ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သခြားသီးကေန ရရွိႏိုင္တဲ႔ က်န္းမာေရးအက်ိဳးေက်းဇူးေတြကို ရယူႏိုင္ဖုိ႔အတြက္ သခြားတစ္လံုးကို ပါးပါးလွီးၿပီး မိမိေသာက္ေနက် ေရသန္႔ဘူးထဲ ထည္႔စိမ္ထားေပးရံုပါပဲ။

ခႏၶာကိုယ္အတြက္ ေန႕စဥ္လိုအပ္တဲ႔ ဓာတ္ေတြထဲမွာ ဗိုက္တာမင္နဲ႔ သတၳဳဓာတ္လည္း ပါဝင္ပါတယ္။ သခြားသီးတစ္လံုးမွာ ခႏၶာကိုယ္အတြက္ ေန႕စဥ္လိုအပ္တဲ႔ ဗိုက္တာမင္နဲ႔ သတၳဳဓာတ္ေတြ ၾကြယ္ဝစြာ ပါဝင္ပါတယ္။

သခြားသီးကေန ရရွိႏိုင္တဲ႔ က်န္းမာေရးအက်ိဳးေက်းဇူးေတြကို ရယူႏိုင္ဖုိ႔အတြက္ သခြားတစ္လံုးကို ပါးပါးလွီးၿပီး မိမိေသာက္ေနက် ေရသန္႔ဘူးထဲ ထည္႔စိမ္ထားေပးရံုပါပဲ။ ၿပီးရင္ ေရငတ္တိုင္း ေသာက္ေပးေပါ႔။ ဒါဆိုရင္ သခြားသီးတစ္လံုး ရွိရံုနဲ႔ အရသာရွိရွိ ေသာက္သံုးႏိုင္မယ္႔ သခြားသီး detox ေဖ်ာ္ရည္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ စေတာ္ဘယ္ရီသခြား detox

စေတာ္ဘယ္ရီသီးေတြကေတာ႔ ဗိုက္တာမင္ စီ၊ မဂၢနီစီယမ္၊ အမွ်င္ဓာတ္ေတြ ၾကြယ္ဝပါတယ္။ အနံ႕အရသာနဲ႕လည္းျပည္႔စံုတဲ႔ ဒီအနီေရာင္သစ္သီးေလးဟာ antioxidant နဲ႔ anti-inflammatory (အေရျပား ေရာင္ရမ္းျခင္းကို ဆန္႕က်င္တဲ႔) ဂုဏ္သတၱိေတြလည္း ပါဝင္ပါတယ္။ ၄င္းဟာ ေသြးတြင္းသၾကားဓာတ္ ထိန္းညွိရာမွာလည္း ကူညီေပးပါတယ္။

ပူစီနံရြက္ကေတာ႔ အသည္းထဲက သည္းေျခရည္ေတြကို အူလမ္းေၾကာင္းတေလွ်ာက္ ေခ်ာေခ်ာေမာေမာစီးဆင္းႏိုင္ေစဖို႔ ကူညီေပးႏိုင္ပါတယ္။ အစာအိမ္ၾကြက္သားေတြကိုလည္း ပူစီနံရြက္ေတြက ကူညီေပးႏိုင္ပါတယ္။ ရို႕စ္ေမရီရြက္ကေတာ႔ ဗိုက္တာမင္ ေအ၊ ဘီစစ္၊ ကယ္လ္ဆီယမ္၊ ပိုတက္စီယမ္ ၾကြယ္ဝတဲ႔အရြက္တစ္မ်ိဳးလည္း ျဖစ္ပါတယ္။ ၄င္းကလည္း မွတ္ဉာဏ္နဲ႔ ေသြးလည္ပတ္မႈ ေကာင္းမြန္ေစဖို႔ အေထာက္အကူေပးႏိုင္ပါတယ္။

စေတာ္ဘယ္ရီသခြား detox ထဲမွာ သခြားသီးတစ္လံုး၊ စေတာ္ဘယ္ရီသီး (၇) လံုးခန္႔၊ ရို႕စ္ေမရီရြက္ အနည္းငယ္၊ ပူစီနံရြက္ လက္တစ္ဆုပ္စာ၊ ဆားအနည္းငယ္တို႔ ပါဝင္ပါတယ္။ အရင္ဆံုး သခြားသီးေတြ၊ စေတာ္ဘယ္ရီသီးေတြကို အတံုးေလးေတြျဖစ္ေအာင္ လွီးျဖတ္ၿပီး ဖန္ခရားတစ္လံုးထဲကို ထည္႔လိုက္ပါ။

