Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ထိုင္း-ျမန္မာနယ္စပ္ စစ္ေဘးဒုကၡသည္ စခန္းမ်ားမွ ေနရပ္ျပန္ရန္ စာရင္းေပးထားသူ ေထာင္ဂဏန္းရွိေၾကာင္း ကရင္ဒုကၡသည္မ်ားေကာ္မတီ (KRC) အတြင္းေရးမွဴး ဦးဘြယ္ေစးက ႏိုဝင္ဘာ ၁၂ ရက္တြင္ေျပာသည္။

‘‘စခန္းေတြကို စာရင္း ေတာင္းထားခ်က္အရ တခ်ိဳ႕ စခန္းေတြကေတာ့ ရထားၿပီးတာရွိ တယ္။ ဘန္ေဒါင္းယန္ရယ္၊ ထန္ ဟင္းရယ္ကေတာ့ ျပန္မယ့္ ရာခိုင္ႏႈန္းကေတာ့ မ်ားတယ္။ ၇၀ ရာ ခိုင္ႏႈန္းေလာက္ကေတာ့ ျပန္ခ်င္ တယ္ေျပာတယ္။ ဒီစခန္းႏွစ္ခု ေပါင္းရင္ လူဦးေရေထာင္ဂဏန္း ေလာက္ရွိတယ္။ သူတို႔က ေဒသ တာဝန္ရွိသူေတြနဲ႔ ခ်ိတ္ဆက္ၿပီး ျပန္ခ်င္တာေပါ့’’ဟု ဦးဘြယ္ေစး က ေျပာသည္။

လက္ရွိ ဘန္ေဒါင္းယန္တြင္ လူဦးေရ ၂,၇၀၀ ေက်ာ္ရွိကာ ထန္ဟင္းတြင္ လူဦးေရ ၆,၁၀၀ ေက်ာ္ ေနထိုင္သည္။ ႏိုဝင္ဘာ ၂၃ ရက္ႏွင့္ ၂၄ ရက္တြင္  ထုိင္း -ျမန္မာနယ္စပ္ ဒုကၡသည္စခန္း ကိုးခုမွ တာဝန္ခံမ်ားအစည္းအ ေဝးျပဳလုပ္မည္ျဖစ္ရာ ဒုကၡသည္ စခန္းစီမံခန္႔ခြဲေရး၊ ေနရပ္ျပန္လို သူမ်ား ႀကိဳတင္ေဆြးေႏြးျပင္ဆင္ ေရးႏွင့္ ဒုကၡသည္စခန္းမ်ား၏ အ ေျခအေနမ်ားကို ေဆြးေႏြးဆံုးျဖတ္ ရန္ရွိေၾကာင္း ၎က ဆက္လက္ ေျပာသည္။

၂၀၁၆ ေအာက္တိုဘာ၌ UNHCR ႏွင့္ ႏွစ္ဖက္အစိုးရ၏ေန ရပ္သို႔ တရားဝင္ျပန္ပို႔ေရးအစီအ စဥ္ျဖင့္ ျမန္မာ-ထိုင္းနယ္စပ္မွ ဒုကၡသည္ ၇၁ ဦး မိမိတို႔ဆႏၵအ ေလ်ာက္  ေနရပ္ျမန္မာႏုိင္ငံသို႔  ျပန္ခဲ့သည္။

‘‘အရင္ျပန္တဲ့ လူေတြက အမ်ားစုကေတာ့ ကရင္ျပည္နယ္ တြင္းအမ်ားစုကေတာ့ အဆင္ေျပၾကတယ္။ ေနာက္စခန္းေတြမွာ ေထာက္ပံ့မႈေလ်ာ့က်မႈအေျခအ ေနနဲ႔ ျပည္တြင္းအေနအထားကို ၾကည့္ၿပီး ဒီလိုစဥ္းစားၾကတယ္လုိ႔ သိရတယ္။ ကြၽန္ေတာ္တို႔အဲဒီအ စည္းအေဝးမွာ စခန္းအားလံုးက ျပန္မယ့္သူစာရင္းေတြ အနီးစပ္ ဆံုးခန္႔မွန္းေျခထြက္လာပါမယ္’’ ဟု ဦးဘြယ္ေစးက ေျပာသည္။

