Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ကဲ…စၿပီ တစ္ခါတုန္းက က်ဳံေပ်ာ္ဘက္က ရြာတစ္ရြာမွာ အမ်ဳိးသမီးႀကီးတစ္ဦး ေသြးကင္ဆာေရာဂါျဖစ္သတဲ့။
သူ႕မွာ ဦးေကာသလႅလုိ႔ေခၚတဲ့ သားဦးဇင္းတစ္ပါးရွိတယ္။ မႏၱေလးၿမဳိ႕၊ ဘုရားႀကီးတုိက္ထဲမွာ စာေပပရိယတၱိကို သင္ႀကားေနတဲ့ စာသင္သားရဟန္းတစ္ပါးေပါ့။ အေမေသြးကင္ဆာျဖစ္တယ္ဆုိတာၾကားေတာ့ ေဆးရုံတက္ဖုိ႔ကလည္း ပိုက္ဆံကမရွိ။ ၿပီးေတာ့ ဒီေရာဂါကလည္း ျဖစ္လာရင္တိမ္းပါးသြားၾကတာကမ်ားေတာ့ အျခားလြယ္လြယ္နဲ႔ ကုလုိ႔ရတဲ့ ဗိေႏၶာေဆးနည္းကို သူလိုက္ရွာတယ္။ ကံေကာင္းခ်င္ေတာ့ ဦးဇင္းတစ္ပါးဆီက ေသြးကင္ဆာေပ်ာက္တဲ့ေဆးနည္းကို ရခဲ့တယ္။ အဲဒီေဆးနည္းကေတာ့ လူရုိးနဲ႔သံပုရာသီးေသြးၿပီး ေသာက္လုိက္ရင္ ေသြးကင္ဆာေပ်ာက္တယ္ဆုိတဲ့နည္းပါ။

အဲဒီနည္းလည္းရေရာ ရြာျပန္လာခဲ့တယ္။ သူ႕ပေထြးကိုလည္း အေမ့ေရာဂါအတြက္ လူရုိးနဲ႔သံပုရာသီးရရင္ အဆင္ေျပႏုိင္ေၾကာင္း ေျပာျပတယ္။ ပေထြးကလည္း အဲဒါဆုိရပါတယ္ဦးဇင္း ရြာ့အေနာက္ဘက္က သခ်ဳႋင္းကုန္းမွာရႏုိင္တာပဲ။ ဒီေန႔ေတာ့ ဦးဇင္းေအးေအးေဆးေဆးေနလုိက္ဦးေလ။ မနက္ျဖန္က်ရင္ တပည့္ေတာ္တုိ႔ သြားၾကတာေပါ့လုိ႔ ေလွ်ာက္တယ္။

ေနာက္တစ္ေန႔ ေန႔ခင္း ၁၂-နာရီေလာက္မွာ ပေထြးနဲ႔အတူ သခ်ဳႋင္းကုန္းကို ထြက္လာခဲ့ၾကတယ္။ ပထမေတာ့ လူရိုးကုိ သခ်ဳႋင္းကုန္းမွာ တူးစရာမလုိဘဲနဲ႔ အေပၚယံရွိေနတဲ့အရုိးေတြကို လုိက္ေကာက္ၾကတယ္။ ျဖစ္ခ်င္ေတာ့ သူတို႔လုိက္ေကာက္တဲ့ အဲဒီအရုိးေတြဟာ လက္ထဲေရာက္လာရင္ အသီးေျခာက္ေတြျဖစ္ျဖစ္သြားတယ္။ ဥပမာ သွ်ားေစာင္းသီးတုိ႔ဘာတုိ႔ညာတုိ႔ေပါ့။ အဲဒီသခ်ဳႋင္းကုန္းမွာ ေပါက္ေရာက္ေနတဲ့အပင္ေတြရဲ႕အသီးေတြေပါ့။
ဦးဇင္းက ဒီအတုိင္းဆုိရင္ အဆင္မေျပဘူး။ တစ္ေနရာရာကို စတူးလုိက္မယ္လုပ္ေတာ့ ဦးဇင္းနဲ႔အတူပါလာတဲ့ သူ႕ပေထြးက အဲဒီမွာ မတူးနဲ႔ဦးဇင္း၊ ဒီအေလာင္းကို ၿမဳပ္ထားတာမႀကာေသးဘူးဆုိေတာ့ အရုိးက်မွာ မဟုတ္ေသးဘူး။ ဟုိဘက္ေနရာက အေလာင္းက ၿမဳပ္ထားတာႀကာၿပီ။ ဆယ္လေလာက္ေတာ့ရွိၿပီဆုိေတာ့ အရုိးက်ေနေလာက္ၿပီ။

