ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 မႏၲေလးတိုင္းေဒသ ႀကီးရွိ အေသးစားႏွင့္ အလတ္စား လုပ္ငန္း (SME)မ်ားကို အတိုး ႏႈန္းသက္သာစြာျဖင့္ ေငြထုတ္ေခ်း ေပးရန္ အိႏၵိယဘဏ္လုပ္ငန္းရွင္ မ်ားအဖြဲ႕က တိုင္းအစိုးရထံ လာ ေရာက္ကမ္းလွမ္း ေဆြးေႏြးခဲ့ ေၾကာင္း မႏၲေလးတိုင္းအစိုးရ အဖြဲ႕ ရွမ္းတိုင္းရင္းသားေရးရာ ဝန္ႀကီး ဦးစိုင္းေက်ာ္ေဇာက ေျပာ ၾကားသည္။

အိႏၵိယႏိုင္ငံမွ ဘဏ္လုပ္ ငန္းရွင္အဖြဲ႕ႏွင့္ စီးပြားေရးလုပ္ ငန္းရွင္အဖြဲ႕တို႔သည္ ေအာက္တို ဘာ ၃၀ ရက္က တိုင္းေဒသႀကီး အစိုးရအဖြဲ႕ထံ လာေရာက္ေတြ႕ ဆံုခဲ့သည္။ မႏၲေလးတိုင္း အတြင္း ရွိ SME လုပ္ငန္းရွင္တစ္ဦးလွ်င္ အတိုးႏႈန္း ၁ ဒသမ ၅ ရာခိုင္ႏႈန္း ခန္႔ျဖင့္ လုပ္ငန္းအေပၚမူတည္၍ ကန္ေဒၚလာ တစ္သန္းခန္႔အထိ ေခ်းေငြထုတ္ေပးရန္ ကမ္းလွမ္း ခဲ့ေၾကာင္း ဆိုသည္။

‘‘ေအာက္တိုဘာလပိုင္းက အိႏၵိယ ဘဏ္လုပ္ငန္းအဖြဲ႕နဲ႔ စီးပြားေရးလုပ္ငန္းအဖြဲ႕တို႔ ကြၽန္ ေတာ့္ဆီကို လာၿပီးေတြ႕ဆံုခဲ့ပါ တယ္။ ဘဏ္လုပ္ငန္းရွင္ေတြက ဒီက SME လုပ္ငန္းရွင္ေတြကို ကူညီပံ့ပိုးေပးတဲ့အေနနဲ႔ အတိုး ႏႈန္းသက္သာစြာနဲ႔ ေခ်းေငြထုတ္ ေပးတာမ်ဳိး လုပ္ေပးသြားမယ္လို႔ ကမ္းလွမ္းလာပါတယ္’’ဟု ၎ က ေျပာသည္။ သို႔ေသာ္ အေသး စိတ္ အခ်က္အလက္မ်ား ဆက္ လက္ ေဆြးေႏြးရဦးမည္ဟု ၎ ကဆိုသည္။

မႏၲေလးတိုင္း ေဒသႀကီး အတြင္း လက္ရွိအခ်ိန္အထိ မွတ္ ပံုတင္ထားသည့္ SME လုပ္ငန္း ၇,၈၀၂ ခုရွိၿပီး လုပ္ငန္း ဖြံ႕ၿဖိဳး တိုးတက္ေရး ေခ်းေငြအပါအဝင္ အကူအညီ အေထာက္အပံ့မ်ား လိုအပ္ေၾကာင္း တိုင္းေဒသႀကီး စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆး ေရးဦးစီးဌာန တာဝန္ရွိသူတစ္ဦး က ေျပာသည္။

‘‘ဒါဟာ လုပ္ငန္းရွင္ေတြကို တိုးတက္ေစဖိုိ႔ ဆႏၵပဲ။ စီးပြားေရး လုပ္ငန္းေတြ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ အတြက္က ေငြအရင္းအႏွီးက အဓိကက်တယ္။ မႏၲေလးမွာက မိသားစုစီးပြားေရးစနစ္ပဲ ေဆာင္ ရြက္ေနရာက တိုးတက္ဖြံ႕ၿဖိဳးမႈ တစ္ခုလုပ္မယ္ဆိုရင္ ေငြအရင္း ေကာင္းေကာင္းနဲ႔ လုပ္ႏိုင္လား၊ ပူးေပါင္းေဆာင္ရြက္မႈ ေကာင္း ေကာင္းနဲ႔ လုပ္ႏိုင္မလား ဒါက စဥ္းစားရမယ္’’ဟု ဦးစိုင္းေက်ာ္ ေဇာက ေျပာသည္။

