Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေခ်ာက္ၿမိဳ႕ တန္ေဆာင္မုန္းပြဲေတာ္ မဟာေအးေစတီဘုရားပြဲေတာ္မွာ စိန္မဟာ သဘင္နဲ႔အတူ ဇြန္သဥၨာ သီဆိုေဖ်ာ္ေျဖမယ္လို႔ ေၾကာ္ညာထားခဲ့ေပမယ့္ ၿမိဳ႕နယ္သဘင္အစည္းအ႐ံုးက ဇြန္သဥၨာ အား ေဖ်ာ္ေျဖမႈပိတ္ခဲ့လို႔ စိန္မဟာသဘင္မွ ပြဲထြက္ခ်ိန္ထက္ ၂ နာရီေနာက္က်ၿပီး ကျပခဲ့ရတယ္လို႔ သိရပါတယ္။

“ပြဲေၾကာ္ျငာကို ၃ ရက္ ၉ လ ပိုင္းကတည္းက ေၾကာ္ျငာထားခဲ့တာပါ။ ေဂါပက အေနနဲ႔ကေတာ့ ပြဲေတာ္အစည္းအေ၀းမွာကတည္းက နိုင္ငံေတာ္က ခြင့္ျပဳရင္ သူတို႔သေဘာကေတာ့ ဇြန္သဥၨာကို ပိတ္ပင္မႈမရိွပါဘူးလို႔ ေျပာထားၿပီးေတာ့ က်ေနာ္လည္း ထည့္ခဲ့တာပါ။ အခုဟာက ၿမိဳ႕နယ္သဘင္ အစည္းအ႐ံုးက ပိတ္လိုက္တဲ့ ျဖစ္ရပ္ပါ။ ၿမိဳ႕နယ္သဘင္အစည္းအ႐ံုးကလည္း မေကြးတိုင္းသဘင္ဥကၠ႒ မင္းသား ခန္႔ကို ကေနၿပီးေတာ့ ေခ်ာက္သဘင္ အစည္းအ႐ံုးကို စာဝင္စာထြက္မဟုတ္ဘဲ ဖုန္းနဲ႔ ေျပာပိတ္ခိုင္းလို႔ ပိတ္ရတယ္ဆိုတာ သိရပါတယ္” လုိ႔ ေခ်ာက္ၿမိဳ႕မွ ပြဲငွားစီစဥ္သူ ဦးစိန္ကလားက ေျပာပါတယ္။

ကသင့္မကသင့္ တိုင္ပင္ ခဲ့ၾကၿပီး ေနာက္က်ပြဲထြက္ခဲ့ရၿပီး ႐ံုဝင္ေၾကး ၃၀၀၀ က်ပ္ကေန ၁၀၀၀ က်ပ္ ေလွ်ာ့ၿပီး ႐ံုသြင္းကျပခဲ့ေပမယ့္ က်ပ္ေငြ သံုးေသာင္းပဲ ရရိွခဲ့ေၾကာင္းနဲ႔ ဇြန္သဥၨာ စရန္ေပးေငြနဲ႔ စိန္မဟာသဘင္ တညတာ အႏုပညာေၾကးေငြ အားလံုးေပါင္း ၁၅ သိန္းေလာက္ ဆံုး႐ံႈးခဲ့တယ္လို႔ ဦးစိန္ကုလားက ဆက္ေျပာပါတယ္။

ဇြန္သဥၨာ (Sexy model)ရဲ႕ ဝတ္စားဆင္ယင္ ေဖ်ာ္ေျဖတင္ဆက္မႈေတြဟာ ျမန္မာ့သဘင္ စင္ျမင့္နဲ႔ အပ္စပ္မႈမရိွျခင္း၊ ဗုဒၶပူဇနိယ ပြဲေတာ္ေတြရဲ႕ပံုရိပ္ကို က်ဆင္းေစျခင္းတို႔ေၾကာင့္ ျမန္မာနိုင္ငံ သဘင္ပညာရွင္မ်ားအစည္းအ႐ံုး(ဗဟို) က တရားဝင္ေခၚယူ သတိေပးျခင္းနဲ႔ ခံဝန္ကတိေတြကို အႀကိမ္ႀကိမ္ေဖာက္ဖ်က္ၿပီး လိုက္နာမႈ မရိွလို႔ သူ႔ရဲ႕ ေဖ်ာ္ေျဖမႈေတြကို ျမန္မာ့ဇာတ္သဘင္စင္ျမင့္မွာ ကျပေဖ်ာ္ေျဖျခင္းကို ကန္႔႔ကြက္ေၾကာင္း ေခ်ာက္ၿမိဳ႕နယ္ သဘင္အစည္းအ႐ံုး စာအမွတ္(၀၈၅) နိုဝင္ဘာ(၇)ရက္၊၂၀၁၇ ပါအရ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
ချောက်မြို့ တန်ဆောင်မုန်းပွဲတော် မဟာအေးစေတီဘုရားပွဲတော်မှာ စိန်မဟာ သဘင်နဲ့အတူ ဇွန်သဉ္ဇာ သီဆိုဖျော်ဖြေမယ်လို့ ကြော်ညာထားခဲ့ပေမယ့် မြို့နယ်သဘင်အစည်းအရုံးက ဇွန်သဉ္ဇာ အား ဖျော်ဖြေမှုပိတ်ခဲ့လို့ စိန်မဟာသဘင်မှ ပွဲထွက်ချိန်ထက် ၂ နာရီနောက်ကျပြီး ကပြခဲ့ရတယ်လို့ သိရပါတယ်။

