ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေရနံ သဘာဝဓါတ္ေငြ႔ပိုက္လိုင္းနဲ႔ စီးပြားေရး အထူးဇုံေတြရွိရာ ရခုိင္ျပည္နယ္ ေက်ာက္ျဖဴၿမဳိ႕က ျမစ္နားတန္း ရပ္ကြက္ကို ညဥ့္နက္ သန္းေကာင္အခ်ိန္မွာ မီး စတင္ေလာင္ကၽြမ္းရာက မနက္ (၃)နာရီခြဲေလာက္ မီးစြယ္က်ဳိးသြားၿပီး အိမ္ေျခ ၁၃ လုံးနဲ႔ ငါးပုဇြန္ဒိုင္ (၁၃)လုံး မီးေလာင္ကၽြမ္းသြားတယ္လို႔ ေက်ာက္ျဖဴၿမဳိ႕နယ္ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။ ဆုံးရႈံးမႈပမာဏ အခုထိ မခန္႔မွန္းႏိုင္ေသးေပမယ့္ သိန္း ေထာင္ဂဏန္းနဲ႔ရွိမယ္လို႔ ၿမဳိ့ခံေတြက ခန္႔မွန္းပါတယ္။ မနက္အ႐ုဏ္တက္ မီးေလာင္ကၽြမ္းမႈ ျဖစ္ေနခ်ိန္ အဲဒီေနရာကို ေရာက္ေနတဲ့ ေက်ာက္ျဖဴၿမဳိ႕ခံ ကိုထြန္းၾကည္ကို VOA ကိုဉာဏ္ဝင္းေအာင္က ဆက္သြယ္ေမးျမန္း ရာမွာ သူက အခုလို စတင္ေျဖၾကားပါတယ္။

ကိုထြန္းၾကည္။ ။ ေက်ာက္ျဖဴၿမဳိ႕ ျမစ္နားတန္း ငါးကန္ေတြရွိတဲ့ေနရာမွာ ေလာင္ေနတာပါ။ အဲဒီ ငါးကန္ထဲကေန စေလာင္တာ။ အဲဒီမွာ လူေနအိမ္ေတြလည္း ရွိတယ္။

ကိုဉာဏ္ဝင္းေအာင္။ ။ သူက ေက်ာက္ျဖဴစီးပြားေရးဇုံနဲ႔ နီးတာလား။

ကိုထြန္းၾကည္။ ။အခုေလာင္တဲ့ေနရာကေလ ေက်ာက္ျဖဴ စီးပြားေရးဇုံနဲ႔ နီးတာေတာ့ မဟုတ္ဘူးခင္ဗ်။ သူက ၿမဳိ့ထဲက်တယ္၊ ၿမဳိ့ထဲ ေအာက္ဖက္ ျမစ္ကမ္းနားေပါ့။ အရင္တုန္းကဆုိရင္ အဲဒီမွာ ငါးကန္ေတြ အမ်ားႀကီးရွိတဲ့ေနရာေပါ့။ ဆိပ္ကမ္းနားပဲေလ .. ဆိပ္ကမ္းနားမွာ လူေနတဲ့အိမ္ေတြ ရွိတယ္.. ငါးကန္ေတြရွိတယ္။ အဲဒီေနရာကေန စေလာင္တာပါ။

ကိုဉာဏ္ဝင္းေအာင္။ ။ ဆိုေတာ့ ဘာေၾကာင့္ ေလာင္ရတာပါလဲ။

ကိုထြန္းၾကည္။ ။ အခုကေလ မီးက လုံးဝအရွိန္ မေလ်ာ့ေသးဘူး။ ခန္႔မွန္းဖို႔ ေတာ္ေတာ္ေလး ခက္ေနတယ္။ လူေတြ အကုန္လုံးကလည္း မီးသတ္ကားေတြနဲ႔ အလုပ္ေတြ အရမ္းမ်ားေနၾကတာ။ ခုခ်ိန္မွာေတာ့ ဘာမွ ခန္႔မွန္းလို႔ မရေသးဘူး။ ခုက မီးသတ္ကားေတြနဲ႔ လူေတြ အလုပ္ရႈပ္ေနၾကေတာ့ အတည္ျပဳ ေျပာဖုိ႔ေတာ့ ခက္တယ္။

