Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေယာက္်ားေလး ေတြေရာ မိန္းကေလး ေတြကပါ အသားအေရ ကို ဂ႐ုစိုက္ၾကတယ္။ ေတာင္ကိုရီးယား ေတြ ကမၻာေက်ာ္တာ K Pop တစ္မ်ိဳးတည္းေၾကာင့္ေတာ့ မဟုတ္ပါဘူး။ ကိုရီးယား သူေတြရဲ႕ ျဖဴစင္သြယ္လ်တဲ့ အလွ ဟာလည္း ျမင္သူေငးရတဲ့အထိပါပဲ။ အထူးသျဖင့္ေတာ့ ကိုရီးယား ေတြဟာ အသားအေရ လွၾကတယ္ေလ။ အဲ့လိုမ်ိဳးလွေနေအာင္လည္း ေယာက္်ားေလး ေတြေရာ မိန္းကေလး ေတြကပါ အသားအေရ ကို ဂ႐ုစိုက္ၾကတယ္။ ကိုရီးယား ေတြရဲ႕ အေျခခံ skincare ေတာင္ အဆင့္ ၁၀ ဆင့္ ႐ွိပါတယ္။
၁။ ဆီအေျခခံထုတ္ထားတဲ့ မ်က္ႏွာသန္႔စင္ေဆး

ဆီ ဆိုလို႔ မေၾကာက္လိုက္ပါနဲ႔။ ဆီ ပါဝင္တဲ့ မ်က္ႏွာသစ္ေဆး ဟာ အသားအေ ရအားလံုးအတြက္ ေကာင္းက်ိဳးေပးပါတယ္။ အသားအေရ လွပေစတဲ့ သံလြင္ဆီ၊ လက္ဖက္ဆီတုိ႔လို႔ အဆီ ေတြကို အေျခခံထုတ္လုပ္ထားတဲ့ မ်က္ႏွာသစ္ေဆးေတြဟာ ဝက္ျခံ ေတြကို သက္သာေစၿပီး မိတ္ကပ္ေတြကို ပိုၿပီးသန္႔စင္ဖယ္႐ွားေပးႏုိင္တယ္။ ေခၽြးေပါက္ထဲက ဖုန္နဲ႔အညစ္အေၾကးေတြကိုလည္း ဖယ္႐ွားႏိုင္တယ္။

၂။ ေရ/အျမႇဳပ္အေျခခံထုတ္ထားတဲ့ မ်က္ႏွာသန္႔စင္ေဆး
မ်က္ႏွာသစ္ေဆးကိုေတာင္မွ သူတုိ႔က ႏွစ္ႀကိမ္သစ္တာ။ ဆီမပါတဲ့ မ်က္ႏွာသစ္ေဆး နဲ႔ ထပ္သစ္ေတာ့ ၾကြင္းက်န္ေနတဲ့ မိတ္ကပ္နဲ႔ အညစ္အေၾကးေတြ ေျပာင္သြားေရာေလ။

၃။ Exfoliator
ဒါကေတာ့ အၿမဲတမ္းလုပ္စရာမလိုဘူး။ တစ္ပတ္ကို ႏွစ္ႀကိမ္/သံုးႀကိမ္ပဲ လုပ္ရတာပါ။ အေရျပား ေပၚက ဆဲလ္ေသေတြကို ဖယ္႐ွားဖို႔အတြက္နဲ႔ အသားအေရ အတြက္လိမ္းတဲ့အရာေတြကို ပိုၿပီးစုပ္ယူႏုိင္ေအာင္ scrub လုပ္တာ ျဖစ္ပါတယ္။
၄။ Toner
တုန္နာ (toner) ဟာ အေရျပားရဲ႕ pH ပမာဏကို ထိန္းေပးပါတယ္။ Skincare ပစၥည္းေတြ သံုးသမွ် အာနိသင္ထိေရာက္ေအာင္လည္း ျပင္ဆင္ေပးရာေရာက္ပါတယ္။
၅။ Essence

