ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ျမင္းခြာရြက္ဟာ စားစရာ လဲဟုတ္၊ ေဆးလဲ ဟုတ္တယ္ ဆိုတာ ျမန္မာေတြ သာမကာ တျခား လူမ်ိဳးေတြ ကပါ မွတ္ယူ ၾကတယ္။ Sanskrit သသၤက ရုိက္ဘာသာ နဲ႔ Mandooka Parni ေခၚတယ္။ Botanical ရုကၡေဗဒလို Centella asiatica ေခၚတယ္။ အဂၤလိပ္လို Asiatic pennywort ေခၚျပီး၊ စြယ္စံုက်မ္းမွာ Centella asiatica (Gotu Kola) လို႔ ပါတယ္။
ျမန္မာေဆး နားလည္သူေတြက သူ႔အစြမ္းေတြကို ေရးၾက-ေျပာၾကတယ္။

1.အရည္ၫွစ္၍ သၾကား၊ ပ်ားရည္တို႔ ႏွင့္ ေရာစပ္ၿပီး ေန႔စဥ္ ေသာက္ခဲ့ေသာ္ ခြန္အား တိုးတက္ေစ၏။

2.အေျခာက္ျပဳလုပ္၍ လက္ဖက္ရည္ခါး သဖြယ္ ေသာက္သံုးျခင္းျဖင့္ ေသြးတိုးေရာဂါကို သက္သာေစ၏။

3.ငရုတ္ေကာင္း၊ ပ်ားရည္တို႔ ႏွင့္စပ္၍ သံုးေဆာင္က အသက္ရွည္၏။ အနာေရာဂါ ကင္း၏။

4.အမႈန္႔ကို အနည္းငယ္ ပူေအာင္ ျပဳ၍ ရင္ဘတ္၌ လိမ္းက်ံ ေပးေသာ္ ကေလးမ်ား ေခ်ာင္းဆိုး ေရာဂါ၊ အဆုတ္နာ ေရာဂါ ေပ်ာက္၏။

5.အရည္ၫွစ္၍ ေရနံဆီျဖင့္ ဆတူ ေရာစပ္ၿပီး ႏွိပ္နယ္ လိမ္းက်ံေပးျခင္းျဖင့္ အဆစ္တို႔၌ ျဖစ္ေသာ ေလအဖု အက်ိတ္မ်ား ေပ်ာက္၏။

6.အရည္ၫွစ္၍ လက္ဖက္ ဇြန္းငယ္ တစ္ဇြန္းခန္႔ တိုက္ပါက ကေလးငယ္မ်ား အေအးမိျခင္း၊ ေလျပြန္ ေခ်ာင္းပူျခင္း ေပ်ာက္၏၊ ဝမ္းသက္၍ သလိပ္ကိုလည္း ေပ်ာက္၏။

7.အရြက္ကို ၫွစ္ရည္၍ အေရျပား ေရာဂါမ်ားအတြက္ လိမ္းက်ံျခင္း စားေသာက္ျခင္းျဖင့္ ေပ်ာက္ကင္း ေစႏိုင္၏။

8.အရြက္ကို ႀကိတ္၍ ရုတ္တရက္ ထိခိုက္ရွနာ ဒဏ္ျဖစ္ၿပီး ေရာင္ရမ္းျခင္းအား လိမ္းက်ံေပးက ေပ်ာက္ကင္း၏။

9.ေဖ်ာ္ရည္ ျပဳလုပ္၍ ေသာက္က ေသြးဝမ္းသြားျခင္း၊ ဆီးခ်ဳပ္ျခင္း၊ နာက်င္-ကိုက္ခဲျခင္း၊ ဆီး၌ ေသြးပါျခင္းတို႔ ေပ်ာက္၏။

10.အားတိုးေဆး၊ အဆိပ္ေျပေဆး၊ အနာေပါက္ကုေဆး အျဖစ္လည္း ေဖာ္စပ္ သံုးႏိုင္၏။ အရြက္စိမ္းကို ႀကိတ္၍ အဝတ္ပါးပါးတြင္ ထည့္ၿပီး မ်က္စိေပၚတြင္ အံုေပးျခင္း၊ သို႔မဟုတ္ အရည္ၫွစ္၍ မ်က္စိတြင္ ခတ္ေပးျခင္းျဖင့္ ျပင္းထန္စြာ မ်က္စိနာျခင္း၊ မ်က္စိက်ိန္းျခင္းမ်ားကို ေပ်ာက္ကင္း ေစ၏။

