ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကြ်န္မ ကြင္းဆင္းအင္တာဗ်ဴးထားပါတယ္။ ဗြီဒီယိုလည္း ရိုက္ထားပါတဟ္။ ထန္းပင္ပိုင္ရွင္ေတြက ေရာင္းမယ္လို႔ ဆံုးျဖတ္ရင္ ထန္းရည္မထြက္ေတာ့တ့ဲ အပင္ကို ေရြးျပီးေရာင္းတာပါလို႔ ေဒသခံေတြက ေျဖေပးထားပါတယ္။ ထန္းရည္ ဘာလို႔ မထြက္တာလဲ??? လို႔ ေမးေတာ့

၁။မိုးေခါင္လို႔။ ၂။ ယူကလစ္ေတြက ေျမျကီးထဲက ေရေတြ မတရားစုပ္ေတာ့ ထန္းပင္နဲ႔ တျခားအပင္ေတြက ေရကို ယူကလစ္နဲ႔ ျပိဳင္ျပီးမစုပ္ႏိုင္ေတာ့လိ႔ုဟု သူတို႔ ထင္ျမင္ယူဆေႀကာင္း ေျပာခ့ဲပါတယ္။ ဒီအပင္ေတြက ေရစုပ္တာကို ဘယ္လိုလုပ္ သိတာလဲ ??? ဘယ္အခ်က္နဲ႔ ေျပာႏိုင္တာလဲ???လို႔ေမးေတာ့ အပင္ထဲမွာကို ေရေတြ သိုေလွာင္ထားတာပါလို႔ ေျဖပါတယ္။ အတူပါလာတ့ဲ ရုကၡေဗဒ ေဒါက္တာက မျဖစ္ႏိုင္ေလာက္ဘူးလို႔ ေျပာျပီး ေခါင္းရမ္းရင္းျပံဳးပါတယ္။

ကြ်န္မကေတာ့ ျဖစ္ႏိုင္ေလာက္တ့ဲ အေထာက္အထား ျပေပးပါလားလို႔ ေတာင္းဆိုလိုက္ပါတယ္။ ေဒသခံတစ္ေယာက္က ခ်က္ျခင္းပဲ လက္ေကာက္ဝတ္ေလာက္ အပင္တစ္ပင္ခုတ္ယူလာပါတယ္။ ဒါဟာ တစ္သား ခုတ္ယူသြားျပီးသား အပင္ၾကီးကေန ျပန္ေပါက္လာတ့ဲ အတက္တစ္ခုပါတ့ဲ။ အ့ဲဒီအပင္ငယ္ကေန ေရေတြတစက္စက္ က်ေနပါတယ္။ ကြ်န္မနဲ႔ အတူတူပါလာတ့ဲ ရုကၡေဗဒ ပညာရွင္က မ်က္လံုးျပဴးပါတဟ္။ “ဒါမ်ိဳးတစ္ခါမွမေတြ႔ဖူးဘူးးး ယူကလစ္အေႀကာင္း စာပဲဖတ္ဖူးခ့ဲတာ။ အေတာ္ဆိုးတ့ဲ အပင္ပါလားးးး” လို႔ မွတ္ခ်က္ျပဳခ့ဲပါတယ္။

ခုတ္ယူျပီး ငါးမိနစ္ခန္႔ေနမွ ေရကို ဖန္ခြက္နဲ႔ စတင္ခံယူလိုက္ေတာ့ ခြက္ရဲ႕ တစ္ဝက္နီးပါး ရရွိလိုက္ပါတယ္။ တစ္လီတာ ေရသန္႔ဗူးထဲ ေျပာင္းထည့္ေတာ့ အရစ္တစ္ရစ္စာ ရွိပါတယ္။ ဒီအပင္ငယ္ေလးက ဒီေလာက္ေရေတြရတာဟာ အ့ံႀသစရာၾကီးပါ။ ေရေတြက အေစးမဟုတ္ပါဘူးး ဂ်ယ္လီပံုစံ ခရင္မ္ပံုစံလည္း မဟုတ္ပါဘူးးး။ ေရမွေရစစ္စစ္ေတြပါ။ လက္နဲ႔တို႔ျပီး ျမည္းစမ္းျကည့္ေတာ့ အခ်ဥ္ဓါတ္ ျမင့္မားေနျပီးးး အက္ဆစ္ဓါတ္ လြန္ကဲေနတာ ေတြ႔ရပါတယ္။