အဲဒီေနာက္ သူ႕ပေထြးေျပာတဲ့ေနရာကို တူးလုိက္ၾကတယ္။ တူးလိုက္ၾကၿပီးေတာ့ အေခါင္းႀကီးေပၚလာတယ္။ အေခါင္းႀကီးက အေကာင္းခ်ည္းပဲရွိေသးတယ္။ အေခါင္းကို ဆြဲဖြင့္လုိက္တယ္။ မ်က္တြင္းေဟာက္ပတ္ကို အုပ္ေနတဲ့ဆံပင္ေတြ အေထြးလုိက္ႀကီးကို စေတြ႕တယ္။ ႀကည့္ရတာ လူငယ္အေလာင္းနဲ႔တူပါရဲ႕။ ေနာက္ အေခါင္းပုံးတစ္ခုလုံးလွပ္ၿပီး အရုိးေတြကို ဆြဲထုတ္၊ ေျမႀကီးနဲ႔ရုိက္ခါလုိက္တယ္။ အဲဒီဦးဇင္းကလည္း အေမ့ေရာဂါေပ်ာက္လုိေဇာနဲ႔ လက္ဖ်ံရုိးႏွစ္ေခ်ာင္း၊ ေျခသလုံးရုိးႏွစ္ေခ်ာင္းက အရုိးေတြကို ထင္းေခြသလုိမ်ဳိးထမ္းၿပီး ရြာဘက္ကိုျပန္လာခဲ့ၾကတယ္။

လမ္းေပၚမွာေတာ့ ဘာမွမျဖစ္ေသးဘူး။ ရြာထဲမ၀င္ခင္ ၿခံစည္းရုိးနားမွာ အရုိးကိုမီးၿမဳိက္လုိက္ေသးတယ္။ အညစ္အေႀကးေတြ ကင္းသြားေအာင္လုိ႔ေပါ့။ သူ႕ညီက “ဦးဇင္းအရုိးေတြက ေမႊးလွခ်ည္လား၊ ႀကက္ရုိးေတြလားမသိဘူး၊ စားေတာင္စားခ်င္လာၿပီ”လုိ႔ လွမ္းေနာက္လုိက္ေသးတယ္။ အဲဒီေနာက္ ရြာထဲကို ၀င္လာခဲ့ၾကတယ္။ အိမ္ေပၚတက္မယ္လည္းလုပ္ေရာ သူ႕ပေထြးက မ်က္ႏွာရုပ္ဆုိးဆုိးႀကီးနဲ႔ျဖစ္လာၿပီး “ငါ့အရုိးျပန္ေပး၊ ငါ့အရုိးျပန္ေပး”လုိ႔ ေအာ္ေတာင္းေနေတာ့တယ္။

