(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ေက်ာက္မဲၿမိဳ႕နယ္ ေက်းရြာတစ္ရြာရွိ အေျခခံ ပညာအလယ္တန္းေက်ာင္းခြဲမွ အသက္ (၄၀) အရြယ္ ေက်ာင္းအုပ္ဆရာမကို အဓမၼျပဳက်င့္ခဲ့သည့္ TNLA တပ္ဖြဲ႕ဝင္ႏွစ္ဦးအား အလုပ္ႏွင့္ ေထာင္ဒဏ္ခုနစ္ႏွစ္စီ ခ်မွတ္ခဲ့ေၾကာင္း တအာင္းလက္နက္ကိုင္အဖြဲ႕ (TNLA) အတြင္းေရးမွဴး တာ့ဘုန္းေက်ာ္က ေျပာသည္။

ေအာက္တုိဘာ ၂၅ ရက္ နံနက္ ၁ နာရီခန္႔က TNLA အဖြဲ႕ ဝင္ႏွစ္ဦးသည္ အဆိုပါ အလယ္တန္း  ေက်ာင္းဝင္းအတြင္းရွိ ေက်ာင္းအုပ္ဆရာမႀကီး၏ ေနအိမ္အတြင္း လက္နက္မ်ား ကိုင္ေဆာင္ဝင္ေရာက္လာၿပီး ဆရာမႀကီးကို ေနအိမ္အျပင္ ေခၚထုတ္ကာ အဓမၼျပဳက်င့္ခဲ့သည္။

အဆုိပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ တအာင္းလက္နက္ကိုင္အဖြဲ႕ (TNLA) တာဝန္ရွိသူမ်ားက ဆရာမႀကီးကို သြားေရာက္ေတြ႕ဆံု၍ ေတာင္းပန္ခဲ့ၿပီး က်ဴးလြန္သူမ်ားအား ႏိုဝင္ဘာ ဒုတိယပတ္တြင္ ခံု႐ံုးဖြဲ႕၍ ျပစ္ဒဏ္အသီးသီး ခ်မွတ္ခဲ့ေၾကာင္း တာ့ဘုန္းေက်ာ္က ေျပာသည္။

‘‘ကာယကံရွင္ကိုလည္း ကြၽန္ေတာ္တို႔ ေျဖရွင္းၿပီးသြားၿပီ။ က်ဴး လြန္သူ ကြၽန္ေတာ္တုိ႔ ရဲေဘာ္ႏွစ္ ေယာက္ကိုလည္း ေထာင္ဒဏ္ခ် ၿပီးၿပီ။ သူတုိ႔ကို တစ္ေယာက္အ လုပ္ဒဏ္နဲ႔ ေထာင္ဒဏ္ခုနစ္ႏွစ္ အကုန္ခ်ထားတယ္။ အဲဒီခံု႐ံုးမွာ လည္း ရပ္မိရပ္ဖေတြ၊ ပညာေရး၊ က်န္းမာေရး  အဖြဲ႕ေတြလည္း တက္ၾကပါတယ္။ ကာယကံရွင္ ဆရာမကိုယ္တုိင္ကေတာ့ မလာ ႏုိင္ဘူးေပါ့။ တိုက္ပြဲေတြလည္း ျဖစ္ေနေတာ့’’ဟု တာ့ဘုန္းေက်ာ္ က ႏိုဝင္ဘာ ၁၅ ရက္တြင္ ေျပာ သည္။

ျပစ္မႈက်ဴးလြန္သူ တပ္ဖြဲ႕ဝင္ ႏွစ္ဦးသည္ အသက္ (၂၀)ေက်ာ္ အရြယ္ျဖစ္ကာ TNLA တပ္ရင္း (၂၅၆)မွ ျဖစ္သည္။ ‘‘ေရွ႕ေလွ်ာက္မျဖစ္ေအာင္ ကြၽန္ေတာ္တုိ႔ ေဆာင္ရြက္သြားဖို႔ရွိပါတယ္’’ ဟု တာ့ဘုန္းေက်ာ္က ဆုိသည္။

ေက်ာင္းအုပ္ ဆရာမႀကီး တြင္ ခင္ပြန္းႏွင့္ သမီးတစ္ဦးရွိၿပီး ေက်ာက္မဲၿမိဳ႕မွ အဆိုပါ ေက်း ရြာသို႔ လာေရာက္တာဝန္ထမ္း ေဆာင္ျခင္းျဖစ္သည္။ တာ၀န္က်ရာေနရာရွိအိမ္တြင္ ဆရာမတစ္ ဦးႏွင့္အတူ ေနထိုင္ခဲ့ၿပီး အတူေန ဆရာမသည္ အေဝးသင္တကၠ သိုလ္စာေမးပြဲ သြားေရာက္ေျဖဆို ေနစဥ္ တစ္ဦးတည္း ရွိေနခိုက္ အဓမၼျပဳက်င့္ခံခဲ့ရသည္။

