Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေမာင္းသူမဲ့အေမရိကန္ႏိုင္ငံရဲ႕ ပထမဆုံး ေမာင္းသူမဲ့ ဘတ္စ္ကားဟာ လက္စ္ဗီးဂတ္ၿမိဳ႕က အမ်ားျပည္သူေရွ႕ေမွာက္မွာ မိတ္ဆက္ခဲ့အၿပီး ႏွစ္နာရီအၾကာမွာပဲ ယာဥ္တုိက္မႈ ျဖစ္ပြားခဲ့ပါတယ္။

အဲ့ဒီေမာင္းသူမဲ့ shuttle ဘတ္စ္ကားဟာ ထရပ္ကားအေသးစားကို ဝင္တိုက္မိခဲ့တာ ျဖစ္ပါတယ္။

ၿမိဳ႕အာဏာပုိင္ေတြက ဘတ္စ္ကားအတြက္ မိတ္ဆက္ပြဲကို ဦးေဆာင္ျပဳလုပ္ခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံရဲ႕ ပထမဆုံးေမာင္းသူမဲ့ shuttle pilot project ဟာ အမ်ားျပည္သူ အတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ ေျပာၾကားခဲ့ေပမယ့္ ႏွစ္နာရီမၾကာေသးခင္မွာပဲ ထရပ္ကားနဲ႔ တုိက္မိခဲ့ပါတယ္။

ယာဥ္မေတာ္တဆမႈ ျဖစ္ပြားခဲ့ရတာဟာ တစ္ဖက္က လူသားယာဥ္ေမာင္းသူရဲ႕ အမွားျဖစ္တယ္လို႔ Las Vegas Review-Journal ကေဖာ္ျပခဲ့ပါတယ္။ ယာဥ္တိုက္မႈေၾကာင့္ ဒဏ္္ရာရသူမရွိေပမယ့္ အနည္းငယ္ထိခိုက္ပ်က္စီးခဲ့ပါတယ္။

ဘဲဥပုံစံ ေမာင္းသူမဲ့ဘတ္စ္ကားကို AAA က စပြန္ဆာေပးထားၿပီး တစ္ႀကိမ္မွာ ခရီးသည္ ၁၂ ဦး တင္ေဆာင္ႏိုင္ပါတယ္။ ဘတ္စ္ကားမွာ အေစာင့္တစ္ေယာက္နဲ႔ ကြန္ပ်ဴတာေမာ္နီတာတစ္ခု ပါဝင္ပါတယ္။ ဘတ္စ္ကားမွာ ဘရိတ္နဲ႔ စတီယာတိုင္မပါဝင္ဘဲ GPS နဲ႔ အႏၲရာယ္ေတြ ေရွာင္လႊဲႏိုင္တဲ့ electric curb sensor ေတြ ပါဝင္ပါတယ္။

စက္တင္ဘာလက အေမရိကန္ေအာက္လႊတ္ေတာ္မွာ ေမာင္းသူမဲ့ကားအက္ဥပေဒကို တင္သြင္းမႈ ေအာင္ျမင္ခဲ့ပါတယ္။ အဲဒီအက္ဥပေဒကို အထက္လႊတ္ေတာ္က ျပ႒ာန္းခဲ့ရင္ ကားထုတ္လုပ္သူေတြအေနနဲ႔ ဖက္ဒရယ္နဲ႔ ျပည္နယ္စည္းမ်ဥ္း စည္းကမ္းေတြ ကင္းလြတ္ခြင့္ရရွိသြားၿပီး တစ္ႏွစ္မွာ ေမာင္းသူမဲ့ကား စမ္းသပ္မႈ ၁၀၀,၀၀၀ အထိ ျပဳလုပ္လာႏိုင္ပါတယ္။

အဲဒီအက္ဥပေဒေအာက္မွာပဲ ျပည္နယ္ေတြက လမ္းမေပၚမွာ အလိုအေလ်ာက္ကား ခြင့္ျပဳေရး၊ မျပဳေရးကို ဆုံးျဖတ္ႏိုင္ပါေသးတယ္။ ဒါေပမဲ့ ဖက္ဒရယ္အစိုးရက ျပည္နယ္တခ်ိဳ႕ စည္းကမ္းေတြအျပင္ ဖက္ဒရယ္လုံၿခဳံေရး စည္းမ်ဥ္းတခ်ိဳ႕ကို ေရွာင္လႊဲၿပီး ကားထုတ္ကုန္သူေတြကုိ ခြင့္ျပဳခ်က္ ခ်ေပးႏိုင္ပါေသးတယ္။

