Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ျမန္မာ့ လူမႈအသိုက္အဝန္းသည္ ကိုးလလြယ္ ဆယ္လဖြား မိခင္၏ အခန္းက႑ထက္ ဖခင္၏ အခန္းက႑ က ပိုမိုအရာ ေရာက္သည္ဟု ေျပာဆိုရမည့္ အေျခအေနမ်ိဳး ျဖစ္ေနသည္။

အဘယ္ေၾကာင့္ဆိုေသာ္ လူသားတေယာက္တြင္ ေမြးဖြားလာသည္မွစ၍ ပထမဦးဆုံး လူစာရင္းသြင္းသည္ ဟု အလြယ္ေျပာရမည့္ ေမြးစာရင္းကို စတင္ျပဳလုပ္ရျခင္းက ထိုကေလးအတြက္ ဖခင္အမည္ႏွင့္ ဖခင္၏ မွတ္ပုံတင္အမွတ္တို႔မွာ အေရးတႀကီး လိုအပ္လာသည္။

ေမြးစာရင္းျပဳလုပ္ျခင္းမွာ မိစုံဖစုံ ေမြးဖြားလာသည့္ ခေလးငယ္တေယာက္အတြက္ လြယ္ကူႏိုင္မည္ ဆိုႏိုင္ေသာ္လည္း ဖခင္မဲ့ေနသည့္ ခေလးငယ္တဦး၏ ဘဝအတြက္ မ်ားစြာ ခက္ခဲေစသည္။ ထိုကဲ့သို႔ အေျခအေနမ်ိဳး ေရာက္ရွိလာသည့္အခါ မိမိအသက္ကို စေတး၍ ေသမင္းႏွင့္ စစ္ခင္းေမြးဖြားေပးခဲ့ေသာ Single Mother တို႔အတြက္ တပူေပၚ ႏွစ္ပူဆင့္ရသည့္ အေနအထားျဖစ္သည္။

ျမင့္မိုရ္ေမတၱာခိုနားရာ Single Mothers’ home (ဓာတ္ပုံ- ခ်မ္းစြန္း/ ဧရာဝတီ)
Single Mother ဆိုသည္မွာ ခ်စ္သူရည္းစားႏွင့္ လက္မထပ္မီ အတူေနရင္း ကိုယ္ဝန္ရခ်ိန္မွ တာဝန္မယူ ေရွာင္ေျပးသည့္ေနာက္ ကေလးကို ေမြးဖြားကာ တဦးတည္း ေစာင့္ေရွာက္ေနသူမ်ား၊ အေျခအေန တရပ္ရပ္ေၾကာင့္ အဓမၼျပဳက်င့္ခံရၿပီး ကိုယ္ဝန္ရွိလာသည့္ေနာက္ ကေလးမီးဖြားရကာ တဦးတည္း ထိန္းသိမ္းေစာင့္ေရွာက္ေနသည့္ အမ်ိဳးသမီးမ်ား၊ လက္ထပ္ၿပီးမွ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ကြာရွင္းျပတ္စဲျခင္း ေၾကာင့္ ကေလးကို တဦးတည္း ထိန္းေက်ာင္း ေစာင့္ေရွာက္ေနသူမ်ား၊ ေယာက်ၤားျဖစ္သူ ကြယ္လြန္သြားသည့္ အခါ တဦးတည္း ေစာင့္ေရွာက္ေနသည့္ မိခင္မ်ားကို ရည္ၫႊန္းျခင္းျဖစ္သည္။

ထိုသို႔ေသာ အေျခအေနမ်ိဳးႀကဳံေတြ႕ေနရသည့္ အသက္ ၁၅ ႏွစ္အ႐ြယ္ မိခင္ေလာင္းတဦးက “က်မ ေမြးလာမယ့္ ကေလးက က်မ ကေလးပါပဲ။ အေဖနာမည္ မရွိရင္ ေမြးစာရင္း ထုတ္မေပးဘူးလို႔ ေဆး႐ုံက ေျပာတယ္။ အခု ဗိုက္အပ္ထားတာေတာ့ အေဖနာမည္ ေျပာထားတယ္။ ဒါေပမယ့္ ေမြးစာရင္းမွာက အေဖ မွတ္ပုံတင္ ပါရမယ္ဆိုေတာ့ ဘယ္လိုလုပ္ရမလဲ မသိဘူး” ဟု ဆိုသည္။