တပ္မေတာ္ႏွင့္ ကရင္တုိင္း ရင္းသား လက္နက္ကိုင္အဖြဲ႕ (KNU)အၾကား တိုက္ပြဲမ်ား ေၾကာင့္ ျမန္မာ-ထိုင္းနယ္စပ္တြင္ ၁၉၇၅ ကပင္ စစ္ေဘးဒုကၡသည္ မ်ား ေရာက္ရွိေနၿပီး လက္ရွိတြင္ ကရင္ဒုကၡသည္စခန္းခုနစ္ခုႏွင့္ ကရင္နီ(ကယား)ဒုကၡသည္စခန္း ႏွစ္ခုေပါင္း စခန္းကိုးခု၌ လူဦးေရ တစ္သိန္းခန္႔ရွိေၾကာင္း ဦးဘြယ္ ေစးက ေျပာသည္။

၂၀၁၈ တြင္ ဒုကၡသည္မ်ား ေနရပ္ျပန္ေရး ပိုမို လုပ္ေဆာင္ လာမည္ဟု ခန္႔မွန္းေၾကာင္း ဦး ဘြယ္ေစးက ေျပာသည္။ သို႔ရာ တြင္ ျပန္လည္ေနရာခ်ထားေရး ကိစၥရပ္မ်ားႏွင့္ ေနေရးထုိင္ေရး စိုးရိမ္မႈမ်ားရွိေၾကာင္းလည္း ၎ က ေျပာသည္။

‘‘KNU နဲ႔ကေတာ့ ကြၽန္ေတာ္ တို႔လိုရင္ လုိအပ္သလို ထိေတြ႕ ခ်ိတ္ဆက္ၿပီးေတာ့ ေဆြးေႏြးျဖစ္ တာေတြရွိပါတယ္။ သူတို႔ဘက္ ကက်ေတာ့ ႏုိင္ငံေရးကို အေျခခံ ၿပီးေတာ့ ႏုိင္ငံေရးအရ ထြက္ေပၚ လာမယ့္ အေျဖအရ လုပ္မယ္ေပါ့ ေနာ္။ ဒီေတာ့ ဒုကၡသည္အေရး လည္းပဲ ဒီလုိပဲေပါ့။ အခုေလာ ေလာဆယ္ေတာ့ အဲဒါကိုပဲ ကြၽန္ ေတာ္တို႔ ေစာင့္ေမွ်ာ္ေနတာပဲ။ အစိုးရနဲ႔ ခ်ိတ္ဆက္ေဆာင္ရြက္မႈ ေတြလည္း လုပ္ႏိုင္ေအာင္ေပါ့။ ဒီ ၾကားထဲမွာ ကိုယ့္သေဘာဆႏၵအ ေလ်ာက္ ျပန္ခ်င္တယ္ဆိုလည္း စာေရးၿပီး အေၾကာင္းၾကားေပးဖို႔ စီစဥ္ထားတယ္’’ဟု ဦးဘြယ္ေစး က ေျပာသည္။

လက္ရွိတြင္ စစ္ေဘးဒုကၡ သည္စခန္းမ်ားသို႔ ေနာ္ေဝး၊ ဂ်ပန္စသည့္ အလွဴရွင္ႏိုင္ငံမ်ားမွ အဖြဲ႕ အစည္းမ်ားက အမ်ားဆံုးကူညီ ေထာက္ပံ့ၿပီး ႏုိင္ငံတကာအလွဴ ရွင္အဖြဲ႕အစည္းမ်ား၏ေထာက္ပံ့ မႈအေပၚ မူတည္၍ TBC က စား နပ္ရိကၡာႏွင့္ အမိုးအကာမ်ား စီစဥ္ေထာက္ပံ့ေနသည္။

ထုိင္း-ျမန္မာနယ္စပ္မွ ဒုကၡ သည္စခန္းမ်ားကို ႏုိင္ငံတကာမွ ကူညီေထာက္ပံ့ေနမႈမ်ားသည္ ၂၀၁၈ ေဖေဖာ္ဝါရီက စ၍ ၃၀ ရာ ခိုင္ႏႈန္း ထပ္မံေလ်ာ့က်မည္ျဖစ္ ေၾကာင္း KRC ဘ႑ာေရးမွဴး ေဒၚေနာ္ဘလူးမင္းႏုိင္ဇံက ေျပာ သည္။ အထူးသျဖင့္ စခန္းလည္ ပတ္ေရးစရိတ္၊ စခန္းလုပ္သား မ်ားေထာက္ပံ့သည့္စရိတ္မ်ားကို ေလွ်ာ့ခ်ရန္ အလွဴရွင္အဖြဲ႕အ စည္းမ်ားက ဆံုးျဖတ္ထားေၾကာင္း ၎က ဆိုသည္။