“ပွဲကြော်ငြာကို ၃ ရက် ၉ လ ပိုင်းကတည်းက ကြော်ငြာထားခဲ့တာပါ။ ဂေါပက အနေနဲ့ကတော့ ပွဲတော်အစည်းအဝေးမှာကတည်းက နိုင်ငံတော်က ခွင့်ပြုရင် သူတို့သဘောကတော့ ဇွန်သဉ္ဇာကို ပိတ်ပင်မှုမရှိပါဘူးလို့ ပြောထားပြီးတော့ ကျနော်လည်း ထည့်ခဲ့တာပါ။ အခုဟာက မြို့နယ်သဘင် အစည်းအရုံးက ပိတ်လိုက်တဲ့ ဖြစ်ရပ်ပါ။ မြို့နယ်သဘင်အစည်းအရုံးကလည်း မကွေးတိုင်းသဘင်ဥက္ကဋ္ဌ မင်းသား ခန့်ကို ကနေပြီးတော့ ချောက်သဘင် အစည်းအရုံးကို စာဝင်စာထွက်မဟုတ်ဘဲ ဖုန်းနဲ့ ပြောပိတ်ခိုင်းလို့ ပိတ်ရတယ်ဆိုတာ သိရပါတယ်” လို့ ချောက်မြို့မှ ပွဲငှားစီစဉ်သူ ဦးစိန်ကလားက ပြောပါတယ်။

ကသင့်မကသင့် တိုင်ပင် ခဲ့ကြပြီး နောက်ကျပွဲထွက်ခဲ့ရပြီး ရုံဝင်ကြေး ၃၀၀၀ ကျပ်ကနေ ၁၀၀၀ ကျပ် လျှော့ပြီး ရုံသွင်းကပြခဲ့ပေမယ့် ကျပ်ငွေ သုံးသောင်းပဲ ရရှိခဲ့ကြောင်းနဲ့ ဇွန်သဉ္ဇာ စရန်ပေးငွေနဲ့ စိန်မဟာသဘင် တညတာ အနုပညာကြေးငွေ အားလုံးပေါင်း ၁၅ သိန်းလောက် ဆုံးရှုံးခဲ့တယ်လို့ ဦးစိန်ကုလားက ဆက်ပြောပါတယ်။

ဇွန်သဉ္ဇာ (Sexy model)ရဲ့ ဝတ်စားဆင်ယင် ဖျော်ဖြေတင်ဆက်မှုတွေဟာ မြန်မာ့သဘင် စင်မြင့်နဲ့ အပ်စပ်မှုမရှိခြင်း၊ ဗုဒ္ဓပူဇနိယ ပွဲတော်တွေရဲ့ပုံရိပ်ကို ကျဆင်းစေခြင်းတို့ကြောင့် မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံး(ဗဟို) က တရားဝင်ခေါ်ယူ သတိပေးခြင်းနဲ့ ခံဝန်ကတိတွေကို အကြိမ်ကြိမ်ဖောက်ဖျက်ပြီး လိုက်နာမှု မရှိလို့ သူ့ရဲ့ ဖျော်ဖြေမှုတွေကို မြန်မာ့ဇာတ်သဘင်စင်မြင့်မှာ ကပြဖျော်ဖြေခြင်းကို ကန့့်ကွက်ကြောင်း ချောက်မြို့နယ် သဘင်အစည်းအရုံး စာအမှတ်(၀၈၅) နိုဝင်ဘာ(၇)ရက်၊၂၀၁၇ ပါအရ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top