ေက်း႐ြာတခုတြင္ ေနထိုင္ၿပီး အေျခခံပညာ အထက္တန္းအထိ ပညာသင္ၾကားဖူးသည့္ သူသည္ အိမ္ေထာင္ရွိ အမ်ိဳးသားတဦး၏ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ ကို ခံခဲ့ရသည္။ သူ႔တြင္ ကိုယ္ဝန္ရွိေန ေၾကာင္း ကိုယ္ဝန္ေျခာက္လခန႔္မွ သိရွိခဲ့ရၿပီးေနာက္ လက္ရွိတြင္လည္း အဆိုပါကိစၥႏွင့္ ပတ္သက္၍ သက္ငယ္မုဒိမ္းမႈကို ရင္ဆိုင္ေနဆဲျဖစ္သည္။

ျမင့္မိုရ္ေမတၱာခိုနားရာ Single Mothers’ home (ဓာတ္ပုံ- ခ်မ္းစြန္း/ ဧရာဝတီ)
လက္ရွိတြင္ သူသည္ သန္လ်င္ၿမိဳ႕တြင္ ဖြင့္လွစ္ထားသည့္ အနာဂတ္ၾကယ္ပြင့္ေလးမ်ား ကေလးေဂဟာႏွင့္ ျမင့္မိုရ္ေမတၱာခိုနားရာ Single Mothers’ home တြင္ လာေရာက္ေနထိုင္ကာ ကေလးမီးဖြားႏိုင္ရန္ ျပင္ဆင္ လ်က္ရွိသည္။

အဆိုပါ ေနရာသည္ သန္လ်င္ၿမိဳ႕တြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တစ္ကိုယ္တည္းမိခင္ (Single Mother) ျဖစ္လာၾကသည့္ ကိုယ္ဝန္ေဆာင္သည္မ်ားကို လက္ခံေစာင့္ေရွာက္ေပးေနသည့္ ေနရာ ျဖစ္သည္။ ထိုေဂဟာမွ လင္ေယာက်ၤားမရွိေသာ၊ သက္ငယ္မုဒိမ္းမႈ က်ဴးလြန္ခံရရင္ ကိုယ္ဝန္ရရွိလာသူ စသည့္ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး ၅၃ ဦးကို ၿပီးခဲ့သည့္ ႏွစ္ႏွစ္ အတြင္းက ကူညီေပးခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။

ထိုေဂဟာမွ တာဝန္ခံ ေဒါက္တာ ေဒၚျမတ္စႏၵာသက္က “အစ္မဆီမွာ ေမြးစာရင္း မထုတ္ႏိုင္သူခ်ည္းပါပဲ။ ဒီမွာက ေယာက်္ားမရွိလို႔ လာေမြးပါတယ္ဆိုမွ ေမြးစာရင္းက ေယာက်ာ္း မွတ္ပုံတင္ပါမွ ရမယ္ဆိုေတာ့ ဘယ္လိုမွ အဆင္မေျပေတာ့ဘူး။ အဲဒီေတာ့ ဒီေရာက္လာတဲ့ ကေလးမေတြကို မွာထားတယ္။ ႐ြာဖက္မွာ ခရီးသြားရင္းနဲ႔ေမြးခဲ့တယ္လို႔ေျပာၿပီး မင္းတို႔ဇာတိက အရံသားဖြားဆရာမဆီမွာ သြားလုပ္ပါလို႔ေျပာ ထားတယ္။ အခုခ်ိန္ထိ အားလုံးလိုလို အဲဒီလို လုပ္ခဲ့တာမ်ားပါတယ္။ ေျဖရွင္းဖို႔ကလည္း အဲဒီ တနည္းပဲ ရွိတယ္” ဟု ရွင္းျပသည္။



ျမင့္မိုရ္ေမတၱာခိုနားရာ Single Mothers’ home (ဓာတ္ပုံ- ခ်မ္းစြန္း/ ဧရာဝတီ)
ေမြးစာရင္းထုတ္ရန္ အခက္အခဲရွိသူမ်ားက အရံသားဖြားဆရာမထံသို႔ သြားေရာက္ အကူအညီ ေတာင္းႏိုင္ေၾကာင္း၊ အရံသားဖြားဆရာမမွ သက္ဆိုင္ရာ ၿမိဳ႕နယ္က်န္းမာေရးဌာနသို႔ ၎က ေမြးဖြား လာသည္ဟု တင္ျပႏိုင္ပါက သက္ဆိုင္ရာဌာနမွ ေမြးစာရင္း ထုတ္ေပးေၾကာင္း၊ ထိုနည္းျဖင့္ လက္တေလာ ျပႆနာကို ေျဖရွင္းေနၾကေၾကာင္း ေဒါက္တာ ျမတ္စႏၵာသက္က ေျပာသည္။