ျမန္မာ-ထိုင္းနယ္စပ္ရွိ ဒုကၡ သည္စခန္းမ်ားတြင္ ေနထုိင္သည့္ ျမန္မာႏိုင္ငံမွ ဒုကၡသည္မ်ား ၂ ႏွစ္အတြင္း ေနရပ္ျပန္ေရး အေလး ထားလုပ္ေဆာင္မည္ျဖစ္ၿပီး ျမန္ မာအစိုးရဆက္ဆံေရးကို နယ္စပ္ ေရးရာ ဝန္ႀကီးဌာနမွ တစ္ဆင့္ တရားဝင္ျဖစ္ရန္ ေဆာင္ရြက္မည္ ျဖစ္ေၾကာင္း ျမန္မာ-ထိုင္းနယ္စပ္ ရွိ စစ္ေဘးဒုကၡသည္မ်ားအကူအ ညီေပးေရး စီမံေဆာင္ရြက္ေန သည့္ နယ္စပ္ေဒသကူညီေပးေရး ၫြန္႔ေပါင္းအဖြဲ႕ (TBC)၏ၾသဂုတ္  ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ထိုင်း-မြန်မာနယ်စပ် စစ်ဘေးဒုက္ခသည် စခန်းများမှ နေရပ်ပြန်ရန် စာရင်းပေးထားသူ ထောင်ဂဏန်းရှိကြောင်း ကရင်ဒုက္ခသည်များကော်မတီ (KRC) အတွင်းရေးမှူး ဦးဘွယ်စေးက နိုဝင်ဘာ ၁၂ ရက်တွင်ပြောသည်။

‘‘စခန်းတွေကို စာရင်း တောင်းထားချက်အရ တချို့ စခန်းတွေကတော့ ရထားပြီးတာရှိ တယ်။ ဘန်ဒေါင်းယန်ရယ်၊ ထန် ဟင်းရယ်ကတော့ ပြန်မယ့် ရာခိုင်နှုန်းကတော့ များတယ်။ ၇၀ ရာ ခိုင်နှုန်းလောက်ကတော့ ပြန်ချင် တယ်ပြောတယ်။ ဒီစခန်းနှစ်ခု ပေါင်းရင် လူဦးရေထောင်ဂဏန်း လောက်ရှိတယ်။ သူတို့က ဒေသ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး ပြန်ချင်တာပေါ့’’ဟု ဦးဘွယ်စေး က ပြောသည်။

လက်ရှိ ဘန်ဒေါင်းယန်တွင် လူဦးရေ ၂,၇၀၀ ကျော်ရှိကာ ထန်ဟင်းတွင် လူဦးရေ ၆,၁၀၀ ကျော် နေထိုင်သည်။ နိုဝင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တွင်  ထိုင်း -မြန်မာနယ်စပ် ဒုက္ခသည်စခန်း ကိုးခုမှ တာဝန်ခံများအစည်းအ ဝေးပြုလုပ်မည်ဖြစ်ရာ ဒုက္ခသည် စခန်းစီမံခန့်ခွဲရေး၊ နေရပ်ပြန်လို သူများ ကြိုတင်ဆွေးနွေးပြင်ဆင် ရေးနှင့် ဒုက္ခသည်စခန်းများ၏ အ ခြေအနေများကို ဆွေးနွေးဆုံးဖြတ် ရန်ရှိကြောင်း ၎င်းက ဆက်လက် ပြောသည်။

၂၀၁၆ အောက်တိုဘာ၌ UNHCR နှင့် နှစ်ဖက်အစိုးရ၏နေ ရပ်သို့ တရားဝင်ပြန်ပို့ရေးအစီအ စဉ်ဖြင့် မြန်မာ-ထိုင်းနယ်စပ်မှ ဒုက္ခသည် ၇၁ ဦး မိမိတို့ဆန္ဒအ လျောက်  နေရပ်မြန်မာနိုင်ငံသို့  ပြန်ခဲ့သည်။

‘‘အရင်ပြန်တဲ့ လူတွေက အများစုကတော့ ကရင်ပြည်နယ် တွင်းအများစုကတော့ အဆင်ပြေကြတယ်။ နောက်စခန်းတွေမှာ ထောက်ပံ့မှုလျော့ကျမှုအခြေအ နေနဲ့ ပြည်တွင်းအနေအထားကို ကြည့်ပြီး ဒီလိုစဉ်းစားကြတယ်လို့ သိရတယ်။ ကျွန်တော်တို့အဲဒီအ စည်းအဝေးမှာ စခန်းအားလုံးက ပြန်မယ့်သူစာရင်းတွေ အနီးစပ် ဆုံးခန့်မှန်းခြေထွက်လာပါမယ်’’ ဟု ဦးဘွယ်စေးက ပြောသည်။

