Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အိႏၵိယႏိုင္ငံမွာ မိသားစုဝင္ ၅ ဦးဟာ ရထားေရွ႕မွာ ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းႀကံစည္ၿပီး ေသဆုံးသြားခဲ့ၾကတယ္လို႔ ေမရာသတင္းတပုဒ္မွာ ႏိုဝင္ဘာ ၉ ရက္ေန႔က ေဖာ္ျပပါတယ္။

ဒီအျဖစ္အပ်က္ဟာ ႏိုင္ငံအေရွ႕ပိုင္း ဆမ္ဘာလ္ပါရ္ၿမိဳ႕အနီးမွာ ျဖစ္ခဲ့ၿပီး ေသဆုံးသူေတြထဲမွာ အမ်ိဳးသမီး ၄ ဦးနဲ႔ အမ်ိဳးသား ၁ ဦး ပါဝင္ကာ အဲဒီအမ်ိဳးသားဟာ ဂီတသ႐ုပ္ျပေက်ာင္းဆရာတဦး ျဖစ္တယ္လို႔ ဆိုပါတယ္။

သူတို႔ရဲ႕အေလာင္းေတြကို ေတြ႕ရွိၿပီးေနာက္မွာေတာ့ ရဲေတြက ေသဆုံးသူဟာ ဒါရန္နီဒ္ရာ ပန္ဒါ၊ ဇနီးျဖစ္သူ ဆန္ဂီးတာနဲ႔ အသက္ ၁၃ ႏွစ္နဲ႔ ၂၀ ႏွစ္ၾကား သမီး ၃ ေယာက္ ျဖစ္ၾကတယ္လို႔ အတည္ျပဳခဲ့ၾကတာပါ။

ရထားသံလမ္းေပၚမွ သူတို႔ရဲ႕ အသက္မဲ့ ခႏၶာကိုယ္ေတြကို ေတြ႕ခဲ့ၾကခ်ိန္မွာ လူေတြဟာ ထိတ္လန႔္အံ့ၾသခဲ့ၾကရၿပီး ဒါဟာ အုပ္စုလိုက္ တမင္စီစဥ္ ေသေၾကာင္းႀကံစည္တာျဖစ္တယ္လို႔ ေဝဖန္ေနၾကပါတယ္။

ေက်ာင္းမွ လုပ္ေဖာ္ကိုင္ဘက္ေတြကေတာ့ ဒါရန္နီဒ္ရာဟာ စိတ္သေဘာထား ေကာင္းမြန္ကာ ၾကင္နာတတ္သူတဦး ျဖစ္တယ္လို႔ ေျပာေနၾကၿပီး သူ႔ကို ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၇ ရက္ေန႔မွာ ေနာက္ဆုံးေတြ႕ခဲ့ရတာလို႔ ဆိုပါတယ္။

သူ႔ကိုေတြ႕ခ်ိန္မွာလည္း သာမန္အေျခအေနအတိုင္းပဲျဖစ္ၿပီး စိတ္ညစ္ညဴး အေႏွာင့္အယွက္ျဖစ္ေနတဲ့ အမူအရာ တစုံတရာ မေတြ႕ခဲ့ၾကဘူးလို႔ ေျပာပါတယ္။

လက္ရွိမွာေတာ့ ေက်ာင္းက သူ႔ရဲ႕ေသဆုံးမႈကို ဂါရဝျပဳတဲ့အေနနဲ႔ ေက်ာင္းကို ရက္ပိုင္းပိတ္ထားခဲ့ၿပီး အေသးစိတ္အေျခအေနေတြကို စုံစမ္းေနတယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ရဲေျပာေရးဆိုခြင့္ရွိသူတဦးကေတာ့ “ကနဦး စုံစမ္းစစ္ေဆးမႈေတြအရ ဒါဟာ အစုလိုက္ ေသေၾကာင္းႀကံစည္မႈျဖစ္တယ္လို႔ ေျပာရမွာပါ။ က်ေနာ္တို႔ အမ်ိဳးသမီး ၄ ဦးနဲ႔ အမ်ိဳးသား ၁ ဦးတို႔ရဲ႕ အေလာင္းေတြ ေတြ႕တယ္။ လက္ရွိမွာေတာ့ ေဆး႐ုံ ရင္ခြဲ႐ုံကိုပို႔ၿပီး လိုအပ္တဲ့ စစ္ေဆးမႈေတြ လုပ္ေနပါတယ္” လို႔ ေျပာပါတယ္။

