ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကမာၻႏိုင္ငံအသီးသီးတြင္႐ုတ္႐ုတ္သဲသဲျဖစ္ကုန္ၾကေလသည္။ တအံ့တဩလဲ ျဖစ္ကုန္ၾက၏။

ယခင္က ထိုကိစၥမ်ိဳးကို

အေမရိကန္သမၼတမ်ား၏ ခရီးစဥ္တြင္

သာေတြ႕ရေလ့ရွိ၏။
Sleeping Baby ေခၚ နယူကလီးယား

လက္နက္ထိန္းခ်ဳပ္စနစ္ေသတၱာကို …

အေမရိကန္သမၼတမ်ား၏ ခရီးသြားစဥ္တြင္

အတူတကြသယ္ေဆာင္လာတတ္သည္ကို

ေတြ႕ဖူးထားၾကေသာ္လည္း …

ျမန္မာျပည္ကပါ ထိုသို႔ေသာ

ထိန္းခ်ဳပ္ကိရိယာသယ္ေဆာင္ေသာ

အိတ္ငယ္ေလးပါလာသည္ကို

ေတြ႕လိုက္ရေသာအခါ ကမာၻႏွင့္အဝွမ္း

အုတ္အုတ္က်က္က်က္ျဖစ္ကုန္ရေလ၏။
ျမန္မာတို႔၏ နည္းပညာ

တိုးတက္မႈ အေျခအေနကို

ကမာၻ႔ပညာရွင္အသီးသီးတို႔က

ခ်က္ခ်င္းတြက္ခ်က္ခန႔္မွန္းရေလေတာ့သည္။
ျမန္မာႏွင့္ အၿမဲတေစ

နည္းပညာပူးေပါင္းဖလွယ္မႈရွိေသာ

႐ုရွားကပင္ တအံ့တဩျဖစ္ရေလသည္။

ထိုမ်ေလာက္ အစြမ္းထက္ဖ်က္အားပ်င္း

လက္နက္ပိုင္ဆိုင္ေနၿပီကို ၎တို႔ပင္

မသိလိုက္ရသျဖင့္ မခ်ိတင္ကဲျဖစ္ရေလ၏။

အိမ္နီးခ်င္းတ႐ုတ္ႏိုင္ငံကမူ …

ျမန္မာတို႔၏ ေအာင္ျမင္မႈကို ရင္ဖြင့္ႀကိဳဆိုေၾကာင္း

ျမန္မာတို႔၏ နည္းပညာတိုးတက္မႈ

အတြက္ ဂုဏ္ယူဝမ္းေျမာက္ေၾကာင္း

ျမန္မာႏူကလီးယား ထုတ္လုပ္မႈကို

ၾကားမိေသာ္လည္း ယခုလို ျမန္ဆန္စြာ

ေအာင္ျမင္လာျခင္းအေပၚအံ့ၾသမိေၾကာင္း

သဝဏ္လႊာေပးပို႔ရန္ပင္ ျပင္ဆင္ေနေတာ့သည္။

ဂ်ာမနီက G21 ျဖစ္လာမည့္

အာရွက်ားအျဖစ္အသိအမွတ္ျပဳေၾကာင္း

မီဒီယာမ်ားမွ ေၾကညာရန္ျပင္ဆင္ေနေတာ့သည္။

အိႏၵိယကလဲ မိမိတို႔ကဲ့သို႔

နယူးကလီးယားမျပန႔္ပြားေရးစာခ်ဳပ္

ခ်ဳပ္ဆိုရန္ တိုက္တြန္းေၾကာင္းေၾကညာေပေတာ့မည္။

အစၥေရးႏွင့္ ေျမာက္ကိုရီးယားတို႔က

၎တို႔၏မဟာမိတ္ႏိုင္ငံအတြက္ အလြန္တရာ

ဝမ္းေျမာက္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး

ဌာနမွ အေဆာတလ်င္စာစီေနၾကေပၿပီ။

အေမရိကန္သမၼတႀကီးကလည္း

၎၏ဒုသမၼတထံဖုန္းဆက္၍ ျမန္မာႏိုင္ငံအား

ေစာင့္ၾကည့္ဖိအားေပးျခင္းမ်ားဆက္လက္

ျပဳလုပ္ေတာ့မည္မဟုတ္ေၾကာင္းႏွင့္

အဆင့္ျမင့္အစြမ္းထက္လက္နက္ပိုင္ဆိုင္ေသာ

ကမာၻ႔ဒုတိယေျမာက္ႏိုင္ငံအျဖစ္ေလးစားမိေၾကာင္း

မိမိတို႔ နည္းပညာထက္ ပိုမိုက်စ္လစ္

ေသးငယ္ေသာ Compact Technology ကို

သုံးစြဲႏိုင္ျခင္းကို ေလးစားမိပါေၾကာင္း

အိမ္ျဖဴေတာ္မွေၾကညာရန္ၫႊန္ၾကားေနရေပၿပီ။

ထိုကဲ့သို႔ …

ဤကဲ့သို႔ …

ယခုကဲ့သို႔ …

အႏွီကဲ့သို႔ …

ကမာၻႏွင့္အဝွမ္း

အုတ္ေအာ္ေသာင္းနင္း

ျဖစ္သြားရသည့္ ျဖစ္စဥ္၏

အေၾကာင္းရင္းသည္ကား …

ေက်ာပိုးအိတ္ေလး
တစ္လုံးသာ ျဖစ္ေပေတာ့၏။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ပန္ဒိုရာ
#Unicode Version#
ကမ္ဘာနိုင်ငံအသီးသီးတွင်ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြလေသည်။ တအံ့တဩလဲ ဖြစ်ကုန်ကြ၏။

