Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အိမ္ေထာင္မျပဳခ်င္လို႔ အပ်ိဳ/လူပ်ိဳဘဝမွာ လြတ္လြတ္လပ္လပ္ ေပ်ာ္ေနတဲ့ single တစ္ေယာက္မွာ အခြင့္အေရးေတြ အမ်ားႀကီးမွ အမ်ားႀကီး ႐ွိပါတယ္။ အမွီအခိုကင္းတယ္၊ သြားခ်င္တဲ့ေနရာသြား၊ လုပ္ခ်င္တာလုပ္လုိ႔ရတယ္။ ဘယ္သူ႔ကိုမွလည္း ငဲ့ညႇာစရာမလိုသလို ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္ေနလို႔ ယံုၾကည္ခ်က္လည္း ပိုခိုင္မာတယ္ေလ။ အဲ့လိုမ်ိဳး သာယာခ်င္လို႔ အိမ္ေထာင္မျပဳဘဲ ေနေနတဲ့ single ေတြကို "အိမ္ေထာင္မျပဳေသးဘူးလား"ဆုိၿပီး ခဏခဏ လာေမးမေနပါနဲ႔။ ၾကားရတာလည္း ၿငီးေငြ႕လွပါၿပီ။ အဲ့လိုစကားေတြအျပင္ ေနာက္ထပ္ မၾကားခ်င္တာေတြလည္း ႐ွိေသးတယ္။

၁။ ေျခၿငိမ္ေတာ့.... အိမ္ေထာင္ျပဳ ကေလးယူေတာ့

ဘဝလက္တြဲေဖာ္ ႐ွာေတြ႔ၿပီး လက္ထပ္၊ ကေလးေတြေမြးတယ္ဆုိတာ အရမ္းကို အံ့ၾသေပ်ာ္႐ႊင္စရာကိစၥပါ၊ ကိုယ္သာ တကယ္အလို႐ွိတယ္ဆုိရင္ေပါ့ေလ။ ဒါေပမဲ့ အဲ့ဒီကိစၥက လူတုိင္းအဆင္ေျပခ်င္မွ ေျပမွာ။ အိမ္ေထာင္မျပဳခ်င္လို႔ single ဘဝနဲ႔ သာသာယာယာ ေနေနပါတယ္ဆုိမွ အတင္းကာေရာ အိမ္ေထာင္ျပဳခိုင္းေနတယ္။ ကိုယ့္အတြက္ တကယ္အဆင္ေျပတဲ့လူ ေပၚလာရင္ အိမ္ေထာင္ျပဳမွာပါ။ မပူပါနဲ႔ အဲ့က်ရင္ မယူပါနဲ႔ေျပာလည္း ယူျဖစ္ေအာင္ယူမွာ။

၂။ နင္နဲ႔ကိုက္ညီမယ့္လူကို ေတြ႕ထားတယ္

နင့္အသက္အရြယ္၊ အလုပ္အကိုင္နဲ႔ အပ္စပ္မယ့္လူကို ငါေတြ႕ထားတယ္။ မိတ္ဆက္ေပးရမလားတုိ႔ ဘာတုိ႔ လာမေျပာပါနဲ႔။ အိမ္ေထာင္ျပဳတယ္ဆုိတာ ႏွလံုးသားခ်င္းရင္းႏွီးမွရတာ။ တစ္သက္လံုးေပါင္းရမယ့္လူကို ကိုယ့္ဘာသာေရြးပါ့မယ္။

၃။ အသက္ႀကီးလာၿပီေနာ္

ဘယ္အသက္အ႐ြယ္ပဲေရာက္ေရာက္ ကိုယ့္အတြက္ အဆင္ေျပေနရင္ အသက္ဆုိတာ ကိန္းဂဏန္းနံပတ္တစ္ခုပဲ။ တစ္ေယာက္ေယာက္ကိုခ်စ္ဖုိ႔နဲ႔ လက္တြဲေဖာ္ကို ရွာဖုိ႔ဆုိတာ ဘယ္ေတာ့မွ သက္တမ္းကုန္ဆံုးရက္ရယ္လို႔ မရွိပါဘူး။ ခ်စ္ရမယ့္လူ မေတြ႕ေသးလို႔ single ဘဝနဲ႔ ေပ်ာ္ေနတာ။

