Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အမ်ိဳးသား kpop အဖြဲ႔ ASTRO ဟာ အမ်ိဳးသမီး လစဥ္သံုး ပစၥည္းရဲ႕ ေမာ္ဒယ္ေတြအျဖစ္ ေရြးခ်ယ္ခံရတဲ့ ပထမဦးဆံုး အမ်ိဳးသား Idol Group လည္း ျဖစ္လာပါတယ္။

ASTRO ဟာ သူတို႔ရဲ႕ ၾကင္နာၿပီး ေထာက္ထားညွာတာတတ္တဲ့ ရည္းစားေကာင္ေလးေတြလို သြင္ျပင္ရွိတာေၾကာင့္ အမ်ိဳးသမီးလစဥ္သံုးပစၥည္းထုတ္လုပ္တဲ့ ကုမၸဏီရဲ႕ေရြးခ်ယ္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

အဆုိပါကုမၸဏီရဲ႕ မားကတ္တင္းနည္းဗ်ဴဟာကေတာ့ အမ်ိဳးသမီးသံုးစြဲသူေတြနဲ႔ ဆက္စပ္တဲ့ သတင္းစကားေတြကို ASTRO အဖြဲ႔ကေနတဆင့္ လက္ဆင့္ကမ္းေပးသြားမွာ ျဖစ္ပါတယ္။

ေၾကာ္ျငာထဲမွာေတာ့ ေတာက္ပတဲ့ ပန္းေရာင္ေလးေတြကို အသံုးျပဳထားၿပီး ASTRO အဖြဲ႔၀င္ေတြကို gentle boyfriend ပံုစံေျပာင္းလဲထားၿပီး ခ်စ္စရာအၿပံဳးေလးေတြနဲ႔ ေတြ႔ျမင္ရမွာျဖစ္ပါတယ္။

ASTRO ကေတာ့ သူတို႔ရဲ႕ခ်စ္စရာေကာင္းတဲ့ aegyo ေတြနဲ႔ သံုးစြဲသူအမ်ိဳးသမီးေတြရဲ႕ ႏွလံုးသားကို အရည္ေပ်ာ္ေစဖို႔ စီစဥ္ထားပံုရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
အမျိုးသား kpop အဖွဲ့ ASTRO ဟာ အမျိုးသမီး လစဉ်သုံး ပစ္စည်းရဲ့ မော်ဒယ်တွေအဖြစ် ရွေးချယ်ခံရတဲ့ ပထမဦးဆုံး အမျိုးသား Idol Group လည်း ဖြစ်လာပါတယ်။

ASTRO ဟာ သူတို့ရဲ့ ကြင်နာပြီး ထောက်ထားညှာတာတတ်တဲ့ ရည်းစားကောင်လေးတွေလို သွင်ပြင်ရှိတာကြောင့် အမျိုးသမီးလစဉ်သုံးပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ရွေးချယ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အဆိုပါကုမ္ပဏီရဲ့ မားကတ်တင်းနည်းဗျူဟာကတော့ အမျိုးသမီးသုံးစွဲသူတွေနဲ့ ဆက်စပ်တဲ့ သတင်းစကားတွေကို ASTRO အဖွဲ့ကနေတဆင့် လက်ဆင့်ကမ်းပေးသွားမှာ ဖြစ်ပါတယ်။

ကြော်ငြာထဲမှာတော့ တောက်ပတဲ့ ပန်းရောင်လေးတွေကို အသုံးပြုထားပြီး ASTRO အဖွဲ့ဝင်တွေကို gentle boyfriend ပုံစံပြောင်းလဲထားပြီး ချစ်စရာအပြုံးလေးတွေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။

ASTRO ကတော့ သူတို့ရဲ့ချစ်စရာကောင်းတဲ့ aegyo တွေနဲ့ သုံးစွဲသူအမျိုးသမီးတွေရဲ့ နှလုံးသားကို အရည်ပျော်စေဖို့ စီစဉ်ထားပုံရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top