ထိုအရံသားဖြားဆရာမကတင္ျပလာသည့္ အခ်က္အလက္မ်ားကို ၿမိဳ႕နယ္က်န္းမာေရးဌာနက အခ်က္ အလက္ မွန္၊ မမွန္ စစ္ေဆးမႈ မျပဳလုပ္ႏိုင္ဘဲ တင္ျပလာသည့္အတိုင္း ေမြးစာရင္း ျပဳလုပ္ေပးေနသည့္ အေျခအေနျဖစ္ေၾကာင္း သိရသည္။

တခ်ိဳ႕မွာလည္း အဖိုးအဖြားျဖစ္သူမွ ေျမးျဖစ္သူ၏ ေမြးစာရင္းတြင္ မိခင္၊ ဖခင္ အမည္ ခံယူလိုက္ၿပီး ေမြးစာရင္း ျပသနာကို ေျဖရွင္းသလို အခ်ိဳ႕ကမူ ေမြးဖြားလာသည့္ ကေလးကို မိဘမဲ့ေဂဟာမ်ားသို႔ လည္းေကာင္း၊ ေမြးစားမိဘမ်ားသို႔လည္းေကာင္း ေပးလိုက္ၾကသည္။

ျမန္မာႏိုင္ငံတြင္ ေမြးစာရင္းသည္ လူတဦးအတြက္ အေရးႀကီးေသာ အေထာက္အထား တခု ျဖစ္ၿပီး ေမြးစာရင္းရွိမွသာ အစိုးရက ေပးမည့္ က်န္းမာေရးေစာင့္ေရွာက္မႈ၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပား၊ ပညာသင္ၾကားမႈ အခြင့္အလမ္းမ်ား ရရွိမည္ျဖစ္သည္။

အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနကမူ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖခင္မရွိသူမ်ားအတြက္ ေမြးစာရင္းထုတ္ေပးမႈ ရွိသည္ဟု ဆိုသည္။ ယင္းကဲ့သို႔ ေလွ်ာက္ထားရာတြင္ မိခင္ျဖစ္သူက ကိုယ္တိုင္ ေလွ်ာက္ထားရၿပီး သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေထာက္ခံခ်က္ရယူကာ ေမြးစာရင္းတြင္ မိဘအုပ္ထိန္းသူေနရာတြင္ မိခင္ နာမည္ျဖင့္သာ ထုတ္ေပးေလ့ရွိေၾကာင္း သိရသည္။

အဆိုပါ ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးျမင့္ႀကိဳင္က “သိတဲ့သူေတြကေတာ့ သိသူေဖာ္စား မသိသူေက်ာ္သြားပါပဲ။ တခ်ိဳ႕လည္း အေဖနဲ႔ ကြဲသြားတာတို႔ ေသဆုံးသြားတာတို႔ ျဖစ္ေတာ့ စၿပီးေမြးတဲ့အခ်ိန္ကတည္းက အေဖမရွိတဲ့ အေျခအေနမ်ိဳးမွာ မိခင္ကိုယ္တိုင္က ေမြးစာရင္းေလွ်ာက္ထားတယ္။ အဲဒီလို အေျခအေနမ်ိဳးအတြက္ ဖြဲ႕စည္းထားတဲ့ ၅ ဦးေကာ္မတီက ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေထာက္ခံခ်က္ယူၿပီး ေလွ်ာက္ထားတဲ့ မိခင္နာမည္နဲ႔ ထုတ္ေပးတာေတြရွိပါတယ္”ဟု ရွင္းျပသည္။

အေျခအေန အမ်ိဳးမ်ိဳးေၾကာင့္ ဖခင္ မရွိဘဲ ေမြးဖြားလာရသည့္ ကေလးမ်ားကို ေမြးစာရင္း ျပဳလုပ္ရာတြင္ လဝက၊ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ ၿမိဳ႕နယ္က်န္းမာေရး ဦးစီးဌာန၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတို႔ ပါဝင္သည့္ ငါးဦးေကာ္မတီက စိစစ္ေဆာင္႐ြက္ေပးလ်က္ရွိသည္ဟု သိရသည္။ အဆိုပါ ေကာ္မတီသည္ မိဘအုပ္ထိန္းသူ အျဖစ္ တာဝန္ခံၿပီး ေလွ်ာက္ထားမည့္သူကို ေတြ႕ဆုံစိစစ္ကာ ေမြးစာရင္း ရရွိေရး ေဆာင္႐ြက္ေပးေၾကာင္း အၿမဲတမ္း အတြင္းဝန္ ဦးျမင့္ႀကိဳင္က ဆက္လက္ေျပာၾကားသည္။

