Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ပဲခူးတန္ေဆာင္တုိင္ပြဲ တြင္ ပရိသတ္တစ္ဦးက ၎ဝတ္ ထားေသာ နားကပ္ကိုခြၽတ္၍ ဆုခ်ေသာေၾကာင့္ အံ့ဩခဲ့ရသည့္အ ေၾကာင္းကို Lဆုိင္းဇီက  ေဖ့စ္ ဘြတ္ခ္စာမ်က္ႏွာမွ  တစ္ဆင့္ မွ်ေဝထားသည္။

‘‘မေန႔ညက ပဲခူးတန္ေဆာင္ တုိင္ပြဲသြားဆိုၿပီး အျပန္မွာေပါ့ ေနာ္။ ပဲခူးက ပရိသတ္တစ္ ေယာက္က မဆိုင္းဇီကို ဆုခ်ခ်င္ လို႔ဆုိၿပီး သူ႔နားကပ္အတင္းခြၽတ္ ေပးတယ္။ ဟယ္... ကိုယ္ကလည္း ေၾကာင္သြားတာေပါ့ေနာ္။ ရတယ္ မလိုဘူး ျပန္ဝတ္ထားပါလုိ႔ေျပာ လည္း အတင္းခြၽတ္ေပးတယ္။ ပရိသတ္က ခ်စ္ၿပီး တန္ဖိုးထား သလို လက္ခံၿပီးယူေပးပါတဲ့။ ဒါ နဲ႔ ကိုယ္လည္း သူ႔ကို ဖက္နမ္း ပစ္လိုက္တယ္’’ဟု Lဆုိင္းဇီက ႏိုဝင္ဘာ ၄ ရက္တြင္ ေရးသား ထားသည္။

ဆုခ်သည့္ ပရိသတ္ အမ်ိဳး သမီးႏွင့္    ႐ိုက္ကူးထားေသာ ဓာတ္ပံုႏွင့္ ဆုခ်သည့္ နားကပ္ကို လည္း ဓာတ္ပံု႐ိုက္၍ ၎၏ ေဖ့စ္ ဘြတ္ခ္တြင္ တင္ထားသည္။

‘‘ဓာတ္ပံုေခၚ႐ိုက္ခ်ိန္ သူ ဒူးပါတုန္တယ္။ တစ္ကိုယ္လံုး တုန္ၿပီး ေနာင္ႏွစ္လည္း လာခဲ့ပါ။ အေခြေတြမ်ားမ်ားထုတ္ေပးပါဆုိ ၿပီး ေျပာလာတယ္’’ဟု ဆုခ်သည့္ ပရိသတ္ႏွင့္ပတ္သက္၍ ေရးသား ထားသည္။

ထို႔ေၾကာင့္ Lဆုိင္းဇီကလည္း ပရိသတ္မ်ား၏ အားေပးမႈေၾကာင့္အေခြမ်ား ဆက္တိုက္ထြက္ႏိုင္ ေအာင္ ႀကိဳးစားမည္ဟု ကတိေပး ေၾကာင္း ေရးသားထားသည္။

Lဆုိင္းဇီသည္ ‘ေဝခြဲမရပါ လား’ႏွင့္ ‘အစြဲအလမ္းႀကီးသူ’ တစ္ကိုယ္ေတာ္  အေခြႏွစ္ေခြ ထြက္ရွိထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ပဲခူးတန်ဆောင်တိုင်ပွဲ တွင် ပရိသတ်တစ်ဦးက ၎င်းဝတ် ထားသော နားကပ်ကိုချွတ်၍ ဆုချသောကြောင့် အံ့ဩခဲ့ရသည့်အ ကြောင်းကို Lဆိုင်းဇီက  ဖေ့စ် ဘွတ်ခ်စာမျက်နှာမှ  တစ်ဆင့် မျှဝေထားသည်။

‘‘မနေ့ညက ပဲခူးတန်ဆောင် တိုင်ပွဲသွားဆိုပြီး အပြန်မှာပေါ့ နော်။ ပဲခူးက ပရိသတ်တစ် ယောက်က မဆိုင်းဇီကို ဆုချချင် လို့ဆိုပြီး သူ့နားကပ်အတင်းချွတ် ပေးတယ်။ ဟယ်... ကိုယ်ကလည်း ကြောင်သွားတာပေါ့နော်။ ရတယ် မလိုဘူး ပြန်ဝတ်ထားပါလို့ပြော လည်း အတင်းချွတ်ပေးတယ်။ ပရိသတ်က ချစ်ပြီး တန်ဖိုးထား သလို လက်ခံပြီးယူပေးပါတဲ့။ ဒါ နဲ့ ကိုယ်လည်း သူ့ကို ဖက်နမ်း ပစ်လိုက်တယ်’’ဟု Lဆိုင်းဇီက နိုဝင်ဘာ ၄ ရက်တွင် ရေးသား ထားသည်။

ဆုချသည့် ပရိသတ် အမျိုး သမီးနှင့်    ရိုက်ကူးထားသော ဓာတ်ပုံနှင့် ဆုချသည့် နားကပ်ကို လည်း ဓာတ်ပုံရိုက်၍ ၎င်း၏ ဖေ့စ် ဘွတ်ခ်တွင် တင်ထားသည်။

‘‘ဓာတ်ပုံခေါ်ရိုက်ချိန် သူ ဒူးပါတုန်တယ်။ တစ်ကိုယ်လုံး တုန်ပြီး နောင်နှစ်လည်း လာခဲ့ပါ။ အခွေတွေများများထုတ်ပေးပါဆို ပြီး ပြောလာတယ်’’ဟု ဆုချသည့် ပရိသတ်နှင့်ပတ်သက်၍ ရေးသား ထားသည်။

ထို့ကြောင့် Lဆိုင်းဇီကလည်း ပရိသတ်များ၏ အားပေးမှုကြောင့်အခွေများ ဆက်တိုက်ထွက်နိုင် အောင် ကြိုးစားမည်ဟု ကတိပေး ကြောင်း ရေးသားထားသည်။

Lဆိုင်းဇီသည် ‘ဝေခွဲမရပါ လား’နှင့် ‘အစွဲအလမ်းကြီးသူ’ တစ်ကိုယ်တော်  အခွေနှစ်ခွေ ထွက်ရှိထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top