Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေဆးကုသရန္ ရခိုင္ ေဒသမွ ေဒၚေအာင္ဆန္းစုၾကည္ ေခၚေဆာင္လာသည္ဆိုေသာ (၁၅)ႏွစ္အရြယ္ ကေလးကို သ႐ုပ္ ေဆာင္ေနတိုးက ကေလး၏ဆႏၵ ျဖည့္ဆည္းျခင္းအျဖစ္ ေတြ႕ဆံုမည္ျဖစ္သည္။

‘‘ပက္ပက္စက္စက္ညႇိဳ႕ ႐ုပ္ ရွင္ဇာတ္ကားအတြက္ စံုတြဲေၾကာ္ ျငာကို ေတြ႕လို႔ဆုိၿပီး ဧရာဝတီ ေဖာင္ေဒးရွင္းက အစ္ကိုတုိ႔ကို ဆက္သြယ္လာတယ္။ သူတုိ႔က ဝင္ၿပိဳင္တဲ့လူေတာ့မဟုတ္ဘူး။ အေမစု (ေဒၚေအာင္ဆန္းစုၾကည္) ေခၚလာတဲ့ (၁၅)ႏွစ္အရြယ္ ကေလးက ကိုေနတိုးနဲ႔ ေတြ႕ခ်င္ တယ္လို႔ေျပာလို႔ ကေလးရဲ႕ဆႏၵ ကို ျဖည့္ဆည္းေပးႏိုင္မလားလုိ႔ အကူအညီေတာင္းတာ’’ဟု ေနတိုးႏွင့္ ေတြ႕ဆံုလိုသည့္ အဆုိပါ ကေလးငယ္အေၾကာင္းကို ‘ပက္ပက္စက္စက္ညႇိဳ႕’ ႐ုပ္ရွင္ဇာတ္ကားကို ႐ိုက္ကူးထုတ္လုပ္ေသာ 7th Sense ႐ုပ္ရွင္ထုတ္လုပ္ေရးမွ ကိုေဝမင္းေမာင္က ေျပာသည္။ ထုိ႔ေၾကာင့္ ေနတိုးထံဆက္ သြယ္၍ အထက္ပါအေၾကာင္းအ ရာကို ေျပာၾကားခဲ့ၿပီး ‘ပက္ပက္ စက္စက္ညႇိဳ႕’အထူးပြဲျပသမည့္ ႏိုဝင္ဘာ ၁၃ ရက္တြင္ ကေလး ကို သြားေရာက္ေတြ႕ဆံုမည္ဟု ေနတိုးက ျပန္လည္အေၾကာင္း ၾကားခဲ့ေၾကာင္း ၎က ဆိုသည္။

ေနတိုးသည္ လက္ရွိတြင္ 7th Sense ႐ုပ္ရွင္ထုတ္လုပ္ေရး က ႐ိုက္ကူးသည့္ ‘မုန္းစြဲ’ဇာတ္ ကားကို ေက်ာ္ေက်ာ္ဗို၊ မင္းေသြး၊ ေဖြးေဖြး၊ ေအးဝတ္ရည္ေသာင္း တို႔ႏွင့္အတူ ဂန္႔ေဂါၿမိဳ႕နယ္္သုိ႔ သြားေရာက္႐ိုက္ကူးေနသည္။

အဆုိပါကေလးငယ္သည္ အေၾကာႏွင့္ ႂကြက္သားအားနည္း သည့္ ေဝဒနာခံစားေနရၿပီး ႏိုဝင္ ဘာ ၂ ရက္က ရခုိင္ျပည္နယ္ ေမာင္ေတာေဒသသို႔ သြားေရာက္ ခဲ့ေသာ ေဒၚေအာင္ဆန္းစုၾကည္၏ ရခိုင္ခရီးစဥ္တြင္ ေဆးဝါးကုသရန္ ရန္ကုန္သို႔ ေခၚေဆာင္လာေၾကာင္း ကိုေဝမင္းေမာင္က ေျပာသည္။

