AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ဒီဝန္ေဆာင္မႈအတြက္ ထပ္ေဆာင္းကုန္က်စရိတ္မရိွဘူးလို ့လည္း သိရပါတယ္။

ပစၥည္းေရာက္ေနတဲ့ ေနရာကို ျမန္မာ့စာတိုက္လုပ္ငန္းရဲ့ Facebook နဲ ့website တို ့ကေန တိုက္ရိုက္သိႏိုင္တဲ့ DEMS (Domestic Express Maill Service) ဝန္ေဆာင္မႈကို ေဆာင္ရြက္ထားတယ္လို  ့သိရပါတယ္။

 "Tracking System ကေတာ့ ရိုးရွင္းပါတယ္။ ျမန္မာ့စာတိုက္လုပ္ငန္းမွာ DEMS လာသံုးတဲ့သူေတြက စာလာပုိ ့ျပီဆိုရင္ သူတို ့ရဲ့ စာေတြကို ကြ်န္ေတာ္တို ့ရဲ့ System မွာ ရိုက္သြင္းတယ္။ ဒါဆို real time အြန္လိုင္းေပၚ ေရာက္သြားမယ္။" လို ့ျမန္မာ့စာတိုက္လုပ္ငန္းမွ နည္းပညာပုိင္းဆိုင္ရာ ကူညီပံ့ပိုးသူ ကိုေဇာ္မင္းေအာင္က ဆိုပါတယ္။

ယခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန ့မွာ စတင္ေဆာင္ရြက္လာတဲ့ ဒီဝန္ေဆာင္မႈအရ ျမန္မာ့စာတိုက္လုပ္ငန္းမွ စာ/ပါဆယ္တို ့ကိုလက္ခံျပီးတာနဲ ့စာအပ္သူရဲ့ ေျပစာမွာ tracking code တစ္ခု ထည့္ေပးသြားမွာပါ။ ဒီကုဒ္ကို ျမန္မာ့စာတိုက္လုပ္ငန္းရဲ့ Facebook စာမ်က္ႏွာနဲ ့website တို ့ကေန ရိုက္ထည့္လိုက္တာနဲ ့ကိုယ့္ပစၥည္းဘယ္ေနရာေရာက္ႏိုင္မလဲဆိုတာကို ေဖာ္ျပေပးသြားမယ္လို ့ဆိုပါတယ္။

ဒီဝန္ေဆာင္မႈအတြက္ ထပ္ေဆာင္းကုန္က်စရိတ္မရိွဘူးလို ့လည္း သိရပါတယ္။ လက္ရိွမွာ ျမန္မာ့စာတိုက္လုပ္ငန္းဟာ Online Shopping လုပ္ငန္း ၁၀၀ ေက်ာ္နဲ ့ပူးေပါင္းျပီး ပစၥည္းပို ့ေဆာင္ေရးမ်ား လုပ္ေဆာင္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဒီဝန်ဆောင်မှုအတွက် ထပ်ဆောင်းကုန်ကျစရိတ်မရှိဘူးလို့လည်း သိရပါတယ်။

ပစ္စည်းရောက်နေတဲ့ နေရာကို မြန်မာ့စာတိုက်လုပ်ငန်းရဲ့ Facebook နဲ့website တို့ကနေ တိုက်ရိုက်သိနိုင်တဲ့ DEMS (Domestic Express Maill Service) ဝန်ဆောင်မှုကို ဆောင်ရွက်ထားတယ်လို့သိရပါတယ်။

 "Tracking System ကတော့ ရိုးရှင်းပါတယ်။ မြန်မာ့စာတိုက်လုပ်ငန်းမှာ DEMS လာသုံးတဲ့သူတွေက စာလာပို့ပြီဆိုရင် သူတို့ရဲ့ စာတွေကို ကျွန်တော်တို့ရဲ့ System မှာ ရိုက်သွင်းတယ်။ ဒါဆို real time အွန်လိုင်းပေါ် ရောက်သွားမယ်။" လို့မြန်မာ့စာတိုက်လုပ်ငန်းမှ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးသူ ကိုဇော်မင်းအောင်က ဆိုပါတယ်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်ဆောင်ရွက်လာတဲ့ ဒီဝန်ဆောင်မှုအရ မြန်မာ့စာတိုက်လုပ်ငန်းမှ စာ/ပါဆယ်တို့ကိုလက်ခံပြီးတာနဲ့စာအပ်သူရဲ့ ပြေစာမှာ tracking code တစ်ခု ထည့်ပေးသွားမှာပါ။ ဒီကုဒ်ကို မြန်မာ့စာတိုက်လုပ်ငန်းရဲ့ Facebook စာမျက်နှာနဲ့website တို့ကနေ ရိုက်ထည့်လိုက်တာနဲ့ကိုယ့်ပစ္စည်းဘယ်နေရာရောက်နိုင်မလဲဆိုတာကို ဖော်ပြပေးသွားမယ်လို့ဆိုပါတယ်။

ဒီဝန်ဆောင်မှုအတွက် ထပ်ဆောင်းကုန်ကျစရိတ်မရှိဘူးလို့လည်း သိရပါတယ်။ လက်ရှိမှာ မြန်မာ့စာတိုက်လုပ်ငန်းဟာ Online Shopping လုပ်ငန်း ၁၀၀ ကျော်နဲ့ပူးပေါင်းပြီး ပစ္စည်းပို့ဆောင်ရေးများ လုပ်ဆောင်နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top