၄။ သိပ္ၿပီးေရြးမေနနဲ႔

မသိရင္ ကိုယ္ကပဲ စံႏႈန္းသတ္မွတ္ခ်က္ေတြ မ်ားလြန္းလို႔ ယူမယ့္လူမရွိတဲ့ဘဝကို ေရာက္ေနသလိုမ်ိဳး အားမနာလွ်ာမက်ိဳး ေျပာတာမ်ိဳးဆို သိပ္မုန္းတာ။ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားတဲ့လူတစ္ေယာက္ဟာ ကိုယ့္ကိုတန္ဖိုးထားေပးမယ့္လူကိုပဲ လက္ထပ္ခ်င္ၾကပါတယ္။ ကိုယ္နဲ႔ တစ္သက္လံုးေပါင္းရမယ့္လူမို႔လို႔ လြယ္လြယ္နဲ႔ မဆံုးျဖတ္ခ်င္တာပါ။ မေပ်ာ္ရႊင္တဲ့ အိမ္ေထာင္သည္ဘဝထက္ သာယာတဲ့ အပ်ိဳ/လူပ်ိဳဘဝ အမ်ားႀကီးသာတယ္။

၅။ နည္းနည္းေလာက္အားစိုက္စမ္းပါ

အမေလးးး ႐ွက္တတ္တဲ့ မိန္းကေလးေတြသာဆုိ ဒီစကားၾကားရင္ မိုးႀကိဳးပစ္ခ်ခံရသလို ျဖစ္သြားမွာ။ သူေျပာမွပဲ ကိုယ္က ဆတ္စလူးထျပရေတာ့မလို၊ ေယာက္်ားေတြနဲ႔ လိုက္က်ဴေနရေတာ့မလိုပဲ။ ေယာက္်ားေလးေတြဆုိလည္း ဘာထူးလဲ။ မိန္းမေတြနဲ႔ ပေရာပရီလုပ္၊ အီေနရမွာလား။ ေဆာရီးပါ။ အဲ့လိုေတြမလုပ္လည္း အသည္းတစ္ျခမ္းကို တစ္ေန႔ေန႔မွာ ေတြ႕လာမယ္လို႔ ယံုၿပီးသားပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version#
အိမ်ထောင်မပြုချင်လို့ အပျို/လူပျိုဘဝမှာ လွတ်လွတ်လပ်လပ် ပျော်နေတဲ့ single တစ်ယောက်မှာ အခွင့်အရေးတွေ အများကြီးမှ အများကြီး ရှိပါတယ်။ အမှီအခိုကင်းတယ်၊ သွားချင်တဲ့နေရာသွား၊ လုပ်ချင်တာလုပ်လို့ရတယ်။ ဘယ်သူ့ကိုမှလည်း ငဲ့ညှာစရာမလိုသလို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေလို့ ယုံကြည်ချက်လည်း ပိုခိုင်မာတယ်လေ။ အဲ့လိုမျိုး သာယာချင်လို့ အိမ်ထောင်မပြုဘဲ နေနေတဲ့ single တွေကို "အိမ်ထောင်မပြုသေးဘူးလား"ဆိုပြီး ခဏခဏ လာမေးမနေပါနဲ့။ ကြားရတာလည်း ငြီးငွေ့လှပါပြီ။ အဲ့လိုစကားတွေအပြင် နောက်ထပ် မကြားချင်တာတွေလည်း ရှိသေးတယ်။