ႏို႔ရည္ သေဘာမ်ိဳးေပမဲ့ essence က ႏို႔ရည္နဲ႔ေတာ့ မတူပါဘူး။ သူက အသားအေရ အတြက္ ပိုၿပီး တိတိက်က် အက်ိဳးေပးပါတယ္။ ဥပမာ whitening essence ဆုိရင္ အသားအေရ ကို ၾကည္လင္ေတာက္ပေစၿပီး pore control ဆုိရင္ ေခၽြးေပါက္ေတြကို ပံုမွန္အေနအထားမွာ႐ွိေစကာ အသားအေရ ကို ျပဳျပင္ေပးႏုိင္ပါတယ္။ ေရလိုပံုစံမ်ိဳးဆုိေတာ့ တုန္နာနဲ႔ မွားတတ္ၾကတယ္။
၆။ Serum
သူက essence ထက္ ပိုၿပီးပ်စ္တယ္။ Serum အမ်ားစုကေတာ့ ေရကိုအေျခခံထုတ္ထားၾကတာပါပဲ။ သူလည္းပဲ အသားအေရျပႆနာေတြကို တိတိက်က် ေျဖရွင္းေပးတယ္။ မ်က္ႏွာေပၚလိမ္းလိုက္ရင္ ေျခာက္တာျမန္တယ္။
၇။ Sheet mask
ေပါင္းတင္ ကပ္ခြာ ေတြကေတာ့ ကိုရီးယား ကားေတြထဲမွာ ေတြ႕ေနၾကပဲေနာ္။ ဂ်ယ္လ္ပံုစံလည္း႐ွိတယ္။ အဝတ္စပံုစံနဲ႔လည္းလာတယ္။ Serum ထဲမွာ ေပါင္းတင္ ကပ္ခြာ ကို ႏွစ္ထားတာပါ။ ေကာ္လာဂ်င္ကို ျမႇင့္တင္ေပးၿပီး အသားအေရကို ၾကည္လင္ေတာက္ပေစတယ္။ ေပါင္းတင္ ကပ္ခြာ ေတြဟာ မိနစ္ ၂၀ နဲ႔ မိနစ္ ၃၀ ၾကားသာ ကပ္ရပါတယ္။ ညလံုးေပါက္ မကပ္ရပါဘူး။

၈။ Eye cream
အ႐ြယ္တင္ႏုပ်ိဳဖုိ႔၊ အစိုဓာတ္ျဖည့္ဖုိ႔နဲ႔ မ်က္ဝန္းတစ္ဝိုက္က ညိဳမည္းေနတာေတြ သက္သာဖုိ႔ eye cream ကို သံုးရပါတယ္။ မ်က္ႏွာမွာ မ်က္လံုးတဝိုက္ေနရာေတြက အႏူးညံ့ဆံုးဆုိေတာ့ သီးသန္႔ ခရင္မ္ထုတ္လုပ္ကာ လိမ္းၾကရတာပါ။
၉။ Moisturizer

မ်က္ႏွာ ကို ေရဓာတ္ျဖည့္ေပးဖုိ႔အတြက္ moisturizer ကို သံုးၾကတယ္။ ေရဓာတ္ျပည့္ေနမွ အသားအေရ က စိုေျပေနမွာေလ။

၁၀။ Sunscreen
ေနပူခံလိမ္းေဆး (sunscreen) ဟာ အရြယ္မတိုင္မီ အိုမင္းရင့္ေရာ္ျခင္းမျဖစ္ေအာင္ ကာကြယ္တားဆီးေပးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ယောက်ျားလေး တွေရော မိန်းကလေး တွေကပါ အသားအရေ ကို ဂရုစိုက်ကြတယ်။ တောင်ကိုရီးယား တွေ ကမ္ဘာကျော်တာ K Pop တစ်မျိုးတည်းကြောင့်တော့ မဟုတ်ပါဘူး။ ကိုရီးယား သူတွေရဲ့ ဖြူစင်သွယ်လျတဲ့ အလှ ဟာလည်း မြင်သူငေးရတဲ့အထိပါပဲ။ အထူးသဖြင့်တော့ ကိုရီးယား တွေဟာ အသားအရေ လှကြတယ်လေ။ အဲ့လိုမျိုးလှနေအောင်လည်း ယောက်ျားလေး တွေရော မိန်းကလေး တွေကပါ အသားအရေ ကို ဂရုစိုက်ကြတယ်။ ကိုရီးယား တွေရဲ့ အခြေခံ skincare တောင် အဆင့် ၁၀ ဆင့် ရှိပါတယ်။
၁။ ဆီအခြေခံထုတ်ထားတဲ့ မျက်နှာသန့်စင်ဆေး

ဆီ ဆိုလို့ မကြောက်လိုက်ပါနဲ့။ ဆီ ပါဝင်တဲ့ မျက်နှာသစ်ဆေး ဟာ အသားအေ ရအားလုံးအတွက် ကောင်းကျိုးပေးပါတယ်။ အသားအရေ လှပစေတဲ့ သံလွင်ဆီ၊ လက်ဖက်ဆီတို့လို့ အဆီ တွေကို အခြေခံထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးတွေဟာ ဝက်ခြံ တွေကို သက်သာစေပြီး မိတ်ကပ်တွေကို ပိုပြီးသန့်စင်ဖယ်ရှားပေးနိုင်တယ်။ ချွေးပေါက်ထဲက ဖုန်နဲ့အညစ်အကြေးတွေကိုလည်း ဖယ်ရှားနိုင်တယ်။

