဆိုရင္ေတာ႔ ကၽြန္ေတာ္တို႔ကအမႈလက္ခံဖြင့္ေပးၿပီးေတာ႔ ရွာေဖြဖမ္းဆီးေပးရမွာ ေပါ့ေနာ္ ။ သင့္ေတာ္တဲ႔ပုဒ္မတစ္ခုခုေတာ႔ ခ်ေပးမွာေပါ့ေနာ္။ သူနဲ႔အက်ဳံးဝင္တဲ႔ဟာတစ္ခုေပါ့"ဟု ေတာင္ဥကၠလာပၿမိဳ႕နယ္ရဲစခန္းမွ တာဝန္ရွိသူမွ ဆိုသည္။

YBS စတင္ျပီးေနာက္ ယာဥ္ေနာက္လိုက္မ်ား လိုက္ပါျခင္း ဖ်က္သိမ္းကာ ပိုက္ဆံပံုးမ်ား တပ္ဆင္ခဲ့ျခင္း ျဖစ္ျပီး ေငြကၠဴမ်ားအစား တရားဝင္ျခင္းမရွိေတာ႔သည္႔ ယခင္ေခတ္ေငြစကၠဳမ်ား၊ ေငြစကၠဴအၿပဲမ်ား၊ စကၠဴစမ်ား၊ အကာအကြယ္ပစၥည္းမ်ားကို ထည္႔သြင္းခဲ့သည္႔ ခရီးသည္မ်ားလည္း ရွိေနသည္။

ထိုပိုက္ဆံအတုမ်ားႏွင့္ပတ္သတ္၍ ျမန္မာႏိုင္ငံေတာ္ဗဟုိဘဏ္ဥပေဒ၏ အခန္း(၁၆)တားျမစ္ခ်က္မ်ား ပုဒ္မ(၁၀၂)တြင္ ျမန္မာႏုိင္ငံေတာ္ဗဟုိဘဏ္မွထုတ္ေဝေသာ ေငြစကၠဴ၊ ဒဂၤါးႏွင့္ လြဲေျပာင္းႏိုင္ေသာ စာခ်ဳပ္စာတမ္းတစ္မ်ိဳးမ်ိဳးကို အတုျပဳလုပ္ျခင္း၊ အတုကိုျပင္ပမွတင္သြင္းျခင္း/တင္ပို႔ျခင္း မျပဳလုပ္ရဟု ေဖာ္ျပထားသည္။

ထို႔အျပင္ အခန္း(၁၇)ျပစ္မႈႏွင့္ျပစ္ဒဏ္မ်ား ပုဒ္မ(၁၀၆) တြင္ ေထာင္ဒဏ္(၁၀)ႏွစ္မွ အႏွစ္(၂၀)အထိ ခ်မွတ္ရမည္ဟု ျပဌာန္းထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
YUPTကုမ္ပဏီပိုင် ယာဉ်လိုင်းနံပါတ်(၂၉)ရှိ ပိုက်ဆံပုံးတွင် တွေ့ရှိထားသော ပိုက်ဆံအတုများကို CID သို့ ပို့ဆောင်ကာ ဆက်လက်စစ်ဆေးနေကြောင်း   တောင်ဥက္ကလာပမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၁၄ ရက်က အတည်ပြုပြောသည်။

အောက်တိုဘာ ၂၁ ရက်နေ့၌ တစ်ထောင်တန်ငွေစက္ကူအတု ၃ ရွက်ကို YBS၂၉ ယာဉ်လိုင်းမှ ပိုက်ဆံပုံးထဲတွင် စတင်တွေ့ရှိခဲ့ပြီး ၂၂ ရက်နေ့တွင် ၃ ရွက် ထပ်မံတွေ့ရှိခဲ့ကာ စုစုပေါင်း တစ်ထောင်တန်အတု ၆ ရွက် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

"အဲဒါကတော့ ကျွန်တော်တို့က CID ကို ပို့ပြီး စစ်ဆေးရမှာပေါ့ "ဟု တောင်ဥက္ကလာပမြို့နယ် ရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။ ထိုကဲ့သို့ကိစ္စရပ်များကို ကတ်စနစ်ပေါ်လာလျှင် ဖြေရှင်းနိုင်သွားမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါတစ်ထောင်တန် ပိုက်ဆံအတုများသည် ကော်ပီဆွဲထားသည့်ပုံပေါ်နေပြီး နံပါတ်တစ်ခုတည်း တူနေသဖြင့် ရဲစခန်းသို့ အပ်နှံခဲ့ခြင်းဖြစ်သည်ဟု YUPTကုမ္ပဏီ၏ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင်က ဆိုသည်။

"ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ပါဘူးကွာ။  စပယ်ယာမထားနဲ့ဆိုတော့ စပယ်ယာမထားဘူး။  စပယ်ယာ မထားပေးတော့လည်း ပေါက်ကရလေးဆယ်တွေ လုပ်ထားတယ် ။ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ပါဘူး " ဟု YUPTကုမ္ပဏီ၏ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောသည်။

ပိုက်ဆံတု စတင်တွေ့ရှိ၍ အပ်နှံချိန်ကတည်းက အမှုမဖွင့်ဘဲ မှာကြားချက်အနေဖြင့်သာ လာရောက်အပ်နှံထား သည်ဟု တောင်ဥက္ကလာပရဲစခန်းမှ တာဝန်ရှိရဲဝန်ထမ်းတစ်ဦးမှ ပြောသည်။

"အကယ်၍သူတို့အမှုဖွင့်မယ်ဆိုရင်တော့ ကျွန်တော်တို့ကအမှုလက်ခံဖွင့်ပေးပြီးတော့ ရှာဖွေဖမ်းဆီးပေးရမှာ ပေါ့နော် ။ သင့်တော်တဲ့ပုဒ်မတစ်ခုခုတော့ ချပေးမှာပေါ့နော်။ သူနဲ့အကျုံးဝင်တဲ့ဟာတစ်ခုပေါ့"ဟု တောင်ဥက္ကလာပမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူမှ ဆိုသည်။

YBS စတင်ပြီးနောက် ယာဉ်နောက်လိုက်များ လိုက်ပါခြင်း ဖျက်သိမ်းကာ ပိုက်ဆံပုံးများ တပ်ဆင်ခဲ့ခြင်း ဖြစ်ပြီး ငွေက္ကူများအစား တရားဝင်ခြင်းမရှိတော့သည့် ယခင်ခေတ်ငွေစက္ကုများ၊ ငွေစက္ကူအပြဲများ၊ စက္ကူစများ၊ အကာအကွယ်ပစ္စည်းများကို ထည့်သွင်းခဲ့သည့် ခရီးသည်များလည်း ရှိနေသည်။

ထိုပိုက်ဆံအတုများနှင့်ပတ်သတ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၏ အခန်း(၁၆)တားမြစ်ချက်များ ပုဒ်မ(၁၀၂)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွဲပြောင်းနိုင်သော စာချုပ်စာတမ်းတစ်မျိုးမျိုးကို အတုပြုလုပ်ခြင်း၊ အတုကိုပြင်ပမှတင်သွင်းခြင်း/တင်ပို့ခြင်း မပြုလုပ်ရဟု ဖော်ပြထားသည်။

ထို့အပြင် အခန်း(၁၇)ပြစ်မှုနှင့်ပြစ်ဒဏ်များ ပုဒ်မ(၁၀၆) တွင် ထောင်ဒဏ်(၁၀)နှစ်မှ အနှစ်(၂၀)အထိ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top