ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

စစ္ကုိင္းတုိင္းေဒသၾကီး ထီးခ် ဳိင့္ၿမိဳ႕နယ္ ျမေတာင္ေက်းရြာ အမွတ္ ၄ ရပ္ကြက္ ဦးေက်ာ္ဆင့္ရဲ႕ ေနအိမ္မွာ ႏုိ၀င္ဘာလ ၃ ရက္ေန ့တန္းေဆာင္တိုင္ည ေသာက္စားၾကရာ က လူသတ္မႈ ျဖစ္ပြားခဲ့တာပါ ။

ဦးေက်ာ္ဆင့္ရဲ႕ ေနအိမ္မွာ သူငယ္ခ်င္းျဖစ္သူ ဦးေအးကုိ နဲ႔ အရက္အတူ ေသာက္ေနစဥ္ ႏုိ၀င္ဘာလ ၃ ရက္ေန ့ ညေန ၅း၃၀ ေလာက္အခ်ိန္မွာ တစ္ရြာတည္းေန (ေသဆုံးသူ) ဖိုးခ် ဳိေရာက္လာခဲ့တာပါ ။


၃ ဦးသား အတူဝုိင္းဖဲြ႕ ေသာက္စားၾကၿပီး ဦးေအးကုိ မွ အရက္ျမည္းဖို႔ အိမ္ျပန္ ၾကက္ဖမ္းကာ ျပန္လာၿပီး ခ်က္ျပဳတ္ ေသာက္စားၾကရာ က စကားမ်ားရန္ျဖစ္ ခဲ့ၾကတာလို႔ ရဲတပ္ဖဲြ႕ထံ အစစ္ခံ ထြက္ဆိုထားပါတယ္ ။

ေသဆုံးသူ ဖိုးခ် ဳိ မွ ဦးေက်ာ္ဆင့္အား တြန္းလွဲကာ ခြစီးထားစဥ္ ဦးေအးကုိ မွ ကုိယ့္ထက္ အသက္ႀကီးသူ ကုိ ထိုသုိ႔ မလုပ္သင့္ေၾကာင္း ေျပာဆိုၿပီး ခိုက္ရန္မျဖစ္ၾကဖို႔ ျဖန္ေျဖေပးရာက စိတ္မထိန္းႏုိင္ပဲ ၾကက္သြားဖမ္းစဥ္ ၾကက္ခုပ္ဖို႔ အသင့္ ယူလာတဲ့ ဓါးနဲ႔ ဖိုးခ် ဳိရဲ႕ ညာဘက္ လည္ပင္းကုိ လက္ျပန္တြက္လိုက္ပါသတဲ့ ။

အဲဒီေနာက္ ဘယ္ဘယ္ လည္ပင္းကုိ ဓါးနဲ႔ လွီးလိုက္ရာ အခင္းျဖစ္ေနရာမွာ ဖိုးခ် ဳိ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ တာ ျဖစ္ပါတယ္ . . . ။

ရဲတပ္ဖဲြ႕က ေသမႈ ေသခင္းနဲ႔ ပါတ္သက္ၿပီး တရားခံ အစစ္မွန္ကုိ အေရးယူဖို႔ မိသားစု ဝင္ေတြကုိ ေမးျမန္းေပမယ့္ ဘယ္သူမွ ထုတ္ေဖာ္ ေျပာဆိုခ်င္း မရွိတဲ့အတြက္ ႏုိ၀င္ဘာလ ၄ ရက္ေန ့ ညေနပိုင္း အခ်ိန္မွ လူသတ္တရားခံ ဦးေအးကုိ ကုိ ေဖာ္ထုတ္ ဖမ္းဆီးႏုိင္ခဲ့တာပါ ။

ဦးေအးကုိ ေဆာင္းတဲ့ ဦးထုတ္ဟာ ေသြးစြန္းေနရက္နဲ႔ အခင္းျဖစ္ေနရာမွာ က်န္ထားခဲ့ၿပီး ဦးထုတ္ပိုင္ရွင္ကုိ ေမးျမန္းရာမွာ လူသတ္မႈ ၾကဴ းလြန္သူ ဦးေအးကုိရဲ႕ ဦးထုတ္ျဖစ္ေၾကာင္း သိရွိခဲ့ရာ မွ ယမန္ေန႔ညက ေသြးစြန္းေနေသာ အဝတ္အစားမ်ားအပါအဝင္ ဘူးေပၚသလို ေပၚလာၿပီး ေဖာ္ထုတ္ဖမ္းဆီးႏုိင္ခဲ့တာ ျဖစ္ပါတယ္ ။

သူတို႔ဟာ ေဒသခံ ဇာတိဖြားမ်ား မဟုတ္ပဲ အရာေတာ္ဘက္မွ ျမေတာင္ေက်းရြာကုိ ေျပာင္းေရြ႕ေနထိုင္လာသူမ်ား ျဖစ္ပါတယ္ ။ ျပစ္မႈ ၾကဴ းလြန္သူ ဦးေအးကုိ ဟာ ယခင္က ထန္းတက္လုပ္ငန္း လုပ္ကိုင္ခဲ့ၿပီး ထန္းတက္သမားပီပီ ထန္းလွီးသကဲ့သုိ႔ လွီးခဲ့တာျဖစ္ပါတယ္ ။

