Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ဒီလူ ေျခာက္ေယာက္ကို Facebook မွာ လက္မခံထားသင့္ပါဘူး

သင့္ရဲ႕ Facebook Account ထဲမွာ ဘယ္လိုလူမ်ိဳးေတြ မ်ားပါသလဲ။ တစ္ခ်ိဳ႕ေတြကက်ေတာ့လည္း ေကာင္မေလးေတြခ်ည္းပဲ ထားတတ္ၾကတယ္။ ေကာင္မေလးေတြမွာက်ေတာ့လည္း ေကာင္ေလးေခ်ာေခ်ာေလးေတြ မ်ားေနမွာေပါ့ေနာ္။ တစ္ခ်ိဳ႕ၾကေတာ့လည္း မိသားစု၀င္ေတြအခ်င္းခ်င္းပဲ ဆက္သြယ္ဖို႔အတြက္ သံုးတတ္ၾကၿပီး တစ္ခ်ိဳ႕က်ေတာ့လည္း ပန္းပြင့္ပံု၊ မင္းသားမင္းသမီးပံု Profile ေလးေတြနဲ႔ပဲ လူမသိသူမသိေနတတ္ၾကပါတယ္။ ဘယ္လိုပဲေနေနပါေနာ္။ သင္ဟာ အာရံုကင္းကင္းနဲ႔ ေပ်ာ္စရာေတြအတြက္ပဲ Facebook ကို သံုးခ်င္ၿပီး Facebook ေၾကာင့္စိတ္ညစ္စရာေတြ မရခ်င္ဘူးဆိုရင္ေတာ့ သင့္ရဲ႕ Facebook မွာ Unfriend ထားသင့္တဲ့ လူေတြရွိပါတယ္။

မိနစ္နဲ႔အမွ် စာေတြေရးတင္တဲ့သူ

ေတာ္ေတာ္ဆိုးတယ္ေနာ္။ အားတဲ့အခ်ိန္ေလး ပ်င္းလို႔ Facebook ေပၚမွာ ဘာေတြထူးလဲဆိုၿပီ ပြတ္ၾကည့္တဲ့အခါမွပဲ New Feed တစ္ခုလံုးမွာ သူ႔ရဲ႕ Status ေတြခ်ည္းပဲ ျဖစ္ေနတာမ်ိဳးကို ႀကံဳဖူးမွာပါ။ ဒါက စိတ္အေႏွာက္အယွက္ေတာ္ေတာ္ေပးတာပါေနာ္။

Drama ေတြ အၿမဲခင္းေနတတ္တဲ့သူ

ေပ်ာ္ခ်င္လို႔ Facebook ပြတ္ပါတယ္ဆိုမွ သူခ်ည္းပဲ Drama ေတြခင္းၿပီး အၿပဲအကြဲ စာေတြေရး၊ အၿပဲအကြဲ သီခ်င္းစာသားေတြေရးၿပီး Profile ထဲ၀င္ၾကည့္မိရင္ေတာ့ စိတ္ဓာတ္က်ၿပီး ကိုယ့္ကိုယ္ကိုယ္ေတာင္ သတ္ေသခ်င္ေလာက္ေအာင္ စိတ္ဒုကၵေပးတတ္သူေတြ တကယ္ရွိပါတယ္။ မယံုမရွိပါနဲ႔။

အၿမဲတမ္းေၾကာ္ျငာေနတတ္တဲ့သူ

စီးပြားေရးလုပ္ခ်င္ရင္ Group ဖြဲ႕လို႔ရပါတယ္။ Page ေထာင္လို႔ရပါတယ္။ ဒီလို ၀က္၀က္ကြဲ Digital Marketing လုပ္လို႔ရေနတဲ့ေခတ္မွာ Facebook Account ထဲမွာပဲ ဟိုပစၥည္းေတြ ေၾကာ္ျငာလိုက္ ဒီပစၥည္းေတြေရာင္းလိုက္နဲ႔ New Feed တစ္ခုလံုး ရွဳပ္ရွက္ခက္ေအာင္ တင္တတ္တဲ့လူေတြကလည္း စိတ္ညစ္စရာတကယ္ေကာင္းပါတယ္။

ခ်စ္သူအေဟာင္းေတာ္စပ္ခဲ့ဖူးသူ

တစ္ခ်ိဳ႕ကေတာ့ ကိုယ္နဲ႔အရင္က မရွင္းမရွင္းျဖစ္ခဲ့ဖူးၿပီး အခုထိလည္း ကလိသလိုလို ရိသလိုလို လုပ္ေနတတ္တဲ့သူမ်ိဳးေတြကို Facebook မွာ Friend အျဖစ္ လက္ခံထားေလ့ရွိၾကပါတယ္။ ဒါကလည္း သိပ္ေတာ့မေကာင္းပါဘူး။ ကိုယ့္ရဲ႕ လႈပ္ရွားမႈေတြအားလံုးကို သူျမင္ေနၿပီးေတာ့ ေၾကာင္ေတာင္ေတာင္ Comment ေတြ လိုက္ေရးေတာ့လည္း ကိုယ္ပဲ အာရံုေနာက္ရပါတယ္။ အခန္႔မသင့္ရင္ ခ်စ္သူနဲ႔ပါ သတ္ရမယ့္အဆင့္အထိကို ျဖစ္တတ္လို႔ပါေနာ္။