ကိုဉာဏ္ဝင္းေအာင္။ ။ ဟုတ္ကဲ့ - ေလာင္ကၽြမ္းမႈ ပမာဏ ဘယ္ေလာက္႐ွိေနၿပီလဲ။

ကိုထြန္းၾကည္။ ။ ေလာင္ကၽြမ္းမႈ ပမာဏကေတာ့ က်ေနာ္ထင္တယ္ အဲဒီနားတဝိုက္ အိမ္ေျခ(၂၀)ေက်ာ္ (၃၀)ေလာက္ ရွိသြားၿပီဗ်။ ငါးပုဇြန္ဒိုင္ကေတာ့ (၄-၅)လုံးေလာက္ ရွိလိမ့္မယ္။

ကိုဉာဏ္ဝင္းေအာင္။ ။ ဟုတ္ကဲ့၊ မီးေလာင္ေနတဲ့ ေနရာက အဓိက ဘယ္လုိေနရာမ်ဳိးလဲ ခင္ဗ်။

ကိုထြန္းၾကည္။ ။ အဓိကက အဲဒီေနရာက ငါးကန္ေတြဆိုေတာ့ ငါးအဝယ္ဒုိင္ေတြရွိတယ္။ အဲဒီမွာ လူေနအိမ္ေတြလဲ ရွိတယ္ေလ အဲဒီျမစ္နား ကမ္းနားတေလွ်ာက္မွာ။

ကိုဉာဏ္ဝင္းေအာင္။ ။ ဟုတ္ကဲ့၊ မီးေလာင္ေနတဲ့ ပမာဏနဲ႔ လာျငိမ္းသတ္တဲ့ မီးသတ္ကား ပမာဏက မွ်တမႈရွိရဲ႕လားခင္ဗ်။

ကိုထြန္းၾကည္။ ။ ေလာေလာဆယ္အထိ မီးသတ္ကား မမွီဘူးခင္ဗ် ဒီမွာက။ အဲဒီေနရာကို မီးသတ္ကား ဝင္ဖုိ႔က တခ်ဳိ႕ေနရာေတြဆို ဝင္ဖို႔ အရမ္းခက္ခဲေနတယ္။ မီးသတ္ကားကလည္း က်ေနာ္ထင္တယ္ ၅-စီးေလာက္ပဲ ရွိတဲ့အခါက်ေတာ့ ဒီမီးသတ္ကား ၅ စီးနဲ႔က ဘယ္လိုမွကုိ အဆင္မေျပဘူး ျဖစ္ေနတယ္။

ကိုဉာဏ္ဝင္းေအာင္။ ။ ဆုိေတာ့ ေလာင္တဲ့ေနရာက စီးပြားေရး လုပ္တဲ့ေနရာလို ျဖစ္ေနေတာ့ ဆုံး႐ႈံးမႈပမာဏ ႀကီးႏိုင္လားခင္ဗ်။

ကိုထြန္းၾကည္။ ။ ႀကီးမယ္ခင္ဗ် .. ႀကီးမယ္ … ႀကီးမယ္။ ဒီေလာက္ထိ ေလာင္သြားတာ ဆိုေတာ့ေလ။ ဒါက နည္းနည္းေနာေနာႀကီး မဟုတ္ဘူးဗ်။ အဲဒီေနရာမွာက (ငါး/ပုဇြန္)ဒုိင္ေတြ အမ်ားႀကီး႐ွိတယ္။ စီးပြားေရး လုပ္ေနတဲ့ေနရာေတြပဲ အဲဒီမွာက။ ဆိုေတာ့ ဆုံး႐ႈံးမႈ ပမာဏက ႀကီးေလာက္တယ္။ အခုက မီးေလာင္ေနတုန္းဆိုေတာ ခန္႔မွန္းဖုိ႔ အရမ္းခက္ေနတယ္။ ဘယ္ႏွယ္လုံး ပါသြားၿပီလဲဆိုတာ က်ေနာ္ေျပာဖို႔ နည္းနည္းခက္ေနတယ္။ ၿပီးေတာ့ အဲဒီေနရာမွာက ထပ္ျမင့္တုိက္ေတြလည္း ရွိတယ္။ ၃ ထပ္တိုက္ေတြလဲ ရွိေနေတာ့ေလ မီးက ဘယ္လိုမွ အရွိန္မေလ်ာ့ေသးတဲ့ ခန္႔မွန္းဖို႔ ခက္တယ္ဗ်။