အမွန္ကေတာ့ သူရဲႀကီးက ပေထြးကို ၀င္ပူးၿပီး ေျပာလုိက္တာျဖစ္တယ္။ အဲဒါနဲ႔ အဲဒီဦးဇင္းက ခပ္လန္႔လန္႔နဲ႔ သမၺဳေဒၶဂါထာကို ရြတ္ဖတ္လုိက္ေသာ္လည္း ငါ့အရုိးျပန္ေပးခ်ည္းဟုသာ တစာစာေအာ္ေနေတာ့တယ္။ ေနာက္ေတာ့ ဦးဇင္းကလည္း စိတ္ကိုႏုိင္ေအာင္ထိန္းၿပီး လက္တစ္ဖက္က ပေထြးရဲ႕ ပခုံးကို ကုိင္လုိက္ၿပီး ပါးစပ္ကလည္း “သမၺဳေဒၶ အ႒၀ီသဥၥ…စသည္ကို ရြတ္လုိက္တဲ့အခါမွာ ေအာ္သံေပ်ာက္သြားတယ္။ ငါ့အရုိးျပန္ေပးလုိ႔ ထပ္မေတာင္းေတာ့ဘူး။ ဦးဇင္းရဲ႕လက္က ပေထြးရဲ႕ပခုံးကို လႊတ္လုိက္တဲ့ ခဏေလးမွာပဲ “ငါ့အရုိးျပန္ေပး…၊ ငါ့အရုိးျပန္ေပး…”ဆုိၿပီး အသံနက္ႀကီးနဲ႔ ေအာ္ၿပီးေတာင္းျပန္တယ္။ ဦးဇင္းကလည္း တစ္ခါထပ္ၿပီးေတာ့ ပခုံးကိုင္ၿပီး တစ္ခါရြတ္ျပန္တယ္။

ဒီလုိနဲ႔ သူရဲႀကီးက ၀င္လာလုိက္၊ ဦးဇင္းကရြတ္လုိက္၊ သူရဲႀကီးက ထြက္သြားလုိက္၊ ဦးဇင္းကလက္လႊတ္လုိက္နဲ႔ ခ်ာလပတ္လည္ေနေတာ့တယ္။ အဲဒါနဲ႔ဦးဇင္းက အႀကံေပါက္ၿပီး သူ႕ညီကုိ ဘုရားစင္က ေက်ာက္ပုတီးႀကီးကို ယူခုိင္းလုိက္တယ္။ သူ႕လက္ထဲပုတီးလည္းေရာက္ေရာ သူ႕ပေထြးရဲ႕လည္ပင္းမွာ ဆြဲေပးလုိက္တယ္။
ဒါေပမယ့္ အဲဒီသူရဲႀကီးက သူ႕ပါးစပ္ႀကီးနဲ႔ အဲဒီေက်ာက္ပုတီးႀကီးကို တဂြမ္းဂြမ္းျမည္ေအာင္ ကိုက္ခဲြပစ္လုိက္တယ္။ ဦးဇင္းက အေျခေနမဟန္တာနဲ႔ လက္နဲ႔ပခုံးကို ကိုင္ၿပီး သမၺဳေဒၶဂါထာထပ္ရြတ္ျပန္တယ္။ ဒီလုိနဲ႔ သူရဲႀကီးက ထြက္သြားျပန္တယ္။ ပေထြးလုပ္သူက ဦးဇင္းတပည့္ေတာ္သြားေတြနာလုိက္တာ၊ ဘာျဖစ္တာလဲလုိ႔ ေမးတယ္။ ဦးဇင္းက ဘာမွမျဖစ္ပါဘူး။ ခုန ခင္ဗ်ားက ပုတီးကိုကိုက္ခြဲလုိက္လုိ႔ျဖစ္တာပါလုိ႔ ေျပာလုိက္တယ္။