၁။ ခြေငြိမ်တော့.... အိမ်ထောင်ပြု ကလေးယူတော့

ဘဝလက်တွဲဖော် ရှာတွေ့ပြီး လက်ထပ်၊ ကလေးတွေမွေးတယ်ဆိုတာ အရမ်းကို အံ့သြပျော်ရွှင်စရာကိစ္စပါ၊ ကိုယ်သာ တကယ်အလိုရှိတယ်ဆိုရင်ပေါ့လေ။ ဒါပေမဲ့ အဲ့ဒီကိစ္စက လူတိုင်းအဆင်ပြေချင်မှ ပြေမှာ။ အိမ်ထောင်မပြုချင်လို့ single ဘဝနဲ့ သာသာယာယာ နေနေပါတယ်ဆိုမှ အတင်းကာရော အိမ်ထောင်ပြုခိုင်းနေတယ်။ ကိုယ့်အတွက် တကယ်အဆင်ပြေတဲ့လူ ပေါ်လာရင် အိမ်ထောင်ပြုမှာပါ။ မပူပါနဲ့ အဲ့ကျရင် မယူပါနဲ့ပြောလည်း ယူဖြစ်အောင်ယူမှာ။

၂။ နင်နဲ့ကိုက်ညီမယ့်လူကို တွေ့ထားတယ်

နင့်အသက်အရွယ်၊ အလုပ်အကိုင်နဲ့ အပ်စပ်မယ့်လူကို ငါတွေ့ထားတယ်။ မိတ်ဆက်ပေးရမလားတို့ ဘာတို့ လာမပြောပါနဲ့။ အိမ်ထောင်ပြုတယ်ဆိုတာ နှလုံးသားချင်းရင်းနှီးမှရတာ။ တစ်သက်လုံးပေါင်းရမယ့်လူကို ကိုယ့်ဘာသာရွေးပါ့မယ်။

၃။ အသက်ကြီးလာပြီနော်

ဘယ်အသက်အရွယ်ပဲရောက်ရောက် ကိုယ့်အတွက် အဆင်ပြေနေရင် အသက်ဆိုတာ ကိန်းဂဏန်းနံပတ်တစ်ခုပဲ။ တစ်ယောက်ယောက်ကိုချစ်ဖို့နဲ့ လက်တွဲဖော်ကို ရှာဖို့ဆိုတာ ဘယ်တော့မှ သက်တမ်းကုန်ဆုံးရက်ရယ်လို့ မရှိပါဘူး။ ချစ်ရမယ့်လူ မတွေ့သေးလို့ single ဘဝနဲ့ ပျော်နေတာ။

၄။ သိပ်ပြီးရွေးမနေနဲ့

မသိရင် ကိုယ်ကပဲ စံနှုန်းသတ်မှတ်ချက်တွေ များလွန်းလို့ ယူမယ့်လူမရှိတဲ့ဘဝကို ရောက်နေသလိုမျိုး အားမနာလျှာမကျိုး ပြောတာမျိုးဆို သိပ်မုန်းတာ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့လူတစ်ယောက်ဟာ ကိုယ့်ကိုတန်ဖိုးထားပေးမယ့်လူကိုပဲ လက်ထပ်ချင်ကြပါတယ်။ ကိုယ်နဲ့ တစ်သက်လုံးပေါင်းရမယ့်လူမို့လို့ လွယ်လွယ်နဲ့ မဆုံးဖြတ်ချင်တာပါ။ မပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝထက် သာယာတဲ့ အပျို/လူပျိုဘဝ အများကြီးသာတယ်။

၅။ နည်းနည်းလောက်အားစိုက်စမ်းပါ

အမလေးးး ရှက်တတ်တဲ့ မိန်းကလေးတွေသာဆို ဒီစကားကြားရင် မိုးကြိုးပစ်ချခံရသလို ဖြစ်သွားမှာ။ သူပြောမှပဲ ကိုယ်က ဆတ်စလူးထပြရတော့မလို၊ ယောက်ျားတွေနဲ့ လိုက်ကျူနေရတော့မလိုပဲ။ ယောက်ျားလေးတွေဆိုလည်း ဘာထူးလဲ။ မိန်းမတွေနဲ့ ပရောပရီလုပ်၊ အီနေရမှာလား။ ဆောရီးပါ။ အဲ့လိုတွေမလုပ်လည်း အသည်းတစ်ခြမ်းကို တစ်နေ့နေ့မှာ တွေ့လာမယ်လို့ ယုံပြီးသားပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top