ဖခင္မဲ့ေနေသာ ကေလးငယ္၊ အဆိုပါ ကေလးကို ေမြးဖြားမည့္ Single Mother တဦး၏ ဘဝ အေျခအေနမွာ စိန္ေခၚမႈ အျပည့္ႏွင့္ ျဖစ္သည္။

“က်မ ခ်စ္သူက ဒီကိုယ္ဝန္ကို တာဝန္မယူဘူးဆိုေတာ့ က်မဘာသာ ကေလးေမြးခဲ့ပါတယ္။ အခု ကေလး တႏွစ္ရွိၿပီျဖစ္ေပမယ့္ ေမြးစာရင္း မရွိေသးပါဘူး။ ေမြးစာရင္းလုပ္ဖို႔က ပိုက္ဆံလိုပါတယ္။ က်မ ေယာက်္ား မရွိဘဲ ကေလးေမြးထားေတာ့ ႏွိမ္ၾကတယ္။ အဲဒါေၾကာင့္ ခုထိ ကေလးအတြက္ ဘယ္လိုလုပ္ရမလဲ မသိေသးဘူး။ သူမ်ားကို ေပးၿပီးေမြးစားမွ ဒီကေလး ေရွ႕ေရးအဆင္ေျပေတာ့မယ္”ဟု ေက်း႐ြာတခုတြင္ ကေလးတဖက္ျဖင့္ က်ပန္းအလုပ္လုပ္ေနသည့္ အမည္မေဖာ္လိုသူ Single Mother တဦးက ေျပာသည္။

အစိုးရအေနျဖင့္ Single mother မွ ေမြးဖြားလာမည့္ ဖခင္မဲ့ ကေလးငယ္မ်ားအတြက္ ေမြးစာရင္း ထုတ္ယူမႈကို အဆင္ေျပေစရန္ စီစဥ္ေဆာင္႐ြက္ေပးေနသည္ဟု ဆိုေသာ္လည္း ေျမျပင္အေျခအေနတြင္ အခက္အခဲမ်ားစြာရွိေနသည္။ ထိုသို႔ စီစဥ္ေပးေနသည့္ကိစၥကိုလည္း မသိရွိၾကသူ အမ်ားအျပားရွိေနရာ အစိုးရပိုင္းက ဗဟုသုတမ်ား ေပးသင့္သည္ဟု ပရဟိတလုပ္ေဆာင္သူမ်ားဘက္က အႀကံျပဳမႈမ်ား ရွိသည္။။

မိဘမဲ့ေဂဟာမ်ားတြင္မူ သက္ဆိုင္ရာ လဝကျဖင့္ ဆက္သြယ္၍ မိဘမဲ့ကေလးမ်ားကို တာဝန္ခံအုပ္ထိန္းသူ နာမည္ျဖင့္ ေမြးစာရင္း ျပဳလုပ္ေပးထားကာ ပညာသင္ၾကားေပးျခင္းႏွင့္ ႏိုင္ငံသား စိစစ္ေရး ကဒ္ျပား ထုတ္ယူေပးျခင္းကို ေဆာင္႐ြက္ေပးျခင္း ျပဳလုပ္ေပးေနေၾကာင္း အစိုးရ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ျမန္မာႏိုင္ငံတြင္ ဖခင္ မရွိဘဲ မိခင္တဦးတည္းက ေမြးဖြားသည့္ ကေလးတဦးအတြက္ ပတ္ဝန္းက်င္ ႐ိုက္ခတ္မႈ မ်ားစြာရွိသည္။ မိခင္ကိုသာ မက ကေလးကိုပါ ႏွိမ့္ခ်ျခင္း၊ ေရွာင္ဖယ္ျခင္း၊ အထင္အျမင္ေသးျခင္းမ်ားက ထိုကေလးငယ္ႏွင့္ အနာဂတ္တြင္ ဆက္လက္ရပ္တည္ရမည့္ မိခင္ျဖစ္သူအတြက္ စိန္ေခၚမႈမ်ားစြာ ျဖစ္ေနသည္။

