Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ငယ္လြန္းေသာကေလးႏွင့္ သနပ္ခါး
(က) ျမန္မာ့႐ိုးရာ သနပ္ခါး
သနပ္ခါးပင္က ေဆးဘက္ဝင္အပင္တစ္မ်ိဳးျဖစ္သည္။ ျမန္မာအမ်ိဳးသမီးအမ်ားစုက သနပ္ခါး ကို ႏွစ္ၿခိဳက္စြာလိမ္းၾကသည္။ ကေလးငယ္မ်ားကိုလည္း သားေလးျဖစ္ျဖစ္ သမီးေလးျဖစ္ျဖစ္ သနပ္ခါး လိမ္းေပးတတ္သည့္ ရ္ိုးရာရွိသည္။

(ခ) သနပ္ခါးႏွင့္ အေရျပားက်န္းမာေရး
သနပ္ခါးက ေရႏွင့္ေရာေသြးထား၍ အေရျပားကို ေအးျမေစေသာေၾကာင့္ မိတ္ထြက္ခ်ိန္တြင္ ယားယံျခင္းကို ယာယီသက္သာေစႏိုင္သည္။ မ်က္ႏွာအဆီျပန္ျခင္းကို ထိန္းေပး၍ အေရျပားကို ေျခာက္ေသြ႕ေစသည္။ ေနမေလာင္ရန္ ၾကားခံလႊာတစ္ခုအေနႏွင့္ ကာကြယ္ေပးသည္။

(ဂ) သနပ္ခါးႏွင့္ ကေလးငယ္ငယ္
ကမ႓ာတဝွမ္းမွ ေဆးပညာသုေတသနရွင္မ်ားက သနပ္ခါးႏွင့္ ကေလးအေၾကာင္း အေသးစိတ္ မေလ့လာထားေသးပါ။ ျမန္မာႏိုင္ငံမွ ကေလးအထူးကုဆရာဝန္အခ်ိဳ႕ႏွင့္ အေရျပားဆရာဝန္အခ်ိဳ႕က ေမြးကင္းစမွ ၆ လေလာက္ထိ ကေလးကို သနပ္ခါးမလိမ္းရန္ တိုက္တြန္းသည္။

အေရျပားက်န္းမာေရး ရႈေထာင့္မွၾကည့္လွ်င္

-၆ လ မွ တစ္ႏွစ္ထိ ကေလးမ်ား၏ အေရျပားက လူႀကီးမ်ားထက္ အဆမ်ားစြာပါးသည္။ ရွလြယ္ ၿပဲလြယ္ ေလာင္လြယ္သည္။

-၆ လေအာက္ ကေလး၏အေရျပားမွ သဘာဝအဆီဓာတ္က နည္းေသး၍ သနပ္ခါးက အေရျပားကို ပိုေျခာက္ေသြ႕ေစႏိုင္သည္။

-ကေလးအေရျပားေျခာက္လွ်င္ ယားယံ၍ မအီမသာျဖစ္ႏိုင္သည္။ ႏို႔ေပြးက ေျခာက္ေသြ႕ေသာ အေရျပားတြင္ အျဖစ္မ်ား၍ ႏို႔ေပြးရွိလွ်င္ သနပ္ခါးမလိမ္းသင့္ပါ။

အေရျပားေျခာက္ေသြ႕လြန္းျခင္းႏွင့္ ႏို႔ေပြး ျပႆနာမ်ားမရွိေသာ ကေလးကို ေမေမက သနပ္ခါးလိမ္းေပးလွ်င္

-သဘာဝသနပ္ခါးတံုးသန္႔သန္႔ကို ေက်ာက္ျပင္သန္႔သန္႔၊ ေရသန္႔သန္႔ႏွင့္ ေသြးလိမ္းေပးပါ။ စိုထိုင္းေသာ သနပ္ခါးတံုးတြင္ မွိုစြဲတတ္၍ သနပ္ခါးတံုးႏွင့္ ေက်ာက္ျပင္ကို ပံုမွန္ေဆးေၾကာပါ။ အဖံုးပါေသာ ေရပုလင္း/ဗူးကို သံုးပါ၊ မၾကာခဏေရလဲေပးပါ။

-အသင့္လိမ္း ဗူးမ်ားတြင္ ၾကာရွည္ခံေအာင္ထည့္ေသာ၊ အနံ့ေမႊးေအာင္သံုးေသာ ဓာတုေဗဒပစၥည္းမ်ားပါတတ္၍ ကေလးငယ္၏ အေရျပားကို ထိခိုက္ႏိုင္သည္။ ဓာတ္မတည့္မႈမ်ားျဖစ္ႏိ္္ုင္သည္။