ဒါနဲ႔ အရုိးေတြယူၿပီး အိမ္ေပၚတက္လုိက္ႀကတယ္။ အိမ္ေပၚလည္းေရာက္ေရာ ပေထြးက ေလးဘက္ႀကီးေထာက္ၿပီး “ငါ့အရုိးျပန္ေပး…”ဆုိၿပီး ဦးဇင္းရဲ႕မ်က္ႏွာေရွ႕တည့္တည့္မွာ အသံၿပဲႀကီးနဲ႔ ထေအာ္လိုက္တယ္။ အိမ္ေပၚမွာ ေလးဘက္ေထာက္ႀကီးနဲ႔ ေလွ်ာက္သြားၿပီး “ငါ့အရုိးျပန္ေပး…၊ ငါ့အရုိးျပန္ေပး…”ဆုိၿပီး မရပ္မနားေအာ္ေနေတာ့တယ္။ အေမလုပ္သူက ေႀကာက္လန္႔လာၿပီး အဲဒီအရုိးကို သြားပစ္လုိက္ပါေတာ့၊ တပည့္ေတာ္ေရာဂါမေပ်ာက္ခ်င္လည္း ေနပါေစေတာ့ဦးဇင္းရယ္လုိ႔လွမ္းေျပာလုိက္တယ္။ အဲဒါနဲ႔ ဦးဇင္းက အရုိးေတြကို သခ်ဳႋင္းကုန္းထိ ျပန္ပို႔မေနေတာ့ဘဲ ရြာၿခံစည္းရုိးအျပင္ဘက္ကို ပစ္ထုတ္လုိက္တယ္။ အဲဒီအခါက်မွပဲ သူရဲႀကီး၀င္ပူးတာ ေပ်ာက္သြားေတာ့တယ္။

သူ႕ပေထြးလည္း ေမာပန္းၿပီး အိပ္ေပ်ာ္သြားတယ္။ ဦးဇင္းကေတာ့ တစ္ညလုံးအိပ္မေပ်ာ္ဘဲ အိမ္ေခါင္းရင္းက အေကာင္မဲမဲႀကီး လမ္းေလွ်ာက္ေနတာကို နားေထာင္ၿပီး အိပ္ယာထဲမွာ မွိန္းေနလုိက္တယ္။ မနက္ေလးနာရီထုိးေလာက္ႀကေတာ့ က်ဳံေပ်ာ္ျပန္ဖုိ႔ သူ႕ညီကုိ သေဘၤာဆိပ္ကို လုိက္ပုိ႔ခုိင္းတယ္။ ဦးဇင္းစိတ္ထဲမွာေတာ့ အေကာင္းမဲမဲႀကီးက မလွမ္းမကမ္းက လုိက္လာသလုိမ်ဳိးႀကီး ခံစားေနရတယ္။ မနက္မုိးလင္းငါးနာရီေလာက္မွာ သေဘၤာဆိပ္ကေန က်ဳံေပ်ာ္ကို ျပန္လာခဲ့လုိက္တယ္။
(ေအာ္…ငါတုိ႔လည္း တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္မွာ ငါတုိ႔၏အရုိးေတြဟာ မီးၿမဳိက္ခံရမလား၊ ေၿမၿမဳပ္လုိက္ၾကမလား ႀကဳိမသိႏုိင္ပါလား…ဆုိၿပီး သရဲအေၾကာင္းကို ဖတ္ရင္း မရဏာႏုႆတိပြားႏုိင္ၾကပါေစ…)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သရဲအေၾကာင္းမ်ား
#Unicode Version#
 ကဲ…စပြီ တစ်ခါတုန်းက ကျုံပျော်ဘက်က ရွာတစ်ရွာမှာ အမျိုးသမီးကြီးတစ်ဦး သွေးကင်ဆာရောဂါဖြစ်သတဲ့။
သူ့မှာ ဦးကောသလ္လလို့ခေါ်တဲ့ သားဦးဇင်းတစ်ပါးရှိတယ်။ မန္တလေးမြို့၊ ဘုရားကြီးတိုက်ထဲမှာ စာပေပရိယတ္တိကို သင်ကြားနေတဲ့ စာသင်သားရဟန်းတစ်ပါးပေါ့။ အမေသွေးကင်ဆာဖြစ်တယ်ဆိုတာကြားတော့ ဆေးရုံတက်ဖို့ကလည်း ပိုက်ဆံကမရှိ။ ပြီးတော့ ဒီရောဂါကလည်း ဖြစ်လာရင်တိမ်းပါးသွားကြတာကများတော့ အခြားလွယ်လွယ်နဲ့ ကုလို့ရတဲ့ ဗိန္ဓောဆေးနည်းကို သူလိုက်ရှာတယ်။ ကံကောင်းချင်တော့ ဦးဇင်းတစ်ပါးဆီက သွေးကင်ဆာပျောက်တဲ့ဆေးနည်းကို ရခဲ့တယ်။ အဲဒီဆေးနည်းကတော့ လူရိုးနဲ့သံပုရာသီးသွေးပြီး သောက်လိုက်ရင် သွေးကင်ဆာပျောက်တယ်ဆိုတဲ့နည်းပါ။