ၿပီးရင္ ငရုပ္ဆံုတစ္လံုးမွာ ရို႕စ္ေမရီရြက္ရယ္၊ ပူစီနံရြက္ရယ္၊ ဆားရယ္ကိုထည္႔ၿပီး ႀကိတ္ေျခေပးလိုက္ပါ။ ၿပီးရင္ အဲဒီကရလာတဲ႔ အရြက္ေထာင္းနဲ႔ အရည္ေတြကို ခရားထ ေျပာင္းထည္႔ေပးလိုက္ပါ။ ၿပီးရင္ေတာ႔ ထံုးစံအတိုင္း ဖန္ခရားလည္ပင္းထိ ေရျပည္႔ေအာင္ျဖည္႔ၿပီး ေရခဲေသတၱာထဲ သိမ္းထားႏိုင္ပါၿပီ။ မေသာက္ခင္ ေရခဲနည္းနည္း ထည္႔ေသာက္ႏိုင္ပါေသးတယ္။

၂။ စပ်စ္သခြား detox

ေရဓာတ္ကုန္ခမ္းျခင္းနဲ႔ ေသြးတြင္းသၾကားဓာတ္ကို ထိန္းခ်ဳပ္ရာမွာ စပ်စ္သီးေတြက အေကာင္းဆံုးပါပဲ။ သူတို႔က အင္ဆူလင္ ပမာဏကို ထိန္းညွိေပးၿပီး အင္ဆူလင္တံု႕ျပန္မႈေတြကိုလည္း ျမင္႔တက္ေကာင္းမြန္ေစပါတယ္။ အရြယ္လည္းတင္ေစပါတယ္။ သံပရိုသီးကေတာ႔ အစာေျခစနစ္ကို ကူညီေပးပါတယ္။ ငရုပ္ေကာင္းမႈန္႕ကေတာ႔ ဗိုက္တာမင္အီး ၾကြယ္ဝၿပီး အစာေျချခင္္းကိုလည္း ေထာက္ကူေပးပါတယ္။

ပါဝင္ပစၥည္းေတြကေတာ႔ သခြားသီးတစ္ျခမ္း၊ အစိမ္းေရာင္စပ်စ္သီး (၁၀) လံုး၊ သံပရိုသီး (၁) ျခမ္း၊ ငရုပ္ေကာင္းမႈန္႔တို႔ပဲ ျဖစ္ပါတယ္။ အရင္ဆံုး သခြားသီးနဲ႔ သံပရိုသီးကို ပါးပါးေလးေတြျဖစ္ေအာင္ လွီးၿပီး ဖန္ခရားတစ္လံုးထဲကို ထည္႔လိုက္ပါ။ ၿပီးရင္ စပ်စ္သီး ေတြကိုလည္း ထက္ျခမ္းျခမ္းၿပီး ခရားထဲကို ထည္႔လိုက္ပါ။

ထံုးစံအတိုင္း ေရကို ပုလင္းလည္ပင္းထိေရာက္ေအာင္ ျဖည္႔ၿပီး ေရခဲေသတၱာထဲထည္႔လိုက္ပါ။ မေသာက္ခင္မွာ ငရုပ္ေကာင္းမႈန္႕ေလး နည္းနည္းျဖဴးေပးလိုက္ပါဦး။ ဒီ detox ေလးကေတာ႔ အသားအေရအတြက္ အထူးေကာင္းမြန္ပါတယ္။

၃။ သခြားသံပုရာ detox

သံပုရာရည္ဟာ အသည္းကထြက္တဲ႔ သည္းေျခရည္ေတြကို အူလမ္းေၾကာင္းတေလွ်ာက္ စီးဆင္းသြားေအာင္ ကူညီေပးျခင္းျဖင္႔ ခႏၶာကိုယ္ေပၚက အဆီပိုေတြကို ေပ်ာက္ကြယ္ေစပါတယ္။ ပူစီနံရြက္မွာေတာ႔ ေအးျမေစတဲ႔ ဂုဏ္သတၱိရွိပါတယ္။ ေနာက္ၿပီး သူဟာ သည္းေျခရည္ေတြ အသည္းကအူလမ္းေၾကာင္းဆီ ေခ်ာေမြ႕စြာ စီးဆင္းႏိုင္ေအာင္လည္း ကူညီေပးႏိုင္ပါတယ္။

လိုအပ္တဲ႔ ပစၥည္းေတြကေတာ႔ သခြားသီးတစ္ျခမ္း၊ သံပုရာသီးတစ္လံုး၊ ပူစီနံရြက္အနည္းငယ္၊ ဆားအနည္းငယ္ တို႔ျဖစ္ပါတယ္။ သခြားသီးနဲ႔သံပုရာသီးကို ပါးပါးေလးေတြျဖစ္ေအာင္လွီးၿပီး ဖန္ပုလင္း (သို႕) ဖန္ခရားတစ္လံုးထဲမွာ ထည္႔ေပးပါ။ ပူစီနံရြက္ ေတြကိုလည္း လွီးျဖတ္လိုက္ပါ။ ၿပီးရင္ငရုတ္ဆံုထဲမွာ ပူစီနံရြက္နဲ႔ဆားကိုေရာၿပီး ညင္သာစြာေထာင္းေပးလိုက္ပါ။

