Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သစ္သီးေပါင္းစံုနဲ႔ ေရာစပ္ျပဳလုပ္ထားတဲ႔ smoothie ေလးေတြဟာ ရာသီမေရြး ေသာက္သံုးႏိုင္ၿပီး အရသာလည္း အထူးေကာင္းမြန္ပါတယ္။

သစ္သီးေပါင္းစံုနဲ႔ ေရာစပ္ျပဳလုပ္ထားတဲ႔ smoothie ေလးေတြဟာ ရာသီမေရြး ေသာက္သံုးႏိုင္ၿပီး အရသာလည္း အထူးေကာင္းမြန္ပါတယ္။ အထူးသျဖင္႔ ေစ်းဝယ္ထြက္ရင္း smoothie ေသာက္ရတာကိုက ေကာင္းမြန္တဲ႔ အရသာတစ္ခုပဲေလ။ သမရိုးက် smoothie ေတြက ခြဲထြက္ၿပီး ဖန္တီးထားတဲ႔ smoothie အဆန္းေလးေတြ ကိုယ္တိုင္ဖန္တီးျပဳလုပ္လိုသူမ်ားအတြက္ ေဆာင္းရာသီ smoothie ျပဳလုပ္နည္းေလးေတြကို ေဝမွ်ေပးလိုက္ ပါတယ္ေနာ္။

၁။ ကန္စြန္းဥ smoothie

ကန္စြန္းဥျပဳတ္ အရြယ္ေတာ္တစ္လံုး၊ အုန္းႏို႔ (၁/၄) ခြက္ခန္႔၊ ေရတစ္ခြက္ခန္႔၊ ဂ်င္းတက္ (အမႈန္႔ႀကိတ္ၿပီးသား) လက္ဖက္ရည္ဇြန္းနဲ႔ (၃) ဇြန္းခန္႔၊ သစ္ၾကံပိုးေခါက္မႈန္႔ လက္ဖက္ရည္ဇြန္းနဲ႔ (၁/၄) ဇြန္းခန္႔၊ ဗနီလာ လက္ဖက္ရည္ဇြန္းနဲ႔ (၁/၄) ဇြန္းခန္႔၊ သံပုရာရည္ လက္ဖက္ရည္ဇြန္းနဲ႔ (၁/၄) ဇြန္းခန္႔ တို႔ပဲျဖစ္ပါတယ္။

ပါဝင္ပစၥည္းအားလံုးကို သစ္သီးေဖ်ာ္စက္ထဲထည္႔ပါ။ ၿပီးရင္ ပါဝင္ပစၥည္းအားလံုး သမေအာင္ (၂) မိနစ္ခန္႔ ေရာေမႊေပးလိုက္ပါ။ ၿပီးရင္ေတာ႔ ေရခဲေသတၱာထဲမွာ ခဏေလာက္ အေအးခံထားၿပီး ေသာက္သံုးႏိုင္ပါၿပီ။ ဒါဆိုရင္ က်န္းမာေရးနဲ႔လည္း ညီညႊတ္တဲ႔ ကန္စြန္းဥ smoothie ေလးကုိ ရရွိၿပီေပါ႔။

၂။ စူပါအစိမ္းေရာင္ smoothie

ပါဝင္ပစၥည္းမ်ားအျဖစ္ အုန္းႏို႔ (၁/၂) ခြက္ခန္႔၊ ေထာပတ္သီးတစ္ျခမ္းခန္႔၊ ေရတစ္ခြက္ခန္႔၊ သံပုရာရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းခြဲခန္႔၊ ဟင္းႏုႏြယ္ရြက္ ႀကိတ္ရည္တစ္ခြက္စာခန္႔ တို႔ကိုလိုအပ္ပါတယ္။ ၿပီးရင္ ဟင္းႏုႏြယ္ရြက္ ႀကိတ္ရည္ကလြဲလို႔ ပါဝင္ပစၥည္းအားလံုးကို သစ္သီးေဖ်ာ္စက္ထဲ ထည္႔ႀကိတ္လိုက္ပါ။ ၿပီးမွ ဟင္းႏုႏြယ္ရြက္ ႀကိတ္ရည္ကိုပါ ေရာထည္႔ၿပီး သံုးမိနစ္ခန္႔ သမေအာင္ ေရာေမႊေပးလိုက္ပါ။ ဒါဆိုရင္ေတာ႔ စူပါအစိမ္းေရာင္ smoothie ေလးကို ရရွိပါၿပီ။

