Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဝက္ျခံေတြေပါက္ေနခ်ိန္ အသားေျခာက္ေနခ်ိန္မွာ လိမ္းၾကည့္ရင္ ဝက္ျခံေပ်ာက္တာျမန္ၿပီး အသားအေရစိုျပည္လာတယ္။

ခုတေလာမွာမွ beauty blogger တခ်ိဳ႕ မွ်ေဝေနၾကတဲ့ rosehip oil ဟာ ညီမေလးတုိ႔ ပ်ိဳေမတုိ႔ေတာ့ ကိုယ္တုိင္သံုးဖူးခ်င္မွ သံုးဖူးမွာပါေနာ္။ Rosehip oil ဆုိတာက ခုမွ ေပၚလာတာေတာ့ မဟုတ္ဘူးရယ္။ ကိုယ္ေတြကေတာ့ ခုမွၾကားဖူးတာေပါ့ေနာ္။ အဲ့တာနဲ႔ ပ်ိဳေမေလးတုိ႔လည္း သိရေအာင္ မဒီက rosehip oil အေၾကာင္း ေရးေပးလိုက္ပါတယ္။

Rosehip oil ဟာ အသားအေရကို အားသစ္ေလာင္းႏုပ်ိဳေစၿပီး ဆံပင္အတြက္လည္း ေကာင္းက်ိဳးထူးတဲ့ ဆီတစ္မ်ိဳးပါ။ ခ်ီလီႏိုင္ငံက Andean Indian လူမ်ိဳးေတြက မ်ိဳး႐ိုးစဥ္ဆက္ သံုးစြဲခဲ့ၾကတယ္။ ဒီဆီမွာ သဘာဝ အာဟာရနဲ႔ ဗီတာမင္ဓာတ္ေတြ ပါဝင္ေနလို႔ ေသာက္လည္းေသာက္ လိမ္းလည္းလိမ္းၾကတယ္။

၁။ ဆံပင္ေတြေျခာက္ေသြ႔ေနရင္ rosehip oil ကို အပူေပးၿပီး ဦးေရျပားကိုလိမ္းကာ ႏွိပ္နယ္ေပးပါ။ ႏွိပ္ၿပီး တစ္နာရီၾကာမွ ေခါင္းေလွ်ာ္လိုက္ရင္ ဆံသားေတြ ႏူးညံ့စိုေျပလာတာ ေတြ႔ရပါလိမ့္မယ္။ ေဗာက္လည္းေပ်ာက္ေစႏုိင္ပါေသးတယ္။

၂။ အသားေရေျခာက္ေသြ႔သူေတြအတြက္လည္း rosehip oil က အသံုးတည့္ပါတယ္။ သူ႔မွာ fatty acid ေတြ ၾကြယ္ဝစြာ ပါဝင္လို႔  အသားအေရကို တင္းရင္းႏုပ်ိဳေစတယ္ေလ။ Victoria Secret ေမာ္ဒယ္ မီရန္ဒါ ကားရ္ ဆိုရင္ rosehip oil ကို အၿမဲတမ္းသံုးသူပါ။ အသားအေရေျခာက္ေသြ႔အက္ကြဲတာေတြ ေပ်ာက္ေစၿပီး စိုေျပေစတယ္။ ဒူး၊ တံေတာင္တို႔ကို လိမ္းေပးရင္ မည္းတာေတြေပ်ာက္တယ္။ ႏႈတ္ခမ္းကြဲ ေျခဖေနာင့္ကြဲရင္လည္း လိမ္းနိုင္ပါတယ္။

၃။ ေနာက္တစ္ခုကေတာ့ အမာ႐ြတ္ေတြကို ေမွးမွိန္သြားေစႏိုင္စြမ္းလည္း ႐ွိပါတယ္။ အေၾကာျပတ္ရာေတြနဲ႔ အသက္ႀကီးလို႔ အေရျပားေပၚမွာျဖစ္လာတဲ့ အမည္းစက္ေတြ၊ အပူေလာင္အမာရြတ္ေတြေပၚကို rosehip oil ေလး လူးေပးၾကည့္ပါ။

၄။ Rosehip Oil ကို ေနေလာင္ဒဏ္ေၾကာင့္ အသားအေရပ်က္စီးတဲ့အခါမွာလည္း သံုးႏိုင္တယ္။ ကမ္းေျခသြားလို႔ ေနေလာင္ၿပီး အသားနီရဲ စပ္ဖ်င္းဖ်င္းျဖစ္လာၿပီဆုိ rosehip oil ေလး လူးေပးလိုက္တာနဲ႔ နီရဲေရာင္ရမ္းတာ ခ်က္ခ်င္းသက္သာသြားတယ္။ အသားလည္း ေအးသြားတယ္။