အမ်ိဳးေတာ္စပ္သူ

ဒါကလည္း မရွိမေကာင္း ရွိမေကာင္းပါပဲ။ ကိုယ္နဲ႔ အရမ္းခင္မင္ရင္းႏွီးတဲ့ ေမာင္ႏွမ ဦးေလးသားခ်င္းေတြနဲ႔ ကိုယ့္ရဲ႕မိသားစု၀င္ေတြကေတာ့ Facebook ထဲမွာရွိေနတာ ကိစၥမရွိေပမယ့္ အမ်ိဳးေ၀းတဲ့သူေတြကေတာ့ သင္လုပ္သမွ်အရာတိုင္းကိုလိုက္ၾကည့္ေနၿပီး အတင္းလည္းလွည့္ေျပာဦးမွာမို႔လို႔ သတိထားသင့္ပါတယ္။

ပံုအမွန္မတင္ရဲၾကသူ

ဒီလိုလူမ်ိဳးေတြက အႀကီးႀကီးေရွာ့ရွိပါတယ္ေနာ္။ ရန္သူမွန္းမသိ မိတ္ေဆြမွန္းမသိလူေတြပါပဲ။ ကိုယ္နဲ႔သိတဲ့လူတစ္ေယာက္ေယာက္က အေၾကာင္းေၾကာင္းေၾကာင့္ ပံုအမွန္မတင္ၾကတာကို လက္ခံလို႔ရေပမယ့္ လာ Add ကတည္းက ဘယ္သူမွန္းမသိ ဘယ္ကမွန္းမသိ ပံုအမွန္မတင္ရဲၾကသူေတြကေတာ့ စိတ္ညစ္ရတာထက္ကိုပိုၿပီး သင့္အတြက္ အႏၱရာယ္ရွိတယ္လို႔ သတိေပးပါရေစ။

Social Media ကို အသံုးျပဳတယ္ဆိုတာက လူေတြရဲ႕ စိတ္ဖိစီးမႈေတြကိုေလွ်ာ့ခ်ၿပီး ေပ်ာ္ရႊင္စရာေတြ ဖန္တီးႏိုင္ပါမွ အျမတ္ရမွာပါေနာ္။ ကိုယ့္ရဲ႕ ဖုန္းေဘ ကိုယ္ အကုန္ခံၿပီး စိတ္ဒုကၡေရာက္ရတဲ့အျဖစ္မ်ိဳးေတာ့ ဘယ္သူမွမလိုခ်င္ၾကပါဘူးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #

ဒီလူ ခြောက်ယောက်ကို Facebook မှာ လက်မခံထားသင့်ပါဘူး

သင့်ရဲ့ Facebook Account ထဲမှာ ဘယ်လိုလူမျိုးတွေ များပါသလဲ။ တစ်ချို့တွေကကျတော့လည်း ကောင်မလေးတွေချည်းပဲ ထားတတ်ကြတယ်။ ကောင်မလေးတွေမှာကျတော့လည်း ကောင်လေးချောချောလေးတွေ များနေမှာပေါ့နော်။ တစ်ချို့ကြတော့လည်း မိသားစုဝင်တွေအချင်းချင်းပဲ ဆက်သွယ်ဖို့အတွက် သုံးတတ်ကြပြီး တစ်ချို့ကျတော့လည်း ပန်းပွင့်ပုံ၊ မင်းသားမင်းသမီးပုံ Profile လေးတွေနဲ့ပဲ လူမသိသူမသိနေတတ်ကြပါတယ်။ ဘယ်လိုပဲနေနေပါနော်။ သင်ဟာ အာရုံကင်းကင်းနဲ့ ပျော်စရာတွေအတွက်ပဲ Facebook ကို သုံးချင်ပြီး Facebook ကြောင့်စိတ်ညစ်စရာတွေ မရချင်ဘူးဆိုရင်တော့ သင့်ရဲ့ Facebook မှာ Unfriend ထားသင့်တဲ့ လူတွေရှိပါတယ်။

မိနစ်နဲ့အမျှ စာတွေရေးတင်တဲ့သူ

တော်တော်ဆိုးတယ်နော်။ အားတဲ့အချိန်လေး ပျင်းလို့ Facebook ပေါ်မှာ ဘာတွေထူးလဲဆိုပြီ ပွတ်ကြည့်တဲ့အခါမှပဲ New Feed တစ်ခုလုံးမှာ သူ့ရဲ့ Status တွေချည်းပဲ ဖြစ်နေတာမျိုးကို ကြုံဖူးမှာပါ။ ဒါက စိတ်အနှောက်အယှက်တော်တော်ပေးတာပါနော်။