‘‘ဒီလို အမႈျဖစ္စဥ္ေတြနဲ႔ပတ္ သက္လုိ႔ကေတာ့ နစ္နာမႈကို ၾကည့္ၿပီး တရား႐ံုးက ဆံုးျဖတ္တာကေတာ့ ပိုေကာင္းတာေပါ့။ ဒါေပမဲ့ ဒီဘက္ပိုင္းမွာလည္း သက္ငယ္မုဒိမ္းေတြကိုေတာင္ ၂ ႏွစ္၊ သံုးႏွစ္ေလာက္ပဲ ခ်တာေတြရွိလုိ႔ ေမးခြန္းထုတ္ခံရတာေတြရွိတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တုိ႔အေနနဲ႔က ေတာ့ ခုနစ္ႏွစ္ဆိုတဲ့ဟာကေတာ့ နည္းတယ္၊ မ်ားတယ္ မေျပာလို ေပမယ့္ အၾကမ္းဖ်င္းအားျဖင့္ဆုိ ရင္ေတာ့ သင့္တင့္ေလ်ာက္ပတ္ တယ္လုိ႔ ထင္တယ္။ ဒါေပမဲ့ လက္နက္ကိုင္အဖြဲ႕ေတြ အေနနဲ႔ကေတာ့ ဒီလိုျဖစ္စဥ္ေတြ မျဖစ္ေအာင္ ထိန္းထိန္းသိမ္းသိမ္းေဆာင္ရြက္သင့္ပါတယ္’’ ဟု ျမန္မာႏုိင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္အဖြဲ႕ဝင္ ဦးယုလြင္ေအာင္က ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ မွတ္ခ်က္ျပဳသည္။

         အဆိုပါေက်ာင္းခြဲတြင္ ဆရာမ ၁၂ ဦးႏွင့္ ေက်ာင္းအုပ္ဆရာမႀကီး တစ္ဦးသာရွိၿပီး ဆရာမမ်ား လံုၿခံဳ ေရးအတြက္ ၿမိဳ႕နယ္ပညာေရးမွဴး႐ံုးသို႔ ေခၚေဆာင္ထားျခင္းေၾကာင့္ လက္ရွိအခ်ိန္ထိ ေက်ာင္းေခတၱပိတ္ထားသည္။

TNLA သည္ အစိုးရႏွင့္ အပစ္ အခတ္ရပ္စဲထားျခင္း မရွိသလုိ တစ္ႏုိင္ငံလံုး အပစ္ရပ္စာခ်ဳပ္ (NCA) တြင္လည္း မပါဝင္ဘဲ ရွမ္း ျပည္ေျမာက္ပိုင္းတြင္ အဓိကလႈပ္ရွားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ကျောက်မဲမြို့နယ် ကျေးရွာတစ်ရွာရှိ အခြေခံ ပညာအလယ်တန်းကျောင်းခွဲမှ အသက် (၄၀) အရွယ် ကျောင်းအုပ်ဆရာမကို အဓမ္မပြုကျင့်ခဲ့သည့် TNLA တပ်ဖွဲ့ဝင်နှစ်ဦးအား အလုပ်နှင့် ထောင်ဒဏ်ခုနစ်နှစ်စီ ချမှတ်ခဲ့ကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) အတွင်းရေးမှူး တာ့ဘုန်းကျော်က ပြောသည်။

အောက်တိုဘာ ၂၅ ရက် နံနက် ၁ နာရီခန့်က TNLA အဖွဲ့ ဝင်နှစ်ဦးသည် အဆိုပါ အလယ်တန်း  ကျောင်းဝင်းအတွင်းရှိ ကျောင်းအုပ်ဆရာမကြီး၏ နေအိမ်အတွင်း လက်နက်များ ကိုင်ဆောင်ဝင်ရောက်လာပြီး ဆရာမကြီးကို နေအိမ်အပြင် ခေါ်ထုတ်ကာ အဓမ္မပြုကျင့်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တာဝန်ရှိသူများက ဆရာမကြီးကို သွားရောက်တွေ့ဆုံ၍ တောင်းပန်ခဲ့ပြီး ကျူးလွန်သူများအား နိုဝင်ဘာ ဒုတိယပတ်တွင် ခုံရုံးဖွဲ့၍ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း တာ့ဘုန်းကျော်က ပြောသည်။