ကိုဉာဏ္ဝင္းေအာင္။ ။ ဆုိေတာ့ လူအေသအေပ်ာက္ေရာ ရွိေသးလားခင္ဗ်။

ကိုထြန္းၾကည္။ ။ အဲလိုမ်ဳိးကေတာ လက္ရွိအခ်ိန္ထိ မရွိဘူးဗ်။

ေက်ာက္ျဖဴၿမဳိ႕ မီးေလာင္ကၽြမ္းမႈနဲ႔ ပတ္သက္လို႔ ေက်ာက္ျဖဴၿမဳိ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေရႊလွေအာင္ကို VOA က ဆက္သြယ္ေမးျမန္း ၾကည့္တဲ့အခါ ျမစ္နားတန္း အရပ္မွာရွိတဲ့ ငါးပုဇြန္ဒုိင္ေတြမွာ ထမင္းဟင္းခ်က္စားရာက (ႏုိဝင္ဘာ ၅ ရက္) တနဂၤေႏြ မနက္အေစာ ၁နာရီ ၄၅ မိနစ္ေလာက္မွာ မီးစတင္ ေလာင္ကၽြမ္းခဲ့ေၾကာင္း မီစေလာင္တဲ့ အေျခအေန အေသးစိတ္ကို ဆက္လက္စုံစမ္းေနဆဲ ျဖစ္တယ္လို႔ ေျပာပါတယ္။

ၿမဳိ့ခံေတြနဲ႔ မီးသတ္ဌာနက ၀ုိင္းဝန္ျငိမ္းသတ္တာေၾကာင့္ အ႐ုဏ္တက္ခ်ိန္ မနက္ ၃နာရီခြဲေလာက္မွာ မီးကိုိၿငိမ္းသတ္ႏိုင္ ခဲ့ေၾကာင္း၊ ခုအခ်ိန္ထိ လူအေသအေပ်ာက္ မရွိေၾကာင္း၊ ေနအိမ္ (၁၃)လုံးနဲ႔ ငါးပုဇြန္ဒုိင္ (၁၃)သုံး ေလာင္ကၽြမ္း ျပာက်သြားေၾကာင္း၊ ဆုံးရႈံးမႈပမာဏကို မခန္႔မွန္းႏိုင္ေသးေပမယ့္ သိန္း ေထာင္ဂဏန္းနဲ႔ ရွိလိမ့္မယ္လို႔ ခန္႔မွန္းေၾကာင္း သူက ေျပာဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ရေနံ သဘာဝဓါတ်ငွေ့ပိုက်လိုင်းနဲ့ စီးပွားရေး အထူးဇုံတွေရှိရာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က မြစ်နားတန်း ရပ်ကွက်ကို ညဉ့်နက် သန်းကောင်အချိန်မှာ မီး စတင်လောင်ကျွမ်းရာက မနက် (၃)နာရီခွဲလောက် မီးစွယ်ကျိုးသွားပြီး အိမ်ခြေ ၁၃ လုံးနဲ့ ငါးပုဇွန်ဒိုင် (၁၃)လုံး မီးလောင်ကျွမ်းသွားတယ်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဆုံးရှုံးမှုပမာဏ အခုထိ မခန့်မှန်းနိုင်သေးပေမယ့် သိန်း ထောင်ဂဏန်းနဲ့ရှိမယ်လို့ မြို့ခံတွေက ခန့်မှန်းပါတယ်။ မနက်အရုဏ်တက် မီးလောင်ကျွမ်းမှု ဖြစ်နေချိန် အဲဒီနေရာကို ရောက်နေတဲ့ ကျောက်ဖြူမြို့ခံ ကိုထွန်းကြည်ကို VOA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း ရာမှာ သူက အခုလို စတင်ဖြေကြားပါတယ်။