အဲဒီနည်းလည်းရရော ရွာပြန်လာခဲ့တယ်။ သူ့ပထွေးကိုလည်း အမေ့ရောဂါအတွက် လူရိုးနဲ့သံပုရာသီးရရင် အဆင်ပြေနိုင်ကြောင်း ပြောပြတယ်။ ပထွေးကလည်း အဲဒါဆိုရပါတယ်ဦးဇင်း ရွာ့အနောက်ဘက်က သချုႋင်းကုန်းမှာရနိုင်တာပဲ။ ဒီနေ့တော့ ဦးဇင်းအေးအေးဆေးဆေးနေလိုက်ဦးလေ။ မနက်ဖြန်ကျရင် တပည့်တော်တို့ သွားကြတာပေါ့လို့ လျှောက်တယ်။

နောက်တစ်နေ့ နေ့ခင်း ၁၂-နာရီလောက်မှာ ပထွေးနဲ့အတူ သချုႋင်းကုန်းကို ထွက်လာခဲ့ကြတယ်။ ပထမတော့ လူရိုးကို သချုႋင်းကုန်းမှာ တူးစရာမလိုဘဲနဲ့ အပေါ်ယံရှိနေတဲ့အရိုးတွေကို လိုက်ကောက်ကြတယ်။ ဖြစ်ချင်တော့ သူတို့လိုက်ကောက်တဲ့ အဲဒီအရိုးတွေဟာ လက်ထဲရောက်လာရင် အသီးခြောက်တွေဖြစ်ဖြစ်သွားတယ်။ ဥပမာ သျှားစောင်းသီးတို့ဘာတို့ညာတို့ပေါ့။ အဲဒီသချုႋင်းကုန်းမှာ ပေါက်ရောက်နေတဲ့အပင်တွေရဲ့အသီးတွေပေါ့။
ဦးဇင်းက ဒီအတိုင်းဆိုရင် အဆင်မပြေဘူး။ တစ်နေရာရာကို စတူးလိုက်မယ်လုပ်တော့ ဦးဇင်းနဲ့အတူပါလာတဲ့ သူ့ပထွေးက အဲဒီမှာ မတူးနဲ့ဦးဇင်း၊ ဒီအလောင်းကို မြုပ်ထားတာမကြာသေးဘူးဆိုတော့ အရိုးကျမှာ မဟုတ်သေးဘူး။ ဟိုဘက်နေရာက အလောင်းက မြုပ်ထားတာကြာပြီ။ ဆယ်လလောက်တော့ရှိပြီဆိုတော့ အရိုးကျနေလောက်ပြီ။

အဲဒီနောက် သူ့ပထွေးပြောတဲ့နေရာကို တူးလိုက်ကြတယ်။ တူးလိုက်ကြပြီးတော့ အခေါင်းကြီးပေါ်လာတယ်။ အခေါင်းကြီးက အကောင်းချည်းပဲရှိသေးတယ်။ အခေါင်းကို ဆွဲဖွင့်လိုက်တယ်။ မျက်တွင်းဟောက်ပတ်ကို အုပ်နေတဲ့ဆံပင်တွေ အထွေးလိုက်ကြီးကို စတွေ့တယ်။ ကြည့်ရတာ လူငယ်အလောင်းနဲ့တူပါရဲ့။ နောက် အခေါင်းပုံးတစ်ခုလုံးလှပ်ပြီး အရိုးတွေကို ဆွဲထုတ်၊ မြေကြီးနဲ့ရိုက်ခါလိုက်တယ်။ အဲဒီဦးဇင်းကလည်း အမေ့ရောဂါပျောက်လိုဇောနဲ့ လက်ဖျံရိုးနှစ်ချောင်း၊ ခြေသလုံးရိုးနှစ်ချောင်းက အရိုးတွေကို ထင်းခွေသလိုမျိုးထမ်းပြီး ရွာဘက်ကိုပြန်လာခဲ့ကြတယ်။

