ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မိတ္ကပ္ ျပင္တယ္ဆုိတာဟာ ေဆးေရာင္လွလွျခယ္တဲ့ အႏုပညာ တစ္ရပ္ပါပဲ။ ဒါေပမယ့္လည္း သူ႔ေနရာနဲ႔သူ၊ အခ်ိန္ကာလနဲ႔အညီ လိုက္ဖက္မႈရွိတဲ့ လိမ္းျခယ္နည္း ေတြကို ကၽြမ္းက်င္ပိုင္ႏုိင္ဖို႔ေတာ့ လိုပါတယ္ေနာ္။ အခ်ိဳ႕ကေတာ့ အလွတရားဆိုတာက Natural ဆန္ေလ ယံုၾကည္ ေပါ့ပါးမႈ ပိုရွိေလလို႔ ဆိုျပန္ပါတယ္။ “ျပင္လြန္းေတာ့ ဖင္ခၽြန္း”ဆိုသလိုပဲ မိတ္ကပ္ထူထူႀကီးလိမ္းလိုက္လို႔ လိုက္ဖက္မႈ မရွိဘဲ နဂို အလွ ကိုေတာင္ ပ်က္စီးသြားတတ္တာကို သတိျပဳဖို႔ လိုပါတယ္။ ဒါ့ေၾကာင့္ မိတ္ကပ္ ထူထူႀကီးလိမ္းမယ့္အစား သဘာဝဆန္ဆန္ natural look ေလးျဖစ္ေနဖို႔အတြက္ မိတ္ကပ္ လိမ္းျခယ္နည္း အဆင့္ဆင့္ကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

(၁) Liquid foundation ကိုေရြးခ်ယ္ အသံုးျပဳ ေစခ်င္ပါတယ္။ သင့္ရဲ႕အသားအေရ နဲ႔ တစ္ထပ္​တည္းက်တဲ့ အေရာင္ကို အသံုးျပဳေပးပါေနာ္။ Liquid Foundation ကိုအသံုးျပဳရတဲ့အေၾကာင္းအရင္းကေတာ့ မိိတ္ကပ္ သားထူထူျပစ္ျပစ္ႀကီးျဖစ္မေနဘဲ မ်က္ႏွာ ေပၚႏူးညံ႔စြာ ညွိၿပီးလိမ္းရလြယ္ကူတဲ့အတြက္ေၾကာင့္ပါ။ ဒါမွလည္း မိတ္ကပ္ ကြက္တာမ်ိဳးေတြမျဖစ္ဘဲ မိတ္ကပ္ ပါးပါးေလးနဲ႔ Natural Look ေလးျဖစ္ေနမွာပါ။

(၂) မိတ္ကပ္ ျပင္တဲ့အခါမွာ မ်က္ခံုးေမႊး ဆြဲတာက အဓိကက်တဲ့အပိုင္းပါပဲ။ ဒါေပမယ့္ ခုလို သဘာဝဆန္ဆန္မိိတ္ကပ္လိမ္းျခယ္နည္းမွာေတာ့ မ်က္ခံုးေမႊး ကို အသားေပးလိမ္းျခယ္တာမ်ိဳး မျပဳလုပ္ပါနဲ႔။ မ်က္​ခံုး​ေမႊးကို အလြန္​အကြၽံ ပံု​ေဖာ္​ျခင္​းေ႐ွာင္​ၾကဥ္​ပါ။ ခဲတံေလးနဲ႔ ခပ္ဖြဖြေလးပံုေဖာ္ၿပီးမွ က်န္ရွိေနတဲ့အတြင္းသားအပိုင္းကို အမႈန္႔ေလးနဲ႔ ျပန္ျဖည့္ေပးပါ။ Natural ဆန္ေစဖို႔ eye browအညိဳ​ေရာင္​ကိုသာ ​ေရြးခ်ယ္​သံုး​ေပးပါေနာ္။

(၃) Eyeshadow ကို အထပ္​ထပ္ ​မျခယ္​သဘဲ ႏႈတ္​ခမ္​း​ေရာင္​ နဲ႔ လိုက္​ဖက္​တဲ့ တခုထဲ​ေသာ အ​ေရာင္​ကိုသာ ျခယ္​သပါ cream typeကိုသံုး​ေပးမယ္​ဆိုရင္​ ပိုအဆင္​​ေျပပါတယ္​ေနာ္။ ၿပီးရင္ေတာ့ Eyeliner မဆြဲဘဲ mascara သံုးေပးၿပီး Natural ဆန္တဲ့ မ်က္ဝန္းအလွကိုပုံေဖာ္လိုက္ပါ။

(၄) Natural look ကို သ​ေဘာက်တယ္ဆိုရင္ေတာ့ ႏွာတံ နဲ႔ ပါး႐ိုးမွာ ​ countouring လုပ္​တာကို ​ေလ်ာ့ဖို႔လိုပါတယ္။ ႏွာတံေဖာ္တာ၊ ေမးရိုးေဖာ္တာမ်ိဳးကို ျဖစ္ႏိုင္ရင္ မလုပ္တာအေကာင္းဆံုးပါပဲ။