ယခင်က ထိုကိစ္စမျိုးကို

အမေရိကန်သမ္မတများ၏ ခရီးစဉ်တွင်

သာတွေ့ရလေ့ရှိ၏။
Sleeping Baby ခေါ် နယူကလီးယား

လက်နက်ထိန်းချုပ်စနစ်သေတ္တာကို …

အမေရိကန်သမ္မတများ၏ ခရီးသွားစဉ်တွင်

အတူတကွသယ်ဆောင်လာတတ်သည်ကို

တွေ့ဖူးထားကြသော်လည်း …

မြန်မာပြည်ကပါ ထိုသို့သော

ထိန်းချုပ်ကိရိယာသယ်ဆောင်သော

အိတ်ငယ်လေးပါလာသည်ကို

တွေ့လိုက်ရသောအခါ ကမ္ဘာနှင့်အဝှမ်း

အုတ်အုတ်ကျက်ကျက်ဖြစ်ကုန်ရလေ၏။
မြန်မာတို့၏ နည်းပညာ

တိုးတက်မှု အခြေအနေကို

ကမ္ဘာ့ပညာရှင်အသီးသီးတို့က

ချက်ချင်းတွက်ချက်ခန့်မှန်းရလေတော့သည်။
မြန်မာနှင့် အမြဲတစေ

နည်းပညာပူးပေါင်းဖလှယ်မှုရှိသော

ရုရှားကပင် တအံ့တဩဖြစ်ရလေသည်။

ထိုမျလောက် အစွမ်းထက်ဖျက်အားပျင်း

လက်နက်ပိုင်ဆိုင်နေပြီကို ၎င်းတို့ပင်

မသိလိုက်ရသဖြင့် မချိတင်ကဲဖြစ်ရလေ၏။

အိမ်နီးချင်းတရုတ်နိုင်ငံကမူ …

မြန်မာတို့၏ အောင်မြင်မှုကို ရင်ဖွင့်ကြိုဆိုကြောင်း

မြန်မာတို့၏ နည်းပညာတိုးတက်မှု

အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း

မြန်မာနူကလီးယား ထုတ်လုပ်မှုကို

ကြားမိသော်လည်း ယခုလို မြန်ဆန်စွာ

အောင်မြင်လာခြင်းအပေါ်အံ့သြမိကြောင်း

သဝဏ်လွှာပေးပို့ရန်ပင် ပြင်ဆင်နေတော့သည်။

ဂျာမနီက G21 ဖြစ်လာမည့်

အာရှကျားအဖြစ်အသိအမှတ်ပြုကြောင်း

မီဒီယာများမှ ကြေညာရန်ပြင်ဆင်နေတော့သည်။

အိန္ဒိယကလဲ မိမိတို့ကဲ့သို့

နယူးကလီးယားမပြန့်ပွားရေးစာချုပ်

ချုပ်ဆိုရန် တိုက်တွန်းကြောင်းကြေညာပေတော့မည်။

အစ္စရေးနှင့် မြောက်ကိုရီးယားတို့က

၎င်းတို့၏မဟာမိတ်နိုင်ငံအတွက် အလွန်တရာ

ဝမ်းမြောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး

ဌာနမှ အဆောတလျင်စာစီနေကြပေပြီ။

အမေရိကန်သမ္မတကြီးကလည်း

၎င်း၏ဒုသမ္မတထံဖုန်းဆက်၍ မြန်မာနိုင်ငံအား

စောင့်ကြည့်ဖိအားပေးခြင်းများဆက်လက်

ပြုလုပ်တော့မည်မဟုတ်ကြောင်းနှင့်

အဆင့်မြင့်အစွမ်းထက်လက်နက်ပိုင်ဆိုင်သော

ကမ္ဘာ့ဒုတိယမြောက်နိုင်ငံအဖြစ်လေးစားမိကြောင်း

မိမိတို့ နည်းပညာထက် ပိုမိုကျစ်လစ်

သေးငယ်သော Compact Technology ကို

သုံးစွဲနိုင်ခြင်းကို လေးစားမိပါကြောင်း

အိမ်ဖြူတော်မှကြေညာရန်ညွှန်ကြားနေရပေပြီ။

ထိုကဲ့သို့ …

ဤကဲ့သို့ …

ယခုကဲ့သို့ …

အနှီကဲ့သို့ …

ကမ္ဘာနှင့်အဝှမ်း

အုတ်အော်သောင်းနင်း

ဖြစ်သွားရသည့် ဖြစ်စဉ်၏

အကြောင်းရင်းသည်ကား …

ကျောပိုးအိတ်လေး
တစ်လုံးသာ ဖြစ်ပေတော့၏။

ဖိုးသူတော် (www.phothutaw.com)
Credit: ပန်ဒိုရာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top