ေရမ်ားမ်ားေသာက္ၿပီး တစ္ေန႔ကိုတစ္ေပါင္ထိေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ အခုေျပာျပမဲ့နည္းလမ္းကို တစ္ပတ္မွာ တစ္ခါေလာက္လုပ္ေပးဖို႔ အႀကံျပဳလိုပါတယ္။

မနက္စာ

ေရကို ခြက္ႀကီးႀကီးနဲ႔ တစ္ခြက္ေသာက္ပါ။ (သို႕) ေရေႏြးၾကမ္း (သို႕) အသီးေဖ်ာ္ရည္ေသာက္ပါ။ အသီးေဖ်ာ္ရည္ အသီးေတြကို သင္ႀကိဳက္သေလာက္စားႏိုင္ပါတယ္။

ေန႔လည္မေရာက္ခင္ထိ

ေရ (သို႕) ေရေႏြးၾကမ္း (သို႔) အသီးေဖ်ာ္ရည္ ခြက္ႀကီးနဲ႔တစ္ခြက္ေသာက္ပါ။ မတူညီတဲ့ အသီးအႏွံေတြကို စားႏိုင္သေလာက္စားေပးပါ။ အသီးေတြထဲမွာ ေရပမာဏ အမ်ားဆံုးပါ၀င္ပါတယ္။

ေန႔လည္စာ

ေန႔လည္စာမစားခင္မွာ ေရကို ခြက္ႀကီးႀကီးနဲ႔ တစ္ခြက္ေသာက္ပါ။ ေန႔လည္စာစားၿပီးရင္ ေရေႏြးၾကမ္းေသာက္ပါ။။ စားမဲ့ေန႔လည္စာထဲမွာ အသီးအရြက္သုတ္ တစ္ပြဲထည့္စားပါ။ ဒါ့အျပင္ မုန္လာဥနီလိုမ်ိဳး တျခား အသီးအရြက္အစိမ္းကိုလည္း စားသံုးႏိုင္ပါတယ္။

မနက္လည္စာ

ေရ (သို႕) ေရေႏြးၾကမ္း (သို႕) သစ္သီးေဖ်ာ္ရည္ တစ္ခြက္ေသာက္ပါ။ ႏြားႏို႕ (သို႕) ဒိန္ခ်ည္ (သို႕) ခ်ိစ္ ၃၀ ဂရမ္ ကို စားသံုးႏိုင္ပါတယ္။

ညစာ

ညစာမစားခင္ ေရကို ခြက္ႀကီးႀကီးနဲ႔ တစ္ခြက္ေသာက္ေပးၿပီး ညစာစားၿပီးရင္ ေရေႏြၾကမ္းတစ္ခြက္ ေသာက္ပါ။ ညစာထဲမွာ အသား ၁၀၀ ဂရမ္ (သို႕) ငါး ၁၅၀ ဂရမ္ (သို႕) ၾကက္ဥ ၁ လံုးကိုစားသံုးႏိုင္ၿပီး အသီးအရြက္နဲ႔ သစ္သီး၀လံေတြကို စားသံုးေပးပါ။

သတိေပးခ်က္

အခုေျပာျပမဲ့နည္းလမ္းကို တစ္ပတ္လံုးလုပ္မယ္ဆိုရ္င ခႏၱာကိုယ္အတြင္း အဟာရဓါတ္မမွ်တာမ်ိဳးျဖစ္လာႏိုင္ပါတယ္။ တစ္ပတ္မွာ တစ္ရက္ေလာက္ပဲ လုပ္ေပးပါ။