ယင္း ကေလးငယ္သည္ ေမာင္ေတာေဒသတြင္ တာဝန္ ထမ္းေဆာင္ေနေသာ ရဲတပ္ၾကပ္ ႀကီးတစ္ဦး၏သားျဖစ္ၿပီး ရန္ကင္း ကေလးေဆး႐ံု၌ ေဆးကုသႏိုင္ရန္ ႏုိင္ငံေတာ္အတုိင္ပင္ခံက ေခၚ ေဆာင္လာေၾကာင္းႏွင့္ လုိအပ္ ေသာ ေဆးဝါးကုသမႈႏွင့္ အ ေထာက္အပံ့မ်ား ျဖည့္ဆည္းေပးရန္ ဧရာဝတီေဖာင္ေဒးရွင္းဥကၠ႒ ဦးေဇာ္ေဇာ္က တာဝန္ယူထားေၾကာင္း ကိုေဝမင္းေမာင္က  ေဖ့စ္ဘြတ္ခ္တြင္ ေရးသားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 ဆေးကုသရန် ရခိုင် ဒေသမှ ဒေါ်အောင်ဆန်းစုကြည် ခေါ်ဆောင်လာသည်ဆိုသော (၁၅)နှစ်အရွယ် ကလေးကို သရုပ် ဆောင်နေတိုးက ကလေး၏ဆန္ဒ ဖြည့်ဆည်းခြင်းအဖြစ် တွေ့ဆုံမည်ဖြစ်သည်။

‘‘ပက်ပက်စက်စက်ညှို့ ရုပ် ရှင်ဇာတ်ကားအတွက် စုံတွဲကြော် ငြာကို တွေ့လို့ဆိုပြီး ဧရာဝတီ ဖောင်ဒေးရှင်းက အစ်ကိုတို့ကို ဆက်သွယ်လာတယ်။ သူတို့က ဝင်ပြိုင်တဲ့လူတော့မဟုတ်ဘူး။ အမေစု (ဒေါ်အောင်ဆန်းစုကြည်) ခေါ်လာတဲ့ (၁၅)နှစ်အရွယ် ကလေးက ကိုနေတိုးနဲ့ တွေ့ချင် တယ်လို့ပြောလို့ ကလေးရဲ့ဆန္ဒ ကို ဖြည့်ဆည်းပေးနိုင်မလားလို့ အကူအညီတောင်းတာ’’ဟု နေတိုးနှင့် တွေ့ဆုံလိုသည့် အဆိုပါ ကလေးငယ်အကြောင်းကို ‘ပက်ပက်စက်စက်ညှို့’ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်သော 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးမှ ကိုဝေမင်းမောင်က ပြောသည်။ ထို့ကြောင့် နေတိုးထံဆက် သွယ်၍ အထက်ပါအကြောင်းအ ရာကို ပြောကြားခဲ့ပြီး ‘ပက်ပက် စက်စက်ညှို့’အထူးပွဲပြသမည့် နိုဝင်ဘာ ၁၃ ရက်တွင် ကလေး ကို သွားရောက်တွေ့ဆုံမည်ဟု နေတိုးက ပြန်လည်အကြောင်း ကြားခဲ့ကြောင်း ၎င်းက ဆိုသည်။

နေတိုးသည် လက်ရှိတွင် 7th Sense ရုပ်ရှင်ထုတ်လုပ်ရေး က ရိုက်ကူးသည့် ‘မုန်းစွဲ’ဇာတ် ကားကို ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်း တို့နှင့်အတူ ဂန့်ဂေါမြို့နယ်သို့ သွားရောက်ရိုက်ကူးနေသည်။

အဆိုပါကလေးငယ်သည် အကြောနှင့် ကြွက်သားအားနည်း သည့် ဝေဒနာခံစားနေရပြီး နိုဝင် ဘာ ၂ ရက်က ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက် ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ခရီးစဉ်တွင် ဆေးဝါးကုသရန် ရန်ကုန်သို့ ခေါ်ဆောင်လာကြောင်း ကိုဝေမင်းမောင်က ပြောသည်။

ယင်း ကလေးငယ်သည် မောင်တောဒေသတွင် တာဝန် ထမ်းဆောင်နေသော ရဲတပ်ကြပ် ကြီးတစ်ဦး၏သားဖြစ်ပြီး ရန်ကင်း ကလေးဆေးရုံ၌ ဆေးကုသနိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံက ခေါ် ဆောင်လာကြောင်းနှင့် လိုအပ် သော ဆေးဝါးကုသမှုနှင့် အ ထောက်အပံ့များ ဖြည့်ဆည်းပေးရန် ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်က တာဝန်ယူထားကြောင်း ကိုဝေမင်းမောင်က  ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top