Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရန္ကုန္တိုင္း၊ တိုက္ႀကီးၿမိဳ႕နယ္၊ အေဖ်ာက္ၿမိဳ႕၊ အုန္ပင္ကြင္းေက်းရြာအုပ္စု၊ ေအးရြာေက်းရြာတြင္ တရားမဝင္ေက်ာက္စုပ္ လုပ္ငန္းမ်ားေၾကာင့္ ေရတိုက္စား၍ ျမစ္ကမ္းပါး ၿပိဳက်မႈေနမႈမ်ား ျဖစ္ေပၚေနေၾကာင္း သိရသည္။

ယင္းသို႔ ျမစ္ေရတိုက္စားမႈမ်ားျဖစ္ေပၚေနရျခင္းမွာ ယင္းေက်းရြာအနီး႐ွိ ေက်ာက္စုပ္လုပ္ငန္းမ်ား ေၾကာင့္ ျဖစ္သည္ဟု တိုက္ႀကီးၿမိဳ႕နယ္၊ တိုင္းေဒသ ႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလြင္စိုးမင္းက ေျပာသည္။

" ဒီရြာေတြက လြန္ခဲ႔တဲ႔ ေလးငါးႏွစ္က တည္ခဲ႔တဲ႔ ရြာေတြမဟုတ္ဘူး၊ ဟိုးအရင္ကတည္းက တည္ခဲ႔ တဲ႔ရြာေတြ၊ အရင္တုန္းက တစ္ခါမွ ဒီလိုမႀကဳံဖူးပဲနဲ႔ အခုမွ ဒီလိုဧရိယာအႀကီးစားႀကီးေတြ ၿပိဳက်တယ္ ဆိုေတာ့ သူက ေအာက္မွာ ဂလိုင္ျဖစ္ၿပီးေတာ့ ၿပိဳက်ေနတာေလ၊ ေက်ာက္စုပ္လုပ္ငန္းေတြနဲ႔ သက္ဆိုင္တယ္လို႔ေတာ့ ေျပာလို႔ရတယ္" ဟု လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလြင္စိုးမင္းက ေျပာသည္။

ႏိုဝင္ဘာလ ၇ ရက္ေန႔မွစတင္၍ ဧရာဝတီျမစ္ေရ တိုက္စားမႈေၾကာင့္ ျမစ္ကမ္းပါး ၿပိဳက်မႈေနမႈမ်ား ယေန႔ ႏိုဝင္ဘာ ၉ ရက္ေန႔အထိ အနည္းငယ္ ဆက္လက္ျဖစ္ပြားေနသည္။

လတ္တေလာအေနအထားတြင္ ျမစ္ကမ္းပါးၿပိဳက် မႈေၾကာင့္ လူႏွင့္တိရိစၧာန္မ်ား အေသအေပ်ာက္ႏွင့္ ထိခိုက္ဒဏ္ရာရ႐ွိမႈ မရွိခဲ႔ေသာ္လည္း လူေနအိမ္ မ်ား ေျပာင္းေရႊ႕ခဲ႔ရေၾကာင္း သိရသည္။

သည္ဟု တိုက္ႀကီးၿမိဳ႕နယ္ ေဒသခံ ဦးခင္ထြန္းက " ဒီေန႔ေတာ့ ျမစ္ေရတက္တာ ျပန္ၿပီးေတာ့ ေလ်ာ့ သြားတဲ႔အတြက္ေၾကာင့္ ေရေပ်ာ္ေနတဲ႔ကမ္းပါး ေတြက အခုမွ ပဲ႔က်တာေပါ့၊ ႐ြာရဲ႕႐ြာလယ္ လမ္းမ ႀကီးက ထိပ္ပိုင္းနည္းနည္းပါသြားတယ္၊ အရင္ ရက္ေတြေလာက္ အေျခအေနမဆိုးေတာ့ဘူး" ဟု တိုက္ႀကီးၿမိဳ႕နယ္ ေဒသခံ ဦးခင္ထြန္းက ေျပာသည္။

ေက်ာက္စုပ္လုပ္ငန္းလုပ္ကိုင္သူမ်ားမွာ အျခားၿမိဳ႕ မ်ားမွလုပ္ငန္း႐ွင္မ်ားျဖစ္ၿပီး၊ ယင္းလုပ္ငန္းမ်ား မလုပ္ရန္ အစိုးရက တားျမစ္ထားေသာ္လည္း ယေန႔ အခ်ိန္အထိ တရားမဝင္လုပ္ကိုင္ေဆာင္႐ြက္ေနမႈ မ်ား႐ွိေနေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလြင္စိုးမင္းက ေျပာသည္။

" လြန္ခဲ႔တဲ႔ ၄ လေလာက္က ဝန္ႀကီးခ်ဳပ္ကေန သဲေက်ာက္စုပ္လုပ္ငန္း႐ွင္ ၃၃ ဦးကို မလုပ္ေတာ့ပါဘူးဆိုၿပီး တိုင္းအစိုးရရုံးမွာ လက္မွတ္ထိုးခိုင္းတယ္၊ လက္မွတ္ထိုးခိုင္းလိုက္ တဲ႔အခါက်ေတာ့ လက္မွတ္ထိုးထားသူေတြ က ဦး မေဆာင္ဘဲ အျခားလက္မွတ္မထိုးတဲ႔သူေတြက လုပ္တယ္" ဟု ဦးလြင္မင္းစိုးက ေျပာသည္။

