Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
၎) Political views
၅) Religious views
၆) Non-pic jokes
#Unicode Version#
လုပ်ငန်းခွင်းအတွင်းမှာ မပြောသင့်သော အရာများ မြောက်မြားစွာ ရှိပါတယ်။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ အကြောင်းအရင်းတစ်ခုကို မှားယွင်းစွာ ပြောမိပါက လုပ်ဖော်ကိုင်ဖက်များ ဆုံးရှုံးရတာတွေ၊ အပယ်ခံရတာတွေ၊ စိတ်မလုံတာတော့တာတွေ ဖြစ်လာနိုင်ပါတယ်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ကျီစယ်တာတွေက အချင်းချင်း ရင်းနှီးမှုတွေ၊ လုပ်ငန်းခွင်အတွက် အမောအပန်းတွေ ပြေစေနိုင်ပါတယ်။ ဒါပေမယ့် သေသေချာချာ မှတ်ထားရမှာက စည်းမကျော်ဖို့ပါပဲ။ ကျီစားသန်က ရန်များလှသည် ဆိုတဲ့ စကားပုံလည်း ရှိတယ် မဟုတ်ပါလား။
လူတိုင်းကတော့ ဒီလို ကျီစားလိုက်လို့ ရန်ဖြစ်ရတာတွေ၊ စိတ်မနှောက်အယှက်ဖြစ်ရတာတွေ ရှိပါတယ်။ ငါ အပါအဝင်ပါပဲ။ ငါတို့ စကြနောက်ကျတဲ့ အခါ လက်ခံနိုင်တဲ့ စကားလုံးတွေ ရှိသလို၊ လက်မခံနိုင်တဲ့ စကားလုံးတွေလည်း ရှိပါတယ်။ ဒီလို စကြရင်းနဲ့ စကားကျွံသွားတဲ့ အခါ ချက်ခြင်း မိမိစကား မှားသွားတယ်ဆိုတာကို သိနိုင်တဲ့ ခံစားချက်တွေ ရှိကြပါတယ်။
အကြောင်းအရာတစ်ခုကို မင်းရဲ့ လုပ်ဖော်ကိုင်ဖက်ကို ပြောပြခြင်းဟာ Kate Middleton နဲ့ Justin Bieber ရဲ့ ဝတ်လစ်စလစ် အခွေကို Facebook ဒါမှမဟုတ် Twitter တို့မှာ share ခြင်းထဲ ပိုပြီး မြန်ဆန်ပါတယ်။ သင်အမြဲတမ်း မှတ်ထားရမှာက လူတိုင်းဟာ ကောလဟာလ ပြောချင်းကို ဝါသနာပါကြပါတယ်။ ဒီထက်ပိုတာတွေက လူတိုင်းဟာ မိမိရဲ့ လုပ်ဖော်ကိုင်ဖက် အကြောင်းတွေကို အိမ်ပြန်ရောက်ရင် ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ တွေ့ရင် ဒီလူတွေရဲ့ အကြောင်း ပြောပြကြတဲ့ လူတွေပိုများပါတယ်။
ဒီအောက်က ၁၀ ချက်ကတော့ လုပ်ငန်းခွင်အတွင်း မပြောသင့်သော အကြောင်းအရာများ ဖြစ်ပါတယ်။
၁) Salary or money details
ပိုက်ဆံအကြောင်းကို လုပ်ငန်းခွင်ထဲမှာ ဘယ်တော့မှ မပြောပါနဲ့။ ပြီးတော့ သင့်ရဲ့ လစာ။ ပြီးတော့ သင်အိမ်မှာ ဘယ်လောက် ပိုက်ဆံသုံးနိုင်တာတွေ၊ သင့်အိမ်အကြောင်းတွေ၊ သင့်ရဲ့ နောက်ဆုံးပေါ် ပစ္စည်းတွေရော ပါပါတယ်။ ပိုက်ဆံအကြောင်း ပြောခြင်းဟာ မနာလိုမှုတွေ၊ စိတ်ခုစရာတွေကို ဖြစ်ပေါ်လာအောင် မောင်းတင်ပေးလိုက်တာနဲ့ အတူတူပါပဲ။
၂) Intimate details about your love and sex life
သင့်မှာ အချစ်အကြောင်းတွေ ရှိပါလိမ့်မယ်။ ကောင်းတာ ဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် ဘယ်တော့မှ သင့် လုပ်ဖော်ကိုင်းဖက်တွေကို မပြောမိပါစေနဲ့။
