ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×




Credit: lwinpyin
#Unicode Version#
သရုပ်ဆောင် ချမ်းမီမီကိုဟာ အသက် ၂၂နှစ်အရွယ်မှာ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဌ ဦးစိုးထွန်းရှိန် နဲ့ လက်ထပ်ခဲ့ပြီး ဟန်းနီးမွန်းခရီးစဉ်ကို လကမ္ဘာထိသွားမယ်လို့ ၂၀၁၄ခုနှစ် ဇွန်လ ၉ ရက် ညနေ ၆ နာရီတွင် Sule Shangrila ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မင်္ဂလာဧည့်ခံပွဲမှာ တောင်ပြော ခဲ့ပါသေးတယ်။ ယခုနောက်ပိုင်းမှာတော့ သရုပ်ဆောင် ချမ်းမီမီကိုဟာ အနုပညာအလုပ် တွေစွန့်လွှတ်ပြီး သာသနာ့ပြုလုပ်ငန်းတွေကိုသာ လုပ်ကိုင်နေပါတော့တယ်။ သူတို့ ဇနီးမောင်နှံဟာ လက်ရှိအချိန်မှာ သာသနာရေးနဲ့ ပတ်သတ်တဲ့ အလုပ်တွေ အများကြီး လုပ်ကိုင်နေတယ်လို့လဲ သိရပါတယ်။

လက်တလောမှာ နိုဝင်ဘာလ ၁၃ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ ရွှေမိုးတောင် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ အောင်သုခ ဆုတောင်းပြည့် စေတီတော်ကြီးအား ရွှေသင်္ကန်းကပ်လှူရန် ရွှေ ၁ ပိဿာလှူ ဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီလှူဒါန်းမှုတွေမတိုင်ခင်မှာလဲ ဟိုပုံးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူ ၄၀၀ အတွက် ထိုင်ခုံနဲ့စာရေးခုံ စားပွဲခုံများ လှူဒါန်းခဲ့ပြီး၊ ငပလီတွင် သိန်းသုံးထောင် ကျော်တန် ဘုန်းကြီးကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့ ပါသေးတယ်လို့သိရပါတယ်။

သူတို့ ဇနီးမောင်နှံ ရဲ့ အလှူတွေကို သာဓုခေါ်ပေးလိုက်ကြပါဦးနော်။ Like & Share လုပ်ဖို့လဲမမေ့ပါနဲ့နော်။ မိုမိုလေးချစ်ပရိတ်သတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top