Drama တွေ အမြဲခင်းနေတတ်တဲ့သူ

ပျော်ချင်လို့ Facebook ပွတ်ပါတယ်ဆိုမှ သူချည်းပဲ Drama တွေခင်းပြီး အပြဲအကွဲ စာတွေရေး၊ အပြဲအကွဲ သီချင်းစာသားတွေရေးပြီး Profile ထဲဝင်ကြည့်မိရင်တော့ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ်တောင် သတ်သေချင်လောက်အောင် စိတ်ဒုက္ဒပေးတတ်သူတွေ တကယ်ရှိပါတယ်။ မယုံမရှိပါနဲ့။

အမြဲတမ်းကြော်ငြာနေတတ်တဲ့သူ

စီးပွားရေးလုပ်ချင်ရင် Group ဖွဲ့လို့ရပါတယ်။ Page ထောင်လို့ရပါတယ်။ ဒီလို ဝက်ဝက်ကွဲ Digital Marketing လုပ်လို့ရနေတဲ့ခေတ်မှာ Facebook Account ထဲမှာပဲ ဟိုပစ္စည်းတွေ ကြော်ငြာလိုက် ဒီပစ္စည်းတွေရောင်းလိုက်နဲ့ New Feed တစ်ခုလုံး ရှုပ်ရှက်ခက်အောင် တင်တတ်တဲ့လူတွေကလည်း စိတ်ညစ်စရာတကယ်ကောင်းပါတယ်။

ချစ်သူအဟောင်းတော်စပ်ခဲ့ဖူးသူ

တစ်ချို့ကတော့ ကိုယ်နဲ့အရင်က မရှင်းမရှင်းဖြစ်ခဲ့ဖူးပြီး အခုထိလည်း ကလိသလိုလို ရိသလိုလို လုပ်နေတတ်တဲ့သူမျိုးတွေကို Facebook မှာ Friend အဖြစ် လက်ခံထားလေ့ရှိကြပါတယ်။ ဒါကလည်း သိပ်တော့မကောင်းပါဘူး။ ကိုယ့်ရဲ့ လှုပ်ရှားမှုတွေအားလုံးကို သူမြင်နေပြီးတော့ ကြောင်တောင်တောင် Comment တွေ လိုက်ရေးတော့လည်း ကိုယ်ပဲ အာရုံနောက်ရပါတယ်။ အခန့်မသင့်ရင် ချစ်သူနဲ့ပါ သတ်ရမယ့်အဆင့်အထိကို ဖြစ်တတ်လို့ပါနော်။

အမျိုးတော်စပ်သူ

ဒါကလည်း မရှိမကောင်း ရှိမကောင်းပါပဲ။ ကိုယ်နဲ့ အရမ်းခင်မင်ရင်းနှီးတဲ့ မောင်နှမ ဦးလေးသားချင်းတွေနဲ့ ကိုယ့်ရဲ့မိသားစုဝင်တွေကတော့ Facebook ထဲမှာရှိနေတာ ကိစ္စမရှိပေမယ့် အမျိုးဝေးတဲ့သူတွေကတော့ သင်လုပ်သမျှအရာတိုင်းကိုလိုက်ကြည့်နေပြီး အတင်းလည်းလှည့်ပြောဦးမှာမို့လို့ သတိထားသင့်ပါတယ်။

ပုံအမှန်မတင်ရဲကြသူ

ဒီလိုလူမျိုးတွေက အကြီးကြီးရှော့ရှိပါတယ်နော်။ ရန်သူမှန်းမသိ မိတ်ဆွေမှန်းမသိလူတွေပါပဲ။ ကိုယ်နဲ့သိတဲ့လူတစ်ယောက်ယောက်က အကြောင်းကြောင်းကြောင့် ပုံအမှန်မတင်ကြတာကို လက်ခံလို့ရပေမယ့် လာ Add ကတည်းက ဘယ်သူမှန်းမသိ ဘယ်ကမှန်းမသိ ပုံအမှန်မတင်ရဲကြသူတွေကတော့ စိတ်ညစ်ရတာထက်ကိုပိုပြီး သင့်အတွက် အန္တရာယ်ရှိတယ်လို့ သတိပေးပါရစေ။

Social Media ကို အသုံးပြုတယ်ဆိုတာက လူတွေရဲ့ စိတ်ဖိစီးမှုတွေကိုလျှော့ချပြီး ပျော်ရွှင်စရာတွေ ဖန်တီးနိုင်ပါမှ အမြတ်ရမှာပါနော်။ ကိုယ့်ရဲ့ ဖုန်းဘေ ကိုယ် အကုန်ခံပြီး စိတ်ဒုက္ခရောက်ရတဲ့အဖြစ်မျိုးတော့ ဘယ်သူမှမလိုချင်ကြပါဘူးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top