” ျမင္ျပီလားဆရာမတို႔ ဒီေကာင္ေတြက ေရေတြ ဒီေလာက္စုပ္ေနမွေတာ့ က်ဳပ္တို႔ထန္းပင္ေတြ ေရဘယ္ရေတာ့မလဲဗ်။ ငွက္ေပ်ာပင္ခုတ္ရင္ေတာင္ ေရဒီလိုမထြက္ဘူး မရဘူးး။ က်ဳပ္တို႔ဒါ့ထက္ပိုျပီး သက္ေသျပစရာလည္း မရွိေတာ့ဘူးးးး။ ေနာက္ထပ္ဆိုးတာက အရြက္ေတြပဲ။ ဒီအရြက္ေတြေႀကြရင္ ဘယ္ျမက္ ဘယ္အပင္ငယ္မွ သူ႔ေအာက္မွာ မေပါက္ႏိုင္ေတာ့ဘူးးးး။ ပူတာကိုးဗ် တရွိန္ရွိန္နဲ႔။” လိ႔ု ရွင္းျပခ့ဲပါတယ္။

ယူကလစ္ပင္က ထြက္က်လာတ့ဲ ေရေတြက ေန႔လည္၁၂ကေနစပီးး ညထိ တစ္ေနကုန္စာ ျဖဴ စင္ၾကည္လင္ေနပါတဟ္။ ေနာက္ရက္မနက္ကစျပီး နီက်င္က်င္ျဖစ္လာပါတယ္။ ၃ရက္ေလာက္ေနလို႔ ဓါတ္ခြဲခန္းပို႔ဖို႔ ထည့္ေပးလိုက္ေတာ့ ဝါက်န္က်န္ေတြ ျဖစ္ေနပါျပီ။ ေစးထန္းျခင္း ေစးကပ္ျခင္း လံုးဝမျဖစ္ဘဲ အရည္စစ္စစ္အျဖစ္နဲ႔ပဲ ရွိေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေနထက္ထက္ေအာင္
#Unicode Version#
ကျွန်မ ကွင်းဆင်းအင်တာဗျူးထားပါတယ်။ ဗွီဒီယိုလည်း ရိုက်ထားပါတဟ်။ ထန်းပင်ပိုင်ရှင်တွေက ရောင်းမယ်လို့ ဆုံးဖြတ်ရင် ထန်းရည်မထွက်တော့တဲ့ အပင်ကို ရွေးပြီးရောင်းတာပါလို့ ဒေသခံတွေက ဖြေပေးထားပါတယ်။ ထန်းရည် ဘာလို့ မထွက်တာလဲ??? လို့ မေးတော့

၁။မိုးခေါင်လို့။ ၂။ ယူကလစ်တွေက မြေကြီးထဲက ရေတွေ မတရားစုပ်တော့ ထန်းပင်နဲ့ တခြားအပင်တွေက ရေကို ယူကလစ်နဲ့ ပြိုင်ပြီးမစုပ်နိုင်တော့လိ့ုဟု သူတို့ ထင်မြင်ယူဆကြောင်း ပြောခဲ့ပါတယ်။ ဒီအပင်တွေက ရေစုပ်တာကို ဘယ်လိုလုပ် သိတာလဲ ??? ဘယ်အချက်နဲ့ ပြောနိုင်တာလဲ???လို့မေးတော့ အပင်ထဲမှာကို ရေတွေ သိုလှောင်ထားတာပါလို့ ဖြေပါတယ်။ အတူပါလာတဲ့ ရုက္ခဗေဒ ဒေါက်တာက မဖြစ်နိုင်လောက်ဘူးလို့ ပြောပြီး ခေါင်းရမ်းရင်းပြုံးပါတယ်။