၅။ လက္သည္း ေျခသည္းေလးေတြကိုလည္း အားျဖည့္ေပးႏိုင္ပါတယ္။ အိပ္ရာဝင္ခါနီးတုိင္းမွာ rosehip oil ေလးကို လက္သည္း ေျခသည္းေတြကို လိမ္းေပးၾကည့္။ တစ္ပတ္ေလာက္ ေန႔တုိင္း လိမ္းေပးတာနဲ႔တင္ သိသိသာသာ လွလာမွာပါေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဝက်ခြံတွေပေါက်နေချိန် အသားခြောက်နေချိန်မှာ လိမ်းကြည့်ရင် ဝက်ခြံပျောက်တာမြန်ပြီး အသားအရေစိုပြည်လာတယ်။

ခုတလောမှာမှ beauty blogger တချို့ မျှဝေနေကြတဲ့ rosehip oil ဟာ ညီမလေးတို့ ပျိုမေတို့တော့ ကိုယ်တိုင်သုံးဖူးချင်မှ သုံးဖူးမှာပါနော်။ Rosehip oil ဆိုတာက ခုမှ ပေါ်လာတာတော့ မဟုတ်ဘူးရယ်။ ကိုယ်တွေကတော့ ခုမှကြားဖူးတာပေါ့နော်။ အဲ့တာနဲ့ ပျိုမေလေးတို့လည်း သိရအောင် မဒီက rosehip oil အကြောင်း ရေးပေးလိုက်ပါတယ်။

Rosehip oil ဟာ အသားအရေကို အားသစ်လောင်းနုပျိုစေပြီး ဆံပင်အတွက်လည်း ကောင်းကျိုးထူးတဲ့ ဆီတစ်မျိုးပါ။ ချီလီနိုင်ငံက Andean Indian လူမျိုးတွေက မျိုးရိုးစဉ်ဆက် သုံးစွဲခဲ့ကြတယ်။ ဒီဆီမှာ သဘာဝ အာဟာရနဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်နေလို့ သောက်လည်းသောက် လိမ်းလည်းလိမ်းကြတယ်။

၁။ ဆံပင်တွေခြောက်သွေ့နေရင် rosehip oil ကို အပူပေးပြီး ဦးရေပြားကိုလိမ်းကာ နှိပ်နယ်ပေးပါ။ နှိပ်ပြီး တစ်နာရီကြာမှ ခေါင်းလျှော်လိုက်ရင် ဆံသားတွေ နူးညံ့စိုပြေလာတာ တွေ့ရပါလိမ့်မယ်။ ဗောက်လည်းပျောက်စေနိုင်ပါသေးတယ်။

၂။ အသားရေခြောက်သွေ့သူတွေအတွက်လည်း rosehip oil က အသုံးတည့်ပါတယ်။ သူ့မှာ fatty acid တွေ ကြွယ်ဝစွာ ပါဝင်လို့  အသားအရေကို တင်းရင်းနုပျိုစေတယ်လေ။ Victoria Secret မော်ဒယ် မီရန်ဒါ ကားရ် ဆိုရင် rosehip oil ကို အမြဲတမ်းသုံးသူပါ။ အသားအရေခြောက်သွေ့အက်ကွဲတာတွေ ပျောက်စေပြီး စိုပြေစေတယ်။ ဒူး၊ တံတောင်တို့ကို လိမ်းပေးရင် မည်းတာတွေပျောက်တယ်။ နှုတ်ခမ်းကွဲ ခြေဖနောင့်ကွဲရင်လည်း လိမ်းနိုင်ပါတယ်။

၃။ နောက်တစ်ခုကတော့ အမာရွတ်တွေကို မှေးမှိန်သွားစေနိုင်စွမ်းလည်း ရှိပါတယ်။ အကြောပြတ်ရာတွေနဲ့ အသက်ကြီးလို့ အရေပြားပေါ်မှာဖြစ်လာတဲ့ အမည်းစက်တွေ၊ အပူလောင်အမာရွတ်တွေပေါ်ကို rosehip oil လေး လူးပေးကြည့်ပါ။

၄။ Rosehip Oil ကို နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးတဲ့အခါမှာလည်း သုံးနိုင်တယ်။ ကမ်းခြေသွားလို့ နေလောင်ပြီး အသားနီရဲ စပ်ဖျင်းဖျင်းဖြစ်လာပြီဆို rosehip oil လေး လူးပေးလိုက်တာနဲ့ နီရဲရောင်ရမ်းတာ ချက်ချင်းသက်သာသွားတယ်။ အသားလည်း အေးသွားတယ်။

၅။ လက်သည်း ခြေသည်းလေးတွေကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။ အိပ်ရာဝင်ခါနီးတိုင်းမှာ rosehip oil လေးကို လက်သည်း ခြေသည်းတွေကို လိမ်းပေးကြည့်။ တစ်ပတ်လောက် နေ့တိုင်း လိမ်းပေးတာနဲ့တင် သိသိသာသာ လှလာမှာပါနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top