Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ၾကက္ဥ၊ သစ္ၾကားသီးေတြမွာ ပါဝင္ပါတယ္

အိုမီဂါ သရီး (Omega 3) ေခၚ ငါးႀကီးဆီ ေကာင္းက်ိဳးမ်ား

(၁) မ်က္စိကို ဆုတ္ယုတ္ပ်က္စီးမႈ မျဖစ္ေအာင္ ကာကြယ္ေပးျခင္း

တူနာ ဒါမွမဟုတ္ ဆယ္လ္မြန္ ငါးေတြမွာ အိုမီဂါ သရီး (Omega 3) အမ်ားဆံုး ပါဝင္ၿပီး ငါးကို တစ္ပတ္မွာ ႏွစ္ႀကိမ္ ဒါမွမဟုတ္ သံုးႀကိမ္ေလာက္ စားသံုးေပးမယ္ဆိုရင္ အသက္အရြယ္ႀကီးရင့္လာလို႔ အိုမင္းရင့္ေရာ္ျခင္းကို ေႏွးေကြးေစႏိုင္ပါတယ္။ မက္ကူလာ ယိုယြင္းပ်က္စီးျခင္း (agerelated macular degeneration) ျဖစ္ႏိုင္ေျခကို ၂၅% ထိ ေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ အေမရိကန္မွ သုေတသနျပဳသူေတြက ဆိုပါတယ္။ Omega 3s ရယ္၊ Antioxidants အားျဖည့္ေဆးရယ္၊  ေပါင္းစပ္ၿပီး စားသံုးေပးျခင္းဟာ မ်က္စိကို မပ်က္စီးေစဘဲ မ်က္စိအနီးအေဝး မမႈန္ေအာင္ လုပ္ႏိုင္တဲ့ အေကာင္းဆံုး နည္းလမ္းျဖစ္ပါတယ္။

(၂) မွတ္ဉာဏ္ရည္ စြမ္းအားအလြန္ ေကာင္းမြန္လာျခင္း

အိုမီဂါ သရီး (Omega 3) ပါတဲ့အစားအစာေတြနဲ႔ အားျဖည့္ေဆးေတြဟာ သတိေမ့တတ္သူေတြကုိ မွတ္ဉာဏ္အား ျပန္ေကာင္းလာေစႏိုင္ပါတယ္။ အေမရိကန္မွ သုေတသနေလ့လာမႈအရ အိုမီဂါ သရီး (Omega 3) ပါတဲ့အစားအစာေတြနဲ႔ အားေဆးကို ေန႔စဥ္ ေသာက္တဲ့သူေတြက မွတ္ဉာဏ္ရည္ စြမ္းအားမွာ သံုးႏွစ္စာေလာက္ ပိုတိုးတက္လာတယ္လို႔ ဆိုပါတယ္။

(၃) ႏွလံုးက်န္းမာေရးေကာင္းမြန္ေစျခင္း

အိုမီဂါ သရီး (Omega 3) အဆီေတြဟာ ေသြးတြင္းထဲရွိ အဆီပါဝင္ႏႈန္းေတြ ေလ်ာ့နည္းေအာင္ ကူညီႏိုင္ပါတယ္။ အေမရိကန္မွာ ေလ့လာမႈအရ အိုမီဂါ သရီး (Omega 3) ကို ေန႕စဥ္ေသာက္သူေတြဟာ ေသြးထဲရွိ မေကာင္းတဲ့ အဆီ (LDL) အဆင့္ကိုလည္း ထက္ဝက္ခန္႔ ေလွ်ာ့ခ်ႏိုင္တယ္လို႔ ဆိုပါတယ္။

(၄) အာ႐ံုစူးစိုက္မႈ မရေသာ ေဝဒနာေလွ်ာ့ခ်ႏိုင္ျခင္း

ဆြီဒင္ႏုိင္ငံ ေလ့လာမႈတစ္ခုအရ အာ႐ံုစူးစုိက္လို႔မရတ့ဲ ေရာဂါ (ADHD) ရွိတဲ့ကေလးေတြကို အိုမီဂါ သရီး (Omega 3) ျမင့္မားစြာ ပါဝင္တဲ့ အားေဆးေတြ ေပးခဲ့ပါတယ္။ ေျခာက္လအၾကာမွာ အဲဒီ ကေလးေတြရဲ႕ ၄၇ % မွာ ေဝဒနာ ၂၅% ေလာက္ထိ သက္သာသြားၿပီး ကေလး ၁၂ % မွာ ေဝဒနာ ထက္ဝက္ခန္႔ သက္သာသြားတာကို ေတြ႕ခဲ့ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ကြက်ဥ၊ သစ်ကြားသီးတွေမှာ ပါဝင်ပါတယ်