လမ်းပေါ်မှာတော့ ဘာမှမဖြစ်သေးဘူး။ ရွာထဲမဝင်ခင် ခြံစည်းရိုးနားမှာ အရိုးကိုမီးမြိုက်လိုက်သေးတယ်။ အညစ်အကြေးတွေ ကင်းသွားအောင်လို့ပေါ့။ သူ့ညီက “ဦးဇင်းအရိုးတွေက မွှေးလှချည်လား၊ ကြက်ရိုးတွေလားမသိဘူး၊ စားတောင်စားချင်လာပြီ”လို့ လှမ်းနောက်လိုက်သေးတယ်။ အဲဒီနောက် ရွာထဲကို ဝင်လာခဲ့ကြတယ်။ အိမ်ပေါ်တက်မယ်လည်းလုပ်ရော သူ့ပထွေးက မျက်နှာရုပ်ဆိုးဆိုးကြီးနဲ့ဖြစ်လာပြီး “ငါ့အရိုးပြန်ပေး၊ ငါ့အရိုးပြန်ပေး”လို့ အော်တောင်းနေတော့တယ်။

အမှန်ကတော့ သူရဲကြီးက ပထွေးကို ဝင်ပူးပြီး ပြောလိုက်တာဖြစ်တယ်။ အဲဒါနဲ့ အဲဒီဦးဇင်းက ခပ်လန့်လန့်နဲ့ သမ္ဗုဒ္ဓေဂါထာကို ရွတ်ဖတ်လိုက်သော်လည်း ငါ့အရိုးပြန်ပေးချည်းဟုသာ တစာစာအော်နေတော့တယ်။ နောက်တော့ ဦးဇင်းကလည်း စိတ်ကိုနိုင်အောင်ထိန်းပြီး လက်တစ်ဖက်က ပထွေးရဲ့ ပခုံးကို ကိုင်လိုက်ပြီး ပါးစပ်ကလည်း “သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ…စသည်ကို ရွတ်လိုက်တဲ့အခါမှာ အော်သံပျောက်သွားတယ်။ ငါ့အရိုးပြန်ပေးလို့ ထပ်မတောင်းတော့ဘူး။ ဦးဇင်းရဲ့လက်က ပထွေးရဲ့ပခုံးကို လွှတ်လိုက်တဲ့ ခဏလေးမှာပဲ “ငါ့အရိုးပြန်ပေး…၊ ငါ့အရိုးပြန်ပေး…”ဆိုပြီး အသံနက်ကြီးနဲ့ အော်ပြီးတောင်းပြန်တယ်။ ဦးဇင်းကလည်း တစ်ခါထပ်ပြီးတော့ ပခုံးကိုင်ပြီး တစ်ခါရွတ်ပြန်တယ်။

ဒီလိုနဲ့ သူရဲကြီးက ဝင်လာလိုက်၊ ဦးဇင်းကရွတ်လိုက်၊ သူရဲကြီးက ထွက်သွားလိုက်၊ ဦးဇင်းကလက်လွှတ်လိုက်နဲ့ ချာလပတ်လည်နေတော့တယ်။ အဲဒါနဲ့ဦးဇင်းက အကြံပေါက်ပြီး သူ့ညီကို ဘုရားစင်က ကျောက်ပုတီးကြီးကို ယူခိုင်းလိုက်တယ်။ သူ့လက်ထဲပုတီးလည်းရောက်ရော သူ့ပထွေးရဲ့လည်ပင်းမှာ ဆွဲပေးလိုက်တယ်။
ဒါပေမယ့် အဲဒီသူရဲကြီးက သူ့ပါးစပ်ကြီးနဲ့ အဲဒီကျောက်ပုတီးကြီးကို တဂွမ်းဂွမ်းမြည်အောင် ကိုက်ခွဲပစ်လိုက်တယ်။ ဦးဇင်းက အခြေနေမဟန်တာနဲ့ လက်နဲ့ပခုံးကို ကိုင်ပြီး သမ္ဗုဒ္ဓေဂါထာထပ်ရွတ်ပြန်တယ်။ ဒီလိုနဲ့ သူရဲကြီးက ထွက်သွားပြန်တယ်။ ပထွေးလုပ်သူက ဦးဇင်းတပည့်တော်သွားတွေနာလိုက်တာ၊ ဘာဖြစ်တာလဲလို့ မေးတယ်။ ဦးဇင်းက ဘာမှမဖြစ်ပါဘူး။ ခုန ခင်ဗျားက ပုတီးကိုကိုက်ခွဲလိုက်လို့ဖြစ်တာပါလို့ ပြောလိုက်တယ်။

