Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕တြင္ ႏို၀င္ဘာလ ၁၁ ရက္ေန႔က အသက္(၁၁-ႏွစ္)အရြယ္ အမ်ိဳးသမီးငယ္တစ္ဦး အဘိုးေတာ္စပ္ သူထံ အလည္သြားစဥ္ အဘိုးျဖစ္သူမွ အလိုမတူဘဲ သားမယားအျဖစ္ ျပဳက်င္႔ခဲ႔မွဳျဖစ္ပြားၿပီး ျပစ္မွဳက်ဴးလြန္သူအား ျမ၀တီရဲစခန္းမွ အမွဳျဖင္႔ ဖမ္းဆီးစစ္ေဆးလွ်က္ရွိေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ႏို၀င္ဘာလ ၁၁ ရက္ေန႔ မြန္းလြဲ ၁နာရီအခ်ိန္ခန္႔ မ×××× ၁၁ႏွစ္၊စတုတၳတန္း၊ သစၥာမဂၢင္လမ္း၊ အမွတ္(၃)ရပ္ကြက္၊ ျမ၀တီၿမိဳ႕ေနသူသည္ တစ္လမ္းတည္းေန အေဒၚျဖစ္သူ၏(၁၁)လအရြယ္ကေလးငယ္အား ခ်ီ၍ တစ္လမ္း တည္းေန အဘိုးေတာ္စပ္သူ ဦးပိုက္(ခ)ျမေအာင္၏ ေနအိမ္သို႔ အလည္သြားစဥ္  ဦးပိုက္(ခ)ျမေအာင္မွ ေနအိမ္အတြင္း ပိုက္ဆံ ငါးရာက်ပ္ ေပ်ာက္၍ရွာေပးရန္ ေျပာသျဖင္႔ မ×××××မွ ၀င္ေရာက္ရွာေပးစဥ္ ဦးပိုက္(ခ)ျမေအာင္မွ မ×××××၏ ခႏၶာကိုယ္အား လွန္ကာ ခါး၌၀တ္ဆင္ထားေသာ ေဘာင္းဘီအား ခၽြတ္၍ သားမယားအျဖစ္ ျပဳက်င္႔ေနစဥ္ ××××၏ အစ္မျဖစ္သူ ေရာက္ရွိလာၿပီး ေအာ္ဟစ္ကာ ညီမျဖစ္သူအား ေခၚ၍ တစ္လမ္းတည္းေန အေဒၚျဖစ္သူ ေဒၚတူးမာထံသြားေရာက္ေျပာျပခဲ႔သျဖင္႔ ေဒၚတူးမာမွ ရဲစခန္းသို႔ လာေရာက္တိုင္တန္းခဲ႔ျခင္းျဖစ္သည္။

ျဖစ္စဥ္ႏွင္႔ပတ္သက္ၿပီး အသက္ ၁၁ႏွစ္အရြယ္အား အလိုမတူဘဲ သားမယားအျဖစ္ျပဳက်င္႔သူ ဦးပိုက္(ခ)ျမေအာင္အား ျမ၀တီၿမိဳ႕မရဲစခန္း(ပ) ၁၁၅၇/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင္႔ အမွဳေရးဖြင္႔၍ အမွဳျဖင္႔စြပ္စြဲခံရသူ ဦးပိုက္(ခ)ျမေအာင္အား အမွဳျဖင္႔ ဖမ္းဆီးကာ ျမ၀တီၿမိဳ႕မရဲစခန္းမွဴးမွ ဆက္လက္စစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့က အသက်(၁၁-နှစ်)အရွယ် အမျိုးသမီးငယ်တစ်ဦး အဘိုးတော်စပ် သူထံ အလည်သွားစဉ် အဘိုးဖြစ်သူမှ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့မှုဖြစ်ပွားပြီး ပြစ်မှုကျူးလွန်သူအား မြဝတီရဲစခန်းမှ အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁နာရီအချိန်ခန့် မ×××× ၁၁နှစ်၊စတုတ္ထတန်း၊ သစ္စာမဂ္ဂင်လမ်း၊ အမှတ်(၃)ရပ်ကွက်၊ မြဝတီမြို့နေသူသည် တစ်လမ်းတည်းနေ အဒေါ်ဖြစ်သူ၏(၁၁)လအရွယ်ကလေးငယ်အား ချီ၍ တစ်လမ်း တည်းနေ အဘိုးတော်စပ်သူ ဦးပိုက်(ခ)မြအောင်၏ နေအိမ်သို့ အလည်သွားစဉ်  ဦးပိုက်(ခ)မြအောင်မှ နေအိမ်အတွင်း ပိုက်ဆံ ငါးရာကျပ် ပျောက်၍ရှာပေးရန် ပြောသဖြင့် မ×××××မှ ဝင်ရောက်ရှာပေးစဉ် ဦးပိုက်(ခ)မြအောင်မှ မ×××××၏ ခန္ဓာကိုယ်အား လှန်ကာ ခါး၌ဝတ်ဆင်ထားသော ဘောင်းဘီအား ချွတ်၍ သားမယားအဖြစ် ပြုကျင့်နေစဉ် ××××၏ အစ်မဖြစ်သူ ရောက်ရှိလာပြီး အော်ဟစ်ကာ ညီမဖြစ်သူအား ခေါ်၍ တစ်လမ်းတည်းနေ အဒေါ်ဖြစ်သူ ဒေါ်တူးမာထံသွားရောက်ပြောပြခဲ့သဖြင့် ဒေါ်တူးမာမှ ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသက် ၁၁နှစ်အရွယ်အား အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်သူ ဦးပိုက်(ခ)မြအောင်အား မြဝတီမြို့မရဲစခန်း(ပ) ၁၁၅၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုရေးဖွင့်၍ အမှုဖြင့်စွပ်စွဲခံရသူ ဦးပိုက်(ခ)မြအောင်အား အမှုဖြင့် ဖမ်းဆီးကာ မြဝတီမြို့မရဲစခန်းမှူးမှ ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top