Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေပ်ာ္လြန္းလို႕ မ်က္ရည္ ေတာင္ က်မိပါတယ္တဲ့။လြန္ခဲ့တဲ့ နာရီပိုင္းေလာက္က သူမ ရဲ႕ ေ့ဖစ္ဘြတ္ မွာ သူမ ရဲ႕ ခံစားခ်က္ ေလးကို ေရးသား ခဲ့တာ ျဖစ္ပါတယ္။ႏိုဝင္ဘာ(၂)ရက္ေန႕က က်ေရာက္ခဲ့တဲ့ သူမရဲ႕ ေမြးေန႕ေလးမွာ ခ်စ္သူ ရဲ႕ surprise ေၾကာင့္ အေပ်ာ္ႀကီး ေပ်ာ္ခဲ့ရတယ္လို႕ သိရပါတယ္။

သူမအတြက္ အဲ့ေန႕က ျဖစ္စဥ္ေလးဟာ ႏွစ္(၃၀)အတြင္း ပထမဆံုး ရင္ခုန္ ၾကည္ႏူးမႈ ေလးျဖစ္တယ္ဆိုၿပီးေတာ့လည္း ေျပာထားပါေသးတယ္။

“1 Nov 11:45pm ကေနစပီး ဖံုး ေတြပိတ္ခိုင္းတယ္၊ 369bar မွာ 2ေယာက္ထဲ 2ရက္ေန႔ေရာက္မဲ့ ခ်ိန္ေလးကို ေမွ်ာ္ရင္း(RO ၾကတယ္ေပါ့)၊ အိမ္ကေ တာင္ သူ႔ဆီ ဖံုးဆက္ wish လုပ္တယ္၊ 12:05am မွာ ဖံုး ျပန္ေပးဖြင့္တယ္၊ 12:45am မွာ အိမ္ျပန္ပို႔တယ္၊ လမ္းမွာ ဖံုး1call လာတယ္ မႏၱေလးက သူငယ္ခ်င္းတစ္ေယာက္ ေရာက္ေနတယ္ဆိုလို႔ ခဏသြားေတြ႕မယ္ ၿပီးရင္ သီခ်င္း ေလးေတြ သြားဆိုၾကမယ္ေပါ့၊

ဒါမဲ့ ျဖစ္စဥ္က အဲ့ေလာက္မ႐ိုးရွင္းဘူး၊ အႏွစ္၃၀အတြင္း ပထမဆံုး ရင္ခုန္ ျကည္ႏူးမႈ ေလးပါ။ ကၽြန္မ မသိေအာင္ ႀကိဳတင္ဖန္တီးထားတဲ့ ကၽြန္မ ျကိဳက္ေသာ အေရာင္မ်ားနဲ႔ ေလမွာလြင့္ေနတဲ့ မိုးပ်ံဗူေဖာင္းေလးေတြရယ္ Happy birthday စာတန္းေလးေတြရယ္ ေမြးေန႔ရွင္ ကၽြန္မ ရဲ႕ Jenny ဆိုတဲ့ စာလံုးေလးရယ္ Happy birthday My Love ဆိုတဲ့ စလံုးေလးေတြပါတဲ့ ကိတ္ေလးတလံုးရယ္

အျဖဴေရာင္ ပန္းစည္းေလးတခုရယ္ က်မရဲ႕ Happy birthday song ေလးကိုဖြင့္လို႔ ထင္မထားတဲ့ သူငယ္ခ်င္းတခ်ိဳ႕နဲ႔ ခ်စ္စရာေကာင္းေနတဲ့ ေမြးေန႔ခန္းမေလးတခုကို အံ့ၾသစြာ ကၽြန္မ ေရာက္သြားခဲ့တယ္၊ ကၽြန္မ စိတ္ထဲ ဘာေျပာရမွန္းမသိ ဘာျဖစ္သြားမွန္းလဲမသိ ( ဘယ္တုန္းကမွ မခံစားဖူးဘူး၊ သူမ်ားေတြအတြက္ ေပ်ာ္ရႊင္ေအာင္ ကၽြန္မ အၿမဲလိုလို လုပ္ေပးခဲ့ဖူးတဲ့ အရာေတြပါ ခုေတာ့ ကၽြန္မ ကိုယ္တိုင္ ၾကံဳလိုက္ေတာ့ မ်က္ရည္ ေလးေတာင္က်မိတယ္) က်ိတ္ပီးေက်နပ္သြားမိတယ္ ရွက္ျပံဳးေလးနဲ႔ သူ႔ကို ၾကည့္ပီး < ဒီလိုလဲ ကဗ်ာဆန္ တတ္တယ္လား> စိတ္ထဲက ၾကည္ႏူးရင္း” ဆိုတဲ့ စာအရွည္ႀကီးကို ေရးထားတာ ျဖစ္ပါတယ္။

ပရိသတ္ ေတြကေတာ့ သူမေပ်ာ္ေနတယ္ဆိုရင္ပဲ အားလံုး လိုက္ေပ်ာ္ေပးၾကတာကိုလည္း ေတြ႕ရပါတယ္။ ဂ်င္းနီ ကေတာ့ အသက္(၃၀)ျပည့္သြားၿပီျဖစ္ပါတယ္။
ငယ္ငယ္ေလးကတည္းက အႏုပညာ မွာ ထူးခၽြန္တဲ့ ဟန္ေႏြၿငိမ္း(ခ) ဂ်င္းနီက ဆုတံဆိပ္မ်ားစြာကို ပိုင္ဆိုင္ႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။