၃။ ေခ်ာကလက္ ေထာပတ္သီး အစိမ္းေရာင္ smoothie

ပါဝင္ပစၥည္းေတြကေတာ႔ ေထာပတ္သီးမွည္႔တစ္လံုး၊ မုန္လာဥနီ ငါးလံုး၊ ဟင္းႏုႏြယ္ရြက္တစ္ခြက္၊ ကိုကိုးမႈန္႔ (၃) ဇြန္း၊ အယ္လ္မြန္ေထာပတ္ တစ္ဇြန္း၊ ဗနီလာအရည္ လက္ဖက္ရည္ဇြန္း ဇြန္းဝက္ခန္႔၊ ငရုပ္သီးမႈန္႔အနည္းငယ္၊ ႏြားႏို႔တစ္ခြက္၊ ေရခဲ (၂)-(၃) တံုးခန္႔၊ ပ်ားရည္အနည္းငယ္တို႔ပဲ ျဖစ္ပါတယ္။ ပထမဦးဆံုး ေရခဲကလြဲၿပီး က်န္တဲ႔ပါဝင္ပစၥည္းအားလံုးကို သစ္သီးေဖ်ာ္စက္ထဲ ထည္႔ေမႊလိုက္ပါ။

အခ်ိန္ကေတာ႔ စကၠန္႔သံုးဆယ္ေလာက္ပဲ ၾကာမွာပါ။ ၿပီးရင္ သစ္သီးေဖ်ာ္စက္အဖံုးကိုဖြင္႔ၿပီး လံုေလာက္စြာပ်စ္ၿပီလား ၾကည္႔လိုက္ပါ။ ပ်စ္ၿပီလို႔ထင္ရင္ ေရခဲတံုးေလးေတြပစ္ထည္႔ၿပီး တစ္ခ်က္၊ ႏွစ္ခ်က္ေလာက္ ေမႊေပးလိုက္ပါ။ ၿပီးရင္ေတာ႔ မိမိလုိအပ္ခ်က္ေပၚ မူတည္ၿပီး ေရခဲ (သို႔) အရည္နည္းနည္း ထပ္ေရာေပးလိုက္ပါ။ ဒါဆိုရင္ ေခ်ာကလက္ ေထာပတ္သီး အစိမ္းေရာင္ smoothie ေလးကို သံုးေဆာင္ႏိုင္ပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
သစ်သီးပေါင်းစုံနဲ့ ရောစပ်ပြုလုပ်ထားတဲ့ smoothie လေးတွေဟာ ရာသီမရွေး သောက်သုံးနိုင်ပြီး အရသာလည်း အထူးကောင်းမွန်ပါတယ်။

သစ်သီးပေါင်းစုံနဲ့ ရောစပ်ပြုလုပ်ထားတဲ့ smoothie လေးတွေဟာ ရာသီမရွေး သောက်သုံးနိုင်ပြီး အရသာလည်း အထူးကောင်းမွန်ပါတယ်။ အထူးသဖြင့် ဈေးဝယ်ထွက်ရင်း smoothie သောက်ရတာကိုက ကောင်းမွန်တဲ့ အရသာတစ်ခုပဲလေ။ သမရိုးကျ smoothie တွေက ခွဲထွက်ပြီး ဖန်တီးထားတဲ့ smoothie အဆန်းလေးတွေ ကိုယ်တိုင်ဖန်တီးပြုလုပ်လိုသူများအတွက် ဆောင်းရာသီ smoothie ပြုလုပ်နည်းလေးတွေကို ဝေမျှပေးလိုက် ပါတယ်နော်။