ကျွန်မကတော့ ဖြစ်နိုင်လောက်တဲ့ အထောက်အထား ပြပေးပါလားလို့ တောင်းဆိုလိုက်ပါတယ်။ ဒေသခံတစ်ယောက်က ချက်ခြင်းပဲ လက်ကောက်ဝတ်လောက် အပင်တစ်ပင်ခုတ်ယူလာပါတယ်။ ဒါဟာ တစ်သား ခုတ်ယူသွားပြီးသား အပင်ကြီးကနေ ပြန်ပေါက်လာတဲ့ အတက်တစ်ခုပါတဲ့။ အဲ့ဒီအပင်ငယ်ကနေ ရေတွေတစက်စက် ကျနေပါတယ်။ ကျွန်မနဲ့ အတူတူပါလာတဲ့ ရုက္ခဗေဒ ပညာရှင်က မျက်လုံးပြူးပါတဟ်။ “ဒါမျိုးတစ်ခါမှမတွေ့ဖူးဘူးးး ယူကလစ်အကြောင်း စာပဲဖတ်ဖူးခဲ့တာ။ အတော်ဆိုးတဲ့ အပင်ပါလားးးး” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ခုတ်ယူပြီး ငါးမိနစ်ခန့်နေမှ ရေကို ဖန်ခွက်နဲ့ စတင်ခံယူလိုက်တော့ ခွက်ရဲ့ တစ်ဝက်နီးပါး ရရှိလိုက်ပါတယ်။ တစ်လီတာ ရေသန့်ဗူးထဲ ပြောင်းထည့်တော့ အရစ်တစ်ရစ်စာ ရှိပါတယ်။ ဒီအပင်ငယ်လေးက ဒီလောက်ရေတွေရတာဟာ အံ့သြစရာကြီးပါ။ ရေတွေက အစေးမဟုတ်ပါဘူးး ဂျယ်လီပုံစံ ခရင်မ်ပုံစံလည်း မဟုတ်ပါဘူးးး။ ရေမှရေစစ်စစ်တွေပါ။ လက်နဲ့တို့ပြီး မြည်းစမ်းကြည့်တော့ အချဉ်ဓါတ် မြင့်မားနေပြီးးး အက်ဆစ်ဓါတ် လွန်ကဲနေတာ တွေ့ရပါတယ်။

” မြင်ပြီလားဆရာမတို့ ဒီကောင်တွေက ရေတွေ ဒီလောက်စုပ်နေမှတော့ ကျုပ်တို့ထန်းပင်တွေ ရေဘယ်ရတော့မလဲဗျ။ ငှက်ပျောပင်ခုတ်ရင်တောင် ရေဒီလိုမထွက်ဘူး မရဘူးး။ ကျုပ်တို့ဒါ့ထက်ပိုပြီး သက်သေပြစရာလည်း မရှိတော့ဘူးးးး။ နောက်ထပ်ဆိုးတာက အရွက်တွေပဲ။ ဒီအရွက်တွေကြွေရင် ဘယ်မြက် ဘယ်အပင်ငယ်မှ သူ့အောက်မှာ မပေါက်နိုင်တော့ဘူးးးး။ ပူတာကိုးဗျ တရှိန်ရှိန်နဲ့။” လိ့ု ရှင်းပြခဲ့ပါတယ်။

ယူကလစ်ပင်က ထွက်ကျလာတဲ့ ရေတွေက နေ့လည်၁၂ကနေစပီးး ညထိ တစ်နေကုန်စာ ဖြူ စင်ကြည်လင်နေပါတဟ်။ နောက်ရက်မနက်ကစပြီး နီကျင်ကျင်ဖြစ်လာပါတယ်။ ၃ရက်လောက်နေလို့ ဓါတ်ခွဲခန်းပို့ဖို့ ထည့်ပေးလိုက်တော့ ဝါကျန်ကျန်တွေ ဖြစ်နေပါပြီ။ စေးထန်းခြင်း စေးကပ်ခြင်း လုံးဝမဖြစ်ဘဲ အရည်စစ်စစ်အဖြစ်နဲ့ပဲ ရှိနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နေထက်ထက်အောင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top