အရင္တုန္းကလည္း ေမာင္းသူမဲ့ကားေတြဟာ ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့ဖူးပါတယ္။ မတ္လက အရီဇိုးနားျပည္နယ္မွာ ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့တာေၾကာင့္ အေမရိကန္ႏိုင္ငံအတြင္း ေမာင္းသူမဲ့ကား စမ္းသပ္မႈေတြကို Uber က ရပ္တန္႔ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Internet Journal
#Unicode Version#
အမေရိကန်နိုင်ငံရဲ့ ပထမဆုံး မောင်းသူမဲ့ ဘတ်စ်ကားဟာ လက်စ်ဗီးဂတ်မြို့က အများပြည်သူရှေ့မှောက်မှာ မိတ်ဆက်ခဲ့အပြီး နှစ်နာရီအကြာမှာပဲ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီမောင်းသူမဲ့ shuttle ဘတ်စ်ကားဟာ ထရပ်ကားအသေးစားကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

မြို့အာဏာပိုင်တွေက ဘတ်စ်ကားအတွက် မိတ်ဆက်ပွဲကို ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးမောင်းသူမဲ့ shuttle pilot project ဟာ အများပြည်သူ အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပေမယ့် နှစ်နာရီမကြာသေးခင်မှာပဲ ထရပ်ကားနဲ့ တိုက်မိခဲ့ပါတယ်။

ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရတာဟာ တစ်ဖက်က လူသားယာဉ်မောင်းသူရဲ့ အမှားဖြစ်တယ်လို့ Las Vegas Review-Journal ကဖော်ပြခဲ့ပါတယ်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူမရှိပေမယ့် အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဘဲဥပုံစံ မောင်းသူမဲ့ဘတ်စ်ကားကို AAA က စပွန်ဆာပေးထားပြီး တစ်ကြိမ်မှာ ခရီးသည် ၁၂ ဦး တင်ဆောင်နိုင်ပါတယ်။ ဘတ်စ်ကားမှာ အစောင့်တစ်ယောက်နဲ့ ကွန်ပျူတာမော်နီတာတစ်ခု ပါဝင်ပါတယ်။ ဘတ်စ်ကားမှာ ဘရိတ်နဲ့ စတီယာတိုင်မပါဝင်ဘဲ GPS နဲ့ အန္တရာယ်တွေ ရှောင်လွှဲနိုင်တဲ့ electric curb sensor တွေ ပါဝင်ပါတယ်။

စက်တင်ဘာလက အမေရိကန်အောက်လွှတ်တော်မှာ မောင်းသူမဲ့ကားအက်ဥပဒေကို တင်သွင်းမှု အောင်မြင်ခဲ့ပါတယ်။ အဲဒီအက်ဥပဒေကို အထက်လွှတ်တော်က ပြဋ္ဌာန်းခဲ့ရင် ကားထုတ်လုပ်သူတွေအနေနဲ့ ဖက်ဒရယ်နဲ့ ပြည်နယ်စည်းမျဉ်း စည်းကမ်းတွေ ကင်းလွတ်ခွင့်ရရှိသွားပြီး တစ်နှစ်မှာ မောင်းသူမဲ့ကား စမ်းသပ်မှု ၁၀၀,၀၀၀ အထိ ပြုလုပ်လာနိုင်ပါတယ်။

အဲဒီအက်ဥပဒေအောက်မှာပဲ ပြည်နယ်တွေက လမ်းမပေါ်မှာ အလိုအလျောက်ကား ခွင့်ပြုရေး၊ မပြုရေးကို ဆုံးဖြတ်နိုင်ပါသေးတယ်။ ဒါပေမဲ့ ဖက်ဒရယ်အစိုးရက ပြည်နယ်တချို့ စည်းကမ်းတွေအပြင် ဖက်ဒရယ်လုံခြုံရေး စည်းမျဉ်းတချို့ကို ရှောင်လွှဲပြီး ကားထုတ်ကုန်သူတွေကို ခွင့်ပြုချက် ချပေးနိုင်ပါသေးတယ်။

အရင်တုန်းကလည်း မောင်းသူမဲ့ကားတွေဟာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ဖူးပါတယ်။ မတ်လက အရီဇိုးနားပြည်နယ်မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာကြောင့် အမေရိကန်နိုင်ငံအတွင်း မောင်းသူမဲ့ကား စမ်းသပ်မှုတွေကို Uber က ရပ်တန့်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Internet Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top