အိုမီဂါ သရီး (Omega 3) ခေါ် ငါးကြီးဆီ ကောင်းကျိုးများ

(၁) မျက်စိကို ဆုတ်ယုတ်ပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးခြင်း

တူနာ ဒါမှမဟုတ် ဆယ်လ်မွန် ငါးတွေမှာ အိုမီဂါ သရီး (Omega 3) အများဆုံး ပါဝင်ပြီး ငါးကို တစ်ပတ်မှာ နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ်လောက် စားသုံးပေးမယ်ဆိုရင် အသက်အရွယ်ကြီးရင့်လာလို့ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်ပါတယ်။ မက်ကူလာ ယိုယွင်းပျက်စီးခြင်း (agerelated macular degeneration) ဖြစ်နိုင်ခြေကို ၂၅% ထိ လျှော့ချပေးနိုင်တယ်လို့ အမေရိကန်မှ သုတေသနပြုသူတွေက ဆိုပါတယ်။ Omega 3s ရယ်၊ Antioxidants အားဖြည့်ဆေးရယ်၊  ပေါင်းစပ်ပြီး စားသုံးပေးခြင်းဟာ မျက်စိကို မပျက်စီးစေဘဲ မျက်စိအနီးအဝေး မမှုန်အောင် လုပ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

(၂) မှတ်ဉာဏ်ရည် စွမ်းအားအလွန် ကောင်းမွန်လာခြင်း

အိုမီဂါ သရီး (Omega 3) ပါတဲ့အစားအစာတွေနဲ့ အားဖြည့်ဆေးတွေဟာ သတိမေ့တတ်သူတွေကို မှတ်ဉာဏ်အား ပြန်ကောင်းလာစေနိုင်ပါတယ်။ အမေရိကန်မှ သုတေသနလေ့လာမှုအရ အိုမီဂါ သရီး (Omega 3) ပါတဲ့အစားအစာတွေနဲ့ အားဆေးကို နေ့စဉ် သောက်တဲ့သူတွေက မှတ်ဉာဏ်ရည် စွမ်းအားမှာ သုံးနှစ်စာလောက် ပိုတိုးတက်လာတယ်လို့ ဆိုပါတယ်။

(၃) နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း

အိုမီဂါ သရီး (Omega 3) အဆီတွေဟာ သွေးတွင်းထဲရှိ အဆီပါဝင်နှုန်းတွေ လျော့နည်းအောင် ကူညီနိုင်ပါတယ်။ အမေရိကန်မှာ လေ့လာမှုအရ အိုမီဂါ သရီး (Omega 3) ကို နေ့စဉ်သောက်သူတွေဟာ သွေးထဲရှိ မကောင်းတဲ့ အဆီ (LDL) အဆင့်ကိုလည်း ထက်ဝက်ခန့် လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။

(၄) အာရုံစူးစိုက်မှု မရသော ဝေဒနာလျှော့ချနိုင်ခြင်း

ဆွီဒင်နိုင်ငံ လေ့လာမှုတစ်ခုအရ အာရုံစူးစိုက်လို့မရတဲ့ ရောဂါ (ADHD) ရှိတဲ့ကလေးတွေကို အိုမီဂါ သရီး (Omega 3) မြင့်မားစွာ ပါဝင်တဲ့ အားဆေးတွေ ပေးခဲ့ပါတယ်။ ခြောက်လအကြာမှာ အဲဒီ ကလေးတွေရဲ့ ၄၇ % မှာ ဝေဒနာ ၂၅% လောက်ထိ သက်သာသွားပြီး ကလေး ၁၂ % မှာ ဝေဒနာ ထက်ဝက်ခန့် သက်သာသွားတာကို တွေ့ခဲ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top