ဒီျဖစ္စဥ္ကို သုံးသပ္ၾကည့္ရင္ ျပစ္မႈၾကဴ းလြန္သူ ဦးေအးကုိ အသက္ ၅၆ ႏွစ္၊ အေပါင္းအပါ ဦးေက်ာ္ဆင့္ အသက္ ၆၇ ႏွစ္၊ ေသဆုံးသူ ဦးဖိုးခ် ဳိ အသက္ ၄၇ ႏွစ္ သူတို႔အားလုံးဟာ ငယ္ရြယ္သူ သငယ္နပ္စားမ်ား မဟုတ္ၾကေတာ့ ပါဘူး ။ အသက္ႀကီးမွ မိုက္မဲၾကကုန္ေသာ ႀကီးမိုက္ႀကီးမ်ား ဟူ၍သာ သုံးသပ္မိပါေတာ့တယ္ ခင္ဗ်ာ . . .။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး ထီးချ ိုင့်မြို့နယ် မြတောင်ကျေးရွာ အမှတ် ၄ ရပ်ကွက် ဦးကျော်ဆင့်ရဲ့ နေအိမ်မှာ နိုဝင်ဘာလ ၃ ရက်နေ့တန်းဆောင်တိုင်ည သောက်စားကြရာ က လူသတ်မှု ဖြစ်ပွားခဲ့တာပါ ။

ဦးကျော်ဆင့်ရဲ့ နေအိမ်မှာ သူငယ်ချင်းဖြစ်သူ ဦးအေးကို နဲ့ အရက်အတူ သောက်နေစဉ် နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၅း၃၀ လောက်အချိန်မှာ တစ်ရွာတည်းနေ (သေဆုံးသူ) ဖိုးချ ိုရောက်လာခဲ့တာပါ ။


၃ ဦးသား အတူဝိုင်းဖွဲ့ သောက်စားကြပြီး ဦးအေးကို မှ အရက်မြည်းဖို့ အိမ်ပြန် ကြက်ဖမ်းကာ ပြန်လာပြီး ချက်ပြုတ် သောက်စားကြရာ က စကားများရန်ဖြစ် ခဲ့ကြတာလို့ ရဲတပ်ဖွဲ့ထံ အစစ်ခံ ထွက်ဆိုထားပါတယ် ။

သေဆုံးသူ ဖိုးချ ို မှ ဦးကျော်ဆင့်အား တွန်းလှဲကာ ခွစီးထားစဉ် ဦးအေးကို မှ ကိုယ့်ထက် အသက်ကြီးသူ ကို ထိုသို့ မလုပ်သင့်ကြောင်း ပြောဆိုပြီး ခိုက်ရန်မဖြစ်ကြဖို့ ဖြန်ဖြေပေးရာက စိတ်မထိန်းနိုင်ပဲ ကြက်သွားဖမ်းစဉ် ကြက်ခုပ်ဖို့ အသင့် ယူလာတဲ့ ဓါးနဲ့ ဖိုးချ ိုရဲ့ ညာဘက် လည်ပင်းကို လက်ပြန်တွက်လိုက်ပါသတဲ့ ။

အဲဒီနောက် ဘယ်ဘယ် လည်ပင်းကို ဓါးနဲ့ လှီးလိုက်ရာ အခင်းဖြစ်နေရာမှာ ဖိုးချ ို ပွဲချင်းပြီး သေဆုံးသွားခဲ့ တာ ဖြစ်ပါတယ် . . . ။

ရဲတပ်ဖွဲ့က သေမှု သေခင်းနဲ့ ပါတ်သက်ပြီး တရားခံ အစစ်မှန်ကို အရေးယူဖို့ မိသားစု ဝင်တွေကို မေးမြန်းပေမယ့် ဘယ်သူမှ ထုတ်ဖော် ပြောဆိုချင်း မရှိတဲ့အတွက် နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်း အချိန်မှ လူသတ်တရားခံ ဦးအေးကို ကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တာပါ ။

ဦးအေးကို ဆောင်းတဲ့ ဦးထုတ်ဟာ သွေးစွန်းနေရက်နဲ့ အခင်းဖြစ်နေရာမှာ ကျန်ထားခဲ့ပြီး ဦးထုတ်ပိုင်ရှင်ကို မေးမြန်းရာမှာ လူသတ်မှု ကြူ းလွန်သူ ဦးအေးကိုရဲ့ ဦးထုတ်ဖြစ်ကြောင်း သိရှိခဲ့ရာ မှ ယမန်နေ့ညက သွေးစွန်းနေသော အဝတ်အစားများအပါအဝင် ဘူးပေါ်သလို ပေါ်လာပြီး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ် ။

သူတို့ဟာ ဒေသခံ ဇာတိဖွားများ မဟုတ်ပဲ အရာတော်ဘက်မှ မြတောင်ကျေးရွာကို ပြောင်းရွေ့နေထိုင်လာသူများ ဖြစ်ပါတယ် ။ ပြစ်မှု ကြူ းလွန်သူ ဦးအေးကို ဟာ ယခင်က ထန်းတက်လုပ်ငန်း လုပ်ကိုင်ခဲ့ပြီး ထန်းတက်သမားပီပီ ထန်းလှီးသကဲ့သို့ လှီးခဲ့တာဖြစ်ပါတယ် ။

ဒီဖြစ်စဉ်ကို သုံးသပ်ကြည့်ရင် ပြစ်မှုကြူ းလွန်သူ ဦးအေးကို အသက် ၅၆ နှစ်၊ အပေါင်းအပါ ဦးကျော်ဆင့် အသက် ၆၇ နှစ်၊ သေဆုံးသူ ဦးဖိုးချ ို အသက် ၄၇ နှစ် သူတို့အားလုံးဟာ ငယ်ရွယ်သူ သငယ်နပ်စားများ မဟုတ်ကြတော့ ပါဘူး ။ အသက်ကြီးမှ မိုက်မဲကြကုန်သော ကြီးမိုက်ကြီးများ ဟူ၍သာ သုံးသပ်မိပါတော့တယ် ခင်ဗျာ . . .။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top