Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ႏုိဝင္ဘာလ ၁၃ ရက္ေန႔က ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

ရခုိင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ NLD ပါတီ ဥကၠ႒ ဦးရဲသိန္းရဲ႕ ညီေတာ္စပ္သူ ေနအိမ္မွာ WY မူးယစ္ေဆးျပား ကုိးသိန္းေက်ာ္ ဖမ္းမိခဲ့တယ္လုိ႔ ေမာင္ေတာၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုတိယရဲမွဴး ေသာင္းၾကြယ္က ေျပာပါတယ္။

ဦးရဲသိန္းရဲ႕ ညီေတာ္စပ္သူ ဦးစုိးပုိင္နဲ႔ မိခင္ျဖစ္သူတို႔ ေနထုိင္တဲ့အိမ္မွာ ေသတၱာနဲ႔သိမ္းဆည္းထားတဲ့ ေဆးျပား ၉၇၅,၀၀၀ (တန္ဖိုးက်ပ္သိန္း ၁၉,၅၀၀) ကုိ ႏုိဝင္ဘာလ ၁၃ ရက္ေန႔က ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

အရင္ကေတာ့ ဦးရဲသိန္း ေနအိမ္ကေန ဖမ္းမိခဲ့တာလို႔ သတင္းေတြပ်ံ႕ႏွံ႔ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ဦးစုိးပိုင္နဲ႔ ဦးဘသိန္းေမာင္ ဆုိသူတုိ႔ရဲ႕ မူးယစ္ေဆးေတြသာျဖစ္ၿပီး ဦးစုိးပုိင္ကို ဖမ္းဆီးစစ္ေဆးေနကာ ဦးဘသိန္းေမာင္ကိုလည္း ဖမ္းဆီးရန္ ရွာေဖြေနတယ္လုိ႔ ဒုတိယ ရဲမွဴး ေသာင္းၾကြယ္က ေျပာပါတယ္။

ဖမ္းဆီးရမိတဲ့ မူးယစ္ေဆးေတြက သူနဲ႔ မသက္ဆုိင္ဘူးလို႔ ဦးရဲသိန္းက ရခုိင္ျပည္နယ္အစုိးရအဖြဲ႔ပုိင္ ရခုိင္ေဂဇက္ သတင္းဌာနသုိ႔ ေျဖၾကားထားၿပီး မူးယစ္ေဆးေတြ ေတြ႔ရွိတဲ့ေနအိမ္က မိခင္နဲ႔ ညီအစ္ကုိ ေမာင္ႏွမေတြေနထုိင္တဲ့  အိမ္ျဖစ္ၿပီး ဦးရဲသိန္းက ပါတီရုံးမွာေနထိုင္တာ ၾကာျမင့္ၿပီလို႔ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
နိုဝင်ဘာလ ၁၃ ရက်နေ့က ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းရဲ့ ညီတော်စပ်သူ နေအိမ်မှာ WY မူးယစ်ဆေးပြား ကိုးသိန်းကျော် ဖမ်းမိခဲ့တယ်လို့ မောင်တောမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး သောင်းကြွယ်က ပြောပါတယ်။

ဦးရဲသိန်းရဲ့ ညီတော်စပ်သူ ဦးစိုးပိုင်နဲ့ မိခင်ဖြစ်သူတို့ နေထိုင်တဲ့အိမ်မှာ သေတ္တာနဲ့သိမ်းဆည်းထားတဲ့ ဆေးပြား ၉၇၅,၀၀၀ (တန်ဖိုးကျပ်သိန်း ၁၉,၅၀၀) ကို နိုဝင်ဘာလ ၁၃ ရက်နေ့က ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

အရင်ကတော့ ဦးရဲသိန်း နေအိမ်ကနေ ဖမ်းမိခဲ့တာလို့ သတင်းတွေပျံ့နှံ့ခဲ့ပေမယ့် နောက်ပိုင်းမှာ ဦးစိုးပိုင်နဲ့ ဦးဘသိန်းမောင် ဆိုသူတို့ရဲ့ မူးယစ်ဆေးတွေသာဖြစ်ပြီး ဦးစိုးပိုင်ကို ဖမ်းဆီးစစ်ဆေးနေကာ ဦးဘသိန်းမောင်ကိုလည်း ဖမ်းဆီးရန် ရှာဖွေနေတယ်လို့ ဒုတိယ ရဲမှူး သောင်းကြွယ်က ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေက သူနဲ့ မသက်ဆိုင်ဘူးလို့ ဦးရဲသိန်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပိုင် ရခိုင်ဂေဇက် သတင်းဌာနသို့ ဖြေကြားထားပြီး မူးယစ်ဆေးတွေ တွေ့ရှိတဲ့နေအိမ်က မိခင်နဲ့ ညီအစ်ကို မောင်နှမတွေနေထိုင်တဲ့  အိမ်ဖြစ်ပြီး ဦးရဲသိန်းက ပါတီရုံးမှာနေထိုင်တာ ကြာမြင့်ပြီလို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top