တပ်မတော်နှင့် ကရင်တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ (KNU)အကြား တိုက်ပွဲများ ကြောင့် မြန်မာ-ထိုင်းနယ်စပ်တွင် ၁၉၇၅ ကပင် စစ်ဘေးဒုက္ခသည် များ ရောက်ရှိနေပြီး လက်ရှိတွင် ကရင်ဒုက္ခသည်စခန်းခုနစ်ခုနှင့် ကရင်နီ(ကယား)ဒုက္ခသည်စခန်း နှစ်ခုပေါင်း စခန်းကိုးခု၌ လူဦးရေ တစ်သိန်းခန့်ရှိကြောင်း ဦးဘွယ် စေးက ပြောသည်။

၂၀၁၈ တွင် ဒုက္ခသည်များ နေရပ်ပြန်ရေး ပိုမို လုပ်ဆောင် လာမည်ဟု ခန့်မှန်းကြောင်း ဦး ဘွယ်စေးက ပြောသည်။ သို့ရာ တွင် ပြန်လည်နေရာချထားရေး ကိစ္စရပ်များနှင့် နေရေးထိုင်ရေး စိုးရိမ်မှုများရှိကြောင်းလည်း ၎င်း က ပြောသည်။

‘‘KNU နဲ့ကတော့ ကျွန်တော် တို့လိုရင် လိုအပ်သလို ထိတွေ့ ချိတ်ဆက်ပြီးတော့ ဆွေးနွေးဖြစ် တာတွေရှိပါတယ်။ သူတို့ဘက် ကကျတော့ နိုင်ငံရေးကို အခြေခံ ပြီးတော့ နိုင်ငံရေးအရ ထွက်ပေါ် လာမယ့် အဖြေအရ လုပ်မယ်ပေါ့ နော်။ ဒီတော့ ဒုက္ခသည်အရေး လည်းပဲ ဒီလိုပဲပေါ့။ အခုလော လောဆယ်တော့ အဲဒါကိုပဲ ကျွန် တော်တို့ စောင့်မျှော်နေတာပဲ။ အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်မှု တွေလည်း လုပ်နိုင်အောင်ပေါ့။ ဒီ ကြားထဲမှာ ကိုယ့်သဘောဆန္ဒအ လျောက် ပြန်ချင်တယ်ဆိုလည်း စာရေးပြီး အကြောင်းကြားပေးဖို့ စီစဉ်ထားတယ်’’ဟု ဦးဘွယ်စေး က ပြောသည်။

လက်ရှိတွင် စစ်ဘေးဒုက္ခ သည်စခန်းများသို့ နော်ဝေး၊ ဂျပန်စသည့် အလှူရှင်နိုင်ငံများမှ အဖွဲ့ အစည်းများက အများဆုံးကူညီ ထောက်ပံ့ပြီး နိုင်ငံတကာအလှူ ရှင်အဖွဲ့အစည်းများ၏ထောက်ပံ့ မှုအပေါ် မူတည်၍ TBC က စား နပ်ရိက္ခာနှင့် အမိုးအကာများ စီစဉ်ထောက်ပံ့နေသည်။

ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခ သည်စခန်းများကို နိုင်ငံတကာမှ ကူညီထောက်ပံ့နေမှုများသည် ၂၀၁၈ ဖေဖော်ဝါရီက စ၍ ၃၀ ရာ ခိုင်နှုန်း ထပ်မံလျော့ကျမည်ဖြစ် ကြောင်း KRC ဘဏ္ဍာရေးမှူး ဒေါ်နော်ဘလူးမင်းနိုင်ဇံက ပြော သည်။ အထူးသဖြင့် စခန်းလည် ပတ်ရေးစရိတ်၊ စခန်းလုပ်သား များထောက်ပံ့သည့်စရိတ်များကို လျှော့ချရန် အလှူရှင်အဖွဲ့အ စည်းများက ဆုံးဖြတ်ထားကြောင်း ၎င်းက ဆိုသည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ ဒုက္ခ သည်စခန်းများတွင် နေထိုင်သည့် မြန်မာနိုင်ငံမှ ဒုက္ခသည်များ ၂ နှစ်အတွင်း နေရပ်ပြန်ရေး အလေး ထားလုပ်ဆောင်မည်ဖြစ်ပြီး မြန် မာအစိုးရဆက်ဆံရေးကို နယ်စပ် ရေးရာ ဝန်ကြီးဌာနမှ တစ်ဆင့် တရားဝင်ဖြစ်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ-ထိုင်းနယ်စပ် ရှိ စစ်ဘေးဒုက္ခသည်များအကူအ ညီပေးရေး စီမံဆောင်ရွက်နေ သည့် နယ်စပ်ဒေသကူညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC)၏သြဂုတ်  ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top