ေဒသခံ ႏိုင္ငံေရးသမားတဦးျဖစ္တဲ့ ရာဆက္စ္ဝါရီ ပန္နီဂရာဟီကေတာ့ အမွန္တရားအတိုင္း ေဖာ္ထုတ္ေပးဖို႔ သက္ဆိုင္ရာကို ေတာင္းဆိုလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
အိန္ဒိယနိုင်ငံမှာ မိသားစုဝင် ၅ ဦးဟာ ရထားရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ပြီး သေဆုံးသွားခဲ့ကြတယ်လို့ မေရာသတင်းတပုဒ်မှာ နိုဝင်ဘာ ၉ ရက်နေ့က ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ နိုင်ငံအရှေ့ပိုင်း ဆမ်ဘာလ်ပါရ်မြို့အနီးမှာ ဖြစ်ခဲ့ပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦး ပါဝင်ကာ အဲဒီအမျိုးသားဟာ ဂီတသရုပ်ပြကျောင်းဆရာတဦး ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ရဲ့အလောင်းတွေကို တွေ့ရှိပြီးနောက်မှာတော့ ရဲတွေက သေဆုံးသူဟာ ဒါရန်နီဒ်ရာ ပန်ဒါ၊ ဇနီးဖြစ်သူ ဆန်ဂီးတာနဲ့ အသက် ၁၃ နှစ်နဲ့ ၂၀ နှစ်ကြား သမီး ၃ ယောက် ဖြစ်ကြတယ်လို့ အတည်ပြုခဲ့ကြတာပါ။

ရထားသံလမ်းပေါ်မှ သူတို့ရဲ့ အသက်မဲ့ ခန္ဓာကိုယ်တွေကို တွေ့ခဲ့ကြချိန်မှာ လူတွေဟာ ထိတ်လန့်အံ့သြခဲ့ကြရပြီး ဒါဟာ အုပ်စုလိုက် တမင်စီစဉ် သေကြောင်းကြံစည်တာဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။

ကျောင်းမှ လုပ်ဖော်ကိုင်ဘက်တွေကတော့ ဒါရန်နီဒ်ရာဟာ စိတ်သဘောထား ကောင်းမွန်ကာ ကြင်နာတတ်သူတဦး ဖြစ်တယ်လို့ ပြောနေကြပြီး သူ့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ နောက်ဆုံးတွေ့ခဲ့ရတာလို့ ဆိုပါတယ်။

သူ့ကိုတွေ့ချိန်မှာလည်း သာမန်အခြေအနေအတိုင်းပဲဖြစ်ပြီး စိတ်ညစ်ညူး အနှောင့်အယှက်ဖြစ်နေတဲ့ အမူအရာ တစုံတရာ မတွေ့ခဲ့ကြဘူးလို့ ပြောပါတယ်။

လက်ရှိမှာတော့ ကျောင်းက သူ့ရဲ့သေဆုံးမှုကို ဂါရဝပြုတဲ့အနေနဲ့ ကျောင်းကို ရက်ပိုင်းပိတ်ထားခဲ့ပြီး အသေးစိတ်အခြေအနေတွေကို စုံစမ်းနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ရဲပြောရေးဆိုခွင့်ရှိသူတဦးကတော့ “ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ ဒါဟာ အစုလိုက် သေကြောင်းကြံစည်မှုဖြစ်တယ်လို့ ပြောရမှာပါ။ ကျနော်တို့ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦးတို့ရဲ့ အလောင်းတွေ တွေ့တယ်။ လက်ရှိမှာတော့ ဆေးရုံ ရင်ခွဲရုံကိုပို့ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေပါတယ်” လို့ ပြောပါတယ်။

ဒေသခံ နိုင်ငံရေးသမားတဦးဖြစ်တဲ့ ရာဆက်စ်ဝါရီ ပန်နီဂရာဟီကတော့ အမှန်တရားအတိုင်း ဖော်ထုတ်ပေးဖို့ သက်ဆိုင်ရာကို တောင်းဆိုလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top