“က်မက ကေလးကို လိုခ်င္ေပမယ့္ က်မ မိဘ အသိုင္းအဝိုင္းက သူတို႔ရဲ႕ နာမည္ဂုဏ္သိကၡာက်တယ္ဆိုၿပီး က်မကို ဝိုင္းဝန္း အျပစ္တင္ေနၾကတဲ့ အေျခအေနဆိုးေတြ ရွိခဲ့တယ္။ ၿပီးေတာ့လင္ေကာင္မေပၚဘဲ ေမြးတဲ့ ကေလးဆိုၿပီး ဘာမွ အျပစ္မရွိတဲ့ ကေလးကို တိုက္ခိုက္ၾကတယ္။ အဲဒီေတာ့ က်မ ရွင္သန္ဖို႔ထက္ ေသသြားဖို႔ပဲ ဆုေတာင္းေနတဲ့ အခ်ိန္ေတြ အမ်ားႀကီးရွိခဲ့တယ္”ဟု Single mother အျဖစ္ ရပ္တည္ေနသည့္ အသက္ ၃၀ အ႐ြယ္ မျမျမ (အမည္လြဲွ) က ဆိုသည္။

Single mother မွ ေမြးဖြားလာမည့္ ကေလးငယ္မ်ားႏွင့္ မိဘမဲ့ကေလးငယ္မ်ား၏ အနာဂတ္ ၊ ၎တို႔ ပိုမိုအဆင္ေျပေခ်ာေမြ႕စြာ ရွင္သန္ႏိုင္မည့္ လူ႔အသိုက္အဝန္း တခုျဖစ္ေအာင္ တည္ေဆာက္ရန္ လိုအပ္ခ်က္မ်ားစြာ ရွိေနဆဲပင္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy
#Unicode Version#
မြန်မာ့ လူမှုအသိုက်အဝန်းသည် ကိုးလလွယ် ဆယ်လဖွား မိခင်၏ အခန်းကဏ္ဍထက် ဖခင်၏ အခန်းကဏ္ဍ က ပိုမိုအရာ ရောက်သည်ဟု ပြောဆိုရမည့် အခြေအနေမျိုး ဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော် လူသားတယောက်တွင် မွေးဖွားလာသည်မှစ၍ ပထမဦးဆုံး လူစာရင်းသွင်းသည် ဟု အလွယ်ပြောရမည့် မွေးစာရင်းကို စတင်ပြုလုပ်ရခြင်းက ထိုကလေးအတွက် ဖခင်အမည်နှင့် ဖခင်၏ မှတ်ပုံတင်အမှတ်တို့မှာ အရေးတကြီး လိုအပ်လာသည်။

မွေးစာရင်းပြုလုပ်ခြင်းမှာ မိစုံဖစုံ မွေးဖွားလာသည့် ခလေးငယ်တယောက်အတွက် လွယ်ကူနိုင်မည် ဆိုနိုင်သော်လည်း ဖခင်မဲ့နေသည့် ခလေးငယ်တဦး၏ ဘဝအတွက် များစွာ ခက်ခဲစေသည်။ ထိုကဲ့သို့ အခြေအနေမျိုး ရောက်ရှိလာသည့်အခါ မိမိအသက်ကို စတေး၍ သေမင်းနှင့် စစ်ခင်းမွေးဖွားပေးခဲ့သော Single Mother တို့အတွက် တပူပေါ် နှစ်ပူဆင့်ရသည့် အနေအထားဖြစ်သည်။

မြင့်မိုရ်မေတ္တာခိုနားရာ Single Mothers’ home (ဓာတ်ပုံ- ချမ်းစွန်း/ ဧရာဝတီ)
Single Mother ဆိုသည်မှာ ချစ်သူရည်းစားနှင့် လက်မထပ်မီ အတူနေရင်း ကိုယ်ဝန်ရချိန်မှ တာဝန်မယူ ရှောင်ပြေးသည့်နောက် ကလေးကို မွေးဖွားကာ တဦးတည်း စောင့်ရှောက်နေသူများ၊ အခြေအနေ တရပ်ရပ်ကြောင့် အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရှိလာသည့်နောက် ကလေးမီးဖွားရကာ တဦးတည်း ထိန်းသိမ်းစောင့်ရှောက်နေသည့် အမျိုးသမီးများ၊ လက်ထပ်ပြီးမှ အကြောင်းအမျိုးမျိုးဖြင့် ကွာရှင်းပြတ်စဲခြင်း ကြောင့် ကလေးကို တဦးတည်း ထိန်းကျောင်း စောင့်ရှောက်နေသူများ၊ ယောင်္ကျားဖြစ်သူ ကွယ်လွန်သွားသည့် အခါ တဦးတည်း စောင့်ရှောက်နေသည့် မိခင်များကို ရည်ညွှန်းခြင်းဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးကြုံတွေ့နေရသည့် အသက် ၁၅ နှစ်အရွယ် မိခင်လောင်းတဦးက “ကျမ မွေးလာမယ့် ကလေးက ကျမ ကလေးပါပဲ။ အဖေနာမည် မရှိရင် မွေးစာရင်း ထုတ်မပေးဘူးလို့ ဆေးရုံက ပြောတယ်။ အခု ဗိုက်အပ်ထားတာတော့ အဖေနာမည် ပြောထားတယ်။ ဒါပေမယ့် မွေးစာရင်းမှာက အဖေ မှတ်ပုံတင် ပါရမယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ မသိဘူး” ဟု ဆိုသည်။