ဂ်င္းနီ ဟာ ဂီတ ေလာက ထဲမွာ ပရိသတ္အားေပးမႈ အခိုင္အမာရရွိထားသူ တစ္ဦးျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ပျော်လွန်းလို့ မျက်ရည် တောင် ကျမိပါတယ်တဲ့။လွန်ခဲ့တဲ့ နာရီပိုင်းလောက်က သူမ ရဲ့ ေ့ဖစ်ဘွတ် မှာ သူမ ရဲ့ ခံစားချက် လေးကို ရေးသား ခဲ့တာ ဖြစ်ပါတယ်။နိုဝင်ဘာ(၂)ရက်နေ့က ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့လေးမှာ ချစ်သူ ရဲ့ surprise ကြောင့် အပျော်ကြီး ပျော်ခဲ့ရတယ်လို့ သိရပါတယ်။

သူမအတွက် အဲ့နေ့က ဖြစ်စဉ်လေးဟာ နှစ်(၃၀)အတွင်း ပထမဆုံး ရင်ခုန် ကြည်နူးမှု လေးဖြစ်တယ်ဆိုပြီးတော့လည်း ပြောထားပါသေးတယ်။

“1 Nov 11:45pm ကနေစပီး ဖုံး တွေပိတ်ခိုင်းတယ်၊ 369bar မှာ 2ယောက်ထဲ 2ရက်နေ့ရောက်မဲ့ ချိန်လေးကို မျှော်ရင်း(RO ကြတယ်ပေါ့)၊ အိမ်ကေ တာင် သူ့ဆီ ဖုံးဆက် wish လုပ်တယ်၊ 12:05am မှာ ဖုံး ပြန်ပေးဖွင့်တယ်၊ 12:45am မှာ အိမ်ပြန်ပို့တယ်၊ လမ်းမှာ ဖုံး1call လာတယ် မန္တလေးက သူငယ်ချင်းတစ်ယောက် ရောက်နေတယ်ဆိုလို့ ခဏသွားတွေ့မယ် ပြီးရင် သီချင်း လေးတွေ သွားဆိုကြမယ်ပေါ့၊

ဒါမဲ့ ဖြစ်စဉ်က အဲ့လောက်မရိုးရှင်းဘူး၊ အနှစ်၃၀အတွင်း ပထမဆုံး ရင်ခုန် ကြည်နူးမှု လေးပါ။ ကျွန်မ မသိအောင် ကြိုတင်ဖန်တီးထားတဲ့ ကျွန်မ ကြိုက်သော အရောင်များနဲ့ လေမှာလွင့်နေတဲ့ မိုးပျံဗူဖောင်းလေးတွေရယ် Happy birthday စာတန်းလေးတွေရယ် မွေးနေ့ရှင် ကျွန်မ ရဲ့ Jenny ဆိုတဲ့ စာလုံးလေးရယ် Happy birthday My Love ဆိုတဲ့ စလုံးလေးတွေပါတဲ့ ကိတ်လေးတလုံးရယ်

အဖြူရောင် ပန်းစည်းလေးတခုရယ် ကျမရဲ့ Happy birthday song လေးကိုဖွင့်လို့ ထင်မထားတဲ့ သူငယ်ချင်းတချို့နဲ့ ချစ်စရာကောင်းနေတဲ့ မွေးနေ့ခန်းမလေးတခုကို အံ့သြစွာ ကျွန်မ ရောက်သွားခဲ့တယ်၊ ကျွန်မ စိတ်ထဲ ဘာပြောရမှန်းမသိ ဘာဖြစ်သွားမှန်းလဲမသိ ( ဘယ်တုန်းကမှ မခံစားဖူးဘူး၊ သူများတွေအတွက် ပျော်ရွှင်အောင် ကျွန်မ အမြဲလိုလို လုပ်ပေးခဲ့ဖူးတဲ့ အရာတွေပါ ခုတော့ ကျွန်မ ကိုယ်တိုင် ကြုံလိုက်တော့ မျက်ရည် လေးတောင်ကျမိတယ်) ကျိတ်ပီးကျေနပ်သွားမိတယ် ရှက်ပြုံးလေးနဲ့ သူ့ကို ကြည့်ပီး < ဒီလိုလဲ ကဗျာဆန် တတ်တယ်လား> စိတ်ထဲက ကြည်နူးရင်း” ဆိုတဲ့ စာအရှည်ကြီးကို ရေးထားတာ ဖြစ်ပါတယ်။

ပရိသတ် တွေကတော့ သူမပျော်နေတယ်ဆိုရင်ပဲ အားလုံး လိုက်ပျော်ပေးကြတာကိုလည်း တွေ့ရပါတယ်။ ဂျင်းနီ ကတော့ အသက်(၃၀)ပြည့်သွားပြီဖြစ်ပါတယ်။
ငယ်ငယ်လေးကတည်းက အနုပညာ မှာ ထူးချွန်တဲ့ ဟန်နွေငြိမ်း(ခ) ဂျင်းနီက ဆုတံဆိပ်များစွာကို ပိုင်ဆိုင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဂျင်းနီ ဟာ ဂီတ လောက ထဲမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top