ၿပီးရင္ ထြက္လာတဲ႔အရည္နဲ႔ အရြက္ေတြကို ဖန္ပုလင္းထဲကို ေျပာင္းထဲေပးလိုက္ပါ။ ၿပီးရင္ေတာ႔ ဖန္ပုလင္းလည္ပင္းနားထိ ေရာက္ေအာင္ ေရျဖည္႔ၿပီး ေရခဲေသတၱာထဲမွာ အေအးခံထားႏိုင္ပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
သခွားသီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရယူနိုင်ဖို့အတွက် သခွားတစ်လုံးကို ပါးပါးလှီးပြီး မိမိသောက်နေကျ ရေသန့်ဘူးထဲ ထည့်စိမ်ထားပေးရုံပါပဲ။

ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ဓာတ်တွေထဲမှာ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်လည်း ပါဝင်ပါတယ်။ သခွားသီးတစ်လုံးမှာ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။

သခွားသီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရယူနိုင်ဖို့အတွက် သခွားတစ်လုံးကို ပါးပါးလှီးပြီး မိမိသောက်နေကျ ရေသန့်ဘူးထဲ ထည့်စိမ်ထားပေးရုံပါပဲ။ ပြီးရင် ရေငတ်တိုင်း သောက်ပေးပေါ့။ ဒါဆိုရင် သခွားသီးတစ်လုံး ရှိရုံနဲ့ အရသာရှိရှိ သောက်သုံးနိုင်မယ့် သခွားသီး detox ဖျော်ရည်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ စတော်ဘယ်ရီသခွား detox

စတော်ဘယ်ရီသီးတွေကတော့ ဗိုက်တာမင် စီ၊ မဂ္ဂနီစီယမ်၊ အမျှင်ဓာတ်တွေ ကြွယ်ဝပါတယ်။ အနံ့အရသာနဲ့လည်းပြည့်စုံတဲ့ ဒီအနီရောင်သစ်သီးလေးဟာ antioxidant နဲ့ anti-inflammatory (အရေပြား ရောင်ရမ်းခြင်းကို ဆန့်ကျင်တဲ့) ဂုဏ်သတ္တိတွေလည်း ပါဝင်ပါတယ်။ ၎င်းဟာ သွေးတွင်းသကြားဓာတ် ထိန်းညှိရာမှာလည်း ကူညီပေးပါတယ်။

ပူစီနံရွက်ကတော့ အသည်းထဲက သည်းခြေရည်တွေကို အူလမ်းကြောင်းတလျှောက် ချောချောမောမောစီးဆင်းနိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ အစာအိမ်ကြွက်သားတွေကိုလည်း ပူစီနံရွက်တွေက ကူညီပေးနိုင်ပါတယ်။ ရို့စ်မေရီရွက်ကတော့ ဗိုက်တာမင် အေ၊ ဘီစစ်၊ ကယ်လ်ဆီယမ်၊ ပိုတက်စီယမ် ကြွယ်ဝတဲ့အရွက်တစ်မျိုးလည်း ဖြစ်ပါတယ်။ ၎င်းကလည်း မှတ်ဉာဏ်နဲ့ သွေးလည်ပတ်မှု ကောင်းမွန်စေဖို့ အထောက်အကူပေးနိုင်ပါတယ်။

စတော်ဘယ်ရီသခွား detox ထဲမှာ သခွားသီးတစ်လုံး၊ စတော်ဘယ်ရီသီး (၇) လုံးခန့်၊ ရို့စ်မေရီရွက် အနည်းငယ်၊ ပူစီနံရွက် လက်တစ်ဆုပ်စာ၊ ဆားအနည်းငယ်တို့ ပါဝင်ပါတယ်။ အရင်ဆုံး သခွားသီးတွေ၊ စတော်ဘယ်ရီသီးတွေကို အတုံးလေးတွေဖြစ်အောင် လှီးဖြတ်ပြီး ဖန်ခရားတစ်လုံးထဲကို ထည့်လိုက်ပါ။