ဒါနဲ့ အရိုးတွေယူပြီး အိမ်ပေါ်တက်လိုက်ကြတယ်။ အိမ်ပေါ်လည်းရောက်ရော ပထွေးက လေးဘက်ကြီးထောက်ပြီး “ငါ့အရိုးပြန်ပေး…”ဆိုပြီး ဦးဇင်းရဲ့မျက်နှာရှေ့တည့်တည့်မှာ အသံပြဲကြီးနဲ့ ထအော်လိုက်တယ်။ အိမ်ပေါ်မှာ လေးဘက်ထောက်ကြီးနဲ့ လျှောက်သွားပြီး “ငါ့အရိုးပြန်ပေး…၊ ငါ့အရိုးပြန်ပေး…”ဆိုပြီး မရပ်မနားအော်နေတော့တယ်။ အမေလုပ်သူက ကြောက်လန့်လာပြီး အဲဒီအရိုးကို သွားပစ်လိုက်ပါတော့၊ တပည့်တော်ရောဂါမပျောက်ချင်လည်း နေပါစေတော့ဦးဇင်းရယ်လို့လှမ်းပြောလိုက်တယ်။ အဲဒါနဲ့ ဦးဇင်းက အရိုးတွေကို သချုႋင်းကုန်းထိ ပြန်ပို့မနေတော့ဘဲ ရွာခြံစည်းရိုးအပြင်ဘက်ကို ပစ်ထုတ်လိုက်တယ်။ အဲဒီအခါကျမှပဲ သူရဲကြီးဝင်ပူးတာ ပျောက်သွားတော့တယ်။

သူ့ပထွေးလည်း မောပန်းပြီး အိပ်ပျော်သွားတယ်။ ဦးဇင်းကတော့ တစ်ညလုံးအိပ်မပျော်ဘဲ အိမ်ခေါင်းရင်းက အကောင်မဲမဲကြီး လမ်းလျှောက်နေတာကို နားထောင်ပြီး အိပ်ယာထဲမှာ မှိန်းနေလိုက်တယ်။ မနက်လေးနာရီထိုးလောက်ကြတော့ ကျုံပျော်ပြန်ဖို့ သူ့ညီကို သင်္ဘောဆိပ်ကို လိုက်ပို့ခိုင်းတယ်။ ဦးဇင်းစိတ်ထဲမှာတော့ အကောင်းမဲမဲကြီးက မလှမ်းမကမ်းက လိုက်လာသလိုမျိုးကြီး ခံစားနေရတယ်။ မနက်မိုးလင်းငါးနာရီလောက်မှာ သင်္ဘောဆိပ်ကနေ ကျုံပျော်ကို ပြန်လာခဲ့လိုက်တယ်။
(အော်…ငါတို့လည်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ ငါတို့၏အရိုးတွေဟာ မီးမြိုက်ခံရမလား၊ မြေမြုပ်လိုက်ကြမလား ကြိုမသိနိုင်ပါလား…ဆိုပြီး သရဲအကြောင်းကို ဖတ်ရင်း မရဏာနုဿတိပွားနိုင်ကြပါစေ…)

ဖိုးသူတော် (www.phothutaw.com)
Credit: သရဲအကြောင်းများ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top