ကိုထွန်းကြည်။ ။ ကျောက်ဖြူမြို့ မြစ်နားတန်း ငါးကန်တွေရှိတဲ့နေရာမှာ လောင်နေတာပါ။ အဲဒီ ငါးကန်ထဲကနေ စလောင်တာ။ အဲဒီမှာ လူနေအိမ်တွေလည်း ရှိတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ သူက ကျောက်ဖြူစီးပွားရေးဇုံနဲ့ နီးတာလား။

ကိုထွန်းကြည်။ ။အခုလောင်တဲ့နေရာကလေ ကျောက်ဖြူ စီးပွားရေးဇုံနဲ့ နီးတာတော့ မဟုတ်ဘူးခင်ဗျ။ သူက မြို့ထဲကျတယ်၊ မြို့ထဲ အောက်ဖက် မြစ်ကမ်းနားပေါ့။ အရင်တုန်းကဆိုရင် အဲဒီမှာ ငါးကန်တွေ အများကြီးရှိတဲ့နေရာပေါ့။ ဆိပ်ကမ်းနားပဲလေ .. ဆိပ်ကမ်းနားမှာ လူနေတဲ့အိမ်တွေ ရှိတယ်.. ငါးကန်တွေရှိတယ်။ အဲဒီနေရာကနေ စလောင်တာပါ။

ကိုဉာဏ်ဝင်းအောင်။ ။ ဆိုတော့ ဘာကြောင့် လောင်ရတာပါလဲ။

ကိုထွန်းကြည်။ ။ အခုကလေ မီးက လုံးဝအရှိန် မလျော့သေးဘူး။ ခန့်မှန်းဖို့ တော်တော်လေး ခက်နေတယ်။ လူတွေ အကုန်လုံးကလည်း မီးသတ်ကားတွေနဲ့ အလုပ်တွေ အရမ်းများနေကြတာ။ ခုချိန်မှာတော့ ဘာမှ ခန့်မှန်းလို့ မရသေးဘူး။ ခုက မီးသတ်ကားတွေနဲ့ လူတွေ အလုပ်ရှုပ်နေကြတော့ အတည်ပြု ပြောဖို့တော့ ခက်တယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့ - လောင်ကျွမ်းမှု ပမာဏ ဘယ်လောက်ရှိနေပြီလဲ။

ကိုထွန်းကြည်။ ။ လောင်ကျွမ်းမှု ပမာဏကတော့ ကျနော်ထင်တယ် အဲဒီနားတဝိုက် အိမ်ခြေ(၂၀)ကျော် (၃၀)လောက် ရှိသွားပြီဗျ။ ငါးပုဇွန်ဒိုင်ကတော့ (၄-၅)လုံးလောက် ရှိလိမ့်မယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့၊ မီးလောင်နေတဲ့ နေရာက အဓိက ဘယ်လိုနေရာမျိုးလဲ ခင်ဗျ။

ကိုထွန်းကြည်။ ။ အဓိကက အဲဒီနေရာက ငါးကန်တွေဆိုတော့ ငါးအဝယ်ဒိုင်တွေရှိတယ်။ အဲဒီမှာ လူနေအိမ်တွေလဲ ရှိတယ်လေ အဲဒီမြစ်နား ကမ်းနားတလျှောက်မှာ။

ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့၊ မီးလောင်နေတဲ့ ပမာဏနဲ့ လာငြိမ်းသတ်တဲ့ မီးသတ်ကား ပမာဏက မျှတမှုရှိရဲ့လားခင်ဗျ။