၁။ ကန်စွန်းဥ smoothie

ကန်စွန်းဥပြုတ် အရွယ်တော်တစ်လုံး၊ အုန်းနို့ (၁/၄) ခွက်ခန့်၊ ရေတစ်ခွက်ခန့်၊ ဂျင်းတက် (အမှုန့်ကြိတ်ပြီးသား) လက်ဖက်ရည်ဇွန်းနဲ့ (၃) ဇွန်းခန့်၊ သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်းနဲ့ (၁/၄) ဇွန်းခန့်၊ ဗနီလာ လက်ဖက်ရည်ဇွန်းနဲ့ (၁/၄) ဇွန်းခန့်၊ သံပုရာရည် လက်ဖက်ရည်ဇွန်းနဲ့ (၁/၄) ဇွန်းခန့် တို့ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းအားလုံးကို သစ်သီးဖျော်စက်ထဲထည့်ပါ။ ပြီးရင် ပါဝင်ပစ္စည်းအားလုံး သမအောင် (၂) မိနစ်ခန့် ရောမွှေပေးလိုက်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ ခဏလောက် အအေးခံထားပြီး သောက်သုံးနိုင်ပါပြီ။ ဒါဆိုရင် ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ ကန်စွန်းဥ smoothie လေးကို ရရှိပြီပေါ့။

၂။ စူပါအစိမ်းရောင် smoothie

ပါဝင်ပစ္စည်းများအဖြစ် အုန်းနို့ (၁/၂) ခွက်ခန့်၊ ထောပတ်သီးတစ်ခြမ်းခန့်၊ ရေတစ်ခွက်ခန့်၊ သံပုရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲခန့်၊ ဟင်းနုနွယ်ရွက် ကြိတ်ရည်တစ်ခွက်စာခန့် တို့ကိုလိုအပ်ပါတယ်။ ပြီးရင် ဟင်းနုနွယ်ရွက် ကြိတ်ရည်ကလွဲလို့ ပါဝင်ပစ္စည်းအားလုံးကို သစ်သီးဖျော်စက်ထဲ ထည့်ကြိတ်လိုက်ပါ။ ပြီးမှ ဟင်းနုနွယ်ရွက် ကြိတ်ရည်ကိုပါ ရောထည့်ပြီး သုံးမိနစ်ခန့် သမအောင် ရောမွှေပေးလိုက်ပါ။ ဒါဆိုရင်တော့ စူပါအစိမ်းရောင် smoothie လေးကို ရရှိပါပြီ။

၃။ ချောကလက် ထောပတ်သီး အစိမ်းရောင် smoothie

ပါဝင်ပစ္စည်းတွေကတော့ ထောပတ်သီးမှည့်တစ်လုံး၊ မုန်လာဥနီ ငါးလုံး၊ ဟင်းနုနွယ်ရွက်တစ်ခွက်၊ ကိုကိုးမှုန့် (၃) ဇွန်း၊ အယ်လ်မွန်ထောပတ် တစ်ဇွန်း၊ ဗနီလာအရည် လက်ဖက်ရည်ဇွန်း ဇွန်းဝက်ခန့်၊ ငရုပ်သီးမှုန့်အနည်းငယ်၊ နွားနို့တစ်ခွက်၊ ရေခဲ (၂)-(၃) တုံးခန့်၊ ပျားရည်အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး ရေခဲကလွဲပြီး ကျန်တဲ့ပါဝင်ပစ္စည်းအားလုံးကို သစ်သီးဖျော်စက်ထဲ ထည့်မွှေလိုက်ပါ။

အချိန်ကတော့ စက္ကန့်သုံးဆယ်လောက်ပဲ ကြာမှာပါ။ ပြီးရင် သစ်သီးဖျော်စက်အဖုံးကိုဖွင့်ပြီး လုံလောက်စွာပျစ်ပြီလား ကြည့်လိုက်ပါ။ ပျစ်ပြီလို့ထင်ရင် ရေခဲတုံးလေးတွေပစ်ထည့်ပြီး တစ်ချက်၊ နှစ်ချက်လောက် မွှေပေးလိုက်ပါ။ ပြီးရင်တော့ မိမိလိုအပ်ချက်ပေါ် မူတည်ပြီး ရေခဲ (သို့) အရည်နည်းနည်း ထပ်ရောပေးလိုက်ပါ။ ဒါဆိုရင် ချောကလက် ထောပတ်သီး အစိမ်းရောင် smoothie လေးကို သုံးဆောင်နိုင်ပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top