-သနပ္ခါးလိမ္းၿပီး သနပ္ခါးမေကၽြးပါႏွင့္။ သနပ္ခါးက အာဟာရမေပးပါ။ သနပ္ခါးတံုးႏွင့္ ေရမွ မျမင္ရေသာပိုးက ငယ္လြန္းေသာ ကေလးကို ဝမ္းေလွ်ာေစတတ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: naynaymoeswe
#Unicode Version#


ငယ်လွန်းသောကလေးနှင့် သနပ်ခါး
(က) မြန်မာ့ရိုးရာ သနပ်ခါး
သနပ်ခါးပင်က ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်သည်။ မြန်မာအမျိုးသမီးအများစုက သနပ်ခါး ကို နှစ်ခြိုက်စွာလိမ်းကြသည်။ ကလေးငယ်များကိုလည်း သားလေးဖြစ်ဖြစ် သမီးလေးဖြစ်ဖြစ် သနပ်ခါး လိမ်းပေးတတ်သည့် ရိုးရာရှိသည်။

(ခ) သနပ်ခါးနှင့် အရေပြားကျန်းမာရေး
သနပ်ခါးက ရေနှင့်ရောသွေးထား၍ အရေပြားကို အေးမြစေသောကြောင့် မိတ်ထွက်ချိန်တွင် ယားယံခြင်းကို ယာယီသက်သာစေနိုင်သည်။ မျက်နှာအဆီပြန်ခြင်းကို ထိန်းပေး၍ အရေပြားကို ခြောက်သွေ့စေသည်။ နေမလောင်ရန် ကြားခံလွှာတစ်ခုအနေနှင့် ကာကွယ်ပေးသည်။

(ဂ) သနပ်ခါးနှင့် ကလေးငယ်ငယ်
ကမ္ဘာတဝှမ်းမှ ဆေးပညာသုတေသနရှင်များက သနပ်ခါးနှင့် ကလေးအကြောင်း အသေးစိတ် မလေ့လာထားသေးပါ။ မြန်မာနိုင်ငံမှ ကလေးအထူးကုဆရာဝန်အချို့နှင့် အရေပြားဆရာဝန်အချို့က မွေးကင်းစမှ ၆ လလောက်ထိ ကလေးကို သနပ်ခါးမလိမ်းရန် တိုက်တွန်းသည်။

အရေပြားကျန်းမာရေး ရှုထောင့်မှကြည့်လျှင်

-၆ လ မှ တစ်နှစ်ထိ ကလေးများ၏ အရေပြားက လူကြီးများထက် အဆများစွာပါးသည်။ ရှလွယ် ပြဲလွယ် လောင်လွယ်သည်။

-၆ လအောက် ကလေး၏အရေပြားမှ သဘာဝအဆီဓာတ်က နည်းသေး၍ သနပ်ခါးက အရေပြားကို ပိုခြောက်သွေ့စေနိုင်သည်။

-ကလေးအရေပြားခြောက်လျှင် ယားယံ၍ မအီမသာဖြစ်နိုင်သည်။ နို့ပွေးက ခြောက်သွေ့သော အရေပြားတွင် အဖြစ်များ၍ နို့ပွေးရှိလျှင် သနပ်ခါးမလိမ်းသင့်ပါ။

အရေပြားခြောက်သွေ့လွန်းခြင်းနှင့် နို့ပွေး ပြဿနာများမရှိသော ကလေးကို မေမေက သနပ်ခါးလိမ်းပေးလျှင်

-သဘာဝသနပ်ခါးတုံးသန့်သန့်ကို ကျောက်ပြင်သန့်သန့်၊ ရေသန့်သန့်နှင့် သွေးလိမ်းပေးပါ။ စိုထိုင်းသော သနပ်ခါးတုံးတွင် မှိုစွဲတတ်၍ သနပ်ခါးတုံးနှင့် ကျောက်ပြင်ကို ပုံမှန်ဆေးကြောပါ။ အဖုံးပါသော ရေပုလင်း/ဗူးကို သုံးပါ၊ မကြာခဏရေလဲပေးပါ။

-အသင့်လိမ်း ဗူးများတွင် ကြာရှည်ခံအောင်ထည့်သော၊ အနံ့မွှေးအောင်သုံးသော ဓာတုဗေဒပစ္စည်းများပါတတ်၍ ကလေးငယ်၏ အရေပြားကို ထိခိုက်နိုင်သည်။ ဓာတ်မတည့်မှုများဖြစ်နိ်ုင်သည်။

-သနပ်ခါးလိမ်းပြီး သနပ်ခါးမကျွေးပါနှင့်။ သနပ်ခါးက အာဟာရမပေးပါ။ သနပ်ခါးတုံးနှင့် ရေမှ မမြင်ရသောပိုးက ငယ်လွန်းသော ကလေးကို ဝမ်းလျှောစေတတ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: naynaymoeswe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top