ပြီးရင် ငရုပ်ဆုံတစ်လုံးမှာ ရို့စ်မေရီရွက်ရယ်၊ ပူစီနံရွက်ရယ်၊ ဆားရယ်ကိုထည့်ပြီး ကြိတ်ခြေပေးလိုက်ပါ။ ပြီးရင် အဲဒီကရလာတဲ့ အရွက်ထောင်းနဲ့ အရည်တွေကို ခရားထ ပြောင်းထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ထုံးစံအတိုင်း ဖန်ခရားလည်ပင်းထိ ရေပြည့်အောင်ဖြည့်ပြီး ရေခဲသေတ္တာထဲ သိမ်းထားနိုင်ပါပြီ။ မသောက်ခင် ရေခဲနည်းနည်း ထည့်သောက်နိုင်ပါသေးတယ်။

၂။ စပျစ်သခွား detox

ရေဓာတ်ကုန်ခမ်းခြင်းနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရာမှာ စပျစ်သီးတွေက အကောင်းဆုံးပါပဲ။ သူတို့က အင်ဆူလင် ပမာဏကို ထိန်းညှိပေးပြီး အင်ဆူလင်တုံ့ပြန်မှုတွေကိုလည်း မြင့်တက်ကောင်းမွန်စေပါတယ်။ အရွယ်လည်းတင်စေပါတယ်။ သံပရိုသီးကတော့ အစာခြေစနစ်ကို ကူညီပေးပါတယ်။ ငရုပ်ကောင်းမှုန့်ကတော့ ဗိုက်တာမင်အီး ကြွယ်ဝပြီး အစာခြေခြင်းကိုလည်း ထောက်ကူပေးပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ သခွားသီးတစ်ခြမ်း၊ အစိမ်းရောင်စပျစ်သီး (၁၀) လုံး၊ သံပရိုသီး (၁) ခြမ်း၊ ငရုပ်ကောင်းမှုန့်တို့ပဲ ဖြစ်ပါတယ်။ အရင်ဆုံး သခွားသီးနဲ့ သံပရိုသီးကို ပါးပါးလေးတွေဖြစ်အောင် လှီးပြီး ဖန်ခရားတစ်လုံးထဲကို ထည့်လိုက်ပါ။ ပြီးရင် စပျစ်သီး တွေကိုလည်း ထက်ခြမ်းခြမ်းပြီး ခရားထဲကို ထည့်လိုက်ပါ။

ထုံးစံအတိုင်း ရေကို ပုလင်းလည်ပင်းထိရောက်အောင် ဖြည့်ပြီး ရေခဲသေတ္တာထဲထည့်လိုက်ပါ။ မသောက်ခင်မှာ ငရုပ်ကောင်းမှုန့်လေး နည်းနည်းဖြူးပေးလိုက်ပါဦး။ ဒီ detox လေးကတော့ အသားအရေအတွက် အထူးကောင်းမွန်ပါတယ်။

၃။ သခွားသံပုရာ detox

သံပုရာရည်ဟာ အသည်းကထွက်တဲ့ သည်းခြေရည်တွေကို အူလမ်းကြောင်းတလျှောက် စီးဆင်းသွားအောင် ကူညီပေးခြင်းဖြင့် ခန္ဓာကိုယ်ပေါ်က အဆီပိုတွေကို ပျောက်ကွယ်စေပါတယ်။ ပူစီနံရွက်မှာတော့ အေးမြစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ နောက်ပြီး သူဟာ သည်းခြေရည်တွေ အသည်းကအူလမ်းကြောင်းဆီ ချောမွေ့စွာ စီးဆင်းနိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းတွေကတော့ သခွားသီးတစ်ခြမ်း၊ သံပုရာသီးတစ်လုံး၊ ပူစီနံရွက်အနည်းငယ်၊ ဆားအနည်းငယ် တို့ဖြစ်ပါတယ်။ သခွားသီးနဲ့သံပုရာသီးကို ပါးပါးလေးတွေဖြစ်အောင်လှီးပြီး ဖန်ပုလင်း (သို့) ဖန်ခရားတစ်လုံးထဲမှာ ထည့်ပေးပါ။ ပူစီနံရွက် တွေကိုလည်း လှီးဖြတ်လိုက်ပါ။ ပြီးရင်ငရုတ်ဆုံထဲမှာ ပူစီနံရွက်နဲ့ဆားကိုရောပြီး ညင်သာစွာထောင်းပေးလိုက်ပါ။

ပြီးရင် ထွက်လာတဲ့အရည်နဲ့ အရွက်တွေကို ဖန်ပုလင်းထဲကို ပြောင်းထဲပေးလိုက်ပါ။ ပြီးရင်တော့ ဖန်ပုလင်းလည်ပင်းနားထိ ရောက်အောင် ရေဖြည့်ပြီး ရေခဲသေတ္တာထဲမှာ အအေးခံထားနိုင်ပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top