၄င္းတို႔ကို တားဆီးရန္အတြက္ ရဲတပ္ဖြဲ႔အင့္အား နည္းပါးမႈႏွင့္ ေျပာင္းေ႐ႊ႕လုပ္ကိုင္ရသည့္ ယင္း လုပ္ငန္းအေျခအေနမ်ားေၾကာင့္ သက္ဆိုင္ရာ အေနႏွင့္လည္း တားဆီးရန္အခက္အခဲမ်ား ရွိေနသည္ဟု လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလြင္စိုးမင္းက ဆက္လက္ ေျပာသည္။

ေက်ာက္စုပ္လုပ္ငန္းမ်ား ႏွစ္ေပါင္းမ်ားစြာ လုပ္ကိုင္ လာခဲ႔သည့္အတြက္ ျမစ္ေအာက္ေျခတြင္ ဂလိုင္ အျဖစ္ လိႈက္စားလာၿပီး၊ ဧရာဝတီျမစ္ေၾကာင္း ထိန္းသိမ္းေရးႏွင့္ တိုင္းထြာခ်က္အရ ေပ ၁၀၀ ေလာက္ အနက္ ႐ွိေၾကာင္း သိရသည္။

တိုက္ၾကီးျမိဳ႕နယ္တြင္ ႏိုဝင္ဘာလ ၇ ရက္ေန႔က အလ်ား ေပ ၁၅၀ × အနံ ၁၀ ေပအထိ ၿပိဳက်ခဲ႔ၿပီး၊ ႏိုဝင္ဘာ ၈ ရက္ေန႔က အလ်ား ၅၀ ေပ၊ အနံ ၁၀ ေပခန္႔ ျမစ္ကမ္းပါး ထပ္မံၿပိဳက်မႈျဖစ္ပြားခဲ့သည္။ မေန႔ကအထိ ကမ္းပါး ၿပိဳက်သည့္ေနရာအနီးရွိ လူေနအိမ္စုစုေပါင္း ၁၃၇ လံုးအား ေဘးလြတ္ရာဘုန္းႀကီးေက်ာင္းႏွင့္ ကမ္း ႏွင့္ကြာေဝးသည့္ စိုက္ပ်ဳိးေျမမ်ားသို႔ ယာယီ ေျပာင္း ေရႊ႕ခဲ့ရသည္။

ႏိုဝင္ဘာ ၈ ရက္ေန႔က ရန္ကုန္တိုင္းေဒသႀကီး လူမႈ၀န္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရးဦးစီးဌာန တိုင္းဦးစီးမွဴး ဦး၀င္းေရႊ၊ တိုက္ႀကီးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ေက်ာ္စိုး
တို႔ပါ၀င္ေသာအဖြဲ႕က ျမစ္ကမ္းပါးၿပိဳက်မႈျဖစ္ပြား ခ့ဲသည့္ေနရာသို႔ သြားေရာက္၍ အစားအေသာက္ ႏွင့္ ေဆးဝါးမ်ားပံ႔ပိုးကူညီခဲ႔သည္။

ယေန႔ႏိုဝင္ဘာလ ၉ ရက္ေန႔တြင္လည္း ေဒၚခင္ၾကည္ေဖာင္ေဒး႐ွင္းက ဆန္အိတ္ ၂၀၀ ေက်ာ္ႏွင့္ ဆီ ၁၀ ပုံးလွဴဒါန္းခဲ႔ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်ပင်ကွင်းကျေးရွာအုပ်စု၊ အေးရွာကျေးရွာတွင် တရားမဝင်ကျောက်စုပ် လုပ်ငန်းများကြောင့် ရေတိုက်စား၍ မြစ်ကမ်းပါး ပြိုကျမှုနေမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ယင်းသို့ မြစ်ရေတိုက်စားမှုများဖြစ်ပေါ်နေရခြင်းမှာ ယင်းကျေးရွာအနီးရှိ ကျောက်စုပ်လုပ်ငန်းများ ကြောင့် ဖြစ်သည်ဟု တိုက်ကြီးမြို့နယ်၊ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ပြောသည်။

" ဒီရွာတွေက လွန်ခဲ့တဲ့ လေးငါးနှစ်က တည်ခဲ့တဲ့ ရွာတွေမဟုတ်ဘူး၊ ဟိုးအရင်ကတည်းက တည်ခဲ့ တဲ့ရွာတွေ၊ အရင်တုန်းက တစ်ခါမှ ဒီလိုမကြုံဖူးပဲနဲ့ အခုမှ ဒီလိုဧရိယာအကြီးစားကြီးတွေ ပြိုကျတယ် ဆိုတော့ သူက အောက်မှာ ဂလိုင်ဖြစ်ပြီးတော့ ပြိုကျနေတာလေ၊ ကျောက်စုပ်လုပ်ငန်းတွေနဲ့ သက်ဆိုင်တယ်လို့တော့ ပြောလို့ရတယ်" ဟု လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့မှစတင်၍ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှုနေမှုများ ယနေ့ နိုဝင်ဘာ ၉ ရက်နေ့အထိ အနည်းငယ် ဆက်လက်ဖြစ်ပွားနေသည်။

