Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
Disable ပြုလုပ်ပါ။
Credit: lwinpyin
#Unicode Version#
Android ဖုန်း တွေအကုန်လုံးက Google ကထုတ်လုပ်တဲ့ Nexus နဲ့ Pixel ဖုန်းတွေလိုမျိုး ဖုန်းထုတ်လုပ်သူတွေရဲ့ ကိုယ်ပိုင် System Application တွေမပါဝင်ပဲ Android OS စစ်စစ်ကို သုံးနေရတာမဟုတ်ပါဘူး။ ဖုန်းအမျိုးအစားအလိုက် System Application ပါဝင်လာတတ်ပြီး အချို့ တရုတ် ဖုန်း တွေမှာဆိုရင် Uninstall လုပ်လို့မရတဲ့ System App တွေအများအပြားပါလာတတ်ပါတယ်။
အဲ့ဒါဆိုရင်အဲ့လိုမျိုး Application တွေကို ဘယ်လိုဖယ်ရှားမလဲ?
Disable ပြုလုပ်ပါ။
Android OS ကိုအသုံးပြုထားတဲ့ ဖုန်း တွေဟာ System Application ကို Uninstall လုပ်ခွင့်မပေးတတ်ပေမယ့် မသုံးချင်ရင် Disable လုပ်ထားလို့ရပါတယ်။
ဘယ်လိုပြုလုပ်ရမလဲဆိုရင် အရင်ဆုံး ဖုန်း ရဲ့ Setting – Application Manager ကနေ ကိုယ့်အတွက် အသုံးမလိုတဲ့ System App တွေကို လိုက်ထောက်ကြည့်ပါ။ Uninstall ပြုလုပ်လို့ရတယ်ဆိုရင် Uninstall ဆိုတဲ့ စာတန်းကို တွေ့ရမှာဖြစ်ပြီးတော့ Uninstall လုပ်လိုက်လို့ရပါတယ်။ ဒါပေမယ့် Uninstall လုပ်ခွင့်မပေးထားရင်တော့ အဲ့ဒီနေရာမှာ Disable ဆိုတဲ့ စာတန်း ကို တွေ့ရမှာဖြစ်ပါတယ်။ အဆိုပါ Disable ကို နှိပ်လိုက်တာက အဲ့ဒီ System App ကို Home Screen ကနေ ဖယ်ရှား ပေးမှာဖြစ်ပြီး နောက်ပြန်ပြီး Enable မပြုလုပ်မချင်း အသုံးပြုလို့ရမှာမဟုတ်တော့ပါဘူး။
Root Access နဲ့ Freeze ပြုလုပ်ပါ။
တကယ်လို့ ကိုယ့် ဖုန်း က Root လုပ်ထားတယ်ဆိုရင် ပိုပြီးတောင်လွယ်ပါသေးတယ်။ Ice Box, App Freeze နဲ့ Titanium Backup လိုမျိုး Application တစ်ခုခုကို Download ပြုလုပ်ပြီးတော့ ကိုယ်မသုံးချင်တဲ့ Application ကို Freeze ပြုလုပ်လိုက်ရုံပါပဲ။ အဲ့ဒီအချိန်ကြရင် အဆိုပါ Application Service က ရပ်ဆိုင်း သွားမှာဖြစ်ပါတယ်။ အဆိုပါ Application တွေမှာ Uninstall လုပ်လို့ရတယ်လို့ ပါတတ်ပေမယ့် Freeze ပြုလုပ်တာကပဲ စိတ်ချရမှာပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top