‘‘ကာယကံရှင်ကိုလည်း ကျွန်တော်တို့ ဖြေရှင်းပြီးသွားပြီ။ ကျူး လွန်သူ ကျွန်တော်တို့ ရဲဘော်နှစ် ယောက်ကိုလည်း ထောင်ဒဏ်ချ ပြီးပြီ။ သူတို့ကို တစ်ယောက်အ လုပ်ဒဏ်နဲ့ ထောင်ဒဏ်ခုနစ်နှစ် အကုန်ချထားတယ်။ အဲဒီခုံရုံးမှာ လည်း ရပ်မိရပ်ဖတွေ၊ ပညာရေး၊ ကျန်းမာရေး  အဖွဲ့တွေလည်း တက်ကြပါတယ်။ ကာယကံရှင် ဆရာမကိုယ်တိုင်ကတော့ မလာ နိုင်ဘူးပေါ့။ တိုက်ပွဲတွေလည်း ဖြစ်နေတော့’’ဟု တာ့ဘုန်းကျော် က နိုဝင်ဘာ ၁၅ ရက်တွင် ပြော သည်။

ပြစ်မှုကျူးလွန်သူ တပ်ဖွဲ့ဝင် နှစ်ဦးသည် အသက် (၂၀)ကျော် အရွယ်ဖြစ်ကာ TNLA တပ်ရင်း (၂၅၆)မှ ဖြစ်သည်။ ‘‘ရှေ့လျှောက်မဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ရှိပါတယ်’’ ဟု တာ့ဘုန်းကျော်က ဆိုသည်။

ကျောင်းအုပ် ဆရာမကြီး တွင် ခင်ပွန်းနှင့် သမီးတစ်ဦးရှိပြီး ကျောက်မဲမြို့မှ အဆိုပါ ကျေး ရွာသို့ လာရောက်တာဝန်ထမ်း ဆောင်ခြင်းဖြစ်သည်။ တာဝန်ကျရာနေရာရှိအိမ်တွင် ဆရာမတစ် ဦးနှင့်အတူ နေထိုင်ခဲ့ပြီး အတူနေ ဆရာမသည် အဝေးသင်တက္က သိုလ်စာမေးပွဲ သွားရောက်ဖြေဆို နေစဉ် တစ်ဦးတည်း ရှိနေခိုက် အဓမ္မပြုကျင့်ခံခဲ့ရသည်။

‘‘ဒီလို အမှုဖြစ်စဉ်တွေနဲ့ပတ် သက်လို့ကတော့ နစ်နာမှုကို ကြည့်ပြီး တရားရုံးက ဆုံးဖြတ်တာကတော့ ပိုကောင်းတာပေါ့။ ဒါပေမဲ့ ဒီဘက်ပိုင်းမှာလည်း သက်ငယ်မုဒိမ်းတွေကိုတောင် ၂ နှစ်၊ သုံးနှစ်လောက်ပဲ ချတာတွေရှိလို့ မေးခွန်းထုတ်ခံရတာတွေရှိတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့က တော့ ခုနစ်နှစ်ဆိုတဲ့ဟာကတော့ နည်းတယ်၊ များတယ် မပြောလို ပေမယ့် အကြမ်းဖျင်းအားဖြင့်ဆို ရင်တော့ သင့်တင့်လျောက်ပတ် တယ်လို့ ထင်တယ်။ ဒါပေမဲ့ လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ကတော့ ဒီလိုဖြစ်စဉ်တွေ မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်သင့်ပါတယ်’’ ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။

         အဆိုပါကျောင်းခွဲတွင် ဆရာမ ၁၂ ဦးနှင့် ကျောင်းအုပ်ဆရာမကြီး တစ်ဦးသာရှိပြီး ဆရာမများ လုံခြုံ ရေးအတွက် မြို့နယ်ပညာရေးမှူးရုံးသို့ ခေါ်ဆောင်ထားခြင်းကြောင့် လက်ရှိအချိန်ထိ ကျောင်းခေတ္တပိတ်ထားသည်။

TNLA သည် အစိုးရနှင့် အပစ် အခတ်ရပ်စဲထားခြင်း မရှိသလို တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) တွင်လည်း မပါဝင်ဘဲ ရှမ်း ပြည်မြောက်ပိုင်းတွင် အဓိကလှုပ်ရှားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top