လတ်တလောအနေအထားတွင် မြစ်ကမ်းပါးပြိုကျ မှုကြောင့် လူနှင့်တိရိစ္ဆာန်များ အသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း လူနေအိမ် များ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

သည်ဟု တိုက်ကြီးမြို့နယ် ဒေသခံ ဦးခင်ထွန်းက " ဒီနေ့တော့ မြစ်ရေတက်တာ ပြန်ပြီးတော့ လျော့ သွားတဲ့အတွက်ကြောင့် ရေပျော်နေတဲ့ကမ်းပါး တွေက အခုမှ ပဲ့ကျတာပေါ့၊ ရွာရဲ့ရွာလယ် လမ်းမ ကြီးက ထိပ်ပိုင်းနည်းနည်းပါသွားတယ်၊ အရင် ရက်တွေလောက် အခြေအနေမဆိုးတော့ဘူး" ဟု တိုက်ကြီးမြို့နယ် ဒေသခံ ဦးခင်ထွန်းက ပြောသည်။

ကျောက်စုပ်လုပ်ငန်းလုပ်ကိုင်သူများမှာ အခြားမြို့ များမှလုပ်ငန်းရှင်များဖြစ်ပြီး၊ ယင်းလုပ်ငန်းများ မလုပ်ရန် အစိုးရက တားမြစ်ထားသော်လည်း ယနေ့ အချိန်အထိ တရားမဝင်လုပ်ကိုင်ဆောင်ရွက်နေမှု များရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ပြောသည်။

" လွန်ခဲ့တဲ့ ၄ လလောက်က ဝန်ကြီးချုပ်ကနေ သဲကျောက်စုပ်လုပ်ငန်းရှင် ၃၃ ဦးကို မလုပ်တော့ပါဘူးဆိုပြီး တိုင်းအစိုးရရုံးမှာ လက်မှတ်ထိုးခိုင်းတယ်၊ လက်မှတ်ထိုးခိုင်းလိုက် တဲ့အခါကျတော့ လက်မှတ်ထိုးထားသူတွေ က ဦး မဆောင်ဘဲ အခြားလက်မှတ်မထိုးတဲ့သူတွေက လုပ်တယ်" ဟု ဦးလွင်မင်းစိုးက ပြောသည်။

၎င်းတို့ကို တားဆီးရန်အတွက် ရဲတပ်ဖွဲ့အင့်အား နည်းပါးမှုနှင့် ပြောင်းရွှေ့လုပ်ကိုင်ရသည့် ယင်း လုပ်ငန်းအခြေအနေများကြောင့် သက်ဆိုင်ရာ အနေနှင့်လည်း တားဆီးရန်အခက်အခဲများ ရှိနေသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ဆက်လက် ပြောသည်။

ကျောက်စုပ်လုပ်ငန်းများ နှစ်ပေါင်းများစွာ လုပ်ကိုင် လာခဲ့သည့်အတွက် မြစ်အောက်ခြေတွင် ဂလိုင် အဖြစ် လှိုက်စားလာပြီး၊ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးနှင့် တိုင်းထွာချက်အရ ပေ ၁၀၀ လောက် အနက် ရှိကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် နိုဝင်ဘာလ ၇ ရက်နေ့က အလျား ပေ ၁၅၀ × အနံ ၁၀ ပေအထိ ပြိုကျခဲ့ပြီး၊ နိုဝင်ဘာ ၈ ရက်နေ့က အလျား ၅၀ ပေ၊ အနံ ၁၀ ပေခန့် မြစ်ကမ်းပါး ထပ်မံပြိုကျမှုဖြစ်ပွားခဲ့သည်။ မနေ့ကအထိ ကမ်းပါး ပြိုကျသည့်နေရာအနီးရှိ လူနေအိမ်စုစုပေါင်း ၁၃၇ လုံးအား ဘေးလွတ်ရာဘုန်းကြီးကျောင်းနှင့် ကမ်း နှင့်ကွာဝေးသည့် စိုက်ပျိုးမြေများသို့ ယာယီ ပြောင်း ရွှေ့ခဲ့ရသည်။

နိုဝင်ဘာ ၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းရွှေ၊ တိုက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး
တို့ပါဝင်သောအဖွဲ့က မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား ခဲ့သည့်နေရာသို့ သွားရောက်၍ အစားအသောက် နှင့် ဆေးဝါးများပံ့ပိုးကူညီခဲ့သည်။

ယနေ့နိုဝင်ဘာလ ၉ ရက်နေ့တွင်လည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်အိတ် ၂၀၀ ကျော်နှင့် ဆီ ၁၀ ပုံးလှူဒါန်းခဲ့ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top