Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×






#Unicode Version#
"သွေးမတိုးအောင် တရားထိုင်"

သွေးမတိုးအောင် တရားထိုင်သူတွေမှာ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနှုန်း နည်းပါးကြောင်း သက်သေပြလာနိုင်ပါပြီ။

အမေရိကန် သုတေသီများရဲ့ ၁၅ မိနစ် ကြာအောင် တစ်နေ့လျှင် ၂ ကြိမ်ဖြင့် ၄ လတိတိ ကြာအောင် တရားထိုင်ခဲ့သော ဆယ်ကျော်သက်များတွင် နှလုံးဘယ်ဘက် သွေးလွှတ်ခန်းမကြီး ကြွက်သားများ ပို၍သန်မာ သေးငယ်လာကြောင်း တွေ့ခဲ့ရပါသည်။

အီးစီဂျီ နှလုံးစမ်းသပ်စက် ရိုက်ကြည့်သည့်အခါ မှန်မှန်တရားထိုင်ခဲ့သည့် ဆယ်ကျော်သက်များတွင် နှလုံးသို့ အာရုံကြောစနစ် လှုပ်ရှားမှု နည်းပါးကျဆင်းစေတဲ့အပြင် စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းပမာဏ ပို၍နည်းပါးလာကြောင်း တွေ့ခဲ့ရပါသည်။

ထိုအချက်များက နှလုံးအပေါ် အလုပ်ပိမှု ပိုနည်းပါးစေပြီး သွေးဖိအားလည်း ကျလာစေသည့် ရလဒ်အကျိုးကျေးဇူး ရရှိစေပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ကျန်းမာရေး ဗဟုသုတ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top