အေရးႀကီးဆံုးအခ်က္

တစ္ရက္ကို အနည္းဆံုး ေရ ၈ ခြက္ေသာက္သံုးေပးပါ။ ေရပါ၀င္မႈမ်ားတဲ့ အသီးအႏွံ ၊ ဟင္းသီးဟင္းရြက္ေတြကို စားသံုးေပးပါ။ ဒီနည္းလမ္းကုိမလုပ္ေဆာင္ခင္ (သို႕) တစ္ျခားနည္းလမ္းသစ္တစ္ခုခုကို လုပ္ေဆာင္မယ္ဆိုတိုင္း ဆရာ၀န္နဲ႔ တိုင္ပင္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
ရေများများသောက်ပြီး တစ်နေ့ကိုတစ်ပေါင်ထိလျှော့ချပေးနိုင်ပါတယ်။ အခုပြောပြမဲ့နည်းလမ်းကို တစ်ပတ်မှာ တစ်ခါလောက်လုပ်ပေးဖို့ အကြံပြုလိုပါတယ်။

မနက်စာ

ရေကို ခွက်ကြီးကြီးနဲ့ တစ်ခွက်သောက်ပါ။ (သို့) ရေနွေးကြမ်း (သို့) အသီးဖျော်ရည်သောက်ပါ။ အသီးဖျော်ရည် အသီးတွေကို သင်ကြိုက်သလောက်စားနိုင်ပါတယ်။

နေ့လည်မရောက်ခင်ထိ

ရေ (သို့) ရေနွေးကြမ်း (သို့) အသီးဖျော်ရည် ခွက်ကြီးနဲ့တစ်ခွက်သောက်ပါ။ မတူညီတဲ့ အသီးအနှံတွေကို စားနိုင်သလောက်စားပေးပါ။ အသီးတွေထဲမှာ ရေပမာဏ အများဆုံးပါဝင်ပါတယ်။

နေ့လည်စာ

နေ့လည်စာမစားခင်မှာ ရေကို ခွက်ကြီးကြီးနဲ့ တစ်ခွက်သောက်ပါ။ နေ့လည်စာစားပြီးရင် ရေနွေးကြမ်းသောက်ပါ။။ စားမဲ့နေ့လည်စာထဲမှာ အသီးအရွက်သုတ် တစ်ပွဲထည့်စားပါ။ ဒါ့အပြင် မုန်လာဥနီလိုမျိုး တခြား အသီးအရွက်အစိမ်းကိုလည်း စားသုံးနိုင်ပါတယ်။

မနက်လည်စာ

ရေ (သို့) ရေနွေးကြမ်း (သို့) သစ်သီးဖျော်ရည် တစ်ခွက်သောက်ပါ။ နွားနို့ (သို့) ဒိန်ချည် (သို့) ချိစ် ၃၀ ဂရမ် ကို စားသုံးနိုင်ပါတယ်။

ညစာ

ညစာမစားခင် ရေကို ခွက်ကြီးကြီးနဲ့ တစ်ခွက်သောက်ပေးပြီး ညစာစားပြီးရင် ရေနွေကြမ်းတစ်ခွက် သောက်ပါ။ ညစာထဲမှာ အသား ၁၀၀ ဂရမ် (သို့) ငါး ၁၅၀ ဂရမ် (သို့) ကြက်ဥ ၁ လုံးကိုစားသုံးနိုင်ပြီး အသီးအရွက်နဲ့ သစ်သီးဝလံတွေကို စားသုံးပေးပါ။

သတိပေးချက်

အခုပြောပြမဲ့နည်းလမ်းကို တစ်ပတ်လုံးလုပ်မယ်ဆိုရ်င ခန္တာကိုယ်အတွင်း အဟာရဓါတ်မမျှတာမျိုးဖြစ်လာနိုင်ပါတယ်။ တစ်ပတ်မှာ တစ်ရက်လောက်ပဲ လုပ်ပေးပါ။

အရေးကြီးဆုံးအချက်

တစ်ရက်ကို အနည်းဆုံး ရေ ၈ ခွက်သောက်သုံးပေးပါ။ ရေပါဝင်မှုများတဲ့ အသီးအနှံ ၊ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးပါ။ ဒီနည်းလမ်းကိုမလုပ်ဆောင်ခင် (သို့) တစ်ခြားနည်းလမ်းသစ်တစ်ခုခုကို လုပ်ဆောင်မယ်ဆိုတိုင်း ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top