အေရွ႕တိုင္း ေဆးနည္း၊ Ayurvedic အာယုေဗဒေဆးနည္းမွာ Vayasthapana သတိၲ အသက္ရွည္ေဆးအျဖစ္ သံုးတယ္။ သုေတသန တစိတ္တပိုင္း ေျပာႏိုင္တာက ေရာဂါပိုးေတြကို ႏိုင္တယ္၊ အနာကိုႏိုင္တယ္၊ ေသြး-အာရံုေၾကာ ေကာင္းေစတယ္၊ ဆီးရႊင္ေစတယ္လို႔ ဆိုပါတယ္။ ထိုင္းႏိုင္ငံမွာ ေန႔ခင္း စိတ္တက္ၾကြေစတယ္လို႔ ယံုၾကတယ္။ ၁၉၆၆-၇၉ ထုတ္ စာတအုပ္မွာ Youth Vitamin X လို႔ ေျပာေသးတယ္။ မဟုတ္ပါဘူးလို႔ ျငင္းသူက ျငင္းတယ္။

ေဆးပညာခြဲ အစံုပါတဲ့ အိႏၵိယက Med-India မွာ အာရံုေၾကာနဲ႔ ဦးေႏွာက္ကို အားေပးတဲ့ Tonic အားေဆး၊ Aphrodisiac လိင္စိတ္ကို အားေပးတဲ့ေဆး၊ Anthelmintic သန္ခ်ေဆး၊ laxative ဝမ္းႏုတ္ေဆး၊ Expectorant အသက္ရွဴလမ္းက ခြ်ဲထုတ္ေဆး၊ Cooling ကုိယ္ ေအးေစတဲ့ေဆးအျဖစ္ သံုးတယ္လို႔ ေရးထားပါတယ္။ ဒါ့ေၾကာင့္ Epilepsy ဝက္ရူးျပန္၊ Nervous debility အာရံုေၾကာ မေကာင္းတာ၊ Dyspepsia အစာမေက်တာ၊ Leprosy အနာၾကီးေရာဂါ၊ Elephantiasis ဆင္ေျခေထာက္၊ Syphilis ဆစ္ဖလစ္၊ Ulcers အနာ၊ Abscess ျပည္တည္နာ၊ Carbuncle အနာပဆုပ္၊ Jaundice အသားဝါ၊ Dysentery ဝမ္းကိုက္၊ Eczema ႏွင္းခူနာ၊ ေရာဂါေတြ အတြက္ ေပးပါသတဲ့။

သိပၸံနည္းက် ဆရာတခ်ိဳ႕က တေန႔ ၃ ရြက္သာ စားသံုးပါ ႏုပ်ိဳေစပါမယ္။ အသက္ေရာ Sex ေရာ ေကာင္းေစ ပါတယ္လို႔ အႀကံၿပဳ ခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Aye Chan Mon
#Unicode Version#
 မြင်းခွာရွက်ဟာ စားစရာ လဲဟုတ်၊ ဆေးလဲ ဟုတ်တယ် ဆိုတာ မြန်မာတွေ သာမကာ တခြား လူမျိုးတွေ ကပါ မှတ်ယူ ကြတယ်။ Sanskrit သင်္သက ရိုက်ဘာသာ နဲ့ Mandooka Parni ခေါ်တယ်။ Botanical ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။ အင်္ဂလိပ်လို Asiatic pennywort ခေါ်ပြီး၊ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ ပါတယ်။
မြန်မာဆေး နားလည်သူတွေက သူ့အစွမ်းတွေကို ရေးကြ-ပြောကြတယ်။

1.အရည်ညှစ်၍ သကြား၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက်စေ၏။

2.အခြောက်ပြုလုပ်၍ လက်ဖက်ရည်ခါး သဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေ၏။