မႏၲေလးတိုင္းေဒသႀကီးရွိ SME လုပ္ငန္းမ်ားသည္ အကူ အညီအေထာက္အပံ့ ေကာင္း စြာမရရွိျခင္းႏွင့္ ျပည္ပမွ တရား မဝင္ ဝင္ေရာက္ေနသည့္ ကုန္ ပစၥည္းမ်ားကို ေစ်းကြက္ယွဥ္ၿပိဳင္ ႏိုင္မႈမရွိျခင္းေၾကာင့္ ဖြံ႕ၿဖိဳးမႈနည္း ပါးၿပီး လုပ္ငန္းအခ်ဳိ႕ တျဖည္း ျဖည္း ရပ္ဆိုင္းေနေၾကာင္းမႏၲေလး စက္မႈဇုန္လုပ္ငန္းရွင္မ်ားက ေျပာ ၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 မန္တလေးတိုင်းဒေသ ကြီးရှိ အသေးစားနှင့် အလတ်စား လုပ်ငန်း (SME)များကို အတိုး နှုန်းသက်သာစွာဖြင့် ငွေထုတ်ချေး ပေးရန် အိန္ဒိယဘဏ်လုပ်ငန်းရှင် များအဖွဲ့က တိုင်းအစိုးရထံ လာ ရောက်ကမ်းလှမ်း ဆွေးနွေးခဲ့ ကြောင်း မန္တလေးတိုင်းအစိုးရ အဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းကျော်ဇောက ပြော ကြားသည်။

အိန္ဒိယနိုင်ငံမှ ဘဏ်လုပ် ငန်းရှင်အဖွဲ့နှင့် စီးပွားရေးလုပ် ငန်းရှင်အဖွဲ့တို့သည် အောက်တို ဘာ ၃၀ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လာရောက်တွေ့ ဆုံခဲ့သည်။ မန္တလေးတိုင်း အတွင်း ရှိ SME လုပ်ငန်းရှင်တစ်ဦးလျှင် အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်း ခန့်ဖြင့် လုပ်ငန်းအပေါ်မူတည်၍ ကန်ဒေါ်လာ တစ်သန်းခန့်အထိ ချေးငွေထုတ်ပေးရန် ကမ်းလှမ်း ခဲ့ကြောင်း ဆိုသည်။

‘‘အောက်တိုဘာလပိုင်းက အိန္ဒိယ ဘဏ်လုပ်ငန်းအဖွဲ့နဲ့ စီးပွားရေးလုပ်ငန်းအဖွဲ့တို့ ကျွန် တော့်ဆီကို လာပြီးတွေ့ဆုံခဲ့ပါ တယ်။ ဘဏ်လုပ်ငန်းရှင်တွေက ဒီက SME လုပ်ငန်းရှင်တွေကို ကူညီပံ့ပိုးပေးတဲ့အနေနဲ့ အတိုး နှုန်းသက်သာစွာနဲ့ ချေးငွေထုတ် ပေးတာမျိုး လုပ်ပေးသွားမယ်လို့ ကမ်းလှမ်းလာပါတယ်’’ဟု ၎င်း က ပြောသည်။ သို့သော် အသေး စိတ် အချက်အလက်များ ဆက် လက် ဆွေးနွေးရဦးမည်ဟု ၎င်း ကဆိုသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်း လက်ရှိအချိန်အထိ မှတ် ပုံတင်ထားသည့် SME လုပ်ငန်း ၇,၈၀၂ ခုရှိပြီး လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ချေးငွေအပါအဝင် အကူအညီ အထောက်အပံ့များ လိုအပ်ကြောင်း တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြောသည်။

‘‘ဒါဟာ လုပ်ငန်းရှင်တွေကို တိုးတက်စေဖို့ ဆန္ဒပဲ။ စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်က ငွေအရင်းအနှီးက အဓိကကျတယ်။ မန္တလေးမှာက မိသားစုစီးပွားရေးစနစ်ပဲ ဆောင် ရွက်နေရာက တိုးတက်ဖွံ့ဖြိုးမှု တစ်ခုလုပ်မယ်ဆိုရင် ငွေအရင်း ကောင်းကောင်းနဲ့ လုပ်နိုင်လား၊ ပူးပေါင်းဆောင်ရွက်မှု ကောင်း ကောင်းနဲ့ လုပ်နိုင်မလား ဒါက စဉ်းစားရမယ်’’ဟု ဦးစိုင်းကျော် ဇောက ပြောသည်။

မန္တလေးတိုင်းဒေသကြီးရှိ SME လုပ်ငန်းများသည် အကူ အညီအထောက်အပံ့ ကောင်း စွာမရရှိခြင်းနှင့် ပြည်ပမှ တရား မဝင် ဝင်ရောက်နေသည့် ကုန် ပစ္စည်းများကို ဈေးကွက်ယှဉ်ပြိုင် နိုင်မှုမရှိခြင်းကြောင့် ဖွံ့ဖြိုးမှုနည်း ပါးပြီး လုပ်ငန်းအချို့ တဖြည်း ဖြည်း ရပ်ဆိုင်းနေကြောင်းမန္တလေး စက်မှုဇုန်လုပ်ငန်းရှင်များက ပြော ကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top