၃) Whether and how much alcohol you drink
အရက်နာကျလို့ ဆေးသောက်နေရတာပဲ ဖြစ်ဖြစ်၊ သင် ရဲ့ weekend super party က အလွန်အကျွံ သောက်လာလို့ပဲ ဖြစ်ဖြစ် သင် မအီမသာ ဖြစ်နေတဲ့ အချိန် အလုပ်မှာ ဒီလိုဖြစ်ခဲ့တယ် ဆိုတာ လူမသိအောင် နေသင့်ပါတယ်။ ဒါက လူကြီးလူကောင်းဆန်တဲ့ အရာမဟုတ်ပါဘူး။ ပြီးတော့ မှုးယစ်ဆေးနဲ့ ပတ်သတ်တဲ့ အကြောင်းတွေကို အလုပ်မှာ ယောင်လို့အောင် မစဉ်းစားမိပါစေနဲ့။
၄) Political views
လူတွေဟာ ဘာကြောင့် Obama ကို မဲပေးကြသလဲဆိုတာ မင်းစဉ်းစားခြင်စိတ် ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဒီအကြောင်းကို မဆွေးနွေးမိပါစေနဲ့။ နိုင်ငံရေးဟာ လူတွေကို သွေးခွဲနိုင်သလို ဒီထက်ပိုဆိုးခဲ့ရင် ရုံးတွင်းမှာ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
၅) Religious views
လူတိုင်းမှာ ယုံကြည်ချက် ကိုယ်စီရှိကြပါတယ်။ လူတိုင်းမှာ သူတို့ယုံကြည်တဲ့ ဘာသာတရား ရှိတယ်ဆိုတာ ကောင်းတဲ့ အရာပါ။ ဒါပေမယ့် စစ်ပွဲ အများစုဟာ ဒီလို ယုံကြည်ချက် မတူတာတွေကြောင့် ဖြစ်ပေါ်လာခဲ့တာကို သင်လည်း သိမှာပါ။ ဥပမာ – ခရူးဆိတ် စစ်ပွဲပေါ့
လုပ်ငန်းခွင်အတွင်း မပြောသင့်သော အကြောင်းအရာများ
၆) Non-pic jokes
လူတိုင်းလူတိုင်း အလုပ်မှာ ဟာသတွေ ပြောရင်း ရယ်မောပျော်ရွင်ရတာ ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် ဒီလို ရယ်မောပျော်ရွင်ရတာဟာ လူတစ်ဦးတစ်ယောက်ကို နစ်နာစေလို စနောက်ပြီး ဖြစ်ပေါ်လာတဲ့ ရယ်မောပျော်ရွင်နိုင်ခြင်း မဖြစ်အောင် ဂရုစိုက်ရပါမယ်။ သင် တစ်ဦးတစ်ယောက်ကို ဟာသ တစ်ခုခုပြောတော့မယ် ဆိုရင် ဒီဟာသဟာ လူတစ်ဦးတစ်ယောက်ကို ထိနိုင်စေနိုင်သလား ဆိုတာကို ၂ ကြိမ်လောက် စဉ်းစားပြီးမှ ပြောသင့်ပါတယ်။
၇) Your Facebook account
လုပ်ငန်းခွင်မှာ သူငယ်ချင်းဖွဲ့ခြင်းဟာ ကောင်းတဲ့ အရာပါ။ ဒါပေမယ့် လုပ်ငန်းခွင်ထဲက သိပ်မရင်းနှီးတဲ့ လူတွေကို Facebook သူငယ်ချင်းဖွဲ့ခြင်းကတော့ ကောင်းတယ်ထင်တဲ့ အရာထဲမှာ မပါနိုင်ပါဘူး။ Linkedin ကိုတော့ ရုံးမှာ သိတဲ့သူတွေကော မသိတဲ့သူတွေကော invite လုပ်ပြီး ဆက်သွယ်ပါတယ်။ ဒါပေမယ့် Facebook မှာတော့ အရင်းနှီးဆုံး သူငယ်ချင်းတွေနဲ့ပဲ အဆက်အသွယ်လုပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတာ Facebook မှာ ရေးလိုက်တဲ့ Posts တွေ၊ Comments တွေ၊ ဓါတ်ပုံတွေဟာ လုပ်ငန်းခွင်က လူတွေအတွက် မသင့်လျှော်တာတွေ၊ လုပ်ငန်းခွင်အတွက် အနည်းနဲ့ အများထိခိုက်လာနိုင်တာတွေ ရှိလာနိုင်လို့ပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top