3.ငရုတ်ကောင်း၊ ပျားရည်တို့ နှင့်စပ်၍ သုံးဆောင်က အသက်ရှည်၏။ အနာရောဂါ ကင်း၏။

4.အမှုန့်ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ၊ အဆုတ်နာ ရောဂါ ပျောက်၏။

5.အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေးခြင်းဖြင့် အဆစ်တို့၌ ဖြစ်သော လေအဖု အကျိတ်များ ပျောက်၏။

6.အရည်ညှစ်၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါက ကလေးငယ်များ အအေးမိခြင်း၊ လေပြွန် ချောင်းပူခြင်း ပျောက်၏၊ ဝမ်းသက်၍ သလိပ်ကိုလည်း ပျောက်၏။

7.အရွက်ကို ညှစ်ရည်၍ အရေပြား ရောဂါများအတွက် လိမ်းကျံခြင်း စားသောက်ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။

8.အရွက်ကို ကြိတ်၍ ရုတ်တရက် ထိခိုက်ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းအား လိမ်းကျံပေးက ပျောက်ကင်း၏။

9.ဖျော်ရည် ပြုလုပ်၍ သောက်က သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်-ကိုက်ခဲခြင်း၊ ဆီး၌ သွေးပါခြင်းတို့ ပျောက်၏။

10.အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။ အရွက်စိမ်းကို ကြိတ်၍ အဝတ်ပါးပါးတွင် ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း၊ သို့မဟုတ် အရည်ညှစ်၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းများကို ပျောက်ကင်း စေ၏။

အရှေ့တိုင်း ဆေးနည်း၊ Ayurvedic အာယုဗေဒဆေးနည်းမှာ Vayasthapana သတ္တိ အသက်ရှည်ဆေးအဖြစ် သုံးတယ်။ သုတေသန တစိတ်တပိုင်း ပြောနိုင်တာက ရောဂါပိုးတွေကို နိုင်တယ်၊ အနာကိုနိုင်တယ်၊ သွေး-အာရုံကြော ကောင်းစေတယ်၊ ဆီးရွှင်စေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ နေ့ခင်း စိတ်တက်ကြွစေတယ်လို့ ယုံကြတယ်။ ၁၉၆၆-၇၉ ထုတ် စာတအုပ်မှာ Youth Vitamin X လို့ ပြောသေးတယ်။ မဟုတ်ပါဘူးလို့ ငြင်းသူက ငြင်းတယ်။

ဆေးပညာခွဲ အစုံပါတဲ့ အိန္ဒိယက Med-India မှာ အာရုံကြောနဲ့ ဦးနှောက်ကို အားပေးတဲ့ Tonic အားဆေး၊ Aphrodisiac လိင်စိတ်ကို အားပေးတဲ့ဆေး၊ Anthelmintic သန်ချဆေး၊ laxative ဝမ်းနုတ်ဆေး၊ Expectorant အသက်ရှူလမ်းက ချွဲထုတ်ဆေး၊ Cooling ကိုယ် အေးစေတဲ့ဆေးအဖြစ် သုံးတယ်လို့ ရေးထားပါတယ်။ ဒါ့ကြောင့် Epilepsy ဝက်ရူးပြန်၊ Nervous debility အာရုံကြော မကောင်းတာ၊ Dyspepsia အစာမကျေတာ၊ Leprosy အနာကြီးရောဂါ၊ Elephantiasis ဆင်ခြေထောက်၊ Syphilis ဆစ်ဖလစ်၊ Ulcers အနာ၊ Abscess ပြည်တည်နာ၊ Carbuncle အနာပဆုပ်၊ Jaundice အသားဝါ၊ Dysentery ဝမ်းကိုက်၊ Eczema နှင်းခူနာ၊ ရောဂါတွေ အတွက် ပေးပါသတဲ့။

သိပ္ပံနည်းကျ ဆရာတချို့က တနေ့ ၃ ရွက်သာ စားသုံးပါ နုပျိုစေပါမယ်။ အသက်ရော Sex ရော ကောင်းစေ ပါတယ်လို့ အကြံပြု ချင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Aye Chan Mon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top