ကျေးရွာတခုတွင် နေထိုင်ပြီး အခြေခံပညာ အထက်တန်းအထိ ပညာသင်ကြားဖူးသည့် သူသည် အိမ်ထောင်ရှိ အမျိုးသားတဦး၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကို ခံခဲ့ရသည်။ သူ့တွင် ကိုယ်ဝန်ရှိနေ ကြောင်း ကိုယ်ဝန်ခြောက်လခန့်မှ သိရှိခဲ့ရပြီးနောက် လက်ရှိတွင်လည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ သက်ငယ်မုဒိမ်းမှုကို ရင်ဆိုင်နေဆဲဖြစ်သည်။

မြင့်မိုရ်မေတ္တာခိုနားရာ Single Mothers’ home (ဓာတ်ပုံ- ချမ်းစွန်း/ ဧရာဝတီ)
လက်ရှိတွင် သူသည် သန်လျင်မြို့တွင် ဖွင့်လှစ်ထားသည့် အနာဂတ်ကြယ်ပွင့်လေးများ ကလေးဂေဟာနှင့် မြင့်မိုရ်မေတ္တာခိုနားရာ Single Mothers’ home တွင် လာရောက်နေထိုင်ကာ ကလေးမီးဖွားနိုင်ရန် ပြင်ဆင် လျက်ရှိသည်။

အဆိုပါ နေရာသည် သန်လျင်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် တစ်ကိုယ်တည်းမိခင် (Single Mother) ဖြစ်လာကြသည့် ကိုယ်ဝန်ဆောင်သည်များကို လက်ခံစောင့်ရှောက်ပေးနေသည့် နေရာ ဖြစ်သည်။ ထိုဂေဟာမှ လင်ယောင်္ကျားမရှိသော၊ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရရင် ကိုယ်ဝန်ရရှိလာသူ စသည့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၅၃ ဦးကို ပြီးခဲ့သည့် နှစ်နှစ် အတွင်းက ကူညီပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ထိုဂေဟာမှ တာဝန်ခံ ဒေါက်တာ ဒေါ်မြတ်စန္ဒာသက်က “အစ်မဆီမှာ မွေးစာရင်း မထုတ်နိုင်သူချည်းပါပဲ။ ဒီမှာက ယောကျ်ားမရှိလို့ လာမွေးပါတယ်ဆိုမှ မွေးစာရင်းက ယောကျာ်း မှတ်ပုံတင်ပါမှ ရမယ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ အဲဒီတော့ ဒီရောက်လာတဲ့ ကလေးမတွေကို မှာထားတယ်။ ရွာဖက်မှာ ခရီးသွားရင်းနဲ့မွေးခဲ့တယ်လို့ပြောပြီး မင်းတို့ဇာတိက အရံသားဖွားဆရာမဆီမှာ သွားလုပ်ပါလို့ပြော ထားတယ်။ အခုချိန်ထိ အားလုံးလိုလို အဲဒီလို လုပ်ခဲ့တာများပါတယ်။ ဖြေရှင်းဖို့ကလည်း အဲဒီ တနည်းပဲ ရှိတယ်” ဟု ရှင်းပြသည်။



မြင့်မိုရ်မေတ္တာခိုနားရာ Single Mothers’ home (ဓာတ်ပုံ- ချမ်းစွန်း/ ဧရာဝတီ)
မွေးစာရင်းထုတ်ရန် အခက်အခဲရှိသူများက အရံသားဖွားဆရာမထံသို့ သွားရောက် အကူအညီ တောင်းနိုင်ကြောင်း၊ အရံသားဖွားဆရာမမှ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဌာနသို့ ၎င်းက မွေးဖွား လာသည်ဟု တင်ပြနိုင်ပါက သက်ဆိုင်ရာဌာနမှ မွေးစာရင်း ထုတ်ပေးကြောင်း၊ ထိုနည်းဖြင့် လက်တလော ပြဿနာကို ဖြေရှင်းနေကြကြောင်း ဒေါက်တာ မြတ်စန္ဒာသက်က ပြောသည်။