ကိုထွန်းကြည်။ ။ လောလောဆယ်အထိ မီးသတ်ကား မမှီဘူးခင်ဗျ ဒီမှာက။ အဲဒီနေရာကို မီးသတ်ကား ဝင်ဖို့က တချို့နေရာတွေဆို ဝင်ဖို့ အရမ်းခက်ခဲနေတယ်။ မီးသတ်ကားကလည်း ကျနော်ထင်တယ် ၅-စီးလောက်ပဲ ရှိတဲ့အခါကျတော့ ဒီမီးသတ်ကား ၅ စီးနဲ့က ဘယ်လိုမှကို အဆင်မပြေဘူး ဖြစ်နေတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ဆိုတော့ လောင်တဲ့နေရာက စီးပွားရေး လုပ်တဲ့နေရာလို ဖြစ်နေတော့ ဆုံးရှုံးမှုပမာဏ ကြီးနိုင်လားခင်ဗျ။

ကိုထွန်းကြည်။ ။ ကြီးမယ်ခင်ဗျ .. ကြီးမယ် … ကြီးမယ်။ ဒီလောက်ထိ လောင်သွားတာ ဆိုတော့လေ။ ဒါက နည်းနည်းနောနောကြီး မဟုတ်ဘူးဗျ။ အဲဒီနေရာမှာက (ငါး/ပုဇွန်)ဒိုင်တွေ အများကြီးရှိတယ်။ စီးပွားရေး လုပ်နေတဲ့နေရာတွေပဲ အဲဒီမှာက။ ဆိုတော့ ဆုံးရှုံးမှု ပမာဏက ကြီးလောက်တယ်။ အခုက မီးလောင်နေတုန်းဆိုတော ခန့်မှန်းဖို့ အရမ်းခက်နေတယ်။ ဘယ်နှယ်လုံး ပါသွားပြီလဲဆိုတာ ကျနော်ပြောဖို့ နည်းနည်းခက်နေတယ်။ ပြီးတော့ အဲဒီနေရာမှာက ထပ်မြင့်တိုက်တွေလည်း ရှိတယ်။ ၃ ထပ်တိုက်တွေလဲ ရှိနေတော့လေ မီးက ဘယ်လိုမှ အရှိန်မလျော့သေးတဲ့ ခန့်မှန်းဖို့ ခက်တယ်ဗျ။

ကိုဉာဏ်ဝင်းအောင်။ ။ ဆိုတော့ လူအသေအပျောက်ရော ရှိသေးလားခင်ဗျ။

ကိုထွန်းကြည်။ ။ အဲလိုမျိုးကတော လက်ရှိအချိန်ထိ မရှိဘူးဗျ။

ကျောက်ဖြူမြို့ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်ကို VOA က ဆက်သွယ်မေးမြန်း ကြည့်တဲ့အခါ မြစ်နားတန်း အရပ်မှာရှိတဲ့ ငါးပုဇွန်ဒိုင်တွေမှာ ထမင်းဟင်းချက်စားရာက (နိုဝင်ဘာ ၅ ရက်) တနင်္ဂနွေ မနက်အစော ၁နာရီ ၄၅ မိနစ်လောက်မှာ မီးစတင် လောင်ကျွမ်းခဲ့ကြောင်း မီစလောင်တဲ့ အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

မြို့ခံတွေနဲ့ မီးသတ်ဌာနက ဝိုင်းဝန်ငြိမ်းသတ်တာကြောင့် အရုဏ်တက်ချိန် မနက် ၃နာရီခွဲလောက်မှာ မီးကိုငြိမ်းသတ်နိုင် ခဲ့ကြောင်း၊ ခုအချိန်ထိ လူအသေအပျောက် မရှိကြောင်း၊ နေအိမ် (၁၃)လုံးနဲ့ ငါးပုဇွန်ဒိုင် (၁၃)သုံး လောင်ကျွမ်း ပြာကျသွားကြောင်း၊ ဆုံးရှုံးမှုပမာဏကို မခန့်မှန်းနိုင်သေးပေမယ့် သိန်း ထောင်ဂဏန်းနဲ့ ရှိလိမ့်မယ်လို့ ခန့်မှန်းကြောင်း သူက ပြောဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top