(၅) ေနာက္ဆံုးအဆင့္အေနနဲ႔ ႏႈတ္ခမ္းနီ ဆိုးတဲ့အခါမွာ Lip gloss ​ေလးကို ႏႈတ္​ခမ္း​ေပၚတင္​ၿပီး တစ္​႐ွဴးစနဲ႔ ကပ္​ခြာလုပ္​​ေပး​ပါ။ အဆီ​ပါဝင္တဲ့ ႏႈတ္ခမ္းနီ ကိုေရြးခ်ယ္အသံုးျပဳေပးပါေနာ္။ ဒါမွ သဘာဝတိုင္​း ႏႈတ္​ခမ္းရဲရဲ​ေလးကို ရ႐ွိပိုင္​ဆိုင္​​ေစမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
မိတ်ကပ် ပြင်တယ်ဆိုတာဟာ ဆေးရောင်လှလှခြယ်တဲ့ အနုပညာ တစ်ရပ်ပါပဲ။ ဒါပေမယ့်လည်း သူ့နေရာနဲ့သူ၊ အချိန်ကာလနဲ့အညီ လိုက်ဖက်မှုရှိတဲ့ လိမ်းခြယ်နည်း တွေကို ကျွမ်းကျင်ပိုင်နိုင်ဖို့တော့ လိုပါတယ်နော်။ အချို့ကတော့ အလှတရားဆိုတာက Natural ဆန်လေ ယုံကြည် ပေါ့ပါးမှု ပိုရှိလေလို့ ဆိုပြန်ပါတယ်။ “ပြင်လွန်းတော့ ဖင်ချွန်း”ဆိုသလိုပဲ မိတ်ကပ်ထူထူကြီးလိမ်းလိုက်လို့ လိုက်ဖက်မှု မရှိဘဲ နဂို အလှ ကိုတောင် ပျက်စီးသွားတတ်တာကို သတိပြုဖို့ လိုပါတယ်။ ဒါ့ကြောင့် မိတ်ကပ် ထူထူကြီးလိမ်းမယ့်အစား သဘာဝဆန်ဆန် natural look လေးဖြစ်နေဖို့အတွက် မိတ်ကပ် လိမ်းခြယ်နည်း အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) Liquid foundation ကိုရွေးချယ် အသုံးပြု စေချင်ပါတယ်။ သင့်ရဲ့အသားအရေ နဲ့ တစ်ထပ်တည်းကျတဲ့ အရောင်ကို အသုံးပြုပေးပါနော်။ Liquid Foundation ကိုအသုံးပြုရတဲ့အကြောင်းအရင်းကတော့ မိတ်ကပ် သားထူထူပြစ်ပြစ်ကြီးဖြစ်မနေဘဲ မျက်နှာ ပေါ်နူးညံ့စွာ ညှိပြီးလိမ်းရလွယ်ကူတဲ့အတွက်ကြောင့်ပါ။ ဒါမှလည်း မိတ်ကပ် ကွက်တာမျိုးတွေမဖြစ်ဘဲ မိတ်ကပ် ပါးပါးလေးနဲ့ Natural Look လေးဖြစ်နေမှာပါ။

(၂) မိတ်ကပ် ပြင်တဲ့အခါမှာ မျက်ခုံးမွှေး ဆွဲတာက အဓိကကျတဲ့အပိုင်းပါပဲ။ ဒါပေမယ့် ခုလို သဘာဝဆန်ဆန်မိတ်ကပ်လိမ်းခြယ်နည်းမှာတော့ မျက်ခုံးမွှေး ကို အသားပေးလိမ်းခြယ်တာမျိုး မပြုလုပ်ပါနဲ့။ မျက်ခုံးမွှေးကို အလွန်အကျွံ ပုံဖော်ခြင်းရှောင်ကြဉ်ပါ။ ခဲတံလေးနဲ့ ခပ်ဖွဖွလေးပုံဖော်ပြီးမှ ကျန်ရှိနေတဲ့အတွင်းသားအပိုင်းကို အမှုန့်လေးနဲ့ ပြန်ဖြည့်ပေးပါ။ Natural ဆန်စေဖို့ eye browအညိုရောင်ကိုသာ ရွေးချယ်သုံးပေးပါနော်။

(၃) Eyeshadow ကို အထပ်ထပ် မခြယ်သဘဲ နှုတ်ခမ်းရောင် နဲ့ လိုက်ဖက်တဲ့ တခုထဲသော အရောင်ကိုသာ ခြယ်သပါ cream typeကိုသုံးပေးမယ်ဆိုရင် ပိုအဆင်ပြေပါတယ်နော်။ ပြီးရင်တော့ Eyeliner မဆွဲဘဲ mascara သုံးပေးပြီး Natural ဆန်တဲ့ မျက်ဝန်းအလှကိုပုံဖော်လိုက်ပါ။

(၄) Natural look ကို သဘောကျတယ်ဆိုရင်တော့ နှာတံ နဲ့ ပါးရိုးမှာ  countouring လုပ်တာကို လျော့ဖို့လိုပါတယ်။ နှာတံဖော်တာ၊ မေးရိုးဖော်တာမျိုးကို ဖြစ်နိုင်ရင် မလုပ်တာအကောင်းဆုံးပါပဲ။

(၅) နောက်ဆုံးအဆင့်အနေနဲ့ နှုတ်ခမ်းနီ ဆိုးတဲ့အခါမှာ Lip gloss လေးကို နှုတ်ခမ်းပေါ်တင်ပြီး တစ်ရှူးစနဲ့ ကပ်ခွာလုပ်ပေးပါ။ အဆီပါဝင်တဲ့ နှုတ်ခမ်းနီ ကိုရွေးချယ်အသုံးပြုပေးပါနော်။ ဒါမှ သဘာဝတိုင်း နှုတ်ခမ်းရဲရဲလေးကို ရရှိပိုင်ဆိုင်စေမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top