ထိုအရံသားဖွားဆရာမကတင်ပြလာသည့် အချက်အလက်များကို မြို့နယ်ကျန်းမာရေးဌာနက အချက် အလက် မှန်၊ မမှန် စစ်ဆေးမှု မပြုလုပ်နိုင်ဘဲ တင်ပြလာသည့်အတိုင်း မွေးစာရင်း ပြုလုပ်ပေးနေသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

တချို့မှာလည်း အဖိုးအဖွားဖြစ်သူမှ မြေးဖြစ်သူ၏ မွေးစာရင်းတွင် မိခင်၊ ဖခင် အမည် ခံယူလိုက်ပြီး မွေးစာရင်း ပြသနာကို ဖြေရှင်းသလို အချို့ကမူ မွေးဖွားလာသည့် ကလေးကို မိဘမဲ့ဂေဟာများသို့ လည်းကောင်း၊ မွေးစားမိဘများသို့လည်းကောင်း ပေးလိုက်ကြသည်။

မြန်မာနိုင်ငံတွင် မွေးစာရင်းသည် လူတဦးအတွက် အရေးကြီးသော အထောက်အထား တခု ဖြစ်ပြီး မွေးစာရင်းရှိမှသာ အစိုးရက ပေးမည့် ကျန်းမာရေးစောင့်ရှောက်မှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ပညာသင်ကြားမှု အခွင့်အလမ်းများ ရရှိမည်ဖြစ်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကမူ အကြောင်းအမျိုးမျိုးကြောင့် ဖခင်မရှိသူများအတွက် မွေးစာရင်းထုတ်ပေးမှု ရှိသည်ဟု ဆိုသည်။ ယင်းကဲ့သို့ လျှောက်ထားရာတွင် မိခင်ဖြစ်သူက ကိုယ်တိုင် လျှောက်ထားရပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်ရယူကာ မွေးစာရင်းတွင် မိဘအုပ်ထိန်းသူနေရာတွင် မိခင် နာမည်ဖြင့်သာ ထုတ်ပေးလေ့ရှိကြောင်း သိရသည်။

အဆိုပါ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က “သိတဲ့သူတွေကတော့ သိသူဖော်စား မသိသူကျော်သွားပါပဲ။ တချို့လည်း အဖေနဲ့ ကွဲသွားတာတို့ သေဆုံးသွားတာတို့ ဖြစ်တော့ စပြီးမွေးတဲ့အချိန်ကတည်းက အဖေမရှိတဲ့ အခြေအနေမျိုးမှာ မိခင်ကိုယ်တိုင်က မွေးစာရင်းလျှောက်ထားတယ်။ အဲဒီလို အခြေအနေမျိုးအတွက် ဖွဲ့စည်းထားတဲ့ ၅ ဦးကော်မတီက ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်ယူပြီး လျှောက်ထားတဲ့ မိခင်နာမည်နဲ့ ထုတ်ပေးတာတွေရှိပါတယ်”ဟု ရှင်းပြသည်။

အခြေအနေ အမျိုးမျိုးကြောင့် ဖခင် မရှိဘဲ မွေးဖွားလာရသည့် ကလေးများကို မွေးစာရင်း ပြုလုပ်ရာတွင် လဝက၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သည့် ငါးဦးကော်မတီက စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။ အဆိုပါ ကော်မတီသည် မိဘအုပ်ထိန်းသူ အဖြစ် တာဝန်ခံပြီး လျှောက်ထားမည့်သူကို တွေ့ဆုံစိစစ်ကာ မွေးစာရင်း ရရှိရေး ဆောင်ရွက်ပေးကြောင်း အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ဆက်လက်ပြောကြားသည်။

ဖခင်မဲ့နေသော ကလေးငယ်၊ အဆိုပါ ကလေးကို မွေးဖွားမည့် Single Mother တဦး၏ ဘဝ အခြေအနေမှာ စိန်ခေါ်မှု အပြည့်နှင့် ဖြစ်သည်။

