Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အဆိုေတာ္ ေရႊထူးပါ၀င္ထားတဲ့ ႐ုပ္ရွင္ကားႀကီး “ပက္ပက္စက္စက္ညွိဳ႕” ကေတာ့ (၁၇.၁၁.၂၀၁၇)မွာ ႐ံုတင္ေတာ့မွာပါ။ ဒီဇာတ္ကားဟာ ေရႊထူးရဲ႕ ပထမဆံုး ႐ုပ္ရွင္ကားႀကီးပါ။ ပထမဆံုး ဇာတ္ကားႀကီးျဖစ္တဲ့အတြက္ စိတ္လႈပ္ရွားေနတဲ့ ေရႊထူးအတြက္ သူ႔ခ်စ္သူေကာင္မေလး ယမင္းဦး (ပန္ ကိတ္ဒါဒါစိုး) က အားေပးစကားဆိုလိုက္ပါတယ္။

ခ်စ္သူရဲ႕ အားေပးစကားကို ေရႊထူးက သူ႔ရဲ႕ Instagram မွာ “Thank U love” ဆိုၿပီး တင္ထားပါတယ္။

ေရႊထူးတို႔ စံုတြဲဟာ ပရိသတ္ေတြအားက်ရတဲ့ စံုတြဲေတြထဲက တစ္တြဲပါ။ အေ၀းေရာက္ခ်စ္သူ (LDRS) ဆိုေပမယ့္ သူတုိ႔ရဲ႕ ခ်စ္သူသက္တမ္းကေတာ့ (၆)ႏွစ္ျပည့္ခဲ့ပါၿပီ။ အရမ္းကို လိုက္ဖက္ၿပီး ခ်စ္စရာေကာင္းတဲ့စံုတြဲအျဖစ္ အားလံုးရဲ႕ အသိအမွတ္ျပဳျခင္းကို ခံထားရတဲ့ စံုတြဲပါ။

မိန္းကေလးပရိသတ္ေတြ၀ိုင္းေနတဲ့ ေရႊထူူးက ခ်စ္သူရွိေၾကာင္း ပြင့္ပြင့္လင္းလင္းေျပာၿပီး ခ်စ္သူကို official တြဲေနသူပါ။ ေ၀းေနေပမယ့္ ခ်စ္သူအေပၚ အခုထိသစၥာမပ်က္တာကို ေတြ႔ရပါတယ္။ ေရႊထူးနဲ႔ သူ႔ခ်စ္သူ ယမင္းဦးတို႔ရဲ႕ ဆိုရွယ္မီဒီယာအေကာင့္ေတြမွာလည္း စံုတြဲပံုေလးေတြကို တင္ထားတာကို ေတြ႔ရပါတယ္။ ပံုေလးေတြကို ၾကည့္႐ံုနဲ႔ အခ်စ္ေတြ၊ နားလည္မႈေတြ ျပည့္၀ေနတဲ့ ခ်စ္သူစံုတြဲေလးဆိုတာ သိသာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: celenow
#Unicode Version#
အဆိုတော် ရွှေထူးပါဝင်ထားတဲ့ ရုပ်ရှင်ကားကြီး “ပက်ပက်စက်စက်ညှို့” ကတော့ (၁၇.၁၁.၂၀၁၇)မှာ ရုံတင်တော့မှာပါ။ ဒီဇာတ်ကားဟာ ရွှေထူးရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးပါ။ ပထမဆုံး ဇာတ်ကားကြီးဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေတဲ့ ရွှေထူးအတွက် သူ့ချစ်သူကောင်မလေး ယမင်းဦး (ပန် ကိတ်ဒါဒါစိုး) က အားပေးစကားဆိုလိုက်ပါတယ်။

ချစ်သူရဲ့ အားပေးစကားကို ရွှေထူးက သူ့ရဲ့ Instagram မှာ “Thank U love” ဆိုပြီး တင်ထားပါတယ်။

ရွှေထူးတို့ စုံတွဲဟာ ပရိသတ်တွေအားကျရတဲ့ စုံတွဲတွေထဲက တစ်တွဲပါ။ အဝေးရောက်ချစ်သူ (LDRS) ဆိုပေမယ့် သူတို့ရဲ့ ချစ်သူသက်တမ်းကတော့ (၆)နှစ်ပြည့်ခဲ့ပါပြီ။ အရမ်းကို လိုက်ဖက်ပြီး ချစ်စရာကောင်းတဲ့စုံတွဲအဖြစ် အားလုံးရဲ့ အသိအမှတ်ပြုခြင်းကို ခံထားရတဲ့ စုံတွဲပါ။

မိန်းကလေးပရိသတ်တွေဝိုင်းနေတဲ့ ရွှေထူူးက ချစ်သူရှိကြောင်း ပွင့်ပွင့်လင်းလင်းပြောပြီး ချစ်သူကို official တွဲနေသူပါ။ ဝေးနေပေမယ့် ချစ်သူအပေါ် အခုထိသစ္စာမပျက်တာကို တွေ့ရပါတယ်။ ရွှေထူးနဲ့ သူ့ချစ်သူ ယမင်းဦးတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာလည်း စုံတွဲပုံလေးတွေကို တင်ထားတာကို တွေ့ရပါတယ်။ ပုံလေးတွေကို ကြည့်ရုံနဲ့ အချစ်တွေ၊ နားလည်မှုတွေ ပြည့်ဝနေတဲ့ ချစ်သူစုံတွဲလေးဆိုတာ သိသာပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: celenow
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top