၂။ ရေ/အမြှုပ်အခြေခံထုတ်ထားတဲ့ မျက်နှာသန့်စင်ဆေး
မျက်နှာသစ်ဆေးကိုတောင်မှ သူတို့က နှစ်ကြိမ်သစ်တာ။ ဆီမပါတဲ့ မျက်နှာသစ်ဆေး နဲ့ ထပ်သစ်တော့ ကြွင်းကျန်နေတဲ့ မိတ်ကပ်နဲ့ အညစ်အကြေးတွေ ပြောင်သွားရောလေ။

၃။ Exfoliator
ဒါကတော့ အမြဲတမ်းလုပ်စရာမလိုဘူး။ တစ်ပတ်ကို နှစ်ကြိမ်/သုံးကြိမ်ပဲ လုပ်ရတာပါ။ အရေပြား ပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက်နဲ့ အသားအရေ အတွက်လိမ်းတဲ့အရာတွေကို ပိုပြီးစုပ်ယူနိုင်အောင် scrub လုပ်တာ ဖြစ်ပါတယ်။
၄။ Toner
တုန်နာ (toner) ဟာ အရေပြားရဲ့ pH ပမာဏကို ထိန်းပေးပါတယ်။ Skincare ပစ္စည်းတွေ သုံးသမျှ အာနိသင်ထိရောက်အောင်လည်း ပြင်ဆင်ပေးရာရောက်ပါတယ်။
၅။ Essence

နို့ရည် သဘောမျိုးပေမဲ့ essence က နို့ရည်နဲ့တော့ မတူပါဘူး။ သူက အသားအရေ အတွက် ပိုပြီး တိတိကျကျ အကျိုးပေးပါတယ်။ ဥပမာ whitening essence ဆိုရင် အသားအရေ ကို ကြည်လင်တောက်ပစေပြီး pore control ဆိုရင် ချွေးပေါက်တွေကို ပုံမှန်အနေအထားမှာရှိစေကာ အသားအရေ ကို ပြုပြင်ပေးနိုင်ပါတယ်။ ရေလိုပုံစံမျိုးဆိုတော့ တုန်နာနဲ့ မှားတတ်ကြတယ်။
၆။ Serum
သူက essence ထက် ပိုပြီးပျစ်တယ်။ Serum အများစုကတော့ ရေကိုအခြေခံထုတ်ထားကြတာပါပဲ။ သူလည်းပဲ အသားအရေပြဿနာတွေကို တိတိကျကျ ဖြေရှင်းပေးတယ်။ မျက်နှာပေါ်လိမ်းလိုက်ရင် ခြောက်တာမြန်တယ်။
၇။ Sheet mask
ပေါင်းတင် ကပ်ခွာ တွေကတော့ ကိုရီးယား ကားတွေထဲမှာ တွေ့နေကြပဲနော်။ ဂျယ်လ်ပုံစံလည်းရှိတယ်။ အဝတ်စပုံစံနဲ့လည်းလာတယ်။ Serum ထဲမှာ ပေါင်းတင် ကပ်ခွာ ကို နှစ်ထားတာပါ။ ကော်လာဂျင်ကို မြှင့်တင်ပေးပြီး အသားအရေကို ကြည်လင်တောက်ပစေတယ်။ ပေါင်းတင် ကပ်ခွာ တွေဟာ မိနစ် ၂၀ နဲ့ မိနစ် ၃၀ ကြားသာ ကပ်ရပါတယ်။ ညလုံးပေါက် မကပ်ရပါဘူး။

၈။ Eye cream
အရွယ်တင်နုပျိုဖို့၊ အစိုဓာတ်ဖြည့်ဖို့နဲ့ မျက်ဝန်းတစ်ဝိုက်က ညိုမည်းနေတာတွေ သက်သာဖို့ eye cream ကို သုံးရပါတယ်။ မျက်နှာမှာ မျက်လုံးတဝိုက်နေရာတွေက အနူးညံ့ဆုံးဆိုတော့ သီးသန့် ခရင်မ်ထုတ်လုပ်ကာ လိမ်းကြရတာပါ။
၉။ Moisturizer

မျက်နှာ ကို ရေဓာတ်ဖြည့်ပေးဖို့အတွက် moisturizer ကို သုံးကြတယ်။ ရေဓာတ်ပြည့်နေမှ အသားအရေ က စိုပြေနေမှာလေ။

၁၀။ Sunscreen
နေပူခံလိမ်းဆေး (sunscreen) ဟာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမဖြစ်အောင် ကာကွယ်တားဆီးပေးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top