“ကျမ ချစ်သူက ဒီကိုယ်ဝန်ကို တာဝန်မယူဘူးဆိုတော့ ကျမဘာသာ ကလေးမွေးခဲ့ပါတယ်။ အခု ကလေး တနှစ်ရှိပြီဖြစ်ပေမယ့် မွေးစာရင်း မရှိသေးပါဘူး။ မွေးစာရင်းလုပ်ဖို့က ပိုက်ဆံလိုပါတယ်။ ကျမ ယောကျ်ား မရှိဘဲ ကလေးမွေးထားတော့ နှိမ်ကြတယ်။ အဲဒါကြောင့် ခုထိ ကလေးအတွက် ဘယ်လိုလုပ်ရမလဲ မသိသေးဘူး။ သူများကို ပေးပြီးမွေးစားမှ ဒီကလေး ရှေ့ရေးအဆင်ပြေတော့မယ်”ဟု ကျေးရွာတခုတွင် ကလေးတဖက်ဖြင့် ကျပန်းအလုပ်လုပ်နေသည့် အမည်မဖော်လိုသူ Single Mother တဦးက ပြောသည်။

အစိုးရအနေဖြင့် Single mother မှ မွေးဖွားလာမည့် ဖခင်မဲ့ ကလေးငယ်များအတွက် မွေးစာရင်း ထုတ်ယူမှုကို အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးနေသည်ဟု ဆိုသော်လည်း မြေပြင်အခြေအနေတွင် အခက်အခဲများစွာရှိနေသည်။ ထိုသို့ စီစဉ်ပေးနေသည့်ကိစ္စကိုလည်း မသိရှိကြသူ အများအပြားရှိနေရာ အစိုးရပိုင်းက ဗဟုသုတများ ပေးသင့်သည်ဟု ပရဟိတလုပ်ဆောင်သူများဘက်က အကြံပြုမှုများ ရှိသည်။။

မိဘမဲ့ဂေဟာများတွင်မူ သက်ဆိုင်ရာ လဝကဖြင့် ဆက်သွယ်၍ မိဘမဲ့ကလေးများကို တာဝန်ခံအုပ်ထိန်းသူ နာမည်ဖြင့် မွေးစာရင်း ပြုလုပ်ပေးထားကာ ပညာသင်ကြားပေးခြင်းနှင့် နိုင်ငံသား စိစစ်ရေး ကဒ်ပြား ထုတ်ယူပေးခြင်းကို ဆောင်ရွက်ပေးခြင်း ပြုလုပ်ပေးနေကြောင်း အစိုးရ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် ဖခင် မရှိဘဲ မိခင်တဦးတည်းက မွေးဖွားသည့် ကလေးတဦးအတွက် ပတ်ဝန်းကျင် ရိုက်ခတ်မှု များစွာရှိသည်။ မိခင်ကိုသာ မက ကလေးကိုပါ နှိမ့်ချခြင်း၊ ရှောင်ဖယ်ခြင်း၊ အထင်အမြင်သေးခြင်းများက ထိုကလေးငယ်နှင့် အနာဂတ်တွင် ဆက်လက်ရပ်တည်ရမည့် မိခင်ဖြစ်သူအတွက် စိန်ခေါ်မှုများစွာ ဖြစ်နေသည်။

“ကျမက ကလေးကို လိုချင်ပေမယ့် ကျမ မိဘ အသိုင်းအဝိုင်းက သူတို့ရဲ့ နာမည်ဂုဏ်သိက္ခာကျတယ်ဆိုပြီး ကျမကို ဝိုင်းဝန်း အပြစ်တင်နေကြတဲ့ အခြေအနေဆိုးတွေ ရှိခဲ့တယ်။ ပြီးတော့လင်ကောင်မပေါ်ဘဲ မွေးတဲ့ ကလေးဆိုပြီး ဘာမှ အပြစ်မရှိတဲ့ ကလေးကို တိုက်ခိုက်ကြတယ်။ အဲဒီတော့ ကျမ ရှင်သန်ဖို့ထက် သေသွားဖို့ပဲ ဆုတောင်းနေတဲ့ အချိန်တွေ အများကြီးရှိခဲ့တယ်”ဟု Single mother အဖြစ် ရပ်တည်နေသည့် အသက် ၃၀ အရွယ် မမြမြ (အမည်လွဲှ) က ဆိုသည်။

Single mother မှ မွေးဖွားလာမည့် ကလေးငယ်များနှင့် မိဘမဲ့ကလေးငယ်များ၏ အနာဂတ် ၊ ၎င်းတို့ ပိုမိုအဆင်ပြေချောမွေ့စွာ ရှင်သန်နိုင်မည့် လူ့အသိုက်အဝန်း တခုဖြစ်အောင် တည်ဆောက်ရန် လိုအပ်ချက်များစွာ ရှိနေဆဲပင် ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top