(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

၂၀၁၇ ခုႏွစ္၊ နိုဝင္ဘာလ ၁၃ ရက္ေန႔ နံနက္ ၁၁ နာရီအခ်ိန္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ျမင္းမူၿမိဳ႕နယ္၊ နဘဲေက်းရြာသြားလမ္း၊ ပဲစင္းငုံအခင္း၌ လည္ပင္းတြင္ ဓားႏွင့္လွီး အသတ္ခံရေသာ အမ်ိဳးသမီးအေလာင္းတစ္ေလာင္းေတြ႕ရွိေၾကာင္း သတင္းအရ ျမင္းမူၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ားက သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ရာ Online ေပၚတြင္ သမီးရည္းစားျဖစ္၍ အျပင္၌ ခ်ိန္းေတြ႕စဥ္ စကားမ်ားရန္ျဖစ္ရာမွ လူသတ္မွုျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆုိပါ ပုပ္ပြေနေသာ အမ်ိဳးသမီးအေလာင္းတစ္ေလာင္း ေတြ႕ရွိရမႈမွ ေသဆုံးသူမွာ ေညာင္ျမစ္ေက်းရြာေန မလဲ့လဲ့သင္း(၃၅)ႏွစ္ျဖစ္ၿပီး ၎ဝတ္ဆင္ထားသည့္ ဆြဲသီးပါဆြဲႀကိဳး(၁)ကုံး၊ လက္စြပ္(၁)ကြင္း၊ နားကပ္(၁)ရံႏွင့္ ၎စီးနင္းသည့္ ဆိုင္ကယ္တို႔ မရွိေတာ့ေၾကာင္း စစ္ေဆးေတြ႕ရွိရသျဖင့္ ျမင္းမူၿမိဳ႕မရဲစခန္း(ပ)၁၃၃/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၉၂ ျဖင့္ အမွုဖြင့္စုံစမ္းခဲ့သည္။

 တပ္ဖြဲ႕ဝင္မ်ားက ျပစ္မွုက်ဴးလြန္သူအားစုံစမ္းရာ ဝက္လက္ ၿမိဳ႕နယ္၊ က်ီးကန္ေတာင္ရြာေန ဟန္ဦး(၄၀)ႏွစ္ျဖစ္ၿပီး စစ္ေဆးေဖာ္ထုတ္ခ်က္အရ မလဲ့လဲ့သင္းႏွင့္ လြန္ခဲ့ေသာ(၃)လခန႔္ကစ၍ ဖုန္းအင္တာနက္ လိုင္းအသုံးျပဳရင္း ခ်စ္သူျဖစ္ခဲ့ေၾကာင္း၊ မလဲ့လဲ့သင္းႏွင့္ မၾကာခဏခ်ိန္းဆိုၿပီး အခင္းျဖစ္ေန႔(၂-၁၁-၂၀၁၇)ရက္ေန႔က မလဲ့လဲ့သင္းမွ ကိုယ္ဝန္ရွိေၾကာင္း ေျပာသျဖင့္ စကားမ်ားရန္ျဖစ္ၾကေၾကာင္း၊ ၎မွ အသင့္ပါလာေသာ ေကာ္ရိုးအနက္တပ္(၉)လက္ခန႔္ရွိ စတီးဓားျဖင့္ လည္ပင္းလွီးျဖတ္သတ္ခဲ့သည္။

 မလဲ့လဲ့သင္း၏ လက္ဝတ္ရတနာမ်ားႏွင့္ CZI-125 နက္ျပာေရာင္ဆိုင္ကယ္အား ယူေဆာင္ခဲ့ေၾကာင္း စစ္ေဆးသိရွိရသျဖင့္ ဟန္ဦး အား အမွုျဖင့္ ဖမ္းဆီး စစ္ေဆးလ်က္ရွိေၾကာင္း ျမန္မာႏုိင္ငံ ရဲတပ္ဖဲြ ့၏ သတင္းထုတ္ျပန္ခ်က္အရ သိရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ နဘဲကျေးရွာသွားလမ်း၊ ပဲစင်းငုံအခင်း၌ လည်ပင်းတွင် ဓားနှင့်လှီး အသတ်ခံရသော အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိကြောင်း သတင်းအရ မြင်းမူမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ Online ပေါ်တွင် သမီးရည်းစားဖြစ်၍ အပြင်၌ ချိန်းတွေ့စဉ် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုပ်ပွနေသော အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိရမှုမှ သေဆုံးသူမှာ ညောင်မြစ်ကျေးရွာနေ မလဲ့လဲ့သင်း(၃၅)နှစ်ဖြစ်ပြီး ၎င်းဝတ်ဆင်ထားသည့် ဆွဲသီးပါဆွဲကြိုး(၁)ကုံး၊ လက်စွပ်(၁)ကွင်း၊ နားကပ်(၁)ရံနှင့် ၎င်းစီးနင်းသည့် ဆိုင်ကယ်တို့ မရှိတော့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မြင်းမူမြို့မရဲစခန်း(ပ)၁၃၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။

 တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူအားစုံစမ်းရာ ဝက်လက် မြို့နယ်၊ ကျီးကန်တောင်ရွာနေ ဟန်ဦး(၄၀)နှစ်ဖြစ်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ မလဲ့လဲ့သင်းနှင့် လွန်ခဲ့သော(၃)လခန့်ကစ၍ ဖုန်းအင်တာနက် လိုင်းအသုံးပြုရင်း ချစ်သူဖြစ်ခဲ့ကြောင်း၊ မလဲ့လဲ့သင်းနှင့် မကြာခဏချိန်းဆိုပြီး အခင်းဖြစ်နေ့(၂-၁၁-၂၀၁၇)ရက်နေ့က မလဲ့လဲ့သင်းမှ ကိုယ်ဝန်ရှိကြောင်း ပြောသဖြင့် စကားများရန်ဖြစ်ကြကြောင်း၊ ၎င်းမှ အသင့်ပါလာသော ကော်ရိုးအနက်တပ်(၉)လက်ခန့်ရှိ စတီးဓားဖြင့် လည်ပင်းလှီးဖြတ်သတ်ခဲ့သည်။

 မလဲ့လဲ့သင်း၏ လက်ဝတ်ရတနာများနှင့် CZI-125 နက်ပြာရောင်ဆိုင်ကယ်အား ယူဆောင်